28/07/2026
တကယ်တော့ အချစ်ကို လူသားဆန်ဆန်၊
လူပီသစွာ ချစ်တတ်ကြမယ်ဆိုရင်…
အချစ်ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်း” ပါ။
ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ လူ့ကျင့်ဝတ်ကို
နားမလည်တဲ့သူ၊ လူစိတ်မရှိတဲ့သူ၊
တာဝန်ယူစိတ်မရှိတဲ့သူတွေနဲ့ တွေ့မိတဲ့အခါ…
အချစ်က ပူလောင်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်း အဖြစ် ပြောင်းလဲသွားတတ်တယ်။
ဒါက ချစ်သူနှစ်ယောက်ကြားမှာ တစ်ခါတလေ စကားများတာ၊ ရန်ဖြစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။
တကယ်ပြောချင်တာက…
“ငါမရှိရင် မင်းမဖြစ်ဘူး” ဆိုပြီး တစ်ဖက်သားသိမ်ငယ်
စိတ်ဝင်လာတဲ့အထိအနိုင်ယူတတ်တဲ့သူတွေ၊
“ငါနဲ့ မပြတ်နိုင်ဘူး” “ငါဘာလုပ်လုပ်လုပ်လို့ရတယ်”
ဆိုပြီးတစ်ဖက်လူရဲ့
တန်ဖိုးကိုဖျက်ဆီးတတ်တဲ့သူတွေ၊
သူများသားသမီးရဲ့ ဘဝကို လက်ခံယူထားပြီး တာဝန်မ
ယူနိုင်ဘဲ၊ တစ်သက်လုံး စိတ်ချမ်းသာအောင်လည်း
မထားနိုင်ဘဲ၊ နောက်ဆုံးမှာတော့ အလွယ်တကူ
စွန့်ပစ်သွားတတ်တဲ့ လူမျိုးတွေကို ပြောတာပါ။
တကယ်တော့…
အချစ်က အချစ်ပါပဲ။
အချစ်က မပြောင်းလဲဘူး။
ပြောင်းလဲတာက… အဲ့ဒီအချစ်ကို ပေးတဲ့ လူရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တပဲ။
လူကောင်းနဲ့ တွေ့ရင်…
အချစ်က ဘဝကို လှပစေတယ်။
လူစိတ်မရှိတဲ့သူနဲ့ တွေ့ရင်…
အချစ်က ဘဝတစ်လျှောက် မေ့မရတဲ့ ဒဏ်ရာတစ်ခု ဖြစ်သွားတတ်တယ်။
ဒါကြောင့်…
အချစ်ကို မကြောက်ပါနဲ့။
အချစ်ဆိုတဲ့ ခံစားချက်ကိုလည်း အပြစ်မတင်ပါနဲ့။
ကိုယ့်ဘဝကို အပ်နှံမယ့် “လူ” ကိုသာ သေချာရွေးချယ်ပါ။