MayHsu-yarmanyamyae

MayHsu-yarmanyamyae Motivation and Knowledge sharing

04/08/2026
28/07/2026

တကယ်တော့ အချစ်ကို လူသားဆန်ဆန်၊

လူပီသစွာ ချစ်တတ်ကြမယ်ဆိုရင်…

အချစ်ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်း” ပါ။

ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ လူ့ကျင့်ဝတ်ကို

နားမလည်တဲ့သူ၊ လူစိတ်မရှိတဲ့သူ၊

တာဝန်ယူစိတ်မရှိတဲ့သူတွေနဲ့ တွေ့မိတဲ့အခါ…

အချစ်က ပူလောင်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်း အဖြစ် ပြောင်းလဲသွားတတ်တယ်။

ဒါက ချစ်သူနှစ်ယောက်ကြားမှာ တစ်ခါတလေ စကားများတာ၊ ရန်ဖြစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။

တကယ်ပြောချင်တာက…

“ငါမရှိရင် မင်းမဖြစ်ဘူး” ဆိုပြီး တစ်ဖက်သားသိမ်ငယ်

စိတ်ဝင်လာတဲ့အထိအနိုင်ယူတတ်တဲ့သူတွေ၊

“ငါနဲ့ မပြတ်နိုင်ဘူး” “ငါဘာလုပ်လုပ်လုပ်လို့ရတယ်”
ဆိုပြီးတစ်ဖက်လူရဲ့

တန်ဖိုးကိုဖျက်ဆီးတတ်တဲ့သူတွေ၊

သူများသားသမီးရဲ့ ဘဝကို လက်ခံယူထားပြီး တာဝန်မ

ယူနိုင်ဘဲ၊ တစ်သက်လုံး စိတ်ချမ်းသာအောင်လည်း

မထားနိုင်ဘဲ၊ နောက်ဆုံးမှာတော့ အလွယ်တကူ

စွန့်ပစ်သွားတတ်တဲ့ လူမျိုးတွေကို ပြောတာပါ။

တကယ်တော့…
အချစ်က အချစ်ပါပဲ။

အချစ်က မပြောင်းလဲဘူး။
ပြောင်းလဲတာက… အဲ့ဒီအချစ်ကို ပေးတဲ့ လူရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တပဲ။

လူကောင်းနဲ့ တွေ့ရင်…
အချစ်က ဘဝကို လှပစေတယ်။

လူစိတ်မရှိတဲ့သူနဲ့ တွေ့ရင်…
အချစ်က ဘဝတစ်လျှောက် မေ့မရတဲ့ ဒဏ်ရာတစ်ခု ဖြစ်သွားတတ်တယ်။

ဒါကြောင့်…
အချစ်ကို မကြောက်ပါနဲ့။
အချစ်ဆိုတဲ့ ခံစားချက်ကိုလည်း အပြစ်မတင်ပါနဲ့။
ကိုယ့်ဘဝကို အပ်နှံမယ့် “လူ” ကိုသာ သေချာရွေးချယ်ပါ။

27/07/2026

ကြည့်တာချင်းတူပေမယ့်အမြင်ချင်းမတူရင်ရင်ဘတ်ချင်းပေါင်းလို့မရဘူး...

25/07/2026

ဗီဇကို မေတ္တာနဲ့
ပြင်လို့မရဘူးဆိုတဲ့နေ့ကို သိလိုက်ပြီးဆိုတာနဲ့
ကိုယ်လှည့်ထွက်ခဲ့လိုက်တော့တယ်...
ပေးခဲ့ဖူးတဲ့မေတ္တာတွေကြောင့်သူ့ဘဝ အေးချမ်းပါစေ...

#မေဆုရာမညမြေ

21/07/2026

စကားတွေကို မယုံနဲ့ လုပ်ရပ်တွေကိုပဲယုံ
မအနဲ့ … ဒီကမ္ဘာမှာအရွေးချယ်ခံရပြီး
အချစ်မခံရတဲ့သူတွေမှအပုံကြီး …
နှလုံးသားနောက်ပဲ မလိုက်နဲ့
ဦးနှောက်အကူအညီလေးပါယူ ...။

လူတစ်ယောက်ကိုသိချင်ရင်
သူဘာပြောလဲမကြည့်နဲ့
သူဘာလုပ်လဲကြည့် …
"စကား" တွေကလှည့်စားနိုင်ပေမဲ့
လုပ်ရပ်တွေက မလှည့်စားနိုင်ဘူး …။

#ဒဂုန်တာရာ

▪️ဘယ်အရာမျိုးမှာပဲဖြစ်ဖြစ် "ဝဋ်"ဆိုတာတကယ်ရှိတယ်နော် တစ်ပါးသူကိုအနိုင်ကျင့်တတ်တဲ့သူဟာ တရားတော်အရဆိုရင် သံသရာမှာရှုံးနှင့်...
20/07/2026

▪️ဘယ်အရာမျိုးမှာပဲဖြစ်ဖြစ် "ဝဋ်"ဆိုတာတကယ်ရှိတယ်နော် တစ်ပါးသူကိုအနိုင်ကျင့်တတ်တဲ့သူဟာ တရားတော်အရဆိုရင် သံသရာမှာရှုံးနှင့်နေပြီးသားပါ။

▪️သူတစ်ပါးသိက္ခာကို ချနင်းလိုက်ရလို့
သူတစ်ပါးမာနကိုအနိုင်ပိုင်းလိုက်ရလို့ဆိုတာ လောကမှာမရှိဘူး တစ်နည်းနည်းနဲ့တော့ ထိုလုပ်ရပ်တွေနဲ့ပက်သက်ပြီး ကိုယ့်နောက်ကိုအရိပ်သဖွယ်လိုက်နေမှာပါ။

▪️လူဆိုတာကိုယ့်ကံနဲ့ကိုယ်သွားကြတာချည်းပါပဲ ကောင်းတာလုပ်ရင်ကောင်းတဲ့အရိပ်က ကိုယ့်နောက်လိုက်မယ် မကောင်းတာလုပ်ထားရင် မကောင်းတဲ့အရိပ်ကကိုယ့်နောက်လိုက်နေမှာပဲ။

▪️ကိုယ်ကောင်းတယ်မကောင်းဘူးဆိုတာ ကိုယ်တိုင်ပဲသိတဲ့အတွက် ကိုယ့်ကိုကိုယ်သာလိမ်လို့ရလိမ့်မယ် ကံ‌ကိုတော့လိမ်လို့မရဘူးဆိုတာ သိထားပါ။

▪️ဝဋ်တွေ တစ်ပတ်ပြန်လည်လာတဲ့အခါ ကိုယ့်အလှည့်ဆိုတာရောက်လာစမြဲမို့ ကိုယ်ကောင်းသည်
မကောင်းသည် ကိုယ့်လိပ်ပြာကိုယ်လုံနေဖို့လိုပါတယ်။

လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)
24.5.2026

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MayHsu-yarmanyamyaeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์