
17/10/2025
ဒီအပတ် MSL MM S2 မှာ အကြည့်သင့်ဆုံးပွဲကောင်းတွေကတော့ …..
Team Seven vs AI Esports
(7:00 PM | Friday)
Yangon Galacticos vs MythicSEAL
(7:00 PM | Saturday)
MythicSEAL vs Falcon Esports
(7:00 PM | Sunday)
—————————
Team Seven ရော AI Esports ရောက YG ကို တစ်ပွဲရှုံးထားတာချင်းတူညီကြသလို MythicSEAL ကို အနိုင်ရထားတာချင်းလည်း တူပါတယ်။
အသင်းငယ်တွေထဲမှာ လက်စွာပါတယ်ဆိုတဲ့ Team Seven က AI Esports လိုအသင်းကြီးကိုရော အနိုင်ယူနိုင်မှာလား …..
——————
MythicSEAL ဟာ အရင်ရာသီ Champion အသင်းဖြစ်ပေမယ့်လည်း လက်ရှိလူစာရင်းရဲ့အားနည်းချက်တွေကြောင့် AI Esports နဲ့ Team Seven ကို ရှုံးနိမ့်ထားပါတယ်။
ဒီအပတ်မှာ ပြိုင်ဘက်အသင်းကြီး ၂ သင်းဖြစ်ကြတဲ့ Yangon Galacticos နဲ့ Falcon Esports တို့ကို MythicSEAL အနေနဲ့ ဘယ်လိုရင်ဆိုင်သွားမှာလဲ ……
စောင့်ကြည့်သွားရပါမယ်။
✍️