News & Knowledge News & Knowledge

26/11/2025

ဒညင်းကုန်းဈေးတွင် မီးလောင်မှုဖြစ်ပွား

၂၀ ၂၆အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂၀ ၄၆အချိန်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Video: Ko Phyo Facebook

လော်သာသနာ..ဆယ်ခါပျောက်ပါစေ🔇🔇🔇🔇🔇🔇🔇🔇🔇ဗုဒ္ဓပွင့်ပြီးသူ့သာသနာကိုတည်ထောင်ခဲ့တာ(BC-600)ဝန်းကျင်မှာ။ကမ္ဘာမှာ ...လော်စပီကာပေါ်လာ...
04/11/2025

လော်သာသနာ..ဆယ်ခါပျောက်ပါစေ
🔇🔇🔇🔇🔇🔇🔇🔇🔇

ဗုဒ္ဓပွင့်ပြီး
သူ့သာသနာကိုတည်ထောင်ခဲ့တာ(BC-600)ဝန်းကျင်မှာ။

ကမ္ဘာမှာ ...
လော်စပီကာပေါ်လာတာက(1925)ဝန်းကျင်။
ခုမှ..အနှစ်(100)ပဲရှိသေးတာ။

ဗုဒ္ဓသာသနာကအနှစ်(2600)ရှိပြီ။

ခု..ခေတ်စားနေတဲ့
"လော်သာသနာ"ကရှိလှမှအနှစ်(၁၀၀)ပေါ့။
သာသနာရေးမှာလော်သုံးလာရတဲ့အဖြစ်က..ဒါနခန်းကိုပရိုမိုးရှင်းအတင်းလုပ်ကြရင်းနဲ့တွင်ကျယ်လာတာ။

ဗုဒ္ဓက..သူ့ပစ္စည်းလေးပါးအတွက်ရသမျှနဲ့ရောင့်ရဲကြဖို့ပဲမှာခဲ့တာ။

လော်စပီကာသုံးပြီးလာဒ်လာဘအတွက်လော်ဘီလုပ်စရာမလိုတာသေချာတယ်။

ဗုဒ္ဓသိရင်ရှက်စရာကြီး

ဗုဒ္ဓကစိတ်ငြိမ်မှုကိုလိုလားတယ်။
ဗုဒ္ဓနဲ့ခေတ်ပြိုင်ဘာဘာခြားတွေကတောင်..ဗုဒ္ဓရဲ့သဘောကိုသိလို့သူ့ရှေ့မှာဆူဆူညံညံမလုပ်ပဲဆင်ခြင်ကြတယ်။

ခုခေတ်လို..လော်နဲ့DJဖွင့်ကတာမပြောနဲ့ဆူဆူညံညံစကားပြောတဲ့ရဟန်းတွေကိုတောင်နှင်ထုတ်ပစ်ဘူးတာသုတ္တန်တွေမှာဖတ်ရတယ်။
သေချာပါတယ်။

ဒီလိုသာသနာမျိုးတော့
ဆယ်ခါပျောက်ရင်..ဆယ်တစ်ခါဝမ်းမြောက်ရမယ်။

Credit: ကိုတင့်

"ဘာသာရေးခေါင်းဆောင်တွေက ဖောင်းကားနေပြီး၊ ဘာသာဝင်တွေက ပိန်လှီနေပြီဆိုရင်... အဲ့ဒီ ဘာသာတရားက မှားနေပါပြီ။" ဒါက ရုပ်ပိုင်းဆ...
03/11/2025

"ဘာသာရေးခေါင်းဆောင်တွေက ဖောင်းကားနေပြီး၊ ဘာသာဝင်တွေက ပိန်လှီနေပြီဆိုရင်... အဲ့ဒီ ဘာသာတရားက မှားနေပါပြီ။"
ဒါက ရုပ်ပိုင်းဆိုင်ရာ "ဝခြင်း" "ပိန်ခြင်း" ကိုပဲ တိုက်ရိုက်ပြောတာထက် ပိုနက်နဲပါတယ်။

"ဖောင်းကားခြင်း" ဆိုတာ အဖွဲ့အစည်းရဲ့ ကြွယ်ဝမှု၊ ခေါင်းဆောင်တွေရဲ့ ဇိမ်ခံဘဝ၊ မလိုအပ်တဲ့ ကြီးကျယ်ခမ်းနားမှုတွေ (ဥပမာ- ဇိမ်ခံကားပေါ်က အိုင်ဖုန်းနဲ့ဘုန်းကြီးတွေ၊ ရွှေချထားမတတ် ခမ်းနားတဲ့ ဘာသာရေးအဆောက်အဦးတွေ) ကို ဆိုလိုတယ်။
"ပိန်လှီခြင်း" ဆိုတာ အဲ့ဒီဘာသာတရားကို ယုံကြည်ကိုးကွယ်နေတဲ့ သာမန်ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု၊ ပညာရေး/ကျန်းမာရေး ချို့တဲ့မှု၊ နေ့စဉ်ဘဝ ရုန်းကန်နေရမှုတွေကို ဆိုလိုတယ်။

တကယ်တော့... "ဘာသာတရားက လူကို အလုပ်အကျွေးပြုရမှာ၊ လူက ဘာသာတရားကို အလုပ်အကျွေးပြုရမှာ မဟုတ်ဘူး။"

ဘာသာတရားတွေရဲ့ မူလအစစ်အမှန် ရည်ရွယ်ချက်ဟာ လူသားတွေကို ကိုယ်ကျင့်တရား ကောင်းမွန်စေဖို့၊ စိတ်နှလုံး အေးချမ်းစေဖို့၊ အချင်းချင်း မေတ္တာထားတတ်ဖို့၊ အသိဉာဏ်ပွင့်လင်းစေဖို့ (ပညာ) နဲ့ ဒုက္ခတရားကနေ လွတ်မြောက်စေဖို့ ဖြစ်ပါတယ်။

ဒါတွေဘယ်အချိန်မှာ လွဲသွားတာလဲဆိုရင် လူတွေက "ဘာသာတရား" ဆိုတဲ့ မူလတန်ဖိုးကို မကိုးကွယ်တော့ဘဲ၊ "ဘာသာရေး ခေါင်းဆောင်" ဆိုတဲ့ လူပုဂ္ဂိုလ်တွေကို မျက်စိမှိတ် ကိုးကွယ်လာတဲ့အခါ၊ "ဘာသာရေး အဖွဲ့အစည်း" (Institution) ကြီးကိုပဲ တည်တံ့ခိုင်မြဲဖို့ အဓိကထားလာတဲ့အခါ လွဲကုန်တာပါပဲ။

ဒါက "ဆယ်လီနောက်လိုက်အရူး" (Celebrity Worship) နဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားကို ပိတ်ပြီး၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးပြောသမျှ အမှန်တရားလို့ ယုံမှတ်လိုက်ကြတယ်။ "ဆယ်လီ" တွေက လုပ်သမျှ အကောင်းလို့ မျက်စိမှိတ် ထောက်ခံကြသလိုမျိုး။

ကိုယ့်ပတ်ဝန်းကျင်မှာ တကယ် လိုအပ်နေတဲ့ ဆေးရုံ၊ ကျောင်း၊ နွမ်းပါးသူတွေကို လှူဒါန်းဖို့ထက်... အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ "ဂုဏ်အဆာဆုံး" ဖြစ်မယ့် ဘာသာရေးအဆောက်အအုံကြီးတွေကိုပဲ "ငါ ဘယ်လောက်လှူနိုင်တယ်" ဆိုပြီး ဂုဏ်ပြိုင်လှူဒါန်းနေကြတာက မူလရည်ရွယ်ချက်နဲ့ လွဲချော်နေပါပြီ။

"အဲဒါလေး မလွဲပါစေနဲ့။ လွဲနေရင် အခုပဲ တည့်လိုက်ပါ။"

ကိုယ့်ရဲ့ ယုံကြည်မှုကို ပြန်ဆန်းစစ်ပါ။ ကိုယ့်ရဲ့ "ဒါန" (လှူဒါန်းမှု) ဟာ တကယ် လိုအပ်တဲ့နေရာကို ရောက်ရဲ့လား? ကိုယ့်ရဲ့ "ကိုးကွယ်မှု" ဟာ ပိုကောင်းတဲ့ လူသားတစ်ယောက် ဖြစ်လာစေဖို့လား? ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ပိုပြီး "ဖောင်းကား" လာအောင် လုပ်ပေးနေတာလား? ဒီလိုဆန်းစစ်တတ်မှ အဓိပ္ပါယ်ရှိတဲ့လူအဖွဲ့အစည်း ဖြစ်လာမှာပါ။

Crd : ရှင်ဇောတိက (သရက်ကျောင်းတောရ)

တောင်ကြီးမြို့ မီးပုံးပျံပွဲ၌ ကြံ့ဖွတ်ပါတီက မီးပုံးပျံလွှင်တင်စဉ် မိုးရွာပြီး မီးလောင်ပျက်ကျမှုကြောင့် လူပိ၍ ၂ ဦးထက်မနည်...
02/11/2025

တောင်ကြီးမြို့ မီးပုံးပျံပွဲ၌ ကြံ့ဖွတ်ပါတီက မီးပုံးပျံလွှင်တင်စဉ် မိုးရွာပြီး မီးလောင်ပျက်ကျမှုကြောင့် လူပိ၍ ၂ ဦးထက်မနည်းသေဆုံး ၊ အစာအဆိပ်သင့်မှုလည်းဖြစ်ခဲ့ပြီး ရဲ ၁ ဦးသေဆုံးကာ ၆ ဦး အရေး ပေါ် ဆေးရုံတင်လိုက်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မီးပုံးပျံပွဲ၌ ကြံ့ဖွတ်ပါတီက မီးပုံးပျံလွှင့်တင်စဉ် ရုတ်တရက် မိုးရွာသဖြင့် မီးပုံးပျံ မီးလောင်ကာ ပျက်ကျခဲ့ပြီး လူတိုးဝှေ့ကြသဖြင့် လူပိ၍ ၂ ဦး ထက်မနည်းသေဆုံး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညပိုင်းက တောင်းကြီးမြို့၌ ကျင်းပသည့် တန်ဆောင်တိုင် မီးပုံးပျံလွှင့် တင် ပြိုင်ပွဲတွင် ကြံ့ဖွတ်ပါတီက အလှည့်ကျ မီးပုံးပျံ လွှတ်တင်စဉ် ရုတ်တရက်မိုးရွာသွန်းပြီး မီးပုံးပျံ မှာလည်း မီးလောင်ပျက်ကျခဲ့ကြောင်း၊ ထို့ကြောင့် လူများပြေးလွှားတိုးဝှေ့ကြသဖြင့် လူပိကာ အနည်း ဆုံး ပြည်သူ ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း၊ အချို့ကလေးငယ်များမှာ တက်နင်းခံရသဖြင့် သတိ လစ်မေ့ မျောသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

“အမျိုးသမီးတစ်ဦးသေတယ်လို့ သိရတယ်၊ မြို့ပေါ်က ပြည်သူလား၊ တခြားနယ်က လာတဲ့သူလား တော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ၊ စစ်ကောင်စီကတော့ ထုံစံအတိုင်း သတင်းဖုံးထားတယ်။ မိုး က ရုတ်တရက်ရွာလာလို့ မိုးခိုဖို့ နေရာရှာရင်း တစ်ယောက်ပေါ် တစ်ယောက် တက်နင်းမိတာ၊ တချို့ အရပ်ပုတွေသူတွေ၊ ကလေးငယ်တွေဆိုရင် အသက်ရှုမဝဖြစ်ပြီး သတိလစ်တဲ့အထိဖြစ်တယ်၊ လူနာ တင်ကားတွေလည်း အဆက်အပြတ်သယ်ထုတ်နေရတာ။ တစ်ချို့တော့ ဒီနေ့မနက်မှ သတိရတယ်၊ တစ်ချို့တော့ သတိမရသေးဘူးလို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယခု လူပိခံရ၍ အထွေထွေအုပ်ချုပ်ဦးစီးဌာနဝန်ထမ်း အမျိုးသမီးတစ်ဦး မောင်ဖြစ်သူ အသက် ၃၉ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂ ရက် နေ့တွင် အသုဘချခဲ့ကြောင်း အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြား သည်။

“မနေ့ညက ဖြစ်စဉ်မှာ ထွေအုပ်ရုံး ဝန်ထမ်းရဲ့ မောင်ဖြစ်သူ တစ်ယောက်သေတယ်၊ သူက ဒီနေ့ အသု ဘချတယ်။ အိမ်နာမည်ကတော့ ငသက်လို့ခေါ်တယ်။ နာမည်အရင်းတော့ မသိဘူး။ အသက်က ၃၉ နှစ်ပါ၊ ကြံဖွတ်ပါတီက မီးပုံးလွှတ်တဲ့အချိန် မိုးရွာလို့ လွှတ်တဲ့မီးပုံးလည်း ပျက်ကြတယ်။ လူတွေ လည်း ပြေးကြလွှားကြရင်း ပိပြီးသေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

အဆိုပါ မီးပုံပျံလွှတ်တင်ပွဲကို မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း လူပိ၍ သတိလစ်မေ့ မြောခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း တန်ဆောင်တိုင် ပွဲလာသူများကို ရောင်းချသည့် အစားအစာများ စားသောက်မိ၍ အစာအဆိပ်သင့်ကာ ရဲ ၁ ဦးသေဆုံးပြီး အရပ်သားပြည်သူ ၆ ဦး မူး လဲသွားသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရသည်။

Credit: Khit Thit Media

ထီ ထွက်ပြီးနောက်
02/11/2025

ထီ ထွက်ပြီးနောက်

24/09/2025
21/09/2025

ထိုင်းနိုင်ငံတွင် ဆရာတစ်ဦးမှ ကျောင်းသူလေးအား
မ-တရာ:-ပြု-ကျ-င့်-မှုဖြင့် ဖမ်းဆီးခံရ

• ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၅:၃၀ ခန့်က ထိုင်းနိုင်ငံ၊ ကျဝမ်ဆန်ကဲ့လ်မြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုတွင် အသက် - ၄၇ -နှစ်-အရွယ် ဆရာ-တစ်ဦ:သည် ၎င်း၏တပည့်ဖြစ်သူ ၆ တန်း-ကျောင်:-သူ-လေးအာ:-မ-တရာ:-ပြု-ကျ-င့်-ခဲ့-သည်-ဟု သတင်းရရှိပါသည်။ အဆိုပါ ဆရာသည် ကျောင်:-သူ-လေ:-အား ပြ-ု-ကျ-င့်-ပြီ:နောက် ထွက်ပြေး-တိမ်းရှောင်ခဲ့သော်လည်း ရဲ-တပ်ဖွဲ့-ဝင်များ၏ လိုက်လံစုံစမ်းမှုကြောင့် ဘန်ကောက်မြို့ရှိ ကွန်ဒိုတစ်ခုတွင် ဖမ်:-ဆီ:-ရမိခဲ့သည်။

ရဲ-တပ်ဖွဲ့-၏ မေးမြန်း-မှုကို ခံယူ-စဉ်တွင် ဆရာ-ဖြစ်သူက ကျောင်:-သူ-အာ:-အ-ပြ-စ်-ပုံချပြောဆိုခဲ့သော်လည်း တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဖမ်:-ဆီ:-ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ကျောင်းသူလေးသည် ယင်းဖြစ်ရပ်ကြောင့် ကိုယ့်-ကိုယ်-ကိုယ် အဆုံ:-စီရင်-သွာ:-ကြောင်:-လည်း သတင်းများတွင် ဖော်ပြထားသည်။

🥹🥹
18/09/2025

🥹🥹

18/09/2025

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ News & Knowledgeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์