30/04/2025
Bangkok မှာ Eng ဘာသာစကားနဲ့ အလုပ်ရှာနေတဲ့သူတွေအတွက် သီးသန့်ရည်ရွယ်ပါတယ် ။
အမှန်တိုင်းပြောရရင် English ဘာသာစကားသီးသန့်ဖြင့် ထိုင်းနိုင်ငံတွင်အလုပ်ရှာရခက်ပါတယ် ။
အနည်းဆုံးတော့ ထိုင်းဘာသာစကား အနည်းကျဉ်း Communicate လုပ်နိုင်ရင် ပိုပြီး အဆင်ပြေပါတယ် ။ English ဘာသာစကားသီးသန့်ဖြင့် အလုပ်လျှောက်နိုင်သော နေရာတွေကတော့
- စားသောက်ဆိုင် waiter /waitress (အီတလီစားသောက်ဆိုင် ၊ wine and beer ဆိုင် )
- hotel reception (ဟိုတယ်အငယ် Sukhumvit တဝိုက်)
- Bartender / Barista
- Kitchen helper ( Sandwich,Pizza , Pastaနှင့် နိုင်ငံခြားအစားအသောက်ရောင်းတဲ့ Kitchen )
- IT (Hotel )
အဲ့လိုနေရာတွေမှာပဲ ရှိတတ်ပါတယ် ။ များသောအားဖြင့် နိုင်ငံခြားသားပိုင်တဲ့ဆိုင်နှင့် ဟ်ုတယ်မျာရတွင် Thai National only လို့ရေးထားပေမဲ့ အင်္ဂလိပ်စာနဲ့ အလုပ်ခေါ်ထားတဲ့ဆိုင်တွေဆိုရင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပြီး work permit ရှိတယ်ဆိုရင် ရဲရဲသာလျှောက်ပါ ။
နောက်ပိုင်းကျနော့်ရဲ့ page ကနေ တင်ပေးနေတဲ့ အလုပ်တွေက မြန်မာလူခံတွေရှိပြီး work permit ,visa ရှိတဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်သူတွေလျှောက်လို့ရနိုင်မဲ့ အလုပ်နေရာများသာ တင်ပေးသွားမှာဖြစ်ပြီး စမတ်ခ(ခေါ်) #အခကြေးငွေတစိုးတစင်းမျှပေးစရာမလိုပါ
ကျနော်မှာလည်း အလုပ်ရှိနေတဲ့အတွက် Messenger တွင် စာမပြန်ဖြစ်တဲ့အတွက်လည်းတောင်းပန်ပါတယ် ။
အကယ်၍
ကျနော်အလုပ်နားရက်များတွင် အလုပ်ဝင်လျှောက်မဲ့သူများရှိပါက နေရာမသိ၍ဖြစ်စေ ထိုင်းစကား အကူအညီ လို၍ဖြစ်စေ လိုက်ပေးရမည် ဆိုပါက လမ်းစရိတ် နှင့် မုန့်ဖိုး အများဆုံး ၅၀၀ အထိသာ လက်ခံပြီး လိုက်ပါကူညီဆောင်ရွက်ပေးပါမယ် ။
ဒီရက်ပိုင်းထဲ မိမိ၏သူငယ်ချင်း မိတ်ဆွေများနှင့် မိမိကိုယ်တိုင် အလုပ်အကိုင် ရှာနေတဲ့သူဆိုလျှင် ဒီ ပို့စ့်ကို Share ပြီး လူအများသိအောင် မျှဝေပေးပါနော် ။