HAK VAULT https://www.behance.net/studiohakvlogs Keeping all the good memories of my life!

ဒီနေ့က ဆရာမလေး မွေးနေ့ ♥️✨☺️
12/09/2026

ဒီနေ့က ဆရာမလေး မွေးနေ့ ♥️✨☺️

1980 စတိုင် ပုံလေးတွေ ဘယ်လိုလုပ်ရလဲ လာမေးကြလို့ပါ။Prompt အရှည်ကြီး မရိုက်ချင်ရင် ကျွန်တော် ပြောသလိုပဲ ခိုင်းကြည့်ပါ။အရမ်...
11/09/2026

1980 စတိုင် ပုံလေးတွေ ဘယ်လိုလုပ်ရလဲ လာမေးကြလို့ပါ။

Prompt အရှည်ကြီး မရိုက်ချင်ရင် ကျွန်တော် ပြောသလိုပဲ ခိုင်းကြည့်ပါ။

အရမ်းလွယ်ပါတယ်ခင်ဗျာ

ကျွန်တော်ကတော့ ChatGPT နဲ့လုပ်တာပါ

ဒီနေ့ hot နေတဲ့ Vintage Style Portrait လေး 📸Prompt လိုချင်တယ်ဆိုရင် အောက်မှာ "ယူ" လို့ မန့်ခဲ့ပေး ☺️
10/09/2026

ဒီနေ့ hot နေတဲ့ Vintage Style Portrait လေး 📸

Prompt လိုချင်တယ်ဆိုရင် အောက်မှာ "ယူ" လို့ မန့်ခဲ့ပေး ☺️

Promotion မေးနေတဲ့ ညိုကီများအတွက်30% Off ပေးထားတယ်နော် LIMITED TIME ONLY ⌛⏰မြန်မြန် ☺️📸
10/09/2026

Promotion မေးနေတဲ့ ညိုကီများအတွက်

30% Off ပေးထားတယ်နော်

LIMITED TIME ONLY ⌛⏰

မြန်မြန် ☺️📸

ဓာတ်ပုံတစ်ပုံကောင်းဖို့ Camera ကောင်းကောင်းရှိဖို့ထက်… ကိုယ်သုံးနေတဲ့ Camera ကို နားလည်ဖို့က ပိုအရေးကြီးပါတယ်

Shutter Speed တစ်ခု ပြောင်းလိုက်တာနဲ့ Motion ပြောင်းသွားတယ်…

Aperture တစ်ခု ပြောင်းလိုက်တာနဲ့ Background နဲ့ Subject Separation ပြောင်းသွားတယ်…

ISO တစ်ခု ပြောင်းလိုက်တာနဲ့ Image Quality ထိ သက်ရောက်သွားတယ်…

ဒီသုံးခုရဲ့ Relationship ကို နားမလည်သေးရင် Camera ဘယ်လောက်ကောင်းကောင်း ကိုယ်လိုချင်တဲ့ပုံကို အမြဲတမ်းရဖို့ခက်ပါတယ်

Photography စလေ့လာတဲ့အချိန်မှာ လူတော်တော်များများက Camera, Lens နဲ့ Gear တွေကိုအရင်ကြည့်ကြတယ်…

ကျွန်တော်ကတော့ Foundation ကိုအရင်ခိုင်စေချင်ပါတယ်

ဒီတစ်ခါ Photography စတင်ချင်တဲ့သူတွေအတွက် HAK School ရဲ့

📸 Basic Photography Tutorial
+
📸 Advanced Portrait Photography Tutorial

နှစ်တန်းကို Bundle Deal 30% OFF လုပ်ပေးထားပါတယ်

Basic Photography Tutorial မှာ…

Camera ကို Auto Mode ကနေထွက်ပြီး ကိုယ်လိုချင်တဲ့ပုံကို ကိုယ်တိုင် Control လုပ်တတ်အောင်

Exposure
Shutter Speed
Aperture
ISO
Focus
Lens နဲ့ Camera အခြေခံတွေကို တစ်ဆင့်ချင်းစီ နားလည်အောင် သင်ပေးထားပါတယ်

အခြေခံသိလာပြီးရင်တော့…

Advanced Portrait Photography Tutorial မှာ

Portrait တစ်ပုံကို ဘယ်လိုပိုကောင်းအောင်တည်ဆောက်မလဲ…

Lighting ဘယ်လိုကြည့်မလဲ
Subject ကို ဘယ်လိုနေရာချမလဲ
Composition ဘယ်လိုစဉ်းစားမလဲ
Mood နဲ့ Depth ကို ဘယ်လိုတည်ဆောက်မလဲ…

စတဲ့ Portrait Photography ပိုင်းတွေကို ဆက်ပြီးလေ့လာနိုင်ပါတယ်

Photography မှာ Setting တွေကို မှတ်ထားရုံနဲ့ မလုံလောက်ပါဘူး…

ဘာကြောင့် ဒီ Setting ကိုသုံးတာလဲ…
ဘာကြောင့် ဒီလိုရိုက်တာလဲ…

ဆိုတာ နားလည်လာတဲ့အချိန်မှာမှ ကိုယ့်ရဲ့ Photography က ပိုပြီး Control ရလာပါတယ်

ပုံမှန်ဆိုရင်

Basic Photography — 100,000 MMK
Advanced Portrait Photography — 100,000 MMK

စုစုပေါင်း 200,000 MMK

အခု Bundle Deal မှာ 30% OFF

🔥 Tutorial ၂ ခုလုံးကိုမှ 140,000 MMK ပဲကျသင့်မှာဖြစ်ပါတယ်

Photography ကို အခုမှစမယ့်သူ…

Camera ရှိပြီးသားပေမယ့် Setting တွေကို မသေချာသေးတဲ့သူ…

Portrait ရိုက်ချင်ပေမယ့် ဘယ်ကစတိုးတက်အောင်လုပ်ရမလဲ မသိသေးတဲ့သူတွေအတွက် ဒီ Bundle ကိုလုပ်ပေးထားတာပါ

Camera ဝယ်ဖို့ပဲ Invest မလုပ်ပါနဲ့…
Camera ကို တကယ်အသုံးချတတ်ဖို့လည်း Invest လုပ်ပါ 📸

Basic + Advanced Photography Bundle — 140,000 MMK

စိတ်ဝင်စားရင် Page Messenger မှာ “BUNDLE” လို့ ပို့ထားနိုင်ပါတယ်ခင်ဗျာ

Environmental Portraits by StudioHakPortrait Photography ဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာလေးကို လှလှပပရိုက်ထားတာတင် မဟုတ်ပါဘူ...
10/09/2026

Environmental Portraits by StudioHak

Portrait Photography ဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာလေးကို လှလှပပရိုက်ထားတာတင် မဟုတ်ပါဘူး…

တချို့ Portrait တွေမှာ
သူ့ရဲ့ ပတ်ဝန်းကျင်ကပါ သူ့အကြောင်းကို ပြောပြပေးနေတတ်တယ်

ဒါကို ကျွန်တော်တို့ Environmental Portrait လို့ခေါ်ကြပါတယ်

ဒီပုံတွေကို Innwa, Mandalay Region မှာ ရိုက်ခဲ့တာပါ…

Environmental Portrait ရိုက်တဲ့အခါ ကျွန်တော်က Background ကို ရှုပ်နေတဲ့အရာတစ်ခုအနေနဲ့ မမြင်ဘူး

လူတစ်ယောက် ဘယ်မှာနေတယ်
ဘာအလုပ်လုပ်တယ်
ဘယ်လိုဘဝပုံစံရှိတယ်
သူ့ပတ်ဝန်းကျင်က ဘယ်လိုလဲ…

ဒီအရာတွေကို Subject နဲ့အတူ Frame တစ်ခုထဲမှာ Story တစ်ခုဖြစ်အောင် ထည့်ပေးနိုင်ဖို့ ကြိုးစားပါတယ်

တစ်ခါတလေ ရိုးရိုး Portrait တစ်ပုံကိုကြည့်ရင် လူတစ်ယောက်ကိုပဲ မြင်ရတယ်…

Environmental Portrait တစ်ပုံကိုကြည့်တဲ့အခါတော့
လူတစ်ယောက်အပြင် သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကိုပါ မြင်ရတယ်

ဒါကြောင့် Location ရွေးတာ
Light ကိုကြည့်တာ
Environment ထဲက ဘယ် Elements တွေကို ထည့်မလဲ
ဘယ်လောက်ထိ Subject ကို ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်ပြမလဲဆိုတာက အရေးကြီးပါတယ်

အထူးသဖြင့် ဒီလို Documentary ဆန်တဲ့ Portrait တွေမှာ Perfect ဖြစ်နေဖို့ထက် Authentic ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်…

လူတစ်ယောက်ရဲ့ အဝတ်အစား
သူ့လက်ထဲက ပစ္စည်း
အလုပ်လုပ်နေတဲ့နေရာ
သူစီးတဲ့လှေ
အနားကအိမ်
မျက်နှာပေါ်က အပြုံးနဲ့ အရေးအကြောင်းတွေအထိ…

အားလုံးက Story ရဲ့ အစိတ်အပိုင်းတွေပါပဲ

ဒါပေမယ့် ဒီလို Street Portrait / Environmental Portrait ရိုက်တဲ့အခါ Photography Skill တစ်ခုတည်းနဲ့ မပြီးပါဘူး…

Respect ကလည်း အရေးကြီးပါတယ်

မရိုက်ခင် Subject ဆီက Permission တောင်းပါ…

ရိုက်ပြီးတဲ့ပုံကို Social Media မှာတင်မယ်ဆိုရင်လည်း
“ဒီပုံကို ကျွန်တော့် Social Media မှာတင်လို့ရမလား” ဆိုပြီး ထပ်မေးပေးတာ အကောင်းဆုံးပါ

Camera တစ်လုံးရှိနေလို့ လူတိုင်းကို ရိုက်ခွင့်ရှိသွားတာမဟုတ်သလို…

ပုံကောင်းတစ်ပုံရဖို့ထက်
အဲ့ဒီပုံထဲက လူကို Respect ပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်

Environmental Portrait က Environment ကို ရိုက်တာတင် မဟုတ်ဘူး…

လူတစ်ယောက်နဲ့ သူနေထိုင်နေတဲ့ ကမ္ဘာကြားက Connection ကို ရိုက်တာပါ

📍 Innwa, Mandalay Regio

05/09/2026

AI က Tool ပါ… Idea ကတော့ ကိုယ့်ဆီက လာရမှာပါ

AI နဲ့ ပုံတစ်ပုံဖန်တီးဖို့က အခုဆို အရင်ကထက် အများကြီးလွယ်လာပါပြီ…

Prompt ရေးမယ်
Generate လုပ်မယ်
မကြိုက်ရင် ပြန်ပြင်မယ်

ဒါပေမယ့် AI နဲ့ ပုံလှလှတစ်ပုံ ထုတ်တတ်တာ နဲ့ Idea ကောင်းတစ်ခု ဖန်တီးတတ်တာ ကတော့ မတူပါဘူး

AI Tools တွေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမယ်
လူတိုင်းလည်း တူညီတဲ့ Tools တွေကို သုံးနိုင်လာမယ်

အဲ့ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ကွာသွားစေမယ့်အရာက…

ဘယ် AI သုံးလဲဆိုတာထက်
ဘာ Idea ရှိလဲဆိုတာပါပဲ

ဒီလိုဖန်တီးရတာ ကြိုက်တဲ့သူတွေအတွက် အခု စိတ်ဝင်စားဖို့ကောင်းတဲ့ Contest တစ်ခုရှိပါတယ်

MAX Energy 2027 AI Calendar Design Contest

ဒီနှစ်ပြိုင်ပွဲမှာ ကျွန်တော်လည်း Judge တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရထားလို့ တင်လာမယ့် လက်ရာတွေကို တကယ်စိတ်ဝင်စားနေပါတယ်

ဒီပြိုင်ပွဲက AI နဲ့ ပုံလှလှတစ်ပုံ Generate လုပ်ပြရုံတင် မဟုတ်ပါဘူး…

ကိုယ့်မှာရှိတဲ့ Idea က ဘယ်လောက် Original ဖြစ်လဲ…

ပုံတစ်ပုံနဲ့ Story တစ်ခုကို ဘယ်လောက်ကောင်းကောင်း ပြောနိုင်လဲ…

MAX Energy ရဲ့ Quality, Excellence, Trust ဆိုတဲ့ Values တွေကို ကိုယ့်အမြင်၊ ကိုယ့် Style နဲ့ ဘယ်လိုချိတ်ဆက်ဖန်တီးထားလဲ…

AI ကိုလည်း ကိုယ့် Idea အတွက် Tool တစ်ခုအနေနဲ့ ဘယ်လောက်ထိ ထိထိရောက်ရောက် အသုံးချနိုင်လဲ…

အဲ့ဒါတွေက ပိုအရေးကြီးပါတယ်

ဒါကြောင့် Professional AI Creator ဖြစ်မှ ဝင်ပြိုင်လို့ရတာမျိုးလည်း မဟုတ်ပါဘူး

Designer ဖြစ်ဖြစ်
Artist ဖြစ်ဖြစ်
Photographer ဖြစ်ဖြစ်
Visual Storytelling ကြိုက်တဲ့သူဖြစ်ဖြစ်…

ဒါမှမဟုတ် ကိုယ့်ခေါင်းထဲမှာ Idea ကောင်းကောင်းရှိပြီး AI နဲ့ ပုံဖော်ကြည့်ချင်တဲ့သူဆိုလည်း ပါဝင်လို့ရပါတယ်

ဒိုင်တွေအနေနဲ့ အဓိက Criteria ၅ ခု ကို ကြည့်ပြီး အမှတ်ပေးသွားမှာပါ

Brand Alignment — 25%
MAX Energy Brand နဲ့ ကိုယ့် Concept ဘယ်လောက်ကိုက်ညီပြီး ချိတ်ဆက်ထားနိုင်လဲ

Creativity & Originality — 25%
Idea က ဘယ်လောက် Creative ဖြစ်လဲ… ကိုယ့်ကိုယ်ပိုင်အမြင် ဘယ်လောက်ပါလဲ

Storytelling — 20%
ပုံတစ်ပုံထဲမှာ ဘာကိုပြောချင်တာလဲ… ကြည့်တဲ့သူကို ဘာခံစားစေချင်တာလဲ

AI Prompt Effectiveness — 15%
ကိုယ်လိုချင်တဲ့ Direction ရဖို့ AI Prompt ကို ဘယ်လောက်ထိ ထိရောက်အောင် အသုံးချထားနိုင်လဲ

Visual Impact — 15%
မြင်လိုက်တာနဲ့ Attention ရလား… ကြည့်ပြီးသွားတဲ့နောက်မှာ စိတ်ထဲ ဘယ်လောက်ကျန်ခဲ့လဲ

Reward ပိုင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်

ရွေးချယ်ခံရတဲ့ အကောင်းဆုံး Artwork ၁၂ ခု အတွက် တစ်ဦးလျှင် ငွေသားဆု ၁၀ သိန်းကျပ်စီ ချီးမြှင့်ပေးသွားမှာဖြစ်ပြီး…

Selected Artwork ၁၂ ခုက Official MAX Energy 2027 Calendar မှာလည်း ပါဝင်ခွင့်ရမှာပါ

ဒါနဲ့တင် မပြီးသေးပါဘူး…

အဲ့ဒီ Selected ၁၂ ယောက်ထဲကနေ Grand Prize အတွက် ဆက်ပြီးရွေးချယ်သွားမှာဖြစ်ပြီး…

Grand Prize Winner ရဲ့ Artwork က 2027 Calendar Cover Design အဖြစ် ရွေးချယ်ခံရမှာပါ

ထပ်ဆောင်း Cash Prize နဲ့ တခြား Rewards တွေလည်း ရရှိနိုင်ဦးမှာပါ

စဉ်းစားကြည့်ရင် ကိုယ့် Laptop ထဲမှာ စမ်းပြီးဖန်တီးလိုက်တဲ့ Idea တစ်ခုက…

နောက်ဆုံးမှာ လူတွေတကယ်ကိုင်ကြည့်ရမယ့် 2027 Calendar Cover တစ်ခုအထိ ဖြစ်လာနိုင်တာပါ

Creator တစ်ယောက်အတွက်တော့ ဒီလို Challenge မျိုးက စမ်းကြည့်ဖို့ တန်ပါတယ်

Idea ရှိရင် သိမ်းမထားပါနဲ့…

စမ်းကြည့်ပါ
Explore လုပ်ပါ
Generate လုပ်ပါ
မကြိုက်ရင် ပြန်ပြင်ပါ
Prompt ကို ပြန်စဉ်းစားပါ
ကိုယ့် Story ကို ရှာပါ…

ဘာလို့လဲဆိုတော့…

AI က ကိုယ့်အစား Creative ဖြစ်ပေးဖို့မဟုတ်ဘူး
ကိုယ့် Creativity ကို ပိုဝေးဝေးရောက်အောင် ကူညီပေးမယ့် Tool တစ်ခုပဲ

Judge တစ်ယောက်အနေနဲ့ ကျွန်တော်လည်း မြင်ချင်တာက…

AI ဘယ်လောက်တော်လဲဆိုတာထက်
AI ကိုသုံးထားတဲ့လူရဲ့ Idea ဘယ်လောက်ကောင်းလဲဆိုတာပါပဲ

အသေးစိတ် Rules, Categories နဲ့ Submission Information တွေကို ဒီမှာ ဝင်ကြည့်လို့ရပါတယ် 👇

https://bit.ly/maxenergy-aicalendarcontest

သင့်ရဲ့ Idea တစ်ခုက 2027 Calendar Cover ဖြစ်လာနိုင်ပါတယ်…

အားလုံးရဲ့ Idea တွေ၊ ဖန်တီးမှုတွေကို မြင်ရဖို့ စောင့်မျှော်နေပါတယ်ခင်ဗျာ 🙏

Photographer တွေရဲ့ Gallery ကို ဖွင့်ကြည့်လိုက်ရင်...တခြားလူတွေရဲ့ လှပတဲ့ Portrait တွေက ထောင်ချီရှိတယ်ကိုယ့်ပုံကိုယ် ပြန...
03/09/2026

Photographer တွေရဲ့ Gallery ကို ဖွင့်ကြည့်လိုက်ရင်...

တခြားလူတွေရဲ့ လှပတဲ့ Portrait တွေက ထောင်ချီရှိတယ်
ကိုယ့်ပုံကိုယ် ပြန်ရှာကြည့်လိုက်ရင်တော့... မရှိသလောက်ပဲ 😂

ကျွန်တော်လည်း အတူတူပါပဲ

အလုပ်လုပ်လာတဲ့နှစ်တွေတစ်လျှောက် လူပေါင်းများစွာကို Portrait တွေရိုက်ပေးခဲ့တယ်
Lighting ချိန်ပေးတယ်၊ Pose ပြောပေးတယ်၊ Expression ရအောင်လုပ်ပေးတယ်

"ခေါင်းလေး နည်းနည်းဒီဘက်..."
"မေးစေ့လေး နည်းနည်းချ..."
"မျက်လုံး Camera ကိုကြည့်..."

သူများကိုတော့ ပြောတတ်လိုက်တာ 😆

ကိုယ်တိုင် Camera ရှေ့ရောက်သွားတဲ့အချိန်ကျတော့...

လက်ကို ဘယ်ထားရမှန်းတောင် မသိတော့ဘူး 😂

ဒါကြောင့် Professional Photographer တစ်ယောက်အတွက် ကိုယ့်ရဲ့ Nice Portrait တစ်ပုံရှိတာကတောင် တော်တော်ရှားပါတယ်

ပိုရှားတာက...

ဒီလို သေသေချာချာရိုက်ထားတဲ့ ID Photo တစ်ပုံရှိနေတာ 😂

တစ်သက်လုံး တခြားလူတွေရဲ့ Best Angle ကို ရှာပေးခဲ့ပေမယ့်
ကိုယ့် Best Angle ကိုယ် ရှာဖို့ကျတော့ Camera နောက်မှာပဲ အချိန်ကုန်နေတာများတယ်...

Photographer တွေရဲ့ ဘဝက ဒီလိုပါပဲ

လူတိုင်းရဲ့ပုံရှိတယ်... ကိုယ့်ပုံပဲမရှိဘူး 😂

အဲ့ဒါကြောင့် ဒီပုံလေးကိုတော့ သိမ်းထားရမယ်
နောက်တစ်ပုံ ဘယ်နှစ်နှစ်နေမှ ရမလဲ မသိဘူးလေ 😆

Moody Rain Portraits — 50mmဒီပုံတွေက ကျွန်တော်ကြိုက်တဲ့ Portrait Style ကို တော်တော်လေး ကိုယ်စားပြုတဲ့ ပုံတွေထဲက တစ်စုပါL...
02/09/2026

Moody Rain Portraits — 50mm

ဒီပုံတွေက ကျွန်တော်ကြိုက်တဲ့ Portrait Style ကို တော်တော်လေး ကိုယ်စားပြုတဲ့ ပုံတွေထဲက တစ်စုပါ

Location ကလည်း အထူးအဆန်းမဟုတ်ဘူး
ရန်ကင်းဘက်က လမ်းကြားလေးတွေထဲမှာပဲ...

ဒီ Set မှာ သုံးထားတာက Zeiss 50mm

35mm ကို ကျွန်တော် အရမ်းကြိုက်ပေမယ့် 50mm ရဲ့ Feeling က တစ်မျိုးရှိတယ်

35mm နဲ့ဆို Subject နဲ့ Environment ကို တွဲပြီး Story ပြောရတာ ကြိုက်တယ်
50mm ရောက်လာရင်တော့ Subject ကို နည်းနည်းပိုဆွဲထုတ်လို့ရတယ်

Background ကို လုံးဝပျောက်သွားအောင် Blur လုပ်ပစ်တာမျိုးမဟုတ်ဘဲ
Location ရဲ့ Mood လေးကျန်နေသေးပြီး Subject ကလည်း သီးသန့်ထွက်လာတယ်

ဒီပုံတွေမှာဆို ရန်ကင်းလမ်းကြားထဲက သစ်ပင်တွေ၊ လှေကားတွေ၊ လမ်းဘေးက အရာတွေကို ရှောင်မပစ်ထားဘူး

တချို့နေရာတွေဆို လှတယ်လို့တောင် ပြောလို့မရဘူး
ပုံထဲမှာ အမှိုက်ပုံတောင် ပါတယ် 😅

ဒါပေမယ့် ကျွန်တော် Portrait ရိုက်တဲ့အခါ Location က လှနေဖို့ထက်
ရှိနေတဲ့ Location ကို ဘယ်လိုမြင်မလဲ ဆိုတာကို ပိုစိတ်ဝင်စားတယ်

မိုးလေးရွာနေတဲ့အချိန်
ဆံပင်စိုစို၊ Skin ပေါ်က ရေစက်လေးတွေ၊ သစ်ပင်တွေကြားက အလင်း...

အဲ့ဒါတွေကို ပြင်ဆင်ပြီး ဖန်တီးထားတာထက်
ရှိနေတဲ့အတိုင်း Mood ထဲထည့်ပြီး ရိုက်လိုက်တာကို ပိုကြိုက်တယ်

50mm ကလည်း ဒီလို Portrait တွေမှာ အရမ်းအဆင်ပြေတယ်
Full body ကနေ Close Portrait အထိ နည်းနည်းရှေ့တိုး၊ နည်းနည်းနောက်ဆုတ်ရုံနဲ့ ပုံရဲ့ Feeling ပြောင်းသွားနိုင်တယ်

ကျွန်တော့်အတွက် Portrait Photography ဆိုတာ နေရာလှလှရှာပြီး Model ကို ရပ်ခိုင်းရိုက်တာတစ်ခုတည်း မဟုတ်ဘူး

သာမန်လမ်းကြားတစ်ခု
မိုးရွာနေတဲ့နေ့တစ်နေ့
50mm Lens တစ်လုံး
Model တစ်ယောက်...

အဲ့ဒါတွေနဲ့လည်း ကိုယ်လိုချင်တဲ့ Mood တစ်ခုကို ဖန်တီးလို့ရတယ်

ဒါနဲ့ ဒီပုံလေးတွေရိုက်ခဲ့တုန်းက မှတ်မှတ်ရရ ထူးခြားတာတစ်ခုရှိသေးတယ် 😅

Mood တွေဝင်ပြီး မိုးထဲမှာ ရိုက်ကောင်းနေတာ...

မေးစေ့နဲ့ လည်ပင်းကြားကို ကျွတ်တွယ်နေတာ မသိလိုက်ဘူး 😂

ရိုက်ပြီးမှ သိတာ
အဲ့ကျွတ်တွယ်ထားတဲ့နေရာကလည်း တော်တော်ကြာကြာနေမှ ပြန်ပျောက်သွားတယ်

ပုံတွေထဲမှာတော့ Moody Rain Portraits
Behind the scenes မှာတော့ Moody Leech Portraits ပေါ့ 😂
feat- Hillary Soe
©StudioHak

Lens တစ်လုံးပဲ ရွေးရမယ်ဆို… 35mmတကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို“Lens တစ်လုံးပဲ သုံးခွင့်ရှိမယ်ဆို ဘာရွေးမလဲ?” လို့...
01/09/2026

Lens တစ်လုံးပဲ ရွေးရမယ်ဆို… 35mm

တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို
“Lens တစ်လုံးပဲ သုံးခွင့်ရှိမယ်ဆို ဘာရွေးမလဲ?” လို့မေးရင်…

အများကြီးစဉ်းစားနေမှာ မဟုတ်ဘူး

35mm ပဲ ရွေးမယ်

Photography လုပ်လာတဲ့တစ်လျှောက် Lens တွေအများကြီး သုံးဖူးပါတယ်
24mm, 50mm, 85mm, 135mm… တစ်လုံးချင်းစီမှာ သူ့အားသာချက်နဲ့ သူရှိကြတယ်

ဒါပေမယ့် ကျွန်တော့်အတွက် 35mm က နည်းနည်းထူးခြားတယ်

Wide လည်း မလွန်ဘူး
Tight လည်း မဖြစ်ဘူး
လူတစ်ယောက်ကိုပဲ ရိုက်ချင်ရင်လည်း ရတယ်
သူ့ပတ်ဝန်းကျင်ကိုပါ ပုံထဲထည့်ပြီး Story ပြောချင်ရင်လည်း ရတယ်

အထူးသဖြင့် Studio Portrait မှာ 35mm သုံးရတာ ကျွန်တော်တော်တော်ကြိုက်တယ်

ဒီပုံတွေကိုလည်း 35mm Zeiss + Continuous LED Lights နဲ့ ရိုက်ထားတာပါ

Setup ကလည်း အများကြီးမရှိဘူး
Simple Texture Wall တစ်ခု၊ Model တစ်ယောက်နဲ့ Lighting ကိုလိုသလောက် Control လုပ်ထားတာပဲ

35mm ကို Studio ထဲသုံးတဲ့အခါ 85mm လို Background ကို အကုန်ပျောက်သွားအောင် isolate လုပ်ပေးမှာမဟုတ်ဘူး

အဲဒီအစား Subject နဲ့ Space ကြားက Relationship ကိုပါ မြင်ရတယ်

ဒါကြောင့် Full Body ရိုက်လို့ရသလို
Half Body ရိုက်လို့လည်းကောင်းတယ်
နည်းနည်းနီးသွားပြီး Portrait ဆန်ဆန် ရိုက်လို့လည်းရတယ်

တစ်နေရာတည်း၊ Outfit တစ်စုံတည်း၊ Lighting Setup တစ်ခုတည်းနဲ့တောင် ကိုယ်က Camera Distance နဲ့ Angle ပြောင်းပေးလိုက်တာနဲ့ Frame တစ်ခုနဲ့တစ်ခု Feel မတူတော့ဘူး

ဒါက 35mm ကို ကျွန်တော်ကြိုက်တဲ့အချက်တွေထဲက တစ်ခုပါ

ဒါပေမယ့် 35mm နဲ့ Portrait ရိုက်တဲ့အခါ သတိထားရတာလည်းရှိတယ်

Subject နားကို အရမ်းကပ်သွားရင် Perspective ကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ် Proportion တွေ ပြောင်းသွားနိုင်တယ်

အထူးသဖြင့် Close-up တွေမှာ…

ဒါကြောင့် 35mm ကို Portrait Lens တစ်လုံးလိုပဲ မမြင်ဘဲ Distance ကိုပါ ကိုယ့် Composition ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နားလည်ပြီးသုံးတာ ပိုအရေးကြီးတယ်

ကျွန်တော် 35mm ကိုကြိုက်တာ Studio ထဲမှာပဲ အသုံးဝင်လို့လည်း မဟုတ်ဘူး

Street Portrait ရိုက်မယ်
Environmental Portrait ရိုက်မယ်
Travel သွားမယ်
Everyday Photography ရိုက်မယ်
Video ရိုက်မယ်…

တော်တော်များများကို Lens မပြောင်းဘဲ ဆက်သုံးလို့ရတယ်

တစ်ခါတလေ Gear တွေအများကြီးရှိတာထက်
Lens တစ်လုံးကို ကိုယ်တကယ်သိနေဖို့က ပိုအသုံးဝင်တယ်

ဘယ်လောက်အကွာကရိုက်ရင် ဘယ်လိုမြင်မလဲ
ဘယ်လောက်နီးရင် Perspective ဘယ်လိုပြောင်းမလဲ
Frame ထဲမှာ Background ဘယ်လောက်ပါမလဲ…

Camera ကို မျက်လုံးနားတင်လိုက်တာနဲ့ မရိုက်ခင်ကတည်းက Frame ကို စိတ်ထဲမှာ ခန့်မှန်းနိုင်လာတဲ့အထိ Lens တစ်လုံးနဲ့ ရင်းနှီးသွားတာမျိုးပေါ့

အဲဒီ Lens ကတော့… 35mm ပါပဲ

Shot on 35mm Zeiss
Continuous LED Lighting
Studio Portraits

feat- Jade
© StudioHak

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ HAK VAULTผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์