J u s t B r e a t h e

J u s t B r e a t h e If you want to know update cele news
please Like and Follow my page

06/08/2025

သံတောင်ကြီးမြို့နယ်တွင် မြေပြိုခြင်းကြောင့် သေဆုံးသူ (၉) ဦးအထိရှိ ၊ ပျောက်ဆုံးသူများလည်း ရှိနေ

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်အတွင်း မိုးကြီးခြင်းနှင့် အတူ မြေပြို ခြင်းကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိနေပြီး ပျောက်ဆုံးသူများလည်း ရှိကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းကစ၍ သံတောင်ကြီးမြို့နယ် တွင် မိုးအဆက်မပြတ် ရွာသွန်းကာ ဥယျာဥ်ခြံများအတွင်းမြေပြိုမှု ရှိခဲ့ပြီး သြဂုတ်လ (၄) ရက်နှင့် (၅) ရက်နေ့တို့တွင် လူသေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံ ဆရာတော်တစ်ပါးက ပြောကြားသည်။
" သြဂုတ် (၄) နဲ့ (၅) ရက်မှာ မိုး တော်တော်ကြီးခဲ့တယ်။ (၄) ရက်နေ့မှာ ဥယျာဥ်ခြံတွေထဲမှာ နေတဲ့ သူတွေ (၅) ဦးသေဆုံးခဲ့ပြီးတော့ (၅) ရက်နေ့ညမှာ သစ်ပင်ပိပြီး တစ်မိသားစုတည်း (၄) ဦးသေဆုံးခဲ့တယ် " ဟု ၎င်းကပြောသည်။
သံတောင်ကြီး- တောင်ငူ လမ်းမပေါ်တွင်လည်း မြေပြိုမှုများရှိနေပြီး ကျေးရွာချင်းဆက်သွယ်ထားသည့် လမ်းတံတား (၁၀) ခုထက်မနည်းပြိုကျမှုများရှိနေကြောင်း ဒေသခံများထံကသိရသည်။
" အဓိက ပသီချောင်းရေကတော်တော်တက်လာပါတယ်။ သောက်ရေခမ်းချောင်းအနီးတံတားတွေလည်း ပျက်စီးပြိုကျသွားပါတယ်။ သံတောင်ကြီး ကနေ ရွှေညောင်ပင်ရွာဘက်သွားတဲ့တံတားတွေလည်း ကျိုးသွားပါတယ် ။ နောက်ပြီးနန့်ချိန်ကွင်ရွာတံတားလည်း ကျိုးသွားတယ်။ ဖာဝယ်အနီးက ရွာတွေလည်း သွားလာလို့မရတော့ပါဘူး " ဟု အခြားဒေသခံတစ်ဦးကပြောသည်။
သံတောင်ကြီးမြို့နယ်တွင် မြေပြိုမှုများကြောင့် ရပ်ကွက် (၄) ခုအတွင်းရှိ လူနေအိမ် (၃၀) ကျော်ပျက်စီးခဲ့ပြီး လုံးဝပျက်စီးခဲ့သော အိမ် (၁၀) အိမ်ရှိကြောင်း သိရသည်။
လက်ရှိတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေမည်ကို ဒေသခံများ စိုးရိမ် နေကြရသည်။

ပျောက်ဆုံးနေတဲ့ ၈ နှစ်အရွယ် သမီးလေးကို မ-တ-ရား-ကျ-င့်ခံထားရပြီး ဆုံးပါးလျက် ပြန်လည်တွေ့ရှိ 😰လူပျောက်သမီးလေးရှာတွေ့ပါပြီရ...
04/08/2025

ပျောက်ဆုံးနေတဲ့ ၈ နှစ်အရွယ် သမီးလေးကို မ-တ-ရား-ကျ-င့်ခံထားရပြီး ဆုံးပါးလျက် ပြန်လည်တွေ့ရှိ 😰
လူပျောက်သမီးလေးရှာတွေ့ပါပြီရှင်
ယနေ့ မနက်(7:00)ဝန်းကျင်တွင် ကျွန်မတို့အသင်းအား ကလေး DB တစ်ခုရှာတွေ့ထားပါသဖြင့် လာရောက်ကူညီပေးပါရန် ဖုန်းဆက်လာပါသောကြောင့် သွားရောက်ကူညီခဲ့ပါတယ်။
ကလေးမှာ တစ်နေ့က ပျောက်ဆုံးနေခဲ့သော သမီးလေး မငြိမ်းနှင်းနွယ်ဖြစ်နေကြောင်း စိတ်မကောင်းစွာဖြင့် သိရှိခဲ့ရပါတယ်။
၄င်း ကလေးငယ်လေးကို (၇)လပိုင်း (၃၀)ရက်နေ့ နေ့လည်ပိုင်း (၂:၀၀)ဝန်းကျင်က ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဲ့နေ့မှာကတည်းက ကလေးအသက်ဆုံးရှုံးနေခဲ့ပုံ ပေါ်ပါတယ်ရှင်။
နောက်ပြီး ၄င်း ကလေးငယ်၏ db ကိုဝမ်ပုံစခန်းမှူး ဒုရဲမှူး မျိုးမင်းအောင်နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျာမင်းတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် မိုင်းဖုန်း(ခ) နန်းမလွှတ်ရွာ မဲခေါင်
မြစ်အတွင်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ကျွန်မတို့လည်း ခက်ခက်ခဲခဲနဲ့ သမီးလေးဆီကို သွားရောက်ကူညီခဲ့ကြပါတယ်။
မနက်ဖြန် သမီးလေး ကိုရည်စူးကာ ကောင်းမှုကုသိုလ်လုပ်ဖို့အတွက် ကျွန်မတို့အသင်းမှ ထမင်းဗူး(၁၀၀)နှင့် သံရဏဂုံတည်ရန်ရဟန်း သံဃာများအတွက်ပါ လိုအပ်သည်များ အားလုံးကို ကူညီပေးသွားမှာဖြစ်ပါတယ်ရှင်။
ကျွန်မ တို့် အားလုံးလည်း ရင်ထဲမှာ တစ်ကယ်ကို မကောင်းလှပါဖူးရှင်...တကယ့်ကိုဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုပါ။
သမီးလေး ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်...🙏

#မငြိမ်းနှင်းနွယ်
#လူပျောက်

အိမ်ထောင်ပြုပြီးရင်တောင် အိမ်မှုကိစ္စတော့မလုပ်နိုင်ဘူးဟင်းချက်ခိုင်းဖို့ မိန်းမယူတဲ့ ယောကျာ်းတွေကိုလည်း မထင်မကြီးဘူးဆိုတ...
29/06/2024

အိမ်ထောင်ပြုပြီးရင်တောင် အိမ်မှုကိစ္စတော့မလုပ်နိုင်ဘူး
ဟင်းချက်ခိုင်းဖို့ မိန်းမယူတဲ့ ယောကျာ်းတွေကိုလည်း မထင်မကြီးဘူးဆိုတဲ့ စံရတီမိုးမြင့် 😅🥲

#စံရတီမိုးမြင့်

ที่อยู่

Bangkok
101000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ J u s t B r e a t h eผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์