ဘစွာ

ဘစွာ Random post

01/08/2025

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ခုခေတ်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ပုံရိပ်ဟောင်းလေးတစ်ခု။ပုသိမ်သားတွေဆိုရင်သိကြပါတယ်။
22/12/2024

ခုခေတ်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့
ပုံရိပ်ဟောင်းလေးတစ်ခု။

ပုသိမ်သားတွေဆိုရင်သိကြပါတယ်။

😁
04/12/2024

😁

ယာဉ်စစ်ဆေးပြီးမှသာ သက်တမ်းတိုးခြင်းဆောင်ရွက်ပေးတော့မှာဖြစ်တဲ့အတွက် လိုက်ထရက်၊ဟိုက်ဂျက် အစရှိသည့်ယာဉ်တွေအတွက် အကြံပြုချင်...
28/11/2024

ယာဉ်စစ်ဆေးပြီးမှသာ သက်တမ်းတိုးခြင်းဆောင်ရွက်ပေးတော့မှာဖြစ်တဲ့အတွက်
လိုက်ထရက်၊ဟိုက်ဂျက် အစရှိသည့်
ယာဉ်တွေအတွက် အကြံပြုချင်တာလေး
ပြောပြချင်ပါတယ်။

ဝှီးတက်ထဲကပုံနဲ့တူချင်တယ်
အမိုးကိုင်းတပ်ဆင်ချင်တယ်ဆိုရင်
အမိုးကိုင်းတပ်ဆင်ခွင့်
တစ်ခါထဲလျှောက်ထားပြီး တပ်ဆင်လိုက်ပါ
နားလည်မှုနဲ့ခွင့်ပြုထားပေမဲ့
ကိုယ့်ဘက်ကပါ ပိုမိုပြည့်စုံသွားတော့
စိတ်ရှင်းရှင်းနဲ့နေလို့ရတာပေါ့
လိုက်ထရက်၊ဟိုက်ဂျက်ရယ်လို့မဟုတ်ပါဘူး
အမိုးကိုင်းတပ်ချင်တဲ့ယာဉ်
လျှောက်လို့ရတဲ့ယာဉ်မှန်သမျှ လျှေက်ပါ။

နောက်တစ်ခုက
ယာဉ်စစ်‌ဆေးခြင်းမပြုဘဲ
သက်တမ်းတိုးပေးတဲ့ကာလမှာ
ဝယ်ထားတဲ့ မိမိယာဉ်တွေကို
ဖြစ်နိုင်ရင်
ယာဉ်မှန်မမှန်/ အခြားပြသနာ ဘာညာ ရှိမရှိ
1.1.2025 မရောက်ခင်မှာ
စစ်ဆေးထားစေချင်ပါတယ်
စိတ်ရှင်းရှင်းနဲ့နေရတာပေါ့။

နောက်ပြီး
မော်တော်ဆိုင်ကယ်နဲ့ပတ်သတ်လို့
ယာဉ်လိုင်စင်အသစ်ပြုလုပ်ခြင်းများ
သေသေချာချာ မသိရသေးပါဗျ။

နေမျိုးသူရ
8.11.2024

မော်တော်ဆိုင်ကယ် လိုင်စင်အသစ်တွေ ပြုလုပ်ပေးဖို့ အားလုံးစောင့်မျှော်နေကြမယ်ထင်ပါတယ်မျှော်လင့်ထားသလို မကြာခင်ဖြစ်လာမှာမို့...
28/11/2024

မော်တော်ဆိုင်ကယ်
လိုင်စင်အသစ်တွေ ပြုလုပ်ပေးဖို့
အားလုံးစောင့်မျှော်နေကြမယ်ထင်ပါတယ်
မျှော်လင့်ထားသလို မကြာခင်ဖြစ်လာမှာမို့
သတင်းကောင်းလေး မြန်မြန်ကြားရပါစေဗျာ။

ရန်ကုန်၊ မန္တလေးအပါအဝင်
မြို့‌တွေမှာ အသုံးပြုနေတဲ့
ဘေးတွဲမော်တော်ဆိုင်ကယ်တွေ
မိမိဘေးတွဲမော်တော်ဆိုင်ကယ်ဟာ
တရားဝင်ဟုတ်/မဟုတ် စစ်ဆေးပါဗျ။

နေပြည်တော်မှာ လမ်းမအလယ်/
လမ်းရဲ့ ဘယ်ဘက်အစွန်းဆုံးယာဉ်ကြောကနေ
စီးနှင်းနေကြတဲ့ အိုးဝေတွေနဲ့ ဆိုင်ကယ်တွေ
မိမိယာဉ်ကြောမှန်/မမှန် စိစစ်ပါခင်ဗျ။
( သတိ သတိ သတိပါဗျ)

ယာဉ်မောင်းနှင်စဉ်
လက်ကိုင်ဖုန်း အသုံးမပြုရဆိုသည်ထဲတွင်
နားကြပ်ဖြင့်လဲ မသုံးမပြုရပါဗျ။

နေမျိုးသူရ
28.11.2024

တေးရေးတေးဆို ဗဒင် နှင့် အနုပညာခံစားမှု၁၉၉၃-၉၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်။ ဗဒင်က တစ်နိုင်ငံလုံးမှာ ပေါက်နေပြီ။ အမေက မသိသေ...
27/11/2024

တေးရေးတေးဆို ဗဒင် နှင့် အနုပညာခံစားမှု

၁၉၉၃-၉၄ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်။ ဗဒင်က တစ်နိုင်ငံလုံးမှာ ပေါက်နေပြီ။ အမေက မသိသေး။ ကက်ဆက်အခွေ ဝယ်မပေးသေး။ ​ဝယ်မပေးလည်း ကျွန်တော်က သီချင်းတွေအားလုံးကို အလွတ်ရနေပြီ။ ပျိုပျိုမေရေ၊ သိုးမည်းတွေအကြောင်း၊ လိမ္မော်ရာသီတောင်ပေါ်မှာ လမ်းကျဥ်းငယ်ကလေးများ လျှောက်ရသလို။ မှတ်မိသလောက် ထိုစဥ်က သီချင်းစာအုပ်တစ်အုပ်ကို တစ်ကျပ်။

မြန်မာပြည်အနှံ့ ဗဒင်ရဲ့ သီချင်းတွေ ရောက်ခဲ့ပြီ။ နားထောင်ကြ၊ လိုက်ဆိုကြ၊ သူ ဘယ်သူလဲ။ အခွေကာဗာမှာ ဂဏန်းပုံနဲ့၊ အဲဒီ ဂဏန်းမှာလည်း မျက်လုံးကြီးတစ်လုံးနဲ့၊ မူပိုင်က ခင်ထိုက်ထိုက်ကိုတဲ့။ အခွေ Title က နေရာတဲ့၊ တကယ်လည်း ဗဒင် နေရာရခဲ့ပါတယ်။ အဲဒီတုန်းက လူတွေက ဗဒင်ကို မမြင်ဖူးကြဘူး။ လူတွေက ဗဒင်ကို သိပ်မြင်ချင်ကြတယ်။ ဗဒင် သီဆိုမယ့် စတိတ်ရှိုးပွဲကို လူတွေ စောင့်နေကြပြီ။ ဗဒင်ဟာ ပထမအခွေနဲ့ အချိန်အတော်ခြားပြီးမှ တခြားသီချင်းခွေတွေ ထွက်ရှိခဲ့ပါတယ်။

သူဟာ တော်တဲ့ သီချင်းရေးဆရာတစ်ယောက်ပါ။ အဆိုတော်မဖြစ်ခင်ကတည်းက သီချင်းတွေရေးနေပြီ။ သူ ကွယ်လွန်ပြီးမှ အင်တာဗျူးတစ်ခုမှာ လူတစ်ယောက်က ပြောဖူးတာက၊ ဗဒင်ဟာ သီချင်းတစ်ပုဒ်ကို စာရွက်ပေါ်မှာ ချရေးခဲတယ်တဲ့။ သူက စိတ်ထဲမှာပဲ ရေးနေ ပြင်နေ အချောကိုင်နေတာပဲတဲ့။ နောက်ပြီး သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်၊ သူက ဗဒင်ကို အပြင်မှာ တွေ့ဖူးတယ်တဲ့။ လမ်းထဲကို ဆိုက္ကာစီးပြီး ဝင်လာတာလည်း တွေ့ဖူးတယ်၊ ကားအကောင်းစားကြီးစီးပြီး ဝင်လာတာလည်း တွေ့ဖူးတယ်တဲ့။ ဟုတ်ချင်မှလည်းဟုတ်မှာပါ၊ ကျွန်တော်ကတော့ ဗဒင်ကိုစိတ်ဝင်စားတော့ လိုက်မှတ်ရတာပေါ့လေ။

သူရဲ့နောက်ပိုင်း ထွက်လာတဲ့ သီချင်းအခွေတွေထဲမှာဆို မှတ်မှတ်ရရ "ဒီနေ့" အခွေထဲက အိုရီယွမ်(မောင်ရင်ဆိုင်းထမ်းကြယ်စု) သီချင်း။ အဲဒီသီချင်းမှာ စာသားတစ်ကြောင်းပါတယ် "အန်တီရေ ရှလွန်း အန်ကယ်ရေ ရှလွန်း ချစ်ခြင်းမေတ္တာ အလင်းရောင်ခြည်လေးတိုးဝင်လာ"။ အဲဒီတုန်းက ဘာမှန်းမသိဘူး။ နောက်မှ ကျွန်တော်သိလာရတာက Shalom ဆိုတာက ဣသရေလ လူမျိုးတွေရဲ့ နှုတ်ဆက်စကားတဲ့။ တကယ်ကောင်းတဲ့ သီချင်းပဲ။

သူ့သီချင်းတွေက အဆင့်အတန်းမြင့်တယ်။ သူက သီအိုရီနဲ့ရေးတဲ့ တေးရေးဆရာတစ်ယောက်မဟုတ်ပါ။ ဒီတော့ ဒီသံစဥ်ပြီးရင် ဘာသံစဥ်လာလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းလို့မရဘူး။ "မမေ့ပါဘူး" သီချင်းအခွေထဲမှာဆို မှတ်မှတ်ရရရှိတဲ့သီချင်းက "ခရစ္စမတ်ကဒ်လေးတွေအကြောင်း"။သီချင်း အဓိပ္ပါယ်က ဒီလို၊ သူက ဧည့်ခန်းထဲမှာ တစ်ယောက်ထဲ ပျင်းနေတယ်တဲ့၊ ခရစ္စမတ်ကဒ်လေးတွေကို တိုးတိုးလေး မေးလိုက်တယ်တဲ့၊ မင်းတို့တွေ ဘယ်နိုင်ငံက လာကြသလဲတဲ့။ စိတ်ကူးဥာဏ် ကွန့်မြူးမှုပေါ့လေ။

သူ့ရဲ့ နောက်ဆုံးအခွေက "အရှိအတိုင်း"ထင်တယ်။ ကျွန်တော်သိပ်သဘောကျမိတဲ့ စာသားလေး ပါတယ်။ အရှိအတိုင်း သီချင်းမှာပဲ၊ ယနေ့အချိန်ထိ လတ်ဆတ်နေတဲ့ စာသားလေးပါ။ "အတုခိုးနေရင်တော့ အတုပဲရမယ်ဆိုတာ သိပြီ၊ အစစ်ဆိုတာ ကိုယ်တိုင်ဖန်တီးရတဲ့ကိစ္စ။ ခေတ်နောက်လူတွေလိုက် ခေတ်နောက် လိုက်သူ ဘယ်ခါ ခေတ်မမီ၊ သစ်လွင်တာတွေ တစ်ချိန်မှာ အိုမင်းဟောင်းနွမ်းသွား"။

လူတစ်ယောက်ရေးတဲ့သီချင်းတွေကိုကြည့်ရင် အဲဒီလူရဲ့စိတ်ကို ခန့်မှန်းလို့ရနိုင်ပါတယ်။ သူဟာ ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာအနားယူပါ ကိုဗဒင်။

#တေးသံရှင်ဗဒင်
#အနုပညာရှင်အစစ်များ

#တေးရေးတေးဆို
#

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ --------------------------------------------------၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့...
25/11/2024

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
--------------------------------------------------
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်
=========================================
“ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသညိ အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ-သီရိလင်္ကာ နိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”

မြန်မာမိုးဇလ

မြန်မာအနုပညာရှင်များရဲ့ မှတ်တမ်းတင်ဓာတ်ပုံများ
25/11/2024

မြန်မာအနုပညာရှင်များရဲ့ မှတ်တမ်းတင်ဓာတ်ပုံများ

Honda ကုမ္ပဏီက "Super Cub" မီနီမော်တော်ဆိုင်ကယ် ထုတ်လုပ်မှု ရပ်ဆိုင်းမယ်အင်ဂျင်စွမ်းရည် ၅၀ cc ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ S...
12/11/2024

Honda ကုမ္ပဏီက "Super Cub" မီနီမော်တော်ဆိုင်ကယ် ထုတ်လုပ်မှု ရပ်ဆိုင်းမယ်

အင်ဂျင်စွမ်းရည် ၅၀ cc ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ Super Cub မီနီမော်တော်ဆိုင်ကယ်လေးတွေ ထုတ်လုပ်မှုကို လာမယ့်နှစ်မှာ ရပ်ဆိုင်းတော့မယ်ဖြစ်ကြောင်း Honda Motor ကုမ္ပဏီက ပြောခဲ့ပါတယ်။

ဝယ်လိုအား ကျဆင်းနေပြီး၊ ဓာတ်ငွေ့ထုတ်လွှတ်မှုစည်းမျဉ်းအသစ်တွေနဲ့ကိုက်ညီတဲ့ ဆိုင်ကယ်အင်ဂျင်တွေကို တီထွင်ဖို့ ခက်ခဲမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

"Super Cub" စီးရီးကို ၁၉၅၈ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ မီနီမော်တော်ဆိုင်ကယ်တွေ လူကြိုက်များလာအောင် ကူညီပေးခဲ့ပါတယ်။ Super Cub ဆိုင်ကယ်တွေက ကိုင်တွယ်ရလွယ်ကူတဲ့အပြင် ဆီစားသက်သာတာနဲ့ တာရှည်ခံတာတွေကြောင့် လူသိများပါတယ်။

Honda ကုမ္ပဏီက စွမ်းရည်မြင့်အင်ဂျင်တွေအပါအဝင် Super Cub အစီးရေ သန်း ၁၀၀ ကျော်ကို ထုတ်လုပ်ခဲ့ပါတယ်။

ကုမ္ပဏီက ဒီ အသေးစားမော်ဒယ် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မယ်လို့ မေလမှာ ကြေညာခဲ့ပြီး၊ ထုတ်လုပ်မှုအားလုံးကို တင်းကျပ်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု စံနှုန်းတွေ အသက်မဝင်မီ တစ်လအလိုဖြစ်တဲ့ အောက်တိုဘာလအထိအတွင်းမှာ ရပ်ဆိုင်းမယ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

စျေးကွက်ကျုံ့သွားတဲ့အချိန်မှာ စည်းမျဉ်းသစ်တွေနဲ့ကိုက်ညီတဲ့ အင်ဂျင်အသေးစားတွေထုတ်လုပ်ဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာဟာ အဓိပ္ပာယ်မရှိဘူးလို့ Honda က ဆိုပါတယ်။

နောက်ထပ် မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ Suzuki ကုမ္ပဏီကလည်း အလားတူ အရွယ်အစား မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်မှုကို အဆုံးသတ်ဖို့ စဉ်းစားနေပါတယ်။

အဲဒီအစား ကုမ္ပဏီ ၂ ခုစလုံးက လျှပ်စစ်အားသုံး နှစ်ဘီးတပ်ယာဉ်တွေကို အာရုံစိုက်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬

9/11/2024ရှမ်း/တောင် မိုးရွာထားတာ​ကြောင့်ကျောက်ဂူ-နမ့်လန်လမ်းကျောက်ဂူ-သာစည်လမ်းကျောက်ဂူ-ပင်ပိန်လမ်း အားလုံးကတော့မြင်တဲ့အ...
09/11/2024

9/11/2024
ရှမ်း/တောင် မိုးရွာထားတာ​ကြောင့်
ကျောက်ဂူ-နမ့်လန်လမ်း
ကျောက်ဂူ-သာစည်လမ်း
ကျောက်ဂူ-ပင်ပိန်လမ်း အားလုံးကတော့မြင်တဲ့အတိုင်းဘဲ ဒီပုံစံတွေပါဘဲ။
ခရီးသွားပြည်သူများ လမ်းအခြေနေကိုစုံစမ်း​သွားကြပါလို့လေးစားစွာ အကြံပြုပါရစေခင်ဗျာ။
ThaungpawTharlay

ဆော်ဒီအာရေဗျ  သဲကန္တာရမှာ ပထမဆုံးအကြိမ် နှင်းကျ ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ဂျပန်က ဖူဂျီတောင်မှာ နှင်းတွေ ကင်းစင်သွား...
07/11/2024

ဆော်ဒီအာရေဗျ သဲကန္တာရမှာ ပထမဆုံးအကြိမ် နှင်းကျ

ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ဂျပန်က ဖူဂျီတောင်မှာ နှင်းတွေ ကင်းစင်သွားသလို ဆော်ဒီက သဲကန္တာရမှာလည်း ပထမဆုံး အကြိမ်နှင်းတွေကျဆင်းခဲ့ပါတယ်။

06/11/2024

၂၀၂၅ မတိုင်ခင် သက်တမ်းတိုးမည့် ကားများ ၃ လကြိုတင်ပီး သက်တမ်းတိုးထားကြပါ ဖောက်စွပ် ဖြတ်ဆက် ကားအများအပြားထွက်လာနိုင်ပါတယ်

KTS

Address

Mandalay

Telephone

+959962013660

Website

Alerts

Be the first to know and let us send you an email when ဘစွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဘစွာ:

Share