Burmazo by TinHtar

Burmazo by TinHtar ✨ To empower youths to grow stronger in professional career, become smarter with money, and get bolder in life decisions.

I am passionate about :👩🏻‍💻 Marketing | 🤝Community Building | 📈Personal & Professional Development

Almost two months into my content creation journey about Marketing jobs, Personal & Professional Development topics, I a...
29/11/2025

Almost two months into my content creation journey about Marketing jobs, Personal & Professional Development topics, I am happy to see the positive momentum there.

Here is why I think it’s working well.

Making videos has always been my passion and trust me, I tested many times, making different videos and I was never been able to do consistently mainly because I couldn’t find the right niche I am truly passionate about.

On the side, I am a big fan of youth empowerment and community development, and I volunteered many projects that connect with youths and people.

Then, I realized this time that, I could use my experience I gained throughout my 10-year of corporate life as a Professional Brand Marketer and help youths who are interested in Marketing/ businesses and personal development.

So yeah…This is how I started making these videos and my goal is to connect and help youths who are passionate to grow and build their lives with confidence.

With this mission, I am still moving on and thanks each of you for joining this journey by following my page.

You can connect with me more in these community activities.
🍀Burmazo Walking Squad - I organize outdoor programs in Bangkok - walking around cities and biking around parks
🍀 Burmazo Funminton Squad - I organize badminton squad in Bangkok, if you wanna play badminton as a beginner - intermediate, just ping me.
🍀Burmazo Youth Connect - I just started this in Nov and the very 1st connect was done with a great engagement and feedback. I organize a virtual connect with youths to answer their questions and do speed mentoring.

29/11/2025

ကျွန်မအနေနဲ့ Corporate ကုမ္ပဏီတွေမှာ ၁၀ နှစ်တာ လုပ်ခဲ့ရင်း သိလာရတဲ့ အရာ (၃) ခု က မိတ်ဆွေတို့ အတွက် သိထားရင်လည်း အသုံးဝင်မှာပါ

(1) Corporate Jobs will not build wealth for you but you can smartly build wealth using corporate jobs.
ကုမ္ပဏီတွေမှာ အလုပ်လုပ်ရင်း ကျွန်မတို့ ချမ်းသာ လာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Generational Wealth/ Family Business - မျိုးရိုးစဉ်ဆက် ချမ်းသာမှု/ မိသားစုစီးပွါးရေး မရှိကြတဲ့ ကျွန်မတို့လို လူတွေအတွက်တော့ Corporate Life က stepping stone တစ်ခု လို့ပြောလို့ရပါတယ်။ Corporate Life ကနေ ရလာတဲ့ Learning အတွေ့အကြုံ တွေ၊ အလုပ်က ရတဲ့ လစာကို ခွဲပြီး စုဆောင်းထားတဲ့ စုငွေ (savings) တွေကို အသုံးချပြီး ကျွန်မတို့ ဘဝ အတွက် ရေရှည် တိုးတက်မှု လမ်းကြောင်းပေါ် ရောက်အောင် လုပ်သွားလို့ ရပါတယ်။ ကျွန်မတို့ အနေနဲ့ စနစ်တကျ စီမံ လုပ်ဆောင် သွားဖို့ တော့ လိုပါလိမ့်မယ်။

(၂) Don’t burn bridges in corporate
ကိုယ့်အနေနဲ့ ကုမ္ပဏီ တစ်ခုကနေ တစ်ခု ပြောင်းလို့ ကိုယ့်လုပ်ခဲ့တဲ့ ကုမ္ပဏီက လူတွေ ထပ်မတွေ့တော့ဘူးဆိုတာ မမှန်ပါဘူး။ ပြန်တွေ့မှာပါ။ အခုဆို လူတွေက တစ်နေရာနဲ့ တစ်နေရာ ကူးနေကြတာမို့ အသိ အသိတွေနဲ့ ချိတ်ဆက်ပြီး သတင်းပျံ့မှု လည်း ပိုမြန်လာပါတယ်။ ကိုယ်ရဲ့ ကောင်းသတင်းဆိုလည်း သိနိုင်သလို ဆိုးသတင်းဆိုလည်း ပိုတောင်မှ ပျံ့လွယ်ပါသေးတယ်။ ရောက်တဲ့နေရာမှာ တတ်နိုင်သမျှ personal branding ကောင်းအောင် လုပ်ထားဖို့ လိုပါတယ်။

(၃) You are easily replaceable so you create value and be visible
ကုမ္ပဏီတွေမှာ Entry Level တွေ Mid Level Management တွေ က Replace လုပ်ရတာ လွယ်ပါတယ်။ အကုန်လုံးက Entry က ဝင်ချင်ကြသူတွေကြီးဘဲမို့ ကိုယ်က corporate Life မှာ လုပ်ချင်တယ်၊ လုပ်တော့မယ်ဆိုရင် Entry Level Jobs မှာဘဲ ပတ်ပြီး ကျင်လည် နေလို့ မရပါဘူး။ You gotta climb. အတွေ့အကြုံ ရှိအောင်လုပ်ပြီး ဆက်လက်လေ့လာ သင်ယူပြီး ကိုယ်က ကိုယ့် team အတွက် ကိုယ့်ရဲ့ line manager/ company အတွက် အထောက်အကူ ပြုနိုင်တယ်လို့ မြင်တဲ့ အထိ Personal Brand/ Professional Brand ကို ဆောက်ဖို့ လိုပါတယ်။ ကိုယ့်ကိုပေးထားတဲ့ အလုပ်လေးကိုဘဲ ကျေနပ်ပြီး ပြီးအောင် လုပ်ပေးနေရုံနဲ့ corporate life မှာ အပေါ် ရောက်လာဖို့ ခက်ခဲပါလိမ့်မယ်။ အမြဲ visible ဖြစ်အောင် နေဖို့ လိုပါတယ်။ တကယ်လည်း အပြောဘဲ မဟုတ် အလုပ်လုပ်ဖို့လည်း လိုတာပေါ့နော်။

27/11/2025

✨🍀ကျွန်မတို့တွေ ဆုံးဖြတ်ချက်တွေ ချရတော့မယ့် အခါမျိုးတွေမှာ ဝေခွဲမရဘဲ ဘေးက လူတွေကို ပတ်ပြီး မေးမိကာမှ ဝေခွဲမရ မသေမချာတွေ ပိုဖြစ်သွားတာမျိုး ကြုံဖူးလား မိတ်ဆွေတို့…

လူတော်တော်များများက ဆုံးဖြတ်ချက်တွေ လုပ်ရမှာကို တတ်နိုင်သမျှ ရှောင်တဲ့ အကျင့်ရှိတယ်။

ဘာလို့လဲ ဆိုတော့ ကိုယ် ဆုံးဖြတ်လိုက်တဲ့ အရာပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု လုပ်ရမှာကို ကြောက်တဲ့ အတွက်ကြောင့်ပါ။

ဒါပေမယ့် ကျွန်မတို့တွေ ဘဝမှာ ဆုံးဖြတ်ချက်တွေ မချဘဲ နေလို့လည်း မရပါဘူး။

အဲ့အတွက်ကြောင့် မိတ်ဆွေ အနေနဲ့ အလုပ်မှာ ဖြစ်ဖြစ်၊ ကိုယ့် ဘဝမှာ ဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် ဒီ (၅) ခုကို သတိထားပြီး လုပ်ဆောင်ကြည့်ပါ။

(၁) ကောင်းတာကြောင့်ဖြစ်ဖြစ် ဆိုးတာကြောင့်ဖြစ်ဖြစ် စိတ်အခြေအနေ မတည်ငြိမ်သေးခင်ကာလမှာ ဆုံးဖြတ်ချက်တွေကို မချမိအောင် သတိပြုပါ။

စိတ်တိုနေတဲ့ အချိန်မှာ လုပ်ဆောင်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက မှားတတ်သလို စိတ်ပျော်နေချိန် လုပ်တဲ့ ဆုံးဖြတ်ချက်ကလည်း မမှန်တတ်ပါဘူး။ ဖြစ်နိုင်ရင် အရေးကြီး ဆုံးဖြတ်ချက် လုပ်ရမယ်ဆိုရင် အချိန်ပေး စဉ်းစားပြီးမှ စိတ်အနေအထား တည်ငြိမ်မှ လုပ်သင့်ပါတယ်။ စိတ်တည်ငြိမ်နေတဲ့အခါ ကောင်းတာ ဆိုးတာကို အရှိအတိုင်း မြင်ပြီး ဆုံးဖြတ်ချက်ကို ဘက်မလိုက်ဘဲ လုပ်ဆောင် နိုင်ပါလိမ့်မယ်။

(၂) ပြဿနာတစ်ခုပေါ် အခြေခံပြီး လုပ်ရမယ့်ဆုံးဖြတ်ချက်မျိုးဆိုရင် Root cause ပြဿနာအကြောင်းရင်းကို သိအောင်လုပ်ပါ။

အနာသိ ဆေးရှိ ဆိုသလို ကျွန်မတို့ကို ပြဿနာ တက်စေတဲ့ အကြောင်းအရင်းတွေကို တကယ် သိရှိ နားလည်ပြီးမှ အဲ့ဒီပြဿနာအတွက် ဘယ်လို ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ဖြေရှင်းရမလဲဆိုတာကို သိလာမှာပါ။ ပြဿနာတစ်ခုကို ကိုယ့်အနေနဲ့ အပေါ်ယံသိရုံ မရဘဲ သေချာလေး ဇာစ်မြစ်ကို နားလည်အောင် ၊ သိအောင် လုပ်ပြီး မှ ပြဿနာရှင်းဖို့ လုပ်ပါ။

(၃) ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ ကိုယ့်အနေနဲ့ ဆက်စပ်နေတဲ့ အချက်အလက်တွေ သိဖို့လိုခဲ့ရင် လူတွေနဲ့ လိုက်ပြီး မေးမြန်း ဖို့ ဝန်မလေးပါနဲ့။

မသိတာ၊ မတတ်တာကို သိဟန်ဆောင်ပြီး ဆုံးဖြတ်မိရင် လှမ်းမှားရောက် အချိန်ကုန်ပါတယ်။ ကျွန်မတို့ သတင်းအချက်အလက်စုဆောင်းတဲ့ နေရာမှာလည်း တစ်ကယ်ကို ထဲထဲဝင်ဝင် သိတဲ့ တတ်ကျွမ်းတဲ့ နားလည်တဲ့ လူတွေဆီကို ဆည်းပူးပြီး မေးမြန်းတတ်ဖို့ လိုပါတယ်။
ရှိသမျှ အရာကို ကိုယ့်မိဘနဲ့ ကိုယ့်သူငယ်ချင်းနဲ့ ဘဲ တိုင်ပင်ရမယ်မဟုတ်ပါဘူး။ သူတို့မကျွမ်းကျင်တဲ့အရာတွေအပေါ်မှာ သူတို့ ထင်မြင် ချက်တွေ သွားယူရင် ကိုယ့်အတွက် ဆုံးဖြတ်ချက် ချရာမှာ ပိုပြီး စိတ်ရှုပ်ထွေးစေမှာပါ။

(၄) ဆုံးဖြတ်ချက်ချရင် ဖြစ်နိုင်ချေရှိတဲ့ အရာတွေအားလုံးနဲ့ သူတို့ရဲ့ အကောင်းအဆိုးတွေကို ထည့်သွင်း စဉ်းစားထားဖို့ လိုပါတယ်။

ဒီ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရင် ကောင်းတာ ဘာရှိလဲ၊ ဆိုးတာဆိုရင်ကော ဘာရှိလဲ။ အဲ့လို RnO လို့ခေါ်တဲ့ Risk/Opportunity တွေကို ချင့်ချိန်ပြီး အဲ့ထဲကမှ အကောင်းဆုံး Option တစ်ခုကို ဆုံးဖြတ်လိုက်ရင် မိတ်ဆွေရဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုပြီး တိကျ မှန်ကန်မှု ရှိလာမှာပါ။ များများ လေ့ကျင့်လေလေ ကျွန်မတို့ ဦးနှောက် ပိုမို တွေးတတ်လာလေပါဘဲ။

(၅) ဆုံးဖြတ်ချက်တွေ ချတဲ့ အခါ ကိုယ့်ကိုတိုးတက်စေမယ့်အရာတွေကို ဆိုရင် အဓိကထားရွေးထားသင့်ပါတယ်

တစ်ခါတစ်လေကျရင် ကိုယ့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေက အစမှာ ကိုယ့်ကို စိတ် နည်းနည်း ကသိကအောက် ဖြစ်စေနိုင်ပါတယ်။ ဘဝ တိုးတက်ဖို့ရာလည်း တစ်ခါတစ်လေ ကျွန်မတို့ ကိုယ့်မလုပ်ချင်တာကိုလည်း ရွေးပြီး လုပ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့အတွက် ကိုယ့်ဘဝအတွက် Long Term Development ဖြစ်စေမယ့် အရာမျိုး ဆို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချပြီး ရှေ့ဆက်ဖို့ လိုပါတယ်။

25/11/2025

✨🍀ကျွန်မဆီကို ထိုင်းနိုင်ငံက Marketing အ လုပ်တွေနဲ့ ပတ်သတ်ပြီး အမေးများတဲ့မေးခွန်းတွေကို ဒီ ဗီဒီယိုမှာ စုပြီး ဖြေပေးထားပါတယ်။
✨Marketing အလုပ်တွေလျှောက်ချင်ရင် ဘာသာစကားလိုလား?
✨White Collar Marketing အလုပ်တွေ ဘယ်က ရှာရမလဲ။
✨ရန်ကုန်ကနေကော လှမ်းပြီး အလုပ်ရှာဖို့ လွယ်လား။
✨Blue Collar အလုပ်တွေကနေ White Collar အလုပ် ပြောင်းလို့ကော ရလား။
🙌🏻 ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်ရင်တော့ အဆုံးထိကြည့်ကြပါ။

နောက်ထပ် Marketing ပိုင်းဆိုင်ရာ၊ Personal & Professional Development ပိုင်းနဲ့ ဆက်နွယ်နေတဲ့ Content တွေ ဆက် ကြည့်ချင်ရင် ကျွန်မရဲ့Tiktok/ page ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော်။

သိချင်တာတွေ ရှိရင်လည်း မေးထားလို့ရပါတယ်။ ကျွန်မ အလျင်းသင့်သလို ဖြေပေးသွားပါ့မယ်။

ကျွန်မ အရင်က Burmazo Page စတုန်းက ဒီတိုင်း ကိုယ် သိထားတဲ့ အရာတွေကို sharing လုပ်ချင်ရုံနဲ့ စတင်ဖြစ်ခဲ့ပြီး Follow လုပ်ကြ...
23/11/2025

ကျွန်မ အရင်က Burmazo Page စတုန်းက ဒီတိုင်း ကိုယ် သိထားတဲ့ အရာတွေကို sharing လုပ်ချင်ရုံနဲ့ စတင်ဖြစ်ခဲ့ပြီး Follow လုပ်ကြတာလည်း ကျွန်မရဲ့အသိမိတ်ဆွေတွေ များပါတယ်။

အခုနောက်ပိုင်းကျတော့ ပိုပြီး Marketing, Professional & Personal Development ပိုင်း content တွေ တင်ဖြစ်တော့ မသိသေးတဲ့ မိတ်ဆွေ အသစ်များလည်း ပါလာတော့ ကိုယ့်ဘာသာကိုယ် ပြန် မိတ်ဆက်ပေးချင်တာပါ။

ကျွန်မက Corporate ကုမ္ပဏီကြီးတွေရဲ့ marketing ပိုင်းမှာ လုပ်နေတာ ၁၀ နှစ် ရှိပါပြီ။ ကျွန်မရဲ့ Career Journey အသေးစိတ်တော့ အောက်မှာ ဖတ်ကြည့်လို့ရပါတယ်။

✨ကျွန်မရဲ့ Marketing Career တစ်လျှောက်မှာ ကြုံခဲ့ရတဲ့ ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို Marketing Career ပိုင်း လိုက်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေဆီကို မျှဝေ ပေးရင်း လူငယ်တွေအတွက် အသုံးဝင်မယ့် Personal & Professional Development အပိုင်း တွေလည်း မျှဝေပေးဖြစ်ပါတယ်။

✨ကျွန်မ မှာ “Burmazo Squad - ဘာမဆို” လို့ခေါ်တဲ့ community လည်း ရှိပါတယ်။ အဓိကအနေနဲ့ စိတ်တူကိုယ်တူ ဝါသနာတူ မိတ်ဆွေများ စုဖွဲ့ပြီး မြို့ပတ် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာ အစရှိသည်ဖြင့် activity တွေကို စုပြီး လုပ်ကြတာပါ။ ခုနောက်ပိုင်းတော့ “Burmazo Youth Connect - ဘာမဆို လူငယ်စုံရပ်” ဆိုပြီး လူငယ်တွေကို coaching/ mentoring လုပ်ပေးရင်း youth community တစ်ခု စတင်လုပ်နေပါတယ်။

ကျွန်မ Page မှာလည်း အဲ့ဒီ activity တွေလုပ်ဖို့ ရှိရင် ပုံမှန် တင်ပြီး announce လုပ်တာမို့ စိတ်ဝင်စားရင်လည်း လာ join လို့ရပါတယ်။

ကျွန်မအနေနဲ့က Youth Empowerment, Community Building, Personal/ Professional Development, Marketing ပိုင်းတွေကို ဝါသနာလည်း ပါပြီး အားသန်တာမို့ ကျွန်မ Page ကနေ အဲ့လို topics / activities နဲ့ ပတ်သတ်ပြီး တွေ့ရမှာမို့ မိတ်ဆွေလည်း စိတ်ဝင်စားရင် Page ကို Follow လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Let’s Grow Together!

23/11/2025

ကိုယ့်အလုပ်မှာ နှစ်ကုန် Performance Review တွေ လုပ်တော့မယ်ဆိုရင် ကိုယ့်အနေနဲ့ ပြင်ဆင်ထားသင့်တဲ့ အချက် (၃) ချက်

မိတ်ဆွေအနေနဲ့ ကိုယ် အလုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ ကိုယ့်လူကြီးနဲ့ Year End Performance Review လိုမျိုး လုပ်လေ့ ရှိလား။

ရှိပေမယ့် သေချာ ဆွေးနွေးဖြစ်တာမျိုး မရှိသေးရင် ဒီ အချက် (၃) ချက်ကို ပြင်ဆင်ပြီး ဆွေးနွေးကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်အထက်လူကြီး အနေနဲ့လည်း ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို အကဲဖြတ်တဲ့အခါ အစီအစဉ်တစ်ကျ မြင်လာပြီး အကဲဖြတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ဖြစ်နိုင်ရင် Microsoft Word/ PowerPoint ထဲမှာဖြစ်ဖြစ် ၊ ပြင်ပြီး သင်နဲ့ သင့်လူကြီး မတွေ့ခင် သူ့ဆီကို ဒီ performance report pre-read အနေနဲ့ ပေးပို့သင့်ပါတယ်။ ဒီ (၃) ချက်က ကျွန်မ အလုပ်လုပ်ဖူးတဲ့ Corporate ကုမ္ပဏီကြီးတွေမှာလည်း သုံးလေ့ရှိပါတယ်။

1️⃣ ကုမ္ပဏီအတွက် ကိုယ်လုပ်ဆောင်ပေးခဲ့ အချက်များ

ဒီ အချက်တွေကတော့ မိတ်ဆွေ အနေနဲ့ ကုမ္ပဏီရဲ့ တစ်နှစ်တာ လုပ်ဆောင်ချက်တွေ အပေါ်မှာ ဘယ်လိုနေရာကနေ စွမ်းဆောင် ထောက်ပံ့ ကူညီခဲ့ သလဲဆိုတာကို အသားပေး ပြောပြရမှာပါ။
ဥပမာဆိုရင် - ကုမ္ပဏီရဲ့ အရောင်းပိုင်းရအောင် ကိုယ့်အနေနဲ့ သုံးစွဲသူတွေ ဝယ်သူတွေ လူပိုသိအောင် မားကတ်တင်း activities တွေကို အချိန်နဲ့ တစ်ပြေးညီ ကြိုတင် ပြင်ဆင် လုပ်ဆောင်ပေးခဲ့တာမျိုး၊ ပရိုမိုးရှင်းတွေ ဆွဲပြီး အရောင်းရအောင် ကူညီပေးခဲ့တာမျိုး၊ consumer survey / consumer follow up တွေလုပ်ပြီး lead generate လုပ်ပေးခဲ့တာမျိုး အစရှိသည်ဖြင့် ကိုယ့်အနေနဲ့ ကုမ္ပဏီပေါ် contribute လုပ်ခဲ့တဲ့ အရာတွေကို သေချာ စဉ်းစားပြီး ပြောပြသင့်ပါတယ်။
အဓိကအားဖြင့် ကိုယ့်ဟာ ကုမ္ပဏီအတွက် အသုံးဝင်တဲ့ talent တစ်ဦးဖြစ်ကြောင်း highlight လုပ်ပြဖို့ဘဲ ဖြစ်ပါတယ်။

2️⃣ ကိုယ့်အလုပ်လုပ်နေတဲ့ Team အတွက် လုပ်ဆောင်ပေးခဲ့တဲ့ အချက်များ

ကိုယ် assign ကျတဲ့ team မှာ ကိုယ့်အနေနဲ့ ဦးဆောင်ပြီး လုပ်ဖြစ်ခဲ့တဲ့ contribute လုပ်ပေးခဲ့တဲ့ အရာတွေရှိရင် ပြောပြသင့်တာပါ။
ဥပမာပေးရရင်- ကိုယ်က marketing team မှာ လုပ်နေတဲ့ brand executive ဆိုပါစို့ - ကိုယ့်ရဲ့ အလုပ် scope ထဲမှာ မပါပေမယ့် ကိုယ့်အနေနဲ့ ကုမ္ပဏီက ပြုလုပ်တဲ့ Public Engagement Event တစ်ခုကို ဦးဆောင်ပြီး organize လုပ်ပေးရတဲ့အရာမျိုး ရှိခဲ့ရင် ဒါဟာ ကိုယ့်အနေနဲ့ ကိုယ်လုပ်ရမယ့်အလုပ်ထက် ကျော်လွန်ပြီး လုပ်ဆောင်ပေးခဲ့တဲ့ team contribution မို့ ပြောပြသင့်ပါတယ်။
အဓိကအားဖြင့် ကိုယ့်အနေနဲ့ stakeholders/ teams တွေရဲ့ လုပ်ငန်း/ လုပ်ဆောင်ချက်တွေ အဆင်ပြေအောင် ဘယ်လို နေရာကနေကူညီပေးထားလဲဆိုတာကို ပြောပြတာပါ။ သီးသန့်ကြီး မရှိခဲ့ရင် နံပါတ် (၁) ကိုဘဲ အဓိက ထားပြီး ပြောပါ။

3️⃣ ကိုယ့်ရဲ့ ဒီ တစ်နှစ်အတွင်းမှာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း တိုးတက်လာတဲ့ အချက်များ

ဒီအပိုင်းမှာတော့ ကိုယ်ရဲ့ တိုးတက်မှုတွေ Personal အရ Professional အရ တိုးတက်ပြောင်းလဲလာတဲ့ အချက်တွေကို ပြောပြပေးရမှာပါ။ လူကြီးတိုင်းကတော့ ကိုယ့် team member တွေက အချိန်နဲ့ တစ်ပြေးညီ တိုးတက်လာတာ ဦးဆောင်လာနိုင်တာ ကို ကြိုက်ကြပါတယ်။ ကိုယ် တိုးတက်လာတာကို မကြိုက်တဲ့ အဖွဲ့အစည်းရှိရင်တော့ It might not be a good organization you should spend your time. Find a new one.

အဓိကအားဖြင့် ကိုယ့်အနေနဲ့ လုပ်ကိုင်တဲ့ အလုပ်တွေဆီက ဘယ်လို အတွေ့အကြုံ ၊ learning ရပြီး ဘယ်လို တိုးတက်ပြောင်းလဲလာလဲ။ ဘာတွေ ဆက်ပြီး သင်ယူလေ့လာချင်လဲဆိုတာကို အပြုသဘောအားဖြင့် ဥပမာတွေနဲ့ ထောက်ပြ ပြောဆိုပေးရင် အကောင်းဆုံးပါ။ ကိုယ့်လူကြီးလည်း သင့်ကို နောက်တစ်ဆင့်အတွက် ရာထူးတိုးပေးဖို့ ဘာတွေ ပြင်ဆင်ပေးသင့်လဲဆိုတာကို ကြိုတင်တွေးပြီး နောက်နှစ်ကျရင် projects တွေ စီစဉ်ရင် ထည့်စဉ်းစားလို့ ရတာပေါ့။

ဒါကတော့ ကုမ္ပဏီကြီးတွေမှာ Performance Review လုပ်ရင် ဆွေးနွေးတတ်တဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းမှာ Performance Review ကို စနစ်တကျ မလုပ်ဖြစ်နေသေးရင် ဒီနှစ်ကနေ စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။ ကုမ္ပဏီသေးသည် ကြီးသည်မဟုတ်၊ လူတိုင်း တစ်နှစ်ကို တစ်ခါ တော့ ကိုယ့်ရဲ့ performance ကို ပြန်သုံးသပ်ပြီး နောက်နှစ် အတွက် ပြင်ဆင်သင့်ပါတယ်။

ဒီ အပါတ် Burmazo Squad ရဲ့ Chatuchak ပန်းခြံ စက်ဘီးစီး လမ်းလျှောက် တဲ့ အစီအစဉ်ကတော့ (ဘုရားစူး) နေကြာခင်း 🌻🤭လိုက်ရှာရင်းန...
22/11/2025

ဒီ အပါတ် Burmazo Squad ရဲ့ Chatuchak ပန်းခြံ စက်ဘီးစီး လမ်းလျှောက် တဲ့ အစီအစဉ်ကတော့ (ဘုရားစူး) နေကြာခင်း 🌻🤭လိုက်ရှာရင်းနဲ့ ခြေလှမ်း 10,000 လျှောက်ပြီး အဆုံးသတ်ခဲ့ကြပါတယ်။

ထုံးစံအတိုင်း ပန်းခြံ ပတ်ပြီး 6km လောက် စက်ဘီးပတ်စီးတယ်။

Butterfly ပန်းခြံက အခုဆို သစ်ခွ ပန်းတွေနဲ့ ဝေဆာနေကောဘဲ။ လှချက် - သွားကြည့်သင့် ကြောင်း

နေကြာခင်း ရှိတယ်ဆိုလို့ ပတ်ရှာတာ တော်တော် ရှာလိုက်ရတယ်။ 🤪

ပုံလေး တစ်ပုံ ရခဲ့လို့ တော်သေး😂🫠

ကျွန်မရဲ့ Burmazo Youth Connect Vol.1 ကတော့ အဆင်ပြေပြေနဲ့ လူငယ် (၁၀) ယောက်နဲ့ စတင်ဖြစ်ခဲ့ကြောင်းပါ။ ကျွန်မအနေနဲ့ ✅ကိုယ့်...
21/11/2025

ကျွန်မရဲ့ Burmazo Youth Connect Vol.1 ကတော့ အဆင်ပြေပြေနဲ့ လူငယ် (၁၀) ယောက်နဲ့ စတင်ဖြစ်ခဲ့ကြောင်းပါ။

ကျွန်မအနေနဲ့
✅ကိုယ့် Passion/Interest/ Value နဲ့ ကိုက်တဲ့ Career ရွေးနည်း
✅Career/Life/ Financial Planning လုပ်နည်း
အကြောင်းတွေ Sharing လုပ်ပေးဖြစ်ခဲ့ပါတယ်။

Closing အနေနဲ့တော့ မေးချင်ရာမေး session နဲ့အဆုံးသတ်ဖြစ်ခဲ့တယ်။

Feedback တွေ ပြန်တောင်းတော့ အသုံးဝင်ကြတယ် ပြောကြလို့ နောက် Connect တွေ လုပ်ဖို့ အားရှိသွားပြီ။ 🍀✨

21/11/2025

⚠️လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ ဘော့စ်တွေက အရမ်း demanding ဖြစ်လို့ စိတ်ဖိစီးမှုများလာတာမျိုး၊ လုပ်ရမယ့် workload အလုပ်တွေ အရမ်းများပြီး ပြီးသင့်သလောက် မပြီးဘဲ productivity/ efficiency ကျလာတာမျိုး ကြုံဖူးကြလား။

ကျွန်မတော့ အမြဲကြုံဖူးပါတယ်။ ကိုယ်တာဝန်ယူရတဲ့ အလုပ်က ရာထူး ပိုကြီးသည် သေးသည်မဟုတ်ဘဲ၊ သူ့အလုပ်နဲ့ သူ ၊ ပတ်ဝန်းကျင်က တောင်းဆိုမှု၊ ဖိအားတွေ များလာတဲ့ အခါမျိုးတွေ၊ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အရာတွေထက် ကျော်လွန်ပြီး လုပ်နေရတဲ့အခါ အရာရာက ကိုယ့်အတွက် စိန်ခေါ်မှုတွေဖြစ်ပြီး ကိုယ့်ကိုယ့်ကိုယ် self doubt ဖြစ်၊ အားမရဖြစ်ရတဲ့ အခြေအနေတွေ မျိုးစုံ ကြုံဖူးပါတယ်။

အဲ့လိုမျိုး အခြေအနေမျိုးစုံကို ၁၀ နှစ်ကျော်မှာ ကြုံခဲ့ရပြီး ကျော်လွှားနိုင်ခဲ့တာမို့ မိတ်ဆွေတို့ကိုလည်း ကျွန်မ လုပ်ခဲ့တဲ့ practice လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Accepting that I have burnout and find the trigger points: တစ်ခါတစ်လေ ကိုယ်က စိတ်ဖိစီးမှု များတယ်ဘဲ ပြောဖြစ်ပြီး အဲ့ဒီ စိတ်ဖိစီးမှုကို ထပ်ခါ ထပ်ခါ ပြန်ပြန်ပြီး တွေးပြီး ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ မတွေးဖြစ်ကြဘူး။
Actions: ကျွန်မ ဘာလုပ်လေ့ ရှိလဲဆိုရင် ကျွန်မ စိတ်ဖိစီးမှု အရမ်းများပြီး Burnout ဖြစ်လာတဲ့ အခါကျရင် ကိုယ်ကို Burnout ဖြစ်စေတဲ့ အကြောင်းရင်းတွေ Trigger Points တွေကို တစ်ခုချင်းစီ စာအုပ်ပေါ်မှာ ချရေးတယ်။ တစ်ခါတစ်လေကျရင် ကျွန်မတို့ စိတ်ဖိစီးမှုများနေတဲ့ အခါ ဘယ်အရာက ကိုယ့်ကို တစ်ကယ် စိတ်ဖိစီးမှု ပေးနေတာလဲဆိုတာကို မတွေးမိဖြစ်ဘူး။ အဲ့လို ချရေးတဲ့ အခါ အရာအားလုံးက ကိုယ့်ကို စိတ်ဖိစီးမှုပေးနေတာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ဆိုတာသွားတွေ့လိမ့်မယ်။

(၂) Mapping the trigger points with actions: အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့ အတိုင်းဘဲ ကျွန်မအနေနဲ့ Trigger Points တွေ ဖြစ်တဲ့ ဘယ်အရာတွေကြောင့် ဘယ်သူတွေကြောင့် ဖြစ်တာလဲ​ဆိုတာကို သိပြီဆိုရင် အဲ့ဒီ အရာတွေ လူတွေနဲ့ ပတ်သတ်ပြီး ကိုယ့်အနေနဲ့ ဘာ လုပ်လို့ ရလဲဆိုတာကို စ တွေးကြည့်တယ်။ ပြီးရင် ကျွန်မတို့ priority order ဦးစားပေး ပြန်စဉ်းစားရတော့မှာဖြစ်ပြီး ဘယ်အရာကို အရင် ရှင်းရမလဲ။ ဘယ်လိုရှင်းရမလဲ။
အလုပ်ကိစ္စတွေနဲ့ ပတ်သတ်လို့ရှိရင် ကျွန်မအတွက် Eisenhower Matrix က အသုံးဝင်တယ်
1. ကိုယ့်အတွက် အရမ်းအရေးကြီးပြီး အလျင်လိုနေရင် → အရင်လုပ်
2. ကိုယ့်အတွက် အရေးတော့ ကြီးပေမယ့် အလျင်မလိုသေးရင် → ခဏထားပြီး deadline တိုင်း လုပ်
3. အလျင်လိုပေမယ့် ကိုယ့်အတွက် အရေးမကြီးရင် → သူများကို လွှဲလိုက်
4. အရေးလည်း မကြီး၊ အလျင်မလိုဘဲ ကိုယ့်ဆီရောက်လာရင် → အကြောင်းရင်းကောင်းကောင်းတစ်ခုပေးပြီး ငြင်းလွှတ် လိုက်ပါ

လူကိစ္စနဲ့ ပတ်သတ်တဲ့ အခါမျိုးတွေ ဖြစ်လာရင်ကျ ကျွန်မ တတ်နိုင် သမျှ ကိုယ့်ကို stress ဖြစ်စေတဲ့ လူမျိုးတွေဆိုရင် ပြန်သုံးသပ်တာက အဲ့လူတွေက ကိုယ့်ဘဝ မှာ ဘယ်လို impact ဖြစ်စေတဲ့ လူမျိုးတွေလဲ ၊ ငါ့ဘဝ အတွက် အရေးပါလား ၊ မပါဘူးလား၊ သူတို့ မရှိလို့ကော ကိုယ့်ဘဝ က ပုံမှန်အတိုင်း လည်ပတ်နိုင်လား။
အဲ့လိုစဉ်းစားလို့ ကိုယ့်ဘဝအတွက် အရေးမပါဘဲ ကိုယ့်ကို stress ဘဲ လာပေးနေတတ်တဲ့ လူတွေဆိုရင် Best Way to Manage ကတော့ တတ်နိုင်သမျှ ခပ်ခွါခွါ နေဖို့ပါဘဲ။ လူအားလုံးမှာ သူ့ energy နဲ့ သူ ရှိတာမို့ ကိုယ်က positive energy ရှိနေတဲ့ လူတွေကြားထဲ ရောက်နေဖို့ လိုပြီး ကိုယ်တိုင်လည်း positive energy ရှိနေဖို့ လိုပါတယ်။ အဲ့တာမှ ကိုယ့်ရဲ့ အလုပ်တွေကို အင်အားအပြည့်နဲ့ မှန်မှန် ကန်ကန် လုပ်နိုင်မှာပါ။ မဟုတ်ရင် negative vibe/ energy တွေနဲ့ ပိုပြီး drained ဖြစ်ရပါတယ်။

(၃) Talk to the expert: ကျွန်မ ကိုယ်တိုင် Counseling corner မှာ အရင်က Basic Counseling Class တက်ဖူးပါတယ်။ counselor တွေဆီကို Burnout ဖြစ်လို့ Stress စိတ်ဖိစီးမှုများလို့ လာတိုင်ပင်တဲ့ လူတွေက အများကြီးပါ။ counselor တွေရဲ့ အဓိက လုပ်ပေးတာက ကိုယ်နဲ့ အတူ အချိန်ပေးပြီး ကိုယ့်မှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို တစ်ခုချင်း တစ်မျှင်ချင်း ဆွဲထုတ် ရှင်းလင်းပေးပြီး ကိုယ့်ရဲ့ အတွေးမှန်ရောက်အောင် ရှာဖွေပေးရတာမျိုးပါ။ ကျွန်မတို့ အရမ်းအတွေးတွေ ထူပူလာတဲ့အခါ အပေါ်က အချက် (၂) ခုကို ကိုယ်တိုင် တစ်ယောက်ထဲ မရှာဖွေနိုင်တော့တဲ့ အခါမျိုးမှာ counselor တွေက တူတူ ရှာဖွေပေးတဲ့ သဘောမျိုးပါဘဲ။ အလွန်အသုံးဝင်ပါတယ်။ တယောက်တည်း မနိုင်တော့ရင် expert နဲ့ စကားပြောကြည့်ပါ။

စိတ်ဖိစီးမှုတွေရှိနေရင် စမ်းကြည့်ပါ။ ကျွန်မအတွက်တော့ အသုံးဝင်ခဲ့ပါတယ်။

19/11/2025

Entry Level က စဝင်လို့ရတဲ့ Marketing Entry အလုပ် (၁၀) ခု ✨

🍀 မိတ်ဆွေက အခုမှ ကျောင်းပြီးတယ်။ လုပ်ငန်းအတွေ့အကြုံ မရှိသေးဘူး။ ဘာစိတ်ဝင်စားလဲ သေချာ မသိသေးဘူး။ ဘယ်အပိုင်း ကိုယ်နဲ့ အဆင်ပြေမလဲ မသိသေးဘူး။ ဘယ်လို အလုပ်တွေ ရွေးလျှောက်ရမလဲ မသိနေဘူး။

ဒီ marketing entry level jobs လေးတွေကို သိထားရင် ကိုယ့်အနေနဲ့ အလုပ်လျှောက်တဲ့အခါ ပိုပြီး ပြင်ဆင်ထားလို့ ရနိုင်ပါတယ်။ 🙌🏻

1️⃣ Marketing/ Brand Assistant (or) Executive

အများအားဖြင့် Senior Brand Executive/ Brand Manager တွေကို ကူညီပေးရတာများပြီး activation/ campaign တွေရဲ့ operation ပိုင်း လုပ်ရတာ များပါတယ်။

2️⃣ Social Media Executive / Coordinator

Social Media Page တွေအတွက် Content ရေးတာ၊ တင်တာ၊ Message တွေ ဝင်လာရင် ဖြေပေးတာ၊ ဒီဇိုင်းပိုင်းတွေကို ဒီဇိုင်းနာတွေနဲ့ အတူတူ တွဲလုပ်ရတာမျိုးပါ။

3️⃣ Digital Marketing Assistant

Social Media Ads တွေ run ဖို့ အတွက် ကူညီပေးတယ်၊ client တွေအတွက် campaign reports တွေ ကူပြီး လုပ်ပေးရတာမျိုးလည်း ရှိနိုင်တယ်။ campaign ကို monitor လုပ်ပြီး လိုတွေတွေကို စောင့်ကြည့်ပြီး support လုပ်ပေးရတယ်။

4️⃣ Content Creator / Content Executive

တစ်ချို့ ကုမ္ပဏီတွေမှာ content သီးသန့် ဖန်တီးဖို့အတွက် content executive လိုမျိုး ခန့်တာမျိုး ရှိနိုင်တယ်။ trends တွေ လိုက်ကြည့်၊ content idea တွေ စဉ်းစားပြီး tiktok/ reels တွေ ရိုက်ပေးရတာမျိုးပေါ့။ သူ့သီးသန့် ခန့်တာတော့ ရှားပါတယ်။

5️⃣ Copywriter (Junior)

ဒီ အလုပ်က marketing agency တွေ digital marketing agency တွေမှာ ခန့်တာများမယ်။ အဓိကကတော့ brand တွေရဲ့ social media page တွေ content ပိုင်းတွေ ရေးပေးရတဲ့ အလုပ်ပါ။ website articles တွေ၊ product info တွေ ၊ သတင်းတွေ အစရှိသည်ဖြင့် creative writing ပိုင်း ကို အသားပေးပါတယ်။

6️⃣ Merchandizing Executive

သူက တစ်ချို့ distribution/ products တွေ ရောင်းတဲ့ ဖြန့်တဲ့ ကုမ္ပဏီတွေမှာ ခန့်ထားလေ့ရှိတယ်။ အဓိကတော့ products တွေ အပြင်မှာ ဖြန့်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ point of sales material တွေကို ဘယ်လို ထုတ်မလဲ၊ ဘယ်လို ဒီဇိုင်းလုပ်မလဲ၊ ဘယ်လိုစီမလဲ အစရှိသည်ဖြင့် product display/ shelf visibility/ stock management အစရှိသည်ဖြင့် လုပ်ရလိမ့်မယ်။

7️⃣ Community Management Support (Junior)

Social Media Platforms တွေမှာ customers တွေရဲ့ မေးခွန်း၊ complaint ၊ feedback တွေကို ကိုင်တွယ် ဖြေရှင်းပေးရတဲ့ အလုပ်လို့ ပြောရပါမယ်။ နောက်ပိုင်း AI automation ဖြစ်လာရင် စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ လူတွေ ခိုင်းမယ့်အစား AI agent တွေကိုဘဲ လုပ်ခိုင်းနိုင်တာမို့ ဒီ အလုပ်က employable risk များပါတယ်။

8️⃣ Influencer Marketing/ PR/ Key Account Assistant/ Executive

ဒီ အလုပ်တွေက Agency ပိုင်းမှာ ခန့်တာတော့ များပါတယ်။ Marketing Agency, social media agency, influencer agency, PR Agency အစရှိတာတွေမှာ entry level နဲ့ အလုပ်ဝင်ချင်ရင် ဒီလို အလုပ်တွေကနေ ဝင်လို့ရပါတယ်။ အဓိက client တွေရဲ့ လိုအပ်ချက်၊ campaign တွေ run ဖို့ အတွက် လိုအပ်တဲ့ အရာတွေကို စုစည်းပြီး influencer management လုပ်ပေးတာတွေကော၊ လက်ဆောင်တွေ ပို့ပေးတာ၊ influencer တွေ သတင်း media တွေ ဆီ ဆက်သွယ်ပေးတာ အစရှိသည်ဖြင့် လိုအပ်တဲ့ operational tasks တွေကို အဓိက ထားပြီး လုပ်ပေးရပါတယ်။

9️⃣ Trade Marketing Assistant

ဒီအလုပ်ကတော့ ပစ္စည်းတွေရောင်းတဲ့ ဖြန့်တဲ့ ကုမ္ပဏီတွေဘက် မှာ ရှိတာများပါတယ်။ အများအားဖြင့် အရောင်းပိုင်းကို ထောက်ပံ့ကူညီပေးရပြီးတော့ in-store activation တွေ လုပ်ပေးတာ၊ point of sales materials တွေ အတွက် လိုအပ်တာတွေ ထုတ်ပြီး ဆိုင်တွေနဲ့ ချိတ်ဆက် တပ်ဆင် ရတာ၊ အရောင်းပိုင်း မြှင့်တင်ချင်တဲ့ promotion တွေ လုပ်တဲ့အခါ scheme စဉ်းစားပြီး ဆွဲပေးတာမျိုး၊ premium လက်ဆောင်တွေ ထုတ်ပြီး ရောင်းတဲ့ ဆိုင်တွေဖြန့်ပေးရတာမျိုး ၊ ဆိုင်ပွဲတွေ ၊ customer appreciation event တွေ လုပ်ဖို့ အတွက် ကူညီပေးရတာမျိုးလဲ ရှိပါတယ်။

1️⃣0️⃣Market Research/ Consumer Insight Assistant (or) Executive

ဒါက research agency တွေမှာ ခေါ်တာများပါတယ်။ အဓိကကတော့ brands တွေ ကုမ္ပဏီတွေက သူတို့ရဲ့ consumer research ပိုင်းတွေ လုပ်ချင်တဲ့အခါ data တွေ ကောက်ပေးရတယ်၊ insights တွေ သိဖို့ consumers တွေဆီ သွား မေးမြန်း ပေးရတာမျိုး၊ survey form တွေ လုပ်ပေး၊ ရတာတဲ့ survey form တွေကိုလည်း ပြန်ပြီး data ထည့်ပေးရတာမျိုး အလုပ်တွေ လုပ်ရပါတယ်။ ကိုယ်က Data ပိုင်း အားသာတယ်၊ လူတွေ အကြောင်း လေ့လာချင်တယ်ဆိုရင် ဒီအလုပ်က သင့်တော်မယ်ထင်တယ်။ Nielsen တို့ Kantar တို့က MMRD အစရှိတဲ့ research company တွေမှာ အလုပ်စချင်ရင် ဒီအလုပ်က စလို့ရပါတယ်။

17/11/2025

ဘန်ကောက်မှာ White Collar Marketing အလုပ်တွေ လုပ်ရင် လစာ ဘယ်လောက် ရနိုင်မလဲ။

16/11/2025

ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ expat တစ်ယောက်အနေနဲ့ တစ်လ living cost ဘယ်လောက် ရှိနိုင်မလဲ။

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmazo by TinHtarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Personal Story

Min-ga-la-par! Welcome to Burmazo by TinHtar Channel~ I'm TinHtar from Myanmar and a content creator for this channel.

I'm passionate about video editing and creating contents. I love learning new things and sharing to people around if useful so making this youtube channel to share and inspire fellow young people from Myanmar that you can learn and do "Anything=Burmazo" when you put your will on what you are passionate about.

What to expect? I'll be making videos relating.. 1/ Braces (My main purpose of this channel - to keep track of my brace journey over the year) 2/ Business/Marketing/Branding 3/ Life/Learning/Laugh Don't forget to like & subscribe and keep in tough! I’m on youtube as well: https://www.youtube.com/channel/UC3yqN6IFHt7j00718r4CB-Q/featured