YaTha YaTha was created for entertainment purpose only.

2024 ခုနှစ်မှာ ပျမ်းမျှအမေရိကန်နိုင်ငံသားဆယ်ယောက်မှာ တစ်ယောက်က မီလီယမ်နာဖြစ်လာပါတယ်။ဒါက လွန်ခဲ့တဲ့နှစ်တွေကထက် သိသိသာသာ ပ...
11/06/2024

2024 ခုနှစ်မှာ ပျမ်းမျှအမေရိကန်နိုင်ငံသားဆယ်ယောက်မှာ တစ်ယောက်က မီလီယမ်နာဖြစ်လာပါတယ်။

ဒါက လွန်ခဲ့တဲ့နှစ်တွေကထက် သိသိသာသာ ပိုတိုးလာတဲ့ အရေအတွက်တစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး တစ်ဦးချင်းပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝလာစေမှု အကြောင်းအရင်းတွေက အများကြီးပါ။

အမေရိကန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးတိုးတက်လာတာတွေ၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု တိုးတက်လာတာတွေ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပိုပြီးလွယ်ကူချောမွေ့လာတာတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အများအပြားပေါ်ထွက်လာရတာတွေက ဒီလိုမျိုးချမ်းသာတိုးတက်လာရခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

အဲ့ဒါတွေအားလုံးထက်အရေးကြီးပြီးတော့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက် ရှိပါတယ်။

အဲ့ဒါကတော့ Financial education လို့ခေါ်တဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ငွေကြေးနဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို ‌အခြေခံပညာရေးက ကလေးတွေအတွက် ပြဌာန်းထားပေးခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ သက်လတ်ပိုင်းလူငယ်တစ်ယောက်တောင် မလေ့လာဖူးတဲ့ ငွေကြေးဆိုင်ရာဗဟုသုတအသိပညာတွေကို အမေရိကန်မှာ ကလေးဘဝကတည်းက လေ့လာထားရပြီးသားပါ။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ငယ်ငယ်လေးကတည်းက ငွေကြေးနဲ့ပတ်သက်တဲ့ပညာရပ်ကို ပေးသင်ကြားပေးဖို့ အရမ်းအရေးကြီး‌တဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါပြီ။

အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာသူတို့ကို ယုံကြည်ပြီးအမြဲအားပေးနေတဲ့အမေတွေရှိတယ်။YaTha
04/06/2024

အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ
သူတို့ကို ယုံကြည်ပြီးအမြဲအားပေးနေတဲ့
အမေတွေရှိတယ်။

YaTha

အင်တာဗျူးသူ🙊 : မနက်ခင်း မင်းနိုးလာပြီးတော့ ငါဒီနေ့တော့ လေ့ကျင့်ခန်းမလုပ်တော့ဘူးဆိုတာမျိုး တွေးဖူးလား?ရော်နယ်ဒို 🙎: တစ်ခါ...
02/06/2024

အင်တာဗျူးသူ🙊 : မနက်ခင်း မင်းနိုးလာပြီးတော့ ငါဒီနေ့တော့ လေ့ကျင့်ခန်းမလုပ်တော့ဘူးဆိုတာမျိုး တွေးဖူးလား?

ရော်နယ်ဒို 🙎: တစ်ခါတစ်လေဖြစ်တာပေါ့ကွာ။ အဲ့စိတ်ကိုငါ ပြန်တိုက်ခိုက်ရတာပေါ့။
ငါတို့က လူသားတွေပဲလေ။ ငါတို့နေ့တိုင်း ပျော်နေတာမှမဟုတ်တာ။ ဒါကပုံမှန်ပဲ။ ဒါကဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။

အင်တာဗျူးသူ🙊 : အဲ့ဒါတွေကိုကျော်လွှားဖို့ မင်းဘာလုပ်လဲ?

ရော်နယ်ဒို 🙎: ငါပြန်တိုက်ထုတ်ရတာပေါ့။ အဲ့ဒါကြီးက တကယ့်စိန်ခေါ်မှုပဲ။

ငါတို့က တစ်စုံတစ်ခုကို လုပ်သင့်တယ်ဆိုတာလဲသိတယ်။ ဒါပေမဲ့ လုပ်ဖို့စိတ်မပါနေတာမျိုး။

ဒါပေမဲ့ ငါတို့ဟာ လုပ်သင့်တာကိုအဆက်မပြတ်လုပ်ဖို့ ကိုယ့်ကိုကိုယ် အမြဲတမ်းစိန်ခေါ်နေရမယ်။ ဒါမျိုးကို ငါခနခနလုပ်တယ်။ တစ်ခါတစ်လေကျရင် ခက်ခဲတာပဲ။

လူတွေက ငါ့ကို မေးကြတယ်။ မင်း Gym သွားရတာပျော်လားတဲ့။ ဘယ်ပျော်မလဲ။ ငါလဲလူသားပဲ။ မသွားချင်တဲ့အခါတွေ ရှိတာပဲ။

ဒါပေမဲ့ သွားရမယ်ဆိုတာ ငါသိတယ်လေ။
အဲ့ဒါက စည်းကမ်းပဲ။
အဲ့အရာက အားကစားမှာတင်မကပဲ တစ်ဘဝလုံးမှာပါ အရမ်းခက်ခဲတဲ့အရာပဲ။

လူတွေက ရော်နယ်ဒိုဖြစ်ချင်ကြတယ်လို့ပြောကြတယ်။ ဒါပေမဲ့ သူတို့ ငါ့လို လိုက်လုပ်နိုင်ပါ့မလား။
အဲ့ဒါကအဓိကမေးစရာပဲ။

" မင်းရဲ့အိပ်မက်တွေ‌နောက်ကိုလိုက်ဖို့ တွေဝေမနေဘဲ အခုဘဲ စပြီးလုပ်လိုက်ပါ။ကံကြမ္မာက မင်းလက်ထဲမှာရှိတယ်။ အကောင်းဆုံးနဲ့အဆို...
02/06/2024

" မင်းရဲ့အိပ်မက်တွေ‌နောက်ကိုလိုက်ဖို့ တွေဝေမနေဘဲ အခုဘဲ စပြီးလုပ်လိုက်ပါ။

ကံကြမ္မာက မင်းလက်ထဲမှာရှိတယ်။ အကောင်းဆုံးနဲ့အဆိုးဆုံးက မင်းရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ်။

ဘယ်လောက်မှ အဆင်မပြေဘူးဆိုရင်တောင် တိုးတက်အောင် ကြိုးစားနေပါ။

မင်းရဲ့ကြိုးစားမှုတွေက အမြဲတမ်းအဓိပ္ပါယ်ရှိပါတယ်။"

Jackie Chan

" စိတ်ဓာတ်ကျစရာတွေရှိတဲ့အခါ လက်မလျှော့တတ်အောင် သင်ယူပါ။ဘယ်သူတွေရိုက်ချရိုက်ချ စိတ်ဓာတ်မကျသရွေ့ မကျရှုံးနိုင်ဘူး။ရှုံးနိမ...
02/06/2024

" စိတ်ဓာတ်ကျစရာတွေရှိတဲ့အခါ လက်မလျှော့တတ်အောင် သင်ယူပါ။

ဘယ်သူတွေရိုက်ချရိုက်ချ စိတ်ဓာတ်မကျသရွေ့ မကျရှုံးနိုင်ဘူး။

ရှုံးနိမ့်တယ်ဆိုတာ စိတ်နဲ့ပဲဆိုင်တယ်။
မင်းရဲ့စိတ်က ရှုံးနိမ့်တယ်လို့ မခံယူထားသရွေ့ မင်းမရှုံးသေးဘူး။ "

Bruce Lee

27/05/2024

ဗုံးဖြုတ်ရတဲ့အလုပ်က တကယ်ကို အန္တရာယ်များတာပါ

စာအုပ်တွေက ကျွန်တော်တို့ကို လူသစ်တွေနဲ့ တွေ့ဆုံစေတယ်။တစ်ခါမှ မမြင်ဖူးပေမယ့် သူငယ်ချင်းအရင်းတွေလိုဖြစ်သွားစေတယ်။စာအုပ်တွေ...
19/05/2024

စာအုပ်တွေက ကျွန်တော်တို့ကို လူသစ်တွေနဲ့ တွေ့ဆုံစေတယ်။
တစ်ခါမှ မမြင်ဖူးပေမယ့် သူငယ်ချင်းအရင်းတွေလိုဖြစ်သွားစေတယ်။

စာအုပ်တွေက ကျွန်တော်တို့ကို သင်ခန်းစာတွေအများကြီးရစေတယ်။
ကိုယ်တိုင်အမှားမလုပ်မိစေပဲ နည်းပေးလမ်းပြခြင်းနဲ့ ကျွန်တော်တို့ကို ကယ်တင်တယ်။

စာအုပ်တွေက ကျွန်တော်တို့ကို ‌မရောက်ဖူးတဲ့ နေရာတွေဆီ ခေါ်ဆောင်သွားပေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို မျက်စိတစ်ဆုံးထက် ပိုကျယ်စေခဲ့တယ်။

အမေများနေ့မှာ အမေနဲ့ပတ်သက်ပြီး ဘာတွေပြောချင်လဲ ??
13/05/2024

အမေများနေ့မှာ အမေနဲ့ပတ်သက်ပြီး ဘာတွေပြောချင်လဲ ??

08/05/2024

အနာဂါတ်မှာ စက်ရုံတွေကို လူသားတွေအစား စက်ရုပ်တွေသုံးလာနိုင်မယ်

လူသားတွေနဲ့ စက်ရုပ်တွေရဲ့ အားပြိုင်မှုတွေကို မြင်ရတော့မှာလား?
02/05/2024

လူသားတွေနဲ့ စက်ရုပ်တွေရဲ့ အားပြိုင်မှုတွေကို မြင်ရတော့မှာလား?

AI က လူသားတွေရဲ့ အလုပ်တော်တော်များများကို အစားထိုးသွားနိုင်လိမ့်မယ်။
01/05/2024

AI က လူသားတွေရဲ့ အလုပ်တော်တော်များများကို အစားထိုးသွားနိုင်လိမ့်မယ်။

01/05/2024

ဘယ်အချက်တွေကြောင့် စင်ကာပူနိုင်ငံက အရမ်းတိုးတက်သွားရတာလဲ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YaThaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์