14/11/2024
Tale Of Us will come to Thailand
Tale Of Us သည် Matteo Milleri (Anyma) နှင့် Carmine Conte (MRAK) တို့နှစ်ဦးဖြင့်ဖွဲ့စည်းထားသော Melodic Techno အီတလီ Duo အဖွဲ့ဖြစ်သည်။ သူတို့၏ Deep, Emotional, and Melodic Rhythm များဖြင့် ကျော်ကြားသောအဖွဲ့ဖြစ်ပြီး, Melodic Techno ဂီတအမျိုးအစားတွင်ထင်ရှားလှပါသည်။
ဘာလင်မြို့ကိုအခြေစိုက်ထားသော်လည်း, အီတလီဇာတိဖြစ်သော Tale Of Us အဖွဲ့သည် Afterlife Label ကို 2016 ခုနှစ်တွင်တည်ထောင်ခဲ့ပြီး, Underground Music Scene များကို Melodic Techno ကဲ့သို့သောအမျိုးအစားဖြင့်ကျော်ကြားစေခဲ့သည်။
Tale Of Us သည် Tomorrowland, Coachella, Awakenings စသည်ဖြင့် ကမ္ဘာကျော် Music Events များတွင်လည်း Main Stage များမှာဖျော်ဖြေခဲ့ပြီး, World Wide Fan Base အခိုင်အမာတည်ဆောက်ထားသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
2024 ခုနှစ်တွင် Tale Of Us ၏ အဖွဲ့ဝင်နှစ်ဦးစလုံးသည် Thailand သို့လာရောက်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။
• Anyma သည် သူ၏ Futuristic Album ဖြစ်သည့် Genesys ကို December 8 ရက်နေ့ 808 Festival Thailand တွင်တင်ဆက်မည်ဖြစ်ပြီး, သူ၏ပထမဆုံး Asia Tour အဖြစ် Afterlife Full Production ဖြင့် ပရိသတ်များကို ဖျော်ဖြေပေးမည်ဟု သိရသည်။
• ထို့နောက် MRAK သည် Tale Of Us ၏ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး, သူ၏ We Don’t Follow Album ကို December 30 ရက်နေ့ NEO Countdown Festival တွင်တင်ဆက်မည်ဖြစ်သည်။
ဒါကြောင့် Tale Of Us ၏ ထူးခြားသော Individual Performances ကို 2024 ခုနှစ်တွင် Thailand မှာ မျှော်လင့်ကြည့်ရှုနိုင်ပါပြီ။