
31/05/2025
မုန့်ဟင်းခါး - နည်းနည်းပေါ့တယ်
ပဲပလာတာ - မဆိုးဘူး
စီလုံတီး - မဆိုးဘူးထက် ပိုတယ် ၊ မလိုင် များများထည့်ပေးတော့ ဆိမ့်ပြီး သောက်လို့ကောင်းတယ်
ဆိတ်ဒိန်ချဥ်နှပ်ဟင်း - အကောင်းဆုံးပဲ ၊ ဆိတ်သားက မညှီဘဲ နူးအိနေတယ် ။ ဟင်းပွဲမှာရင် ထမင်းရော ငပိရည် တို့စရာပါ ချပေးတယ် ။ ငပိရည်လည်း လေးလေးပင်ပင်နဲ့ ကောင်းတယ်ပြောရမယ် ။
စားဖူးသမျှ မြန်မာဆိုင်တွေထဲမှာ အကောင်းဆုံးတော့ မဟုတ်ပေမယ့် စိတ်တိုင်းအကျဆုံးလို့ ပြောလို့ရတယ် ။
ဈေးလေး မဆိုစလောက်မြောက်ပေမယ့် ပေးရတာ တန်ပါတယ် ။
ဆိုင်နာမည်ကတော့ The Burma Food House ပါ
Sukhumvit အစိမ်းလိုင်း Phra Khanong မှာဆင်းရင် တန်းရောက်တယ် ။