TOP Fight - MMA

  • Home
  • TOP Fight - MMA

TOP Fight - MMA MMA အားကစား ၊ လက်ဝှေ့ ၊ One Championship သတင်း ၊ UFC သတင်းများတင်ဆက်ပေးနေပါတယ်။

♦️ အင်ဒိုနင်ဂျာ လို့အမည်ရတဲ့ ဘီလာဟာဆန်က      အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။♦️ ဘီလာဟာဆန်က လက်ရှိ UFC Flyweight တန...
01/09/2026

♦️ အင်ဒိုနင်ဂျာ လို့အမည်ရတဲ့ ဘီလာဟာဆန်က
အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။

♦️ ဘီလာဟာဆန်က လက်ရှိ UFC Flyweight တန်း
မှာကစားနေတာဖြစ်ပြီး UFC မှာ (၁) ပွဲသာကစားထား
သေးတဲ့ဖိုက်တာလည်းဖြစ်တယ်။

♦️ DWCS ကနေ UFC ပွဲကြီးကိုအရောက်လှမ်းလာတဲ့
ဘီလာဟာဆန်က အသက် (၂၅) နှစ်အရွယ်လူငယ်
ဖိုက်တာ (၁) ဦးဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့
အတွက်ကြောင့် ဒေနာဝှိုက်က Social Media အပြင်
ပွဲပေးတော့လည်း UFC Fight Night ရဲ့ Main Card ပွဲ
စဉ်တွေအောက်ကနေ နေရာပေးခဲ့တာပါ။

♦️ ဘီလာဟာဆန်က သူ့ရဲ့ Pro Record မှာတော့ရှုံးပွဲ
လုံးဝမရှိထားသေးပါဘူး။

♦️ အခုတော့ အဆိုပါအင်ဒိုနင်ဂျာလေးက ပထမဆုံး
UFC ပွဲဦးထွက်မှာတင် အနိုင်ရရှိခဲ့ပြီး ဗန်ရဲ့ချန်ပီယံ
ခါးပတ်ကို စိန်ခေါ်မလားလို့ သတင်းသမားတွေရဲ့မေး
မြန်းမှုအပေါ် .....!!

«« သေချာတာပေါ့ ၊၊ ကျနော် တစ်ချိန်ချိန်မှာ သူ့ကို
စိန်ခေါ်သွားမှာပါ »»

♦️ ဒါ့အပြင် ဘီလာဟာဆန်က ....!!

«« ကျ‌နော်က အမိုက်စားအနိုင်ယူပွဲတွေ၊ အလန်းစား
ကွင်းတွင်းဝင်ရောက်မှုတွေနဲ့ အလန်းစား မိုက်ခရိုဖုန်းပြောဆိုပွဲတွေနဲ့ ပြည့်နှက်နေတဲ့ လှပတဲ့ ကစားသမား
ဘဝကို လိုချင်တာပါ။ UFC သမိုင်းမှာ အကောင်းဆုံး ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ချင်
ပါတယ် »» ဆိုပြီးပြောထားခဲ့တာပါ။

♦️ အင်ဒိုပရိတ်သ-တ်တွေကတော့ သူတို့ရဲ့ နင်ဂျာကို
ဗန်နဲ့ တွေ့စေချင်နေကြပါတယ်။
♦️ ဒါဆိုရင်တော့ ....ဟိုးးး ဆရာသမားများးးး
တန်းစီကြပါအုံးလို့ပဲပြောချင်ပါတယ်။

♦️ ပရိတ်သ-တ်တွေရော ဒီဖိုက်တာလေးကိုဘယ်လို
မြင်ကြလည်းဗျာ။

#အားကစားသတင်း
#မြန်မာဖိုက်တာ





♦️ ဂျော့ရှုအာဗန်ရဲ့ သမိုင်းဝင်ပွဲကြည့်ရဖို့      (၁၉) ရက်အလို !!♦️ UFC Flyweight ချန်ပီယံခါးပီယံ...!!♦️ ဂျော့ရှုအာဗန် 🇲🇲...
01/09/2026

♦️ ဂျော့ရှုအာဗန်ရဲ့ သမိုင်းဝင်ပွဲကြည့်ရဖို့
(၁၉) ရက်အလို !!

♦️ UFC Flyweight ချန်ပီယံခါးပီယံ...!!
♦️ ဂျော့ရှုအာဗန် 🇲🇲

♦️ စိန်ခေါ်သူ ချန်ပီယံဟောင်း...!!
♦️ ပန်တိုဂျာ 🇧🇷

♦️ သူတို့ (၂) ဦးထိပ်တို-က်တွေ့ဆုံပွဲ...!!
♦️ စက်တင်ဘာလ (၂၀) ရက်၊မြန်မာအချိန်
တနင်္ဂနွေနေ့ မနက်ပိုင်း...!!

♦️ ဘယ်လိုလည်း ဗန်ကိုအားပေးဖို့အသင့်
ပဲလားဗျာ။

♦️ စိတ်ဝင်စားစရာ သတင်းတွေနဲ့ ပွဲသတင်းတွေ
နေ့စဉ်တင်ဆက်ပေးနေတာမို့ Like And Share
လုပ်သွားပေးပါအုံးဗျာ။

#မြန်မာဖိုက်တာ
#အားကစားသတင်း




♦️ ဂျော့ရှုအာဗန်ရဲ့ ပြိုင်ဘက်ဟောင်း (၂) ဦးဖြစ်တဲ့ ကယ်ဗင်ဘော်ဂျာ နဲ့ ရေဆူရူယာတို့ကပြီးခဲ့တဲ့ရက်က တရုတ်မှာကျင်းပတဲ့ UFC Fi...
01/09/2026

♦️ ဂျော့ရှုအာဗန်ရဲ့ ပြိုင်ဘက်ဟောင်း (၂) ဦး
ဖြစ်တဲ့ ကယ်ဗင်ဘော်ဂျာ နဲ့ ရေဆူရူယာတို့က
ပြီးခဲ့တဲ့ရက်က တရုတ်မှာကျင်းပတဲ့ UFC Fight
Night ပြိုင်ပွဲမှာထိပ်တို-က်တွေ့ခဲ့ကြတာပါ။

♦️ အဆိုပါပွဲစဉ်မှာ ဂျပန်ဖိုက်တာ ရေဆူရူယာက
အနိုင်ရရှိခဲ့ပြီး UFC Flyweight Ranking ထဲပြန်
ရောက်လာခဲ့ပြီဖြစ်ပါတယ်။

♦️ ဒီဝိတ်တန်းမှာတော့ ခပ်စွာစွာလူငယ်ဖိုက်တာ
တွေနဲ့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပြီးပဲဖြစ်ပါ
တယ်။

♦️ ဗန်နဲ့ ပြန်လည် ကစားခွင့်ရလာခဲ့ရင်တော့...
အရင်ပွဲထက်ပိုပြီးကြည့်လို့ကောင်းမှာတော့...
သေချာပါတယ်။

♦️ ပရိတ်သ-တ်ကြီးရော ဗန် နဲ့ ဆူရူယာ ပြန်တွေ့
နိုင်ချေရှိတယ်လို့ထင်လားဗျာ။

#မြန်မာဖိုက်တာ
#အားကစားသတင်း



♦️ မြန်မာဖိုက်တာ အောက်ချင်းလေးကတော့ဂျပန်နိုင်ငံကိုရောက်နေပြီး သတင်းစာရှင်းလင်းပွဲကိုလည်း အထာကျကျတက်လာတာတွေ့ရပါတယ်။♦️ ဂျပ...
01/09/2026

♦️ မြန်မာဖိုက်တာ အောက်ချင်းလေးကတော့
ဂျပန်နိုင်ငံကိုရောက်နေပြီး သတင်းစာရှင်းလင်း
ပွဲကိုလည်း အထာကျကျတက်လာတာတွေ့ရပါ
တယ်။

♦️ ဂျပန်ဖိုက်တာနာဒကာ နဲ့ အောက်ချင်းလေး !!
♦️ ကစ်ဘောက်ဆင်ပွဲ !!
♦️ ပွဲက စက်တင်ဘာလ (၁၂) ရက်နေ့ပါ !!
♦️ ဘယ်သူအသာရသွားမယ်ထင်လည်းဗျာ !!

#မြန်မာဖိုက်တာ
#အားကစားသတင်း

♦️ ဘယ်နေရာရောက်ရောက် မြန်မာအလံနဲ့မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ ဖိုက်တာ !!♦️ ဟုတ်ပါတယ် ....သူကတော့ ချင်းညီငယ်လေးဂျေ...
31/08/2026

♦️ ဘယ်နေရာရောက်ရောက် မြန်မာအလံနဲ့
မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ ဖိုက်တာ !!

♦️ ဟုတ်ပါတယ် ....သူကတော့ ချင်းညီငယ်လေး
ဂျော့ရှုအာဗန်ပဲဖြစ်ပါတယ်။ လက်ရှိသူလေ့ကျင့်
နေတဲ့ 4oz Fight Club ကနေရာပြောင်းနေတာဖြစ်
ပါတယ်။အဆိုပါဂျင်ကို မနက်ဖြန်စက်တင်ဘာလ
(၁) ရက်နေ့မှာပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။

♦️ အဲဒိနေရာမှာလည်း ဗန်ကသူ့ရဲ့မြန်မာနိုင်ငံအလံ
ကိုဂုဏ်ယူစွာနဲ့ ပထမဆုံးလွှင့်ထူသွားခဲ့ပါတယ်။

♦️ ဘယ်နေရာရောက်ရောက် ကိုယ်နိုင်ငံကိုချစ်မြတ်
နိုးတဲ့ဗန်ရဲ့ ‌စိတ်ဓါတ်က အမှန်တကယ်လေးစားဖို့
ကောင်းပါတယ်။

♦️ ပရိတ်သ-တ်တွေရော ဘယ်လိုမြင်လဲဗျာ ...🇲🇲🇲🇲




#မြန်မာဖိုက်တာ

#အားကစားသတင်း

♦️ ဂျပန်မြေမှာ ခေါင်ပွဲကြ-မ်းကစားမဲ့ မြန်မာဖိုက်တာ ဟာလိန်အွမ် (ခ) အောက်ချင်းလေးရဲ့ ပွဲကြီးလာပြီ !!♦️ လာမဲ့စက်တင်ဘာလ (၁၂)...
31/08/2026

♦️ ဂျပန်မြေမှာ ခေါင်ပွဲကြ-မ်းကစားမဲ့ မြန်မာဖိုက်တာ ဟာလိန်အွမ် (ခ) အောက်ချင်းလေးရဲ့ ပွဲကြီးလာပြီ !!

♦️ လာမဲ့စက်တင်ဘာလ (၁၂) ရက်နေ့ဂျပန်နိုင်ငံမှာ
ကျင်းပသွားမဲ့ One Championship ရဲ့ဆာမူရိုင်း (၃)
ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ အောက်ချင်းလေးက အိမ်ရှင်ဂျပန်ဖိုက်တာနာဒါခ နဲ့ ကစ်ဘောင်စင်ပွဲယှဉ်
ပြိုင်ကစားသွားမှာပါ။

♦️ One Championship အနေနဲ့ ဂျပန်ပရိတ်သ-တ်
တွေကိုဦးတည်တဲ့ပွဲဖြစ်လို့ ဂျပန်ဖိုက်တာတွေကိုပိုပြီး
မျက်နှာသာပေးတဲ့ပွဲမျိုးစီစဉ်ထားခဲ့တာဖြစ်ပါတယ်။

♦️ ဒါပေမဲ့ အဆိုပါပွဲစဉ်ကနေ အောက်ချင်းလေး
အနေနဲ့ ဘယ်လိုစွမ်းဆောင်ရည်မျိုးတွေထုတ်ပြလာ
မလည်းဆိုတာစိတ်ဝင်စားဖို့ကောင်းနေသလို ခေါင်ပွဲ
ဖြစ်နေတာကြောင့် ရလာတဲ့အခွင့်အရေးကိုအကောင်း
ဆုံးအသုံးချနိုင်ပါစေလို့တောင်းဆုပြုပါတယ်။

#မြန်မာဖိုက်တာ
#အားကစားသတင်း


♦️ ဂျော့ရှုအာဗန်ရဲ့ ချန်ပီယံကာကွယ်ပွဲကြည့်ရဖို့      ရက် (၂၀) ပဲလိုတော့တယ်ဗျာ။♦️ ချန်ပီယံဟောင်း ပန်တိုဂျာနဲ့ မကျေပွဲကစား...
31/08/2026

♦️ ဂျော့ရှုအာဗန်ရဲ့ ချန်ပီယံကာကွယ်ပွဲကြည့်ရဖို့
ရက် (၂၀) ပဲလိုတော့တယ်ဗျာ။

♦️ ချန်ပီယံဟောင်း ပန်တိုဂျာနဲ့ မကျေပွဲကစားရမှာ
ဖြစ်လို့ ဂျော့ရှုအာဗန်အနေနဲ့လည်းအဆိုပါပြိုင်ပွဲကြီး
အတွက် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်မှုတွေလုပ်
ဆောင်နေပြီလည်းဖြစ်ပါတယ်။

♦️ မကျေပွဲကနေ ဒုတိယမြောက်ချန်ပီယံခါးပတ်ကို
အကောင်းဆုံးကာကွယ်ပြမဲ့ ကျနော်တို့ရဲ့ချင်းညီငယ်လေး ဗန်အတွက်အားပေးစကားလေးတွေလည်းပြော
သွားပေးခဲ့ဗျာ။

♦️ သမိုင်းသစ်ရေးမဲ့ ဗန် 🇲🇲🇲🇲 ကိုအားပေးဖို့
အသင့်ပဲလားး 🔥🔥


#အားကစားသတင်း
#မြန်မာဖိုက်တာ


♦️ ဂျပန်ဖိုက်တာနဲ့ ဂျပန်မှာထို-:မဲ့ ဟာလိန်အွန်း !!♦️ စပိန်ဖိုက်တာနဲ့ ထိုင်းမှာထို-:မဲ့ သွေးလင်းထက် !!♦️ အဆိုပါဖိုက်တာ (၂...
30/08/2026

♦️ ဂျပန်ဖိုက်တာနဲ့ ဂျပန်မှာထို-:မဲ့ ဟာလိန်အွန်း !!
♦️ စပိန်ဖိုက်တာနဲ့ ထိုင်းမှာထို-:မဲ့ သွေးလင်းထက် !!

♦️ အဆိုပါဖိုက်တာ (၂) ယောက်လုံးကတော့လာမဲ့
စက်တင်ဘာလထဲမှာပွဲကစားရတော့မှာပါ။

♦️ မြန်မာဖိုက်တာတွေကို One Championship စီ
အရောက်ပို့ပြီး ပွဲစီစဉ်ပေးနေတဲ့ Phyo Wai Group က
ဖိုက်တာတွေလည်းဖြစ်ပါတယ်။

♦️ ပြိုင်ဘက်တွေက ကောင်းမွန်တဲ့ဖိုက်တာတွေ
ဖြစ်နေတာဖြစ်လို့... လာမဲ့ပွဲစဉ်မှာ

♦️ အကောင်းဆုံးရလဒ်တွေနဲ့ နိုင်ပွဲကိုယ်စီအရယူ
နိုင်ပါစေလို့တောင်းဆုပြုပါတယ်။

Credit Photo :: Ko Phyo Wai FB

#မြန်မာဖိုက်တာ
#အားကစားသတင်း


♦️ One Championship မှာတစ်ချိန်ကဘုန်းမီးနေလ      တောက်ပခဲ့သူ (၂) ဦး !!♦️ အချစ်တော်ကြီး အောင်လအန်ဆန်း !!♦️ ဗီယက်နမ်ဖိုက်တ...
30/08/2026

♦️ One Championship မှာတစ်ချိန်ကဘုန်းမီးနေလ
တောက်ပခဲ့သူ (၂) ဦး !!

♦️ အချစ်တော်ကြီး အောင်လအန်ဆန်း !!
♦️ ဗီယက်နမ်ဖိုက်တာ မာတင်ငုယင် !!

♦️ အဆိုပါဖိုက်တာ (၂) ဦးလုံး ONE မှာမတူညီတဲ့
ဝိတ်တန်း (၂) ခုရဲ့ချန်ပီယံဟောင်းကြီးတွေဖြစ်ကြပါ
တယ်။ ချန်ပီယံလမ်း‌ကြောင်းဖြတ်သန်းမှုမှာ ခက်ခဲမှု
အောင်မြင်မှု‌တွေတူညီကြတဲ့ သူတို့ (၂) ဦးက ONE မှာ
ရင်ဘက်ချင်းနီးခဲ့ကြတဲ့ဖိုက်တာတွေဖြစ်ပြီး ဖိုက်တာ
(၂) ယောက်လုံးတစ်ယောက်ကို တစ်ယောက်အားပေး
ရင်းနိုင်ပွဲတွေရှာခဲ့ကြတာပါ။

♦️ ဒါ့အပြင်ညီအစ်ကိုအရင်းပမာချစ်ခင်ကြပါတယ်။
♦️ မနေ့ညက Tiger Promotion 9 မှာ မာတင်ငုယင်
အနိုင်ရတော့ တစ်စုံတစ်ယောက်ကို လွမ်းနေတဲ့ပုံစံမျိုး
ဖြစ်နေခဲ့တာပါ။

♦️ ကျနော်တို့လည်း ခင်ဗျားတို့ (၂) ယောက်ရဲ့
One Championship ပွဲကြ-မ်းတွေကိုလွမ်းမိပါရဲ့။

#အားကစားသတင်း
#မြန်မာဖိုက်တာ





#အောင်လအန်ဆန်း

♦️ ကျော်စွာဝင်းရဲ့ မမကြီး စတမ့်ဖဲလ်တက်ရဲ့ပွဲ !!♦️ ကျောက်ဆူရိုင်း နဲ့ အက်စတူပီနန်ပွဲ !!♦️ အဆိုပါ (၂) ပွဲကတော့ ရှယ်ပဲလို့ဆ...
30/08/2026

♦️ ကျော်စွာဝင်းရဲ့ မမကြီး စတမ့်ဖဲလ်တက်ရဲ့ပွဲ !!

♦️ ကျောက်ဆူရိုင်း နဲ့ အက်စတူပီနန်ပွဲ !!

♦️ အဆိုပါ (၂) ပွဲကတော့ ရှယ်ပဲလို့ဆိုရမှာ !!

♦️ ပွဲကစက်တင်ဘာလ (၅) ရက်မြန်မာအချိန်
ဒီတစ်ပတ်စနေနေ့ မနက်ပိုင်းမှာကြည့်ရမှာ
ဖြစ်ပါတယ်။

♦️ ပုံက စက်တင်ဘာ (၄) ဆိုတာ အမေရိကစံတော်ချိန်
ဖြစ်ပါတယ်။

#မြန်မာဖိုက်တာ
#အားကစားသတင်း


Address


10400

Telephone

+959780386373

Website

Alerts

Be the first to know and let us send you an email when TOP Fight - MMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share