28/03/2025
🍀လေဖြတ်ခြင်း (Stroke)🍀အကြောင်းသိကောင်းစရာ
(ဆေးပညာနယ်ပယ်အခေါ်အဝေါ်-Cerebrovascular Accident, CVA or ဦးနှောက်သွေးကြောပြဿနာ)
**လေဖြတ်ခြင်း** ဆိုသည်မှာ ဦးနှောက်အတွင်းသို့ သွေးစီးဆင်းမှု မလုံလောက်ခြင်းကြောင့် ဦးနှောက်ဆဲလ်များ သေဆုံးရသည့် အခြေအနေတစ်ရပ်ဖြစ်သည်။
🍀လေဖြတ်ခြင်း အမျိုးအစားများ
1️⃣သွေးခဲပိတ်ဆို့၍ လေဖြတ်ခြင်း (Ischemic Stroke)
ဦးနှောက်သွေးကြောအတွင်း သွေးခဲပိတ်ဆို့မှုကြောင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်း။
2️⃣သွေးယိုစီး၍ လေဖြတ်ခြင်း (Hemorrhagic Stroke)
ဦးနှောက်အတွင်း သွေးကြောပေါက်ကာ သွေးယိုစီးမှုဖြစ်ခြင်း။
နှစ်မျိုးစလုံးသည် ဦးနှောက်၏ အစိတ်အပိုင်းများ ပုံမှန်အလုပ်မလုပ်နိုင်တော့ခြင်းကို ဖြစ်စေနိုင်ပါသည်။
🍀အရေးပေါ်လက္ခဏာများ (FAST နည်းလမ်း)🍀
📌F (Face)- မျက်နှာတစ်ခြမ်းစောင်းခြင်း
📌A (Arm)- လက်တစ်ဖက်အားနည်းခြင်း
📌S (Speech)- စကားပြောမပီခြင်း
📌T (Time) - အချိန်မီကုသမှုခံယူရန် အရေးကြီးသည်
🍀ဒါဆိုလေဖြတ်ရောဂါဖြစ်
စေသောအကြောင်းအရင်းများကဘာတွေလဲ…🍀
1️⃣သွေးတိုးရောဂါရှိခြင်း
2️⃣ဆီးချိုသွေးချိုရောဂါရှိခြင်း
3️⃣နှလုံးရောဂါရှိခြင်း
4️⃣ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း
5️⃣ခန္ဓာကိုယ်လှုပါရှားမှုနည်းခြင်း
6️⃣အဝလွန်ခြင်း
7️⃣သွေးအတွင်းအဆီဓာတ်များခြင်း
*️⃣*️⃣*️⃣တစ်ချို့လူများတွင် ဦးနှောက်သို့သွေးစီးဆင်းမှု ခဏတာနှောင့်နှေးခြင်း Transient Ischemic Attack (TIA)ခေါ် ယာယီဦးနှောက်သွေးကြောပိတ်ဆို့မှုဖြစ်
နိုင်ပါတယ်။လေဖြန်းခြင်းလို့လည်းခေါ်ဝေါ်ကြပါတယ်။
TIA ဖြစ်ဖူးသည့်သူများလည်းအထူးဂရုပြုသင့်ပါတယ်။ TIA အကြောင်းကိုနောက်ထပ် လာမည့် ဆောင်းပါးများတွင်ထပ်မံမျှဝေပေးသွားပါမယ်။ *️⃣*️⃣*️⃣
🍀🍀🍀သတိပြုရန်🍀🍀🍀 လေဖြတ်သည်ဟုသံသယရှိပါက ချက်ချင်းဆေးကုသမှုခံယူပါ။ အချိန်မီကုသမှုသည် နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေနိုင်
ပါသည်။
❤️❤️❤️မိမိကိုယ်ကိုဂရုစိုက်ခြင်းဖြင့်ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ❤️❤️❤️
#