
19/09/2024
Ghost Jobs (၁) - Job Market များထဲမှစိတ်ပျက်စရာ အမှန်တရား
Ghost Jobs ဆိုတာ ဘယ်သူ့ကိုမှ အလုပ်ခန့်ဖို့ ရည်ရွယ်ချက်မရှိဘဲ အလုပ်ခေါ်စာတင်ခြင်းဖြစ်ပြီး US မှာဆိုရင် အခုနောက်ပိုင်း အလုပ်ရှာသူတွေအကြား စိတ်ပျက်လက်ပျက်ဖြစ်မှုကို ပိုမိုတိုးပွားလာစေတယ်လို့ ဆိုပါတယ်။
Resumè Builder ရဲ့ May Survey အရ ၂၀၂၄ ခုနှစ်မှာ US ကုမ္ပဏီ တွေရဲ့ ၄၀% ဟာ အလုပ်ခေါ်စာအတုတွေကို ကြော်ငြာခဲ့ပြီးတော့၊ ဈေးကွက်ထဲက အလုပ်ခေါ်စာတွေရဲ့ ၃၀% ဟာ လက်တွေ့မှာတကယ်မရှိတဲ့အလုပ်တွေကို ကိုယ်စားပြုပါတယ်။
🕵♀️ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
》ကုမ္ပဏီတွေဟာ လက်ရှိမှာ လစ်လပ်နေရာတွေမရှိသည့်တိုင် အလားအလာရှိတဲ့အလုပ်လျှောက်သူတွေကို ဆွဲဆောင်လိုကြပါတယ်။
》အလုပ်ခေါ်စာအသစ်တွေ ပုံမှန်တင်ခြင်းအားဖြင့် ကုမ္ပဏီရဲ့ အလားအလာနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ၊ ဖောက်သည်တွေနဲ့ ပြိုင်ဖက်တွေရဲ့အမြင်မှာ တိုးတက်ကြီးပွားနေသယောင် အပြုသဘောဆောင်တဲ့ အချက်ပြမှုတစ်ခုအဖြစ် အသုံးချကြပါတယ်။
》ဒါ့အပြင် တချို့ ကုမ္ပဏီတွေဟာ အလုပ်နေရာ (position) တခုချင်းစီအတွက် လစာ၊ ကျွမ်းကျင်မှုနဲ့ အခြားလိုအပ်ချက်တွေကို သေချာနားမလည်တဲ့အခါမျိုးမှာ သူတို့အတွက် ဈေးကွက်အချက်အလက် (Market Insight) စုဆောင်းဖို့အတွက် အသုံးချကြတာပါ။
👩💻ဈေးကွက်အတွင်း ရောင်ပြန်ဟပ်မှု
ကုမ္ပဏီတွေဟာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နိုင်သော်လည်း ထိပ်တန်းအရည်အချင်းရှိသူ (top talent) တွေကို ဆွဲဆောင်နိုင်ဖို့နဲ့ အရန်သင့်စုဆောင်းထားနိုင်ဖို့ ရည်ရွယ်ပြီး ဒီလို Ghost Job တွေကတဆင့် အလုပ်ရှာသူတွေအပေါ် အခွင့်ကောင်းယူနေကြတာပါ။
တဖက်မှာ အလုပ်ခေါ်စာအတုတွေကြောင့် အလုပ်ရှာနေသူတွေဟာ အလုပ်သစ်ရဖို့ ခက်ခဲတယ်လို့ ယူဆပြီး အဆင်မပြေသည့်တိုင် လက်ရှိအလုပ်ကထွက်ဖို့ တွန့်ဆုတ်လာကြပါတယ်။
ဒါပေမယ့် အခြားတဖက်မှာတော့ အလုပ်ရှာသူတွေဟာ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားဗဟိုပြု အလုပ်ခေါ်ယူရေး ဗျူဟာတွေနည်းတူ ကျင့်သုံးလာကြပါတယ်။
ဒီထဲမှာ အခွင့်အလမ်းသစ်တွေအတွက် လမ်းဖွင့်ထားတာ၊ ရုံးချိန်အတွင်းမှာပဲ အလုပ်သစ်တွေ အဆက်မပြတ် ရှာဖွေစုဆောင်းတာအပြင် အလုပ်ရှာဖွေရေးနဲ့ဆက်စပ်တဲ့ အဆက်အသွယ်၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းထားတာ စတာတို့ ပါဝင်ပါတယ် … (ဆက်ရန်)
Ivy 💙
Source: CNBC (2024), What the Rise of Fake Job Listings Says About the Job Market