 
                                                                                                    15/10/2025
                                            အသက် (၄၀) နဲ့တောင် ရော်နယ်ဒိုရဲ့ ခြေစွမ်းကတော့ မဆုံးသေးပါဘူး🔥
မနေ့က ဟန်ဂေရီနဲ့ ပွဲမှာ ပထမပိုင်းအတွင်းတင် ဂိုးနှစ်ဂိုးဆက်တိုက်သွင်းပြီး ပရိသတ်တွေကို ထပ်မံပြသနိုင်ခဲ့ပြန်ပါတယ်⚽️
ဒီဂိုးတွေအပေါ်အခြေခံပြီး ရော်နယ်ဒိုက ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းထဲက ဂိုးအများဆုံးသွင်းထားသူ အဖြစ် မှတ်တမ်းအသစ်တင်လိုက်တာဖြစ်ပါတယ်👏
အရင်ပိုင်ဆိုင်ထားသူ ကားလိုစ် ရုဇ်ရဲ့ (၃၉) ဂိုးမှတ်တမ်းကိုလည်း လှမ်းကျော်သွားခဲ့ပြီး၊ သူ့အတွက် ဂုဏ်ယူစရာသမိုင်းတစ်မျက်နှာ အသစ်ဖန်တီးနိုင်ခဲ့ပါတယ်🇵🇹🏆
                                                           
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  