14/09/2026
🔴| မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘေးနောက်ခံကစားသမားတွေကို ကြည့်ရတာ တကယ်ကို ခေါင်းကိုက်စရာပါပဲဗျာ။
လုခ်ရှော ကစားရင် “ဒေါဂူကို ဘာလို့မသုံးတာလဲ” လို့ တွေးမိတယ်။ ဒေါဂူ ကစားပြန်ရင်လည်း “အင်း… လုခ်ရှောလည်း သိပ်မဆိုးပါဘူးကွာ” ဆိုပြီး ပြန်တွေးမိပြန်တယ်။
မတ်တီနက်ဇ်ကို ညာဘက်နောက်ခံမှာ ထားကစားလိုက်ရင် “ဒါလော့သာရှိရင် ကောင်းမှာပဲ” လို့ ဖြစ်လာတယ်။ ဒါလော့ ကစားပြန်ရင် မိနစ် ၂၀ လောက်နဲ့ “မာဇရာဝီကို ပြန်ထည့်ပါတော့” ဆိုပြီး ဖြစ်ပြန်ရော။
မာဇရာဝီ ကစားလာပြန်တော့လည်း “ဒါလော့က ပိုကောင်းသားပဲ” လို့ ပြန်တွေးမိပြန်တယ်။
ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်လာတာလဲဗျာ။
အဆိုးဆုံးက ဘယ်သူကစားကစား ကွင်းထဲမရှိတဲ့သူကိုပဲ ပိုကောင်းသလို ထင်နေမိတာပါ။ တစ်ယောက်ကစားပြီးရင် နောက်တစ်ယောက်ကို လွမ်းရ၊ နောက်တစ်ယောက်ကစားရင် အရင်တစ်ယောက်ကို ပြန်လိုချင်ရနဲ့ ဖြစ်နေတယ်။
တကယ်တော့ ဒီနေရာက ယူနိုက်တက်မှာ အခုမှပြဿနာဖြစ်လာတာ မဟုတ်ပါဘူး။ နှစ်အတော်ကြာကတည်းက လိုအပ်ချက်တွေ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဘေးနောက်ခံနေရာကို သေချာမဖြည့်တင်းဘဲ အရင်ကစားသမားတွေနဲ့ပဲ ဒီပြဿနာတွေကို ဆက်ဖြေရှင်းဖို့ ကြိုးစားနေရတယ်။
ယူနိုက်တက်အတွက် တကယ်လိုအပ်တာက ပြေးအားကောင်းရမယ်၊ တိုက်စစ်တက်တဲ့အခါ အားကိုးရမယ်၊ ဘောလုံးပေးပို့တာကောင်းရမယ်၊ ခံစစ်မှာလည်း စိတ်ချရမယ်။ အဲဒီလို တစ်ပွဲပြီးတစ်ပွဲ တည်ငြိမ်အောင် ကစားပေးနိုင်တဲ့ ဘေးနောက်ခံကစားသမားမျိုးပါ။
အခုတော့…
“အရန်ခုံပေါ်ကလူက ကွင်းထဲကလူထက် ပိုကောင်းတယ်” ဆိုတဲ့ အခြေအနေကို ရောက်နေပြီဗျာ။
ဒီနေရာမှာတော့ တကယ်ကို အပြောင်းအလဲတစ်ခု လုပ်ဖို့လိုနေပါပြီ။
ူး