Gunner World 2.0 ဆန်းပြားခမ်းနားတဲ့ Gunner သတင်းတွေကို အကောင်းဆုံးတင်ဆက်ပေးမယ့် Gunner World

30/05/2026

Non-League ကနေ ဥရောပရဲ့အခမ်းနားဆုံးညအထိ… ဘယ်တော့မှ လက်မလျှော့ခဲ့တဲ့ Raya

ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို ရှစ်ကြိမ်မြောက် တွေ့ဆုံမှာဖြစ်ပြီး ထိပ်တို-က်မှတ်တမ်းမှာ ၂ ပွဲစီနိုင်၊ ၃ ပွဲသရေကျခဲ့ပါတယ်။ နော...
30/05/2026

ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို ရှစ်ကြိမ်မြောက် တွေ့ဆုံမှာဖြစ်ပြီး ထိပ်တို-က်မှတ်တမ်းမှာ ၂ ပွဲစီနိုင်၊ ၃ ပွဲသရေကျခဲ့ပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ ၂၀၂၄/၂၅ ချန်ပီယံလိဂ် ဆီမီးနှစ်ကျော့စလုံးမှာတော့ ပီအက်စ်ဂျီက အာဆင်နယ်ကို အနိုင်ရထားပါတယ်။

ပီအက်စ်ဂျီနဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက UCL မှာ ၄ ကြိမ်တွေ့ဆုံထားပြီး အာဆင်နယ် က ၁ ပွဲ၊ ပီအက်စ်ဂျီအသင်းက ၂ ပွဲနိုင်ကာ ၁ ပွဲသရေကျထားပါတယ်။

ဒီပွဲဟာ ပြင်သစ်ကလပ်နဲ့ အင်္ဂလန်ကလပ်တို့အကြားပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဖြစ်လာမှာပါ။

PSG ဟာ အင်္ဂလိပ်ကလပ်တွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး UCL နောက်ထွက်အဆင့် ပွဲတွဲ ၅ ကြိမ်ဆ-က်တို-က် အနိုင်ရထားပါတယ်။

ပီအက်စ်ဂျီရဲ့ နောက်ဆုံးချန်ပီယံလိဂ် ၂၄ ပွဲထဲက ၁၃ ပွဲ (၅၄%) ဟာ အင်္ဂလိပ်ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လီဗာပူးလ်၊ ဗီလာ၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြင်သစ်ကလပ်တွေနဲ့ ချန်ပီယံလိဂ် knockout ties ၂ ကြိမ်တွေ့ခဲ့ဖူးပြီး ၂ ကြိမ်စလုံး ထွက်ခဲ့ရတယ်။ မိုနာကိုအသင်းကို ၂၀၁၅၊ ပီအက်စ်ဂျီကို ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာပါ။

ပီအက်စ်ဂျီဟာ ၂၀၁၉ နောက်ပိုင်း ချန်ပီယံလိဂ်ဖိုင်နယ် ၂ နှစ်ဆက်တက်တဲ့ ပထမဆုံးအသင်းဖြစ်လာပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

၂၀၂၀ ကစပြီး ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖိုင်နယ်၃ ကြိမ်ထိတက်ခဲ့ပြီး ဒီကာလအတွင်း ဘယ်အသင်းထက်မဆို ဖိုင်နယ်ပိုရောက်နေပါတယ်။

အာဆင်နယ်အတွက်တော့ ဒီပွဲဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ဒုတိယမြောက် ချန်ပီယံလိဂ်ဖိုင်နယ်ဖြစ်ပြီး နိုင်ခဲ့ရင် ချဲလ်ဆီးနောက်ပိုင်း ဖလားရယူတဲ့ ဒုတိယမြောက် လန်ဒန်ကလပ် ဖြစ်လာမှာပါ။

အာဆင်နယ် ဗိုလ်စွဲရင် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ၂၅ သင်းမြောက် ချန်ပီယံဖြစ် လာမှာဖြစ်သလို အင်္ဂလန်ရဲ့ ၇ သင်းမြောက် ဗိုလ်စွဲအသင်းလည်း ဖြစ်လာမှာပါ။

အာဆင်နယ်အသင်းဟာ ဥရောပဖိုင်နယ် ၄ ကြိမ်ဆက် ရှုံးထားပြီး Champions League/European Cup သမိုင်းမှာ ဖလားမရခဲဘဲ ပွဲအများဆုံး (၂၂၅ ပွဲ) ကစားထားတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် knockout အဆင့်မှာ နောက်ဆုံး ၁၁ ပွဲ မရှုံးဘဲ ၉ ပွဲနိုင်၊ ၂ ပွဲသရေကစားထားပါတယ်။

၂၀၂၄-၂၅ ကွာတားဖိုင်နယ်မှာ ဗီလာအသင်းကို ၃ - ၂ နဲ့ရှုံးတာက သူတို knockout အဆင့်နောက်ဆုံးရှုံးပွဲပါ။

ဒီရာသီ ပီအက်စ်ဂျီက UCL မှာ ၄၄ ဂိုးသွင်းထားပြီး သမိုင်းတစ်လျှောက် ဒုတိယအများဆုံးပါ (ဘာစီလိုနာ ၄၅ ဂိုး)

ဒီပွဲက အာဆင်နယ်အတွက် ဒီရာသီ ၆၃ ပွဲမြောက်နဲ့ နောက်ဆုံးပွဲဖြစ်လာမှာဖြစ်ပြီး ဒီအရေအတွက်ဟာ ဥရောပ “big five” လိဂ်တွေထဲမှာ ဒီရာသီ အများဆုံးပွဲအရေအတွက်လည်း ဖြစ်ပါတယ်။

ဒါဟာ အာဆင်နယ်အတွက် ၄၆ နှစ်အတွင်း အများဆုံးပွဲအရေအတွက်ဖြစ်ပြီး ၁၉၇၉/၈၀ ရာသီမှာ ကလပ်စံချိန် ပွဲ ၇၀ ကစားခဲ့တာနောက်ပိုင်း အများဆုံးပါ။

အာဆင်နယ်ဟာ နွေစျေးကွက်မှာ အက်စတွန်ဗီလာကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ဖို့အထူးစိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတ...
30/05/2026

အာဆင်နယ်ဟာ နွေစျေးကွက်မှာ အက်စတွန်ဗီလာကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ဖို့အထူးစိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အသက် ၂၃ နှစ်အရွယ် ရော်ဂျာစ်ဟာ ဒီရာသီမှာ ဗီလာအတွက် ခြေစွမ်းပြကစားထားပြီး နည်းပြ အမ်မရီရဲ့အသင်းကို ပရီးမီးယားလိဂ် အဆင့် ၄ နေရာရစေခဲ့သလို ယူရိုပါလိဂ်ဖလားပါ ဆွတ်ခူးအောင် ကူညီခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၃၇ ပွဲကစားခဲ့ရာ ၁၀ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးခဲ့တာပါ။

Flashscore ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ၂၂ နှစ်အတွင်းမှာ ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်မှာလည်း အားကိုးရမယ့် ကစားသမားကောင်းတွေကို ခေါ်ယူဦးမှာပါ။ အထူးသဖြင့် တိုက်စစ်ဖြည့်တင်းမှုက အာတီတာအတွက် အဓိကဦးစားပေး ဖြစ်နေပါတယ်။

ဘယ်တောင်ပံမှာ ကစားနိုင်တဲ့ ကစားသမားသစ်တစ်ယောက် ရှာဖွေနေတာဖြစ်ပြီး ရော်ဂျာစ်ကလည်း အာဆင်နယ်ရဲ့ စာရင်းထဲမှာ ခိုင်ခိုင်မာမာ ပါဝင်နေပါတယ်။ မူလနေရာက တို-က်စ-စ်ကွင်းလယ်ဖြစ်ပေမယ့် ရော်ဂျာစ်ကဘယ်တောင်ပံ ကစားနိုင်တဲ့ အရည်အသွေးရှိတာကြောင့် အာဆင်နယ်ဘက်က စိတ်ဝင်စားနေတာပါ။ဒီရာသီမှာ ရော်ဂျာစ်ဟာ ယူရိုပါလိဂ်မှာ ၂ ပွဲ၊ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲထိ ဘယ်တောင်ပံနေရာကနေ ပွဲထွက်ခဲ့ပါတယ်။ ချဲလ်ဆီးလည်းစိတ်ဝင်စားပေမယ့် အာဆင်နယ်က သူ့ရဲ့ဖန်တီးမှု၊ ခန္ဓာကိုယ်ပိုင်းနဲ့ နည်းစနစ်ပိုင်း လိုက်လျောညီထွေကစားနိုင်တာကို သဘော ကျနေပါတယ်။

အပြောင်းအရွှေ့ဖြစ်ဖို အကြီးဆုံးအခက်အခဲကတော့ အက်စတွန်ဗီလာ သ-တ်မှတ်ထားတဲ့ ဈေးနှုန်းဖြစ်နိုင်ပါတယ်။ ဗီလာဘက်က ရော်ဂျာစ်ရဲ့ တန်ဖိုးကို ပေါင်သန်း ၁၀၀ ဝန်းကျင်အထိ ရှိတယ်လို ယုံကြည်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံရဲ့ စိတ်ဝင်စားမှုကလည်း သူတို့ရဲ့ သဘောထားကို ပိုခိုင်မာစေပါတယ်။

ဂရီးလစ်ရှ်ကို မန်စီးတီးဆီ ပေါင်သန်း ၁၀၀ နဲ့ ရောင်းချခဲ့ဖူးတာကြောင့်ဗီလာဟာ ရော်ဂျာစ်လို အင်္ဂလန်ရဲ့ အလားအလာအကောင်းဆုံး လူငယ်တစ်ယောက်ကို ဈေးလျှော့ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုရမှာပါ။ အာဆင်နယ်ကတော့ ဒီနေရာအတွက် ရွေးချယ်စရာတွေ အများကြီး စောင့်ကြည့်နေပါတယ်။

နယူးကာဆယ်တောင်ပံကစားသမား အန်သိုနီ ဂေါ်ဒွန်ကိုလည်း စိတ်ဝင်စားခဲ့ဖူးပေမယ့် ဘာစီလိုနာပြောင်းရွှေ့ရေး သတင်းတွေ မြန်လာခဲ့ပါတယ်။ဒါ့အပြင် ရာဖေးလ် လီယာအို၊ ရိုဒရီဂို နဲ့ နီကိုဝီလီယံစ်တို့ကလည်း အာဆင်နယ်နဲ့ သတင်းထွက်တဲ့ နာမည်ကြီးတွေပါ။

တို-က်စ-စ်ကစားသမားသစ် တစ်ယောက်သာ ရောက်လာ ရင် ထရော့ဆတ် ဒါမှမဟုတ် ဂါဘရီယယ် မာတင်နယ်လီတိုရဲ့ အနာဂတ်ကလည်း မသေချာဘူးလို့ သုံးသပ်နေပါတယ်။

29/05/2026

မတူညီတဲ့ ကစားဟန်နဲ့ ဘယ်သူပိုကောင်းလဲ အမှားအမှန်ခွဲမယ့်ပွဲ

"သူတို့က ချန်ပီယံတွေဖြစ်လာတော့မှာ၊ ဒါက သေချာပေါက်ပဲ။ အဲ့ဒါဆို ကျွန်တော့်အတွက် လုံလောက်ပါပြီ။ ပြီးတော့ သူတို့က ကလပ်ရဲ့ သမ...
29/05/2026

"သူတို့က ချန်ပီယံတွေဖြစ်လာတော့မှာ၊ ဒါက သေချာပေါက်ပဲ။ အဲ့ဒါဆို ကျွန်တော့်အတွက် လုံလောက်ပါပြီ။ ပြီးတော့ သူတို့က ကလပ်ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီ ယံလိဂ်ဖလားကိုသိမ်းနိုင်မယ့်သူတွေဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော့်အတွက်တော့ သူတိုက နံပါတ်တစ်တွေပဲ။ မေ့ပျောက်လို့မရတဲ့အသင်းတို့၊ ရှုံးပွဲမရှိအသင်းတို့တင်မကဘူး။ အခု အာဆင်နယ် နံပါတ်တစ် အကောင်းဆုံးအသင်း' ဖြစ်သွားပါပြီ။

တခြားဘယ်သူမှလည်း ဒီဖလား မရဖူးသေးတော့ သူတို့ကို နံပါတ်တစ်နေရာမှာ ထားရမှာပဲ။ ပြန်ဖတွးကြည့်ရင် ကျွန်တော်တို့ ဥရောပပွဲတွေမှာ စိတ်ပျက်စရာကောင်းခဲ့တာကြာပြီ။ လက်ထဲကနေ လွတ်သွားခဲ့တဲ့ Cup Winners’ Cup လည်း ရှိခဲ့ဖူးသလို UEFA Cup တုန်းကလည်း ဂါလာတာစာရေးကို ပင်နယ်တီနဲ့ ရှုံးခဲ့ရတယ်။ လက်ရှိအသင်းအနေနဲ့ အခုအချိန်မှာ ဥရောပစင်မြင့်ထက် တစ်ခုခုအကြီးအကျယ် ချပြဖို့ လိုနေပြီ။"

မာတင်ကီယွန်
ကလပ်

ကီယွန်ဆိုသည်မှာ
^^^^^^^^^^^^^^^^^^^^
အာဆင်နယ် ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ဖလား ယူခဲ့တဲ့ ၂၀၀၃-၀၄ ရာသီ (The Invincibles) ရဲ့ အရေးပါတဲ့ ခံစစ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ အက်ဖ်အေဖလား (၃) ကြိမ်နဲ့ ဥရောပဖလား (၁) ကြိမ်အပါအဝင် ဖလား အမြောက်အမြားဆွတ်ခူးခဲ့ပါတယ်။ အသင်းအတွက် ပွဲပေါင်း (၄၀၀) ကျော်အထိ ကစားပေးခဲ့ပြီး တိုနီအဒမ်စ်၊ ပက်ထရစ်ဗီအဲရာတို့နဲ့အတူ ခံစစ်ပိုင်းကို ကျောက်ဆောင်လို ခိုင်မာအောင်တည်ဆောက်ခဲ့သူပါ။

ပြိုင်ဘက်တို-က်စ-စ်မှူးတွေကို အလျှော့မပေးဘဲ ပြတ်ပြတ်သားသားဖြတ်တောက်တတ်တဲ့ ပုံစံ၊ သစ္စာရှိမှုနဲ့ စိတ်ဓာတ်ပြင်းထန်မှုကြောင့် အာဆင်နယ်ပရိသတ်တွေ ရင်ထဲ အမြဲတမ်း နေရာယူထားတဲ့ ဂန္တဝင်တစ်ယောက် ဖြစ်ပါတယ်။

မေလ ၃၀ ရက်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဥ်မှာ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို အကြိတ်အနယ် ယှဥ်ပြိုင်မှာဖြစ်ပြီး  ပြင်သစ...
28/05/2026

မေလ ၃၀ ရက်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဥ်မှာ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို အကြိတ်အနယ် ယှဥ်ပြိုင်မှာဖြစ်ပြီး ပြင်သစ်နိုင်ငံတစ်ဝန်းလုံခြုံရေးအင်အား ၂၂,၀၀၀ ခန့် ချထားမယ်လို့ ပြည်ထဲရေးဝန်ကြီး လောရန့် နူနက်ဇ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီက အင်တာမီလန်ကို ၅-၀ နဲ့ ဂိုးပြ-တ်အနိုင်ရပြီးနောက် ပဲရစ်မြိုရှိ Champs-Elysees လမ်းမကြီးနဲ့ အသင်းရဲ့ Parc des Princesကွင်းအနီး ပရိသ-တ်အချိုရမ်းကားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာတွေမှာ ဗိုလ်လုပွဲကို တို-က်ရို-က်ပြခဲ့တာလည်း ဖြစ်ပါတယ်။

နူနက်ဇ်က Brut သတင်းဌာနကို ပြောကြားရာမှာ စနေနေ့ပွဲအတွက် တာဝန်ကျမယ့် ရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ ထဲက ၈,၀၀၀ ကို ပဲရစ်မြို့တော်အတွင်း ချသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ပဲရစ်မြို့တစ်ဝိုက်မှာ ရဲအင်အား ၅,၄၀၀ ကျော် ဖြန့်ကျက်ချထားခဲ့ရပြီး ပွဲနေ့ညမှာ ပြင်သစ်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၅၆၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲမှာ ပဲရစ်မြို့တစ်မြို့တည်းက ၄၉၁ ဦး ပါဝင်ခဲ့ပါတယ်။ နောက်တစ်နေ့ညမှာလည်း လူ ၇၉ ဦး ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

လီဂူး ချန်ပီယံဆုကို ၅ နှစ်ဆက် ဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီဟာ အင်္ဂလန်ချန်ပီယံ အာဆင်နယ်နဲ့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ယှဥ်ပြိုင်ရမယ့် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရလဒ်နဲ့ အတူချန်ပီယံဘွဲကို ပထမဆုံးအကြိမ် ရယူနိုင်...
28/05/2026

ပီအက်စ်ဂျီအသင်းနဲ့ ယှဥ်ပြိုင်ရမယ့် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရလဒ်နဲ့ အတူချန်ပီယံဘွဲကို ပထမဆုံးအကြိမ် ရယူနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာသူတို့ရဲ့ ၂၂ နှစ်ကြာ ပရီးမီးယားလိဂ် ချန် ပီယံမဖြစ်နိုင်မှုကိုလည်း အဆုံးသတ်ထားပြီး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့ ဘူဒါပတ်စ်မှာကျင်းပမယ့် ဗိုလ်လုပွဲစဥ်မှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၄ နောက်ပိုင်းပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီးနောက် ဒီဖိုင်နယ်ကို ရောက်လာတာပါ။

ပြီးခဲ့တဲ့ရာသီဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅ ဂိုးပြတ် အနိုင်ယူထားတဲ့ ပီအက်စ်ဂျီအသင်းဟာ ဥရောပဖလားကိုထပ်ယူဖို့ အားသာချက်ရှိတဲ့အသင်းအဖြစ်သတ်မှတ်ခံထားရတာပါ။ ဒါပေမယ့်ပရီးမီးယားလိဂ်အနိုင်ရထားတဲ့ ယုံ ကြည်မှုက အာဆင်နယ်ကို အံ့အားသင့်ဖွယ်အောင်မြင်မှုဆီ တွန်းပိုမယ်လို့ အာတီတာက ယုံကြည်ထားပါတယ်။

သူက “အသင်းထဲကလူတွေ၊ ကလပ်အတွင်းက လူတိုင်းမှာ စွမ်းအင်၊ အကောင်းမြင်စိတ်နဲ့ ယုံကြည်မှုတွေကို ခံစားရတယ်။ ကျွန်တော်တို့က ဒီကလပ်သမိုင်းသစ်ကို ရေးသားဖို့ အံ့သြဖွယ်အခွင့်အရေးရထားတယ်။ ကျွန်တော်တို့ အောင်မြင်နိုင်မယ်ဆိုတာလည်း အပြည့်အဝယုံကြည်ထားပါတယ်။ ကြာသပတေးနေ့မှာ ဘူဒါပတ်စ်ကိုသွားပါမယ်။ ရက်အနည်းငယ်အတွင်း ဥရောပချန်ပီယံဖြစ်မယ်လို့ အပြည့် အဝယုံကြည်ထားပါတယ်” လို့ ပြောပါတယ်။

အသက် ၄၄ နှစ်အရွယ် စပိန်သား အာတီတာက အင်္ဂလန်လိဂ်မန်နေဂျာများအစည်းအရုံး (LMA) ရဲ့ လန်ဒန်မြိုရှိ နှစ်ပတ်လည်ဆုပေးပွဲမှာ ဒီစကားတွေကိုပြောခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ “တစ်နှစ်တာအကောင်းဆုံး မန်နေဂျာ” ဆုကိုလည်း ရရှိခဲ့ပါတယ်။

“ဒီဆုအတွက် ကျေးဇူးတင်ပါတယ်။ အလွန်ကြီးမားတဲ့ ဂုဏ်ယူမှုပါပဲ။ ဒီခန်းမထဲမှာရှိတဲ့ ကြီးကျယ်တဲ့နည်းပြတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရပ်တည်ခွင့်ရတာက ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ ခရီးစဥ်က စိတ်ဝင်စားစရာကောင်းတယ်။ အကြိမ်ကြိမ်နီးကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ခါ အောင်မြင်နိုင်တာက အထူးခြားဆုံးပါပဲ” လို့ ဆိုပါတယ်။

သူ့ကို အင်္ဂလိပ်ဘောလုံးလောကထဲ ဝင်လာအောင် ၂၀၀၅ ခုနှစ်မှာ ခေါ်ယူခဲ့တဲ့ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ် အပါအဝင် သူ့နည်းပြအဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

အသင်းဟောင်းဝက်စ်ဟမ်း ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းရတာနဲ့ ပတ်သ-တ်ပြီး အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ​အင်စတာဂရမ်မ...
27/05/2026

အသင်းဟောင်းဝက်စ်ဟမ်း ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းရတာနဲ့ ပတ်သ-တ်ပြီး အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ​အင်စတာဂရမ်မှာ ပိုစ်တစ်ခုတင်ခဲ့ပါတယ်။ ရိုက်စ်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ချဲလ်ဆီးအသင်းကနေ ထွက်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့အရေးပါ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးဝက်စ်ဟမ်းအသင်းကို သူတို့ရဲ့ ပထမဆုံး ဥရောပဖလားဖြစ်တဲ့ UEFA Europa Conference League ချန်ပီယံဆုရအောင် ကူညီခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး မြောက် လန်ဒန်မှာ အောင်မြင်နေတဲ့အချိန်ထိ အသင်းဟောင်းအပေါ်ထားတဲ့ သံယောဇဉ်ကို မမေ့သေးပါဘူး။

“ ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားရတာကို မြင်ရလို့ ကျွန်တော်တကယ်ကို စိတ်ထိခိုက်မိတယ်။ဒီအသင်းကကျွန်တော့်အတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့အသင်းပါပဲ။ အရင်က ပြောခဲ့သလိုပဲ၊ ဒီအသင်းကြောင့်သာ ဒီနေ့ကျွန်တော် ဒီနေရာထိ ရောက်လာတာပါ။ ဒါပေမယ့် သူတို့မကြာခင် ပရီးမီးယားလိဂ် ပြန်တက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘယ်အချိန်မဆို ကျွန်တော်အားပေးနေမှာပါ” အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းမှာ ၂၀၁၇ ​ကနေ ၂၀၂၃ ထိ ကစားခဲ့ပါတယ်။ သူဟာ စုစုပေါင်း ၂၄၅ ပွဲ ကစားပေးခဲ့ပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဆု​ဖလား ပြန်လည်ရယူပေးခဲ့ပြီးနောက်   အာတီတာဟာ ၂၀၂၅/၂၆ ရာသီရဲ့ Bar...
27/05/2026

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဆု​ဖလား ပြန်လည်ရယူပေးခဲ့ပြီးနောက် အာတီတာဟာ ၂၀၂၅/၂၆ ရာသီရဲ့ Barclays Manager of the Season ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။

ဒီနှစ်ရာသီမှာ အားလုံးရဲ့စုပေါင်းအားနဲ့ဖလားရခဲ့တဲ့ အောင်မြင်မှုဟာ အာဆင်နယ်အတွက် သမိုင်းဝင်အခိုက်အတန့်တစ်ခုလည်းဖြစ်ကာ ၂၀၀၃/၀၄ အာဆင်ဝင်းဂါးရဲ့ “Invincibles” အသင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် လိဂ်ဖလား ပြန်ရလာတာလည်း ဖြစ်ပါတယ်။

အာတီတာဟာ ဝင်းဂါးနောက်ပိုင်း ဒီဆုကို ရတဲ့ ပထမဆုံး အာဆင်နယ်နည်းပြ ဖြစ်လာခဲ့ပြီး ဝင်းဂါးကတော့ သူ့ရဲ့ ချန်ပီယံရာသီသုံးကြိမ်စလုံးမှာ ဒီဆုကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့ပဲ ရပ်တည်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အာတီတာနဲ့ အသင်းသားတွေက တစ်ဆင့်တက်နိုင်ခဲ့ပြီး မန်စီးတီးကို ကျော်ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့အောင်မြင်မှုက ခိုင်မာတဲ့ ခံစ-စ်ပေါ်မှာ တည်ဆောက်တာဖြစ်ပြီး ၃၈ ပွဲမှာ Clean Sheet ၁၉ ပွဲ ယူနိုင်ခဲ့သလို ပေးဂိုး ၂၇ ဂိုးသာ ရှိခဲ့တာက လိဂ်အကောင်းဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။

တို-က်စ-စ်ပိုင်းမှာ ၇၁ ဂိုးသွင်းယူခဲ့ပြီးမန်စီးတီးရဲ့ ၇၇ ဂိုးပြီးရင်ဒုတိယအများဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

အာတီတာဟာ ပရီးမီးယားလိဂ်မှာ ကိုယ်တိုင်ကစားခဲ့ဖူးတဲ့အသင်းနဲ့ ချန်ပီယံဖြစ်တဲ့ ပထမဆုံးနည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ သူဟာ ၂၀၁၁ ကနေ ၂၀၁၆ ထိ အာဆင်နယ်အတွက် ကစားပေးခဲ့သူ ဖြစ်ပါတယ်။

အသက် ၄၄ နှစ် ၅၄ ရက်သာရှိသေးတဲ့ အာတီတာဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးတဲ့ တတိယအသက်အငယ်ဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။ ပထမနဲ့ ဒုတိယနေရာတွေကိုတော့ မော်ရင်ဟိုက ချဲလ်ဆီးနဲ့အတူ ပိုင်ဆိုင်ထားပါတယ်။ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ပရိသတ်မဲတွေနဲ့ ဘောလုံးပညာရှင်အဖွဲ့ရဲ့ မဲတွေပေါင်းစပ်ရွေးချယ်ပြီး ဆန်ခါတင်စာရင်းမှာ ဘရန့်ဖိုဒ်နည်းပြ အင်ဒရူး၊ မန်ယူနည်းပြ ကာရစ်၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ နဲ့ ဆန်းဒါးလန်းနည်းပြ လီဘရစ်တို့လည်း ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားနှစ်လုံးဆွတ်ခူးဖို့ ရည်မှန်းနေပါတယ်။ စနေနေ့ ဘူဒါပက်စ်မှာ ကျင်းပမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီ နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

" Captain ဆိုတာ တစ်ယောက်နဲ့တစ်ယောက် စတိုင်မတူပါဘူး။ တိုနီအဒမ်စ်လို အသံကျယ်ကျယ်နဲ့ အသင်းကို လှုဆော်တဲ့ ခေါင်းဆောင်မျိုးရှ...
26/05/2026

" Captain ဆိုတာ တစ်ယောက်နဲ့တစ်ယောက် စတိုင်မတူပါဘူး။ တိုနီအဒမ်စ်လို အသံကျယ်ကျယ်နဲ့ အသင်းကို လှုဆော်တဲ့ ခေါင်းဆောင်မျိုးရှိတယ်။ ကျွန်တော်က အဲဒီလိုမဟုတ်ဘဲ ကွင်းထဲမှာ ကိုယ်တိုင် ဦးဆောင်ပြသတဲ့ ပုံစံပိုများတယ်။ တခြားသူတွေ ခြေထောက်ထည့်မယ့်နေရာကို ခေါင်းနဲ့ဝင်တို-က်ရဲတဲ့စိတ်ဓာတ်မျိုးနဲ့ ဦးဆောင်ခဲ့တာပါ။

မာတင်အိုဒီဂတ်က ကစားကွက်ပိုင်းဆိုင်ရာနဲ့ ဦးဆောင်တဲ့ နည်းစနစ်ပိုင်း ခေါင်းဆောင် ပုံစံမျိုးပါ။ သူက ဘောလုံးတောင်းဖို့ မကြောက်ဘူး။ကစားကွက် အနှေးအမြန်ကို စိတ်ကြိုက်ထိန်းကျောင်းပေးပြီးသူ့ရဲ့တာဝန်ကို တကယ် အပြည့်အဝကျေပွန်အောင်လုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။

ဒါကြောင့် အသင်းခေါင်းဆောင် သုံးယောက်မှာ မတူညီတဲ့ ခေါင်းဆောင်မှုပုံစံ သုံးမျိုးရှိခဲ့ပြီး အားလုံးက ကောင်းကောင်း ဦးဆောင်နိုင်ခဲ့တယ်လို့ ထင်တယ်။ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အောင်မြင်တာ တကယ်ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲ။

ဒါပေမယ့် အခုအချိန်မှာ အဲဒီဓာတ်ပုံတွေကို ပြန်ကြည့်ရင် ဖလားမြှောက်တဲ့အခိုက်အတန့်တင် မဟုတ်တော့ပါဘူး။ အဲဒီနောက်ကွယ်မှာ ကစားသမားအားလုံးရဲ့ ပျော်ရွှင်မှု၊ ခက်ခဲချိန်တွေ အတူကျော်ဖြတ်ပြီး နောက်ဆုံး ချန်ပီယံဖြစ်လာခဲ့တဲ့ အသင်းတစ်သင်းရဲ့ စိတ်ဓာတ်တွေကို မြင်နေရပါတယ်။ အဲဒီလို ထူးခြားတဲ့ အောင်မြင်မှုတစ်ခု ရယူနိုင်ခဲ့တဲ့ အသင်းကို ဦးဆောင်ခွင့်ရတာက အရမ်းဂုဏ်ယူစရာပါ”

ပက်ထရစ် ဗီအဲရာ
- အသင်းခေါင်းဆောင်ဟောင်း

အားလုံးသိတဲ့အတိုင်း အာဆင်နယ်အသင်းဟာ  တနင်္ဂနွေက Selhurst Park မှာ ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ယူပြီး ပရီမီးယားလိဂ်ဖလားကို  ...
26/05/2026

အားလုံးသိတဲ့အတိုင်း အာဆင်နယ်အသင်းဟာ တနင်္ဂနွေက Selhurst Park မှာ ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ယူပြီး ပရီမီးယားလိဂ်ဖလားကို တရားဝင်ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးက အမှတ်လျော့ခဲ့ပြီးနောက် အာဆင်နယ်ဟာ ၂၂ နှစ်ကြာ စောင့်ခဲ့ရတဲ့ လိဂ်ဖလားကို ဒီအပတ်အတွင်းမှာပဲ သိမ်းပိုက်ခဲ့တာပါ။ သုံးရာသီဆက် ဒုတိယနေရာနဲ့သာ ကျေနပ်ရတဲ့နောက်ပိုင်း ဒီအောင်မြင်မှုက အာဆင်နယ်အတွက် အပြည့်အဝထိုက်တန်ခဲ့ပြီး အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်လည်း ဒီခရီးမှာ အဓိကအခန်းကဏ္ဍကနေ အားဖြည့်သွားပါတယ်။ ကွင်းလယ်မှာ အားကုန်ထုတ်ကစားခဲ့ပြီး ချန်ပီယံဖြစ်ဖို့ အစွမ်းကုန်တွန်းအားပေးခဲ့သူပါ။

ဒါပေမယ့် သူတစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ အက်ဇီလည်းပါ ဝင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ပြီး ရိုက်စ်က နိုင်ငံကစားဖော်ကိုအထူးချီးကျူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝုလ် နဲ့ ၂-၂ သရေကျခဲ့တဲ့ ခက်ခဲတဲ့အချိန်မှာ အက်ဇီက တည်ငြိမ်မှု ယူဆောင်ပေးခဲ့သူလို့ ပြောခဲ့ပါတယ်။

“သူက အရမ်းတည်ငြိမ်တဲ့သူပါ။ ကွင်းထဲမှာ မြင်ရသလိုပဲ ကွင်းပြင်မှာလည်း အေးဆေးပါပဲ။ အသင်းသားအားလုံးကို တည်ငြိမ်အောင် လုပ်ပေးခဲ့ပြီး တကယ်ကောင်းခဲ့ပါတယ်။ ဒီရာသီ အသင်းကို နောက်ကွယ်က တာဝန်ယူပြီး ရပ်တည်ပေးခဲ့တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ လူတိုင်းက သူတို့ကို ခေါင်းဆောင်လို့ မမြင်ပေမယ့်၊ အသင်းထဲမှာ စကားပြောပေးတယ်။ တစ်ယောက်ချင်းစီ တိတ်တိတ်လေး တွန်းအားပေးခဲ့ကြတယ်။ ဒီရာသီအောင်မြင်မှုက တစ်သင်းလုံးရဲ့ စုပေါင်းအားထုတ်မှုပါပဲ။”လို့ ရိုက်စ်က ချီးကျုးသွားပါတယ်။

အက်ဇီဟာ ခေါင်းဆောင်စတိုင်ကစားသမားတစ်ယောက်လို မသိကြပေမယ့် အာဆင်နယ် အခက်အခဲကြားကာလတွေမှာ သူယူဆောင်ခဲ့တဲ့ တည်ငြိမ်မှုက အသင်းအတွက် အကြီးမားဆုံး ကွာခြားချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ရိုက်စ်က ၃၆ ပွဲထိ ကစားခဲ့ရာ ၄ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အက်ဇီက ၃၁ ပွဲမှာ ၇ ဂိုးသွင်း ၂ ဂိုး ဖန်တီးခဲ့ပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Gunner World 2.0ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์