Khit Thit Eain စစ်မိစ္ဆာ နတ်မိစ္ဆာ ဝိနည်းမိစ္ဆာ အထူးဖိုက်တာ (နိဗ္ဗာန်လမ်း )

ကိုယ့်ဇာတ် ကိုယ်နိုင်မှ ကနော်🤣ရှင်းတမ်းတွေလာပြီ 🤣 ဒီဘက်ကရှင်းရင်း🤣ဟိုဘက်မှာ ရှုပ်သလို ဖြစ်မလားဦးမယ်🤣🤣🤣
11/10/2025

ကိုယ့်ဇာတ် ကိုယ်နိုင်မှ ကနော်🤣
ရှင်းတမ်းတွေလာပြီ 🤣 ဒီဘက်ကရှင်းရင်း🤣ဟိုဘက်မှာ ရှုပ်သလို ဖြစ်မလားဦးမယ်🤣🤣🤣

ပုဂ္ဂိုလ်ထူးနောက်လိုက်ရခြင်း အကြောင်း
**************************************
စပါးစိုက်တတ်တဲ့သူတွေပဲ ထမင်းစားပိုင်ခွင့်ရှိတာလား မဟုတ်ပါဘူးနော် စပါးမစိုက်တတ်တဲ့ ကလေးသူငယ်လည်း ထမင်းစားခွင့်ရှိပါတယ်။ ဆရာဝန်တွေက ဆေးရာဝန်တွေကိုပဲ ဆေးကုပေးတာလား မဟုတ်ပါဘူးနော် ဆေးပညာမတတ်တဲ့ သူတွေကိုလည်း ကုပေးပါတယ်နော် ။
အပင်အကြောင်းနားလည်သူဟာ အပင်စိုက်နည်းဖြင့် လောကကို အကျိုးပြုသလို ဆေးဆရာဝန်က ဆေးကုသခြင်းဖြင့် လောကကို အကျိုးပြုရပါသည်။ လူတယောက်ချင်းစီရဲ့ သိတတ် နားလည်မူအားလုံးသည် လောကကို အပြန်အလှန် အကျိုးပြုနေကြပါသည်။ တဦးတည်း အတွက် မဟုတ်ပါဘူးနော်။
အတတ်ပညာ တခုဆီမှာ ထူးခြားမူတခုဆီတော့ ပိုင်ဆိုင်ကြပါတယ်။ လယ်သမားက ဆေးပညာ အတတ်ပညာကို နားမလည်နိုင်သလို ဆေးဆရာဝန်ကလည်း အပင်စိုက်ခြင်း ပညာကို နားမလည်နိုင်ပါဘူး ။ ဒီလို နည်းပညာတွေက သီးခြားရပ်တည်နေတာဖြစ်လို့ သီးခြားပိုင်ဆိုင်လို့ရပါတယ်။
နိဗ္ဗာန်ဆိုတာကျတော့ သီခြားရပ်တည် မရပါဘူး ။ သစ္စာတရားရဲ့ ဂုဏ်ကျေးဇူးကို လူတိုင်း သိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်သွားမည့် နည်းကို သိတဲ့သူက တခြားသူတွေပါ သိအောင် ပြန်လည်ပြီး ချပြပေးရမှာဖြစ်ပါတယ်။ နိဗ္ဗာန်သိသူ တယောက်တည်း နိဗ္ဗာန် မရနိုင် မရောက်နိိုင်ပါဘူး။
နိဗ္ဗာန်ဆိုတာ လူတဦး တယောက်တည်း ပိုင်ဆိုင်လို့ရတဲ့ အရာမဟုတ်ပါဘူး ။ ဒါကြောင့် လည်း သစ္စာလေးပါးမြင်ပြီး နိဗ္ဗာန်ရှိတယ် ဟောခဲ့ မြတ်စွာဘုရားတောင် လူတွေကို တရာဟောဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ လူတွေလည်း သစ္စာလေးပါသိပြီး နိဗ္ဗာန်ကို ရလိုမူပေါ် ဘဝကို လူဖြစ်ရကျိုး နပ်ချင်ကြတာဖြစ်ပါသည်။
နိဗ္ဗာန်ဆိုတာက အတ္တတွေရဲ့ လှည့်စားမူမှ ကင်းဝေစေရန် ရည်ရွယ်ချက်ဖြစ်ပါတယ်။ အတ္တတွေရဲ့ လှည့်စားမူမှ မကင်းဝေးရင် တဏှာဖြစ်ပါတယ်။ ဒါကြောင့် လူသားတိုင်း အတ္တတွေရဲ့ သားကောင်မဖြစ်ရေး ဝိုင်းဝန်းထိန်းသိမ်းပေးရတဲ့ အလုပ်ဖြစ်ပါသည်။ အဲဒီတော့ လူအများစု အတ္တရဲ့လှည့်ကွက်အောက်မှာ ရှိနေရင် နိဗ္ဗာန်သိသူဟာလည်း အထိုက်အလျှောက် လှိုင်းဒဏ်ခံရတာပါပဲ ။
နိဗ္ဗာန်သိသူကို အတ္တတွေက ဖမ်းဆီးချုပ်နှောင် လိုက်ရင်သော်လည်းကောင်း ရောဂါတခုဖြင့် အနိစ္စရောက်သွားရင်သော်လည်းကောင်း လမ်းပြန်ပျောက်သွားနိုင်ပါသည်။ နိဗ္ဗာန်ရောက်ရန် တည်ဆောက်မူတွေ မပြီးဆုံးသေးလို့ဖြစ်ပါသည်။
အဲလို နိဗ္ဗာန်သိသူ ဘဝတပါးရောက်သွားတာ နိဗ္ဗာန်ရောက်တယ်လို ဆိုလို့မရပါဘူး ။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတယ်ဆိုတဲ့ စကားရပ်ကို မြတ်စွာဘုရား နိဗ္ဗာန်ရောက်နေတယ် ပြောလို့မရဘူးနော် ။ မီးဇာကုန် ဆီခမ်းပြီး အလင်းပျောက်တဲ့ ဆီမီးခွက်နှင့်တူပါတယ်နော်။ နိဗ္ဗာန်ဟာ လူတယောက်တည်း ပိုင်ဆိုင်တာ မဟုတ်လို့ပါ။ လူတယောက်တည်းမှာ ရှိနေလို့မဟုတ်ပါ ။ လူတယောက် တမလွန်ကူးသွားရင် လူသားအကျိုးကို ဆက်မလုပ်နိုင်ခြင်း မီးငြိမ်းသွားသည်ဟု ဆိုပါသည်။
နိဗ္ဗာန်လမ်းသိရန်တရားကျင့်သူကို သောတပန် အနာဂမ် ရဟန္တာ စသည်ဖြင့် အမည်အမျိုးမျိုး သုံးစွဲနေကြတာတွေ့ရပါသည်။ မြတ်စွာဘုရားက လောကမှာ လူသုံးမျိုးပဲရှိပါသည်။ စူဠသီလ ( ကလေးအရွယ်မှ ပညာဗဟုသုနည်းသော လူကြီးအထိ ) မဇ္ဈိမသိလ ( အလယ်အလတ် အရွယ်မှ အလယ်တန်း ဗဟုသုရှိသော လူကြီးအထိ ) မဟာသီလ ( အတွေးအခေါ်ရှိသော ခေတ်ပညာတတ် ပညာရှင်ကြီးများ) သုံးမျိုးပဲ ခွဲခြားပေးခဲ့ပါတယ်နော်။
သောတပန်ဆိုတာ ယနေ့ခေတ်လိုဆိုရင် သင်လွယ် တတ်လွယ် သိလွယ် ပြုပြင်လွယ်တဲ့ လူတွေကို ဆိုလိုနိုင်ပါတယ်။ အဲဒီလူတွေ ပေါများလာရင် တခြားသူတွေကို ဓမ္မ လက်ဆင့်ကမ်း ပေးလို့ရမှာဖြစ်ပါသည်။ သင်လွယ် သိလွယ် တတ်လွယ်က မဇ္ဈိမသီလ အလယ်အလတ်တန်းစား မှာရှိပါသည်။
သစ္စာဆိုတာ အမှန်ကိုသိပြီး အမှားကို ပါယ်ဖို့ စိတ်အားထက်သန်သူဖြစ်ပါသည်။ မဇ္ဈိမသီလ ရှိသူတွေက နိဗ္ဗာန်ရဲ့ လမ်းကို သိမြင်ပြီး သောတပန် ဖြစ်နေတယ်လို့ ဆိုနိုင်ပါသည်။ သောတပန် မဇ္ဈိမသီလ အဆင့်မှာ စိတ်အားထက်သန်မူရှိသော်လည်း နိဗ္ဗာန်ရောက်သည်အထိ နည်းလမ်း မသိသေးပါ ။ မဟာသီလ အတွေးအခေါ်ပညာရှင်အဆင့်မှ နိဗ္ဗာန်ကို ဘယ်လိုတည်ဆောက်ရမည်ဆိုတာ သိနိုင်ပါသည်။
မဇ္ဈိမသီလဆိုတာ မြတ်စွာဘုရားလက်ထက် ဘိက္ခုအမည် ယခုခေတ် ရဟန်းတွေကို ဆိုလိုပါသည်။ မြတ်စွာဘုရား တရားတပုဒ်ဟောလိုက်တာနဲ့ အမှားတွေကို ပါယ်ပြီး အမှန်ကို ချပြဖို့ စိတ်အားထက်သန်သော သောတပန်တွေဖြစ်ပါသည်။ယနေ့ခေတ် မဇ္ဈိမသီလ သိလွယ် မြင်လွယ်
ပြင်လွယ်တဲ့ သူအားလုံး ဖြစ်ပါသည်။
နိဗ္ဗာန်ဆိုတာ ပုဂ္ဂိုလ်ထူးတွေ ခံစား စံစားရတဲ့ နေရာလည်းမဟုတ် ဘုံတခုလည်းမဟုတ် ။ လောကအကျိုး ဖြစ်ထွန်းမူအပေါ် သူတော်ကောင်းတရားတွေ ရရှိမူတခုသာဖြစ်ပါသည်။ လောကအကျိုးပျက်စီးရင် မဇ္ဈိမသီလ (သောတပန်)လည်း ဆင်းရဲတာပါပဲ ။ မဟာသီလ ( နိဗ္ဗာန်) တည်ဆောက်နိုင်သူလည်း ဆင်းရဲရတာပါပဲ ။
ဥပမာ ခြင်တွေ ပေါများတဲ့ နေရာမှာ မဇ္ဈိမသီလလည်း ခြင်တွေခါချနေရမှာပဲ မဟာသီလလည်း ခြင်တွေခါချနေရမှာပဲ ။ အတ္တတွေ များနေချိန် မိမိဆီ မကူးစက်အောင် ခါချနေရင်း အိပ်ရေးပျက်တာခံရတာပါပဲ ။ အဲဒါကြောင့် မြတ်စွာဘုရားက လူတွေဆင်းရဲနေချိန် ဘိက္ခူ တွေလည်း ဆင်းရဲရပါတယ်လို့ ဟောကြားခဲ့ပါတယ်။
ထို့ကြောင့် နိဗ္ဗာန်ဟာ တဦးတယောက်ပိုင်ဆိုင်မူ မဟုတ်ပါ ။ နိဗ္ဗာန်လမ်းစဉ်မှာ ပုဂ္ဂိုလ်ထူးမရှိပါ ။ ခြင် မကိုက်အောင် လုပ်နည်းသိသူနှင့် ခြင်ကိုက်ခံရမူ ပိုများသူ အနည်းငယ်သာကွာပါသည်။ တဏှာပါယ်နိုင်သူနှင့် တဏှာထဲပျော်နေသူ ဒီလောက်ပဲ ကွာပါမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည် 🙏🙏🙏

စာရေးသူ Saw Gaw Tone (တရားမျှတမူနိဗ္ဗာန်)

11/10/2025

ခေတ်အဆက်ဆက် ဂျင်းတွေ 🤣🤣🤣

ဒီကရှင်း 🤣ဟိုဘက်မှာ ရှုပ်🤣ပရုတ်လုံးဖြစ်တော့မှာပဲ🤣🤣🤣
09/10/2025

ဒီကရှင်း 🤣ဟိုဘက်မှာ ရှုပ်🤣
ပရုတ်လုံးဖြစ်တော့မှာပဲ🤣🤣🤣

နစ္စ ဂီတ အကုသိုလ်ဖြစ်လား
***************************
နစ္စ ဂီတ ဆိုတာ ယနေ့ခေတ်နဲ့ အလွယ်ဆုံးပြောရလျှင် ရုပ်ရှင် ဗွီဒီယို ဇာတ်လမ်း တေးဂီတ ဇာတ်ပွဲ အနုပညာဖန်တီးမူ အားလုံးကို ဆိုလိုပါသည်။ ဒီအနုပညာဖန်တီးမူတွေဟာ လူတွေကို ဖျော်ဖြေရေးအတွက် အဓိက အသုံးပြုနေကြခြင်းဖြစ်ပါသည်။
ဖျော်ဖြေရေးဆိုတာ စိတ်အပန်းဖြေတာ သာယာကြည်နူးမူကိုပြတာ စိတ်ရွှင်လန်းဆန်းစေတာ စသည်တို့သည် ဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်သည့် အဓိက စွမ်းအင်တခုဖြစ်ပါသည်။ ကလေးအိပ်အောင် သီးချင်ဆိုပြရတာပဲ မဟုတ်ပါလား ။ ဒါကြောင့် နစ္စ ဂီတဟာ လူသားတွေအတွက် အဓိက စိတ်စွမ်းအင်တခုဖြစ်လို့ အကုသိုလ် မဖြစ်ပါဘူး ။
နစ္စ ဂီတ ကို အကုသိုလ်အဖြစ် တားမြစ်ထားခြင်းမှာ ရဟန်း သံဃာတွေအတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရဟန်း သံဃာတွေ တည်ဆောက်ရမည့် ဝိနည်းတွေကို လူတွေကို မတည်ဆောက်ခိုင်းရဘူးလို့ ဝိနည်းထုတ်ထားပါတယ်။လူတွေကို တည်ဆောက်ခိုင်းရာကနေ ဒီလို အုတ်ရောရော ကျောက်ရောရော ဖြစ်သွားရတာပါ။
နစ္စ ဂီတဆိုတာ အထက်မှာဖော်ပြသလို အနုပညာရှင် တွေက လူတွေကို အမောပြောစေဖို့ ဇာတ်ကွက်ရေး တီးလုံး သံစဉ်ဖန်တီး စသည့် အသစ်အဆန်းတွေ ဖန်းတီးပြီး ဖျော်ဖြေတာဖြစ်ပါတယ်။ ဥပမာ အလွမ်းရုပ်ရှင်ဆို အငို အဆွေးတွေ ပါမယ် လူတွေကြည့်ပြီး ဆွေးကြမယ် ။ ဟာသဆို လူတွေကြည့်ပြီးရယ်ကြမယ် ။
အနုပညာဆိုတာက စိတ်ပညာကိုဖန်တီးပြီး လူတွေကို ဆွဲဆောင်မူရှိအောင် ဇာတ်ကွက်ဖော်ထားတာဖြစ်ပါတယ်။ လူတွေက စိတ်ပညာအရ ဖန်တီးထားတဲ့ ဇာတ်ကွက်ထဲလိုက်ပြီး စီးဝင် လွင့်မျှော သွားကြပါတယ်။ တနည်းအားဖြင့် ယုံကြည်အောင် ဖန်တီး ခြင်းလို့ ဆိုခြင်းဖြစ်ပါသည်။
အဲဒိတော့ သာသနာအဆုံးအမဆိုတာ စိတ်ကူးယဉ် ဇာတ်လမ်းတွေလိုမျိုးမဟုတ် စိတ်ပညာဖြင့် လှည့်စားလို့ရတဲ့အရာမျိုးမဟုတ် ။အနာနဲ့ဆေး အပ်စပ်အောင် ကုသပေးသော ဟုတ်ကြောင်း မှန်ကန်စွာပြောရသည့် သစ္စာတရားပင်ဖြစ်သည်။ အနုပညာလို စိတ်ပညာတွေသုံးပြီး ဇာတ်ကွက်ထဲ ပါလာအောင် လိုရာဆွဲခေါ်သည့် အရာမျိုး မဟုတ်ပါ ။
ထို့ကြောင့် နစ္စ ဂီတဆိုတာ လူတွေအတွက် စိတ်ခွန်အားဖြစ်စေသည့် စွမ်းအားတခုပြီး ဖျော်ဖြေရေး လုပ်ငန်းစဉ်ဖြစ်ပါသည်။ နစ္စ ဂီတဟာ လူတွေကို ပညတ်ထားတာမဟုတ်ပါ ။ ရဟန်းတွေကို ဝနည်းချမှတ်ပေးထားခြင်းသာဖြစ်သည်။ ဒါကြောင့်လည်း ရဟန်း ဝိနည်း လူတွေကို လိုက်ကျင့်သုံးခြင်းမပြုလို့ ထပ်မံ ဖော်ပြထားပြီးဖြစ်ပါသည်။
ရဟန်းတွေ နစ္စ ဂီတ ဘာကြောင့် စောင့်ထိန်းရသလဲဆိုရင် အနုပညာဆန်ဆန် စိတ်ပညာဆန်ဆန် အတွေးအခေါ်ဆန်ဆန် စသည်တို့ဖြင့် တရားဟောပြောခြင်းမပြုကြရန် တားမြစ်ထားခဲ့ခြင်းဖြစ်ပါသည်။ယုံတမ်းစကားတွေဖြင့် တရားဟောခြင်းသည် နစ္စ ဂီတ လုပ်ခြင်းသာဖြစ်ပါကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည် ။🙏🙏🙏

စာရေးသူ Saw Gaw Tone

#နစ္စဂီတ

09/10/2025

ဒယ်အိုးကတော့ ဒဲ့လွတ်ပြီ🙏🙏🙏

မြန်မာတွေပျင်းချက် အတိတ်ကံတဲ့ မိစ္ဆာဇီဝတွေချမ်းတာ
09/10/2025

မြန်မာတွေပျင်းချက် အတိတ်ကံတဲ့ မိစ္ဆာဇီဝတွေချမ်းတာ

အတ္တနဲ့ အနတ္တ ပြိုက်ဖက်
09/10/2025

အတ္တနဲ့ အနတ္တ ပြိုက်ဖက်

အတ္တနှင့် အနတ္တ ပြိုင်ဖက်
************************
အတ္တကို ဖယ်ရှားမှ အနတ္တဖြစ်မယ် ။အနတ္တကိုဖယ်ရှားမှ အတ္တဖြစ်မယ်။ ဒါက လောကသဘာဝနှစ်ခုရဲ့ အားပြိုင်မူ အမှန်တရားပဲ ။ အမှန်တရားတွေ အားကောင်းချင်ရင် အမှားတွေကို ဖယ်နိုင်ရမယ်။ အမှားတွေကလည်း သူတို့ဝါဒ ကြီးစိုးချင်ရင် အမှန်တွေကို မတရားဖမ်းဆီးချုပ်နှောင်မှာဖြစ်ပါသည်။
အနတ္တ (ကုသိုလ်)ဖြစ်ချင်ရင် အမှန်တရားတွေ များများလုပ်ကြ ။ အတ္တ (အကုသိုလ်)တွေများနေရင် အနတ္တ( ကုသိုလ်)တွေ များများ စည်းလုံးညီညွတ်ကြ ။ ဒါကို အကုသိုလ်တွေများနေချိန် ကုသိုလ်တွေ များမျးလုပ်ဆိုတာ စကားကို မတင် မကျ လှည့်စားထားတာဖြစ်တယ် ။
ဓမ္နဆိုတာ ရှင်းရှင်းလေးပဲ အတ္တတွေများနေရင် အဲဒီလူ့လောက ဆင်းရဲဒုက္ခ(အကုသိုလ်)ဖြစ်မယ် ။ အနတ္တတွေများနေရင် အဲဒီလူ့လောက တိုးတက်အောင်မြင်(ကုသိုလ်)ဖြစ်နေမယ်။ အတ္တ(အကုသိုလ်)များနေရင် သစ္စာတရားတွေ မတရားဖမ်းဆီးချုပ်နှောင်ခံရမယ်။ အနတ္တ(ကုသိုလ်)တွေများနေရင် အတ္တတွေ နည်းပါးသွားမယ်။
မြန်မာနိုင်ငံလိုမျိုး မြတ်စွာဘုရားတကယ်ရှိနေရင် အာဏာရှင်တွေက ရှိခိုးပူဇော်ထားမယ်ထင်လား ။ အတ္တ (အကုသိုလ်)အတွက် သစ္စာတရားဆိုတာ ပြိုင်ဖက်ပဲလေ ။ အမှန်တရားဆိုတာ ဖုံးကွယ်နိုင်မှ မတရားချုပ်နှောင်ထားမှ အာဏာရှင်တွေအတွက် လိုသလို ချုပ်ကိုင်လို့ရမှာဖြစ်ပါသည်။
အနတ္တ(ကုသိုလ်) လမ်းစဉ်မှာက လက်တွဲခေါ်သွားတာဖြစ်တယ်။ အဲဒါကိူ မြတ်စွာဘုရားဆိုတာ မေတ္တာရှင်ကြီးဆိုပြီး အမွန်းတင်နေကြတာ ။ အာဏာရှင်နဲ့တွေ့ရင် ဘုရားလည်း မတရားဖမ်းဆီးခံရမှာပဲ ။ မေတ္တာဆိုတာ ကုသိုလ်တရားတွေက များနေတော့ လက်တွဲခေါ်ပြီး လမ်းမှန်ကို ခေါ်ပေးကြတာမျိုးကို ခေါ်ပါတယ်။
မြန်မာနိုင်ငံလို အတ္တ(အကုသိုလ်)များနေချိန် ဘယ်လို မေတ္တာရှင်မှ အန်တုလို့မရပါဘူး ။ ထားရာနေ စေရာသွား နေရမှာဖြစ်ပါသည်။ အတ္တ(အကုသိုလ်)ရဲ့ ကြမ်းတမ်းမူနဲ့ အနတ္တ(ကုသိလ်)ရဲ့ နူးညံ့မူ ကွာခြားရခြင်းဖြစ်ပါတယ်။ အတ္တဖက်အားကြီးရင် ဘာမှ မခံနိုင်ပါဘူး ။အနတ္တ(ကုသိုလ် ) အားကြီးရင် ခွင့်လွတ်သည်းခံ ပြီးနားလည်အောင် ဆွဲခေါ်တတ်ကြပါသည်။
ခွင့်လွတ်တယ် သည်းခံတယ်ဆိုတာ အနတ္တ(ကုသိုလ်)တွေအားကြီးနေချိန် ကာလကို ခေါ်ပါတယ်။ အတ္တ (အကုသိုလ်)တွေ အားကြီးနေချိန်ကို ပြောတာ မဟုတ်ပါ ။ ဓမ္မ လောသဘာဝ သစ္စာတရားဆိုတာ လောကအခင်းအကျင်းပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့်လည်း သည်းခံတယ်ဆိုတာ ကောင်းဖို့အတွက် ကြိုးစားအားထုတ်ရခြင်းလို့လည်း ခေါ်လို့ရပါတယ်။
ထို့ကြောင့် မြတ်စွာဘုရားရဲ့သာသနာဆိုတာလည်း Revolution ဖြစ်ပါသည်။ အတ္တ(အကုသိုလ် ) အလုပ်အမှားတွေကို ဖယ်ရှားပြီး အနတ္တ(ကုသိုလ်) သူတော်ကောင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ဖြစ်ပါသည်။ ဒါကြောင့် မြတ်စွာဘုရားက မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ချပြပေးပြီး မိစ္ဆာဒိဋ္ဌိ မဖြစ်ကြနဲ့ အဲဒါ အတ္တဖြစ်ကြောင်းလမ်းစဉ်တွေပဲဟု ဟောထားခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။🙏🙏🙏

စာရေးသူ Saw Gaw Tone (Justice Nibban )

ဘယ်တန်ခိုးရှင်မှကယ်မရဘူး
09/10/2025

ဘယ်တန်ခိုးရှင်မှကယ်မရဘူး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khit Thit Eainผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์