Shwe See Sar Entertainment

Shwe See Sar Entertainment ဗဟုသုတတွေ တင်ဆက်ပေးသွားမှာမို့လို့ Like & Follow ထားကြနော်🥰

23/07/2025

ကြိတ်ကြိတ်တိုးရောင်းကောင်းတဲ့ အိန္ဒိယက နာမည်ကျော်ချိစ်ပေါင်မုန့်ညှပ်

#ဗဟုသုတ

Black Diamond (အနက်ရောင်စိန်)လို့ခေါ်တဲ့ အနက်ရောင်ပန်းသီးဟာ တကယ်တော့ အနက်ရောင်မဟုတ်ဘဲ ခရမ်းရောင်တောက်တောက်ပါ။ တရုတ်ပန်းသ...
23/07/2025

Black Diamond (အနက်ရောင်စိန်)လို့ခေါ်တဲ့ အနက်ရောင်ပန်းသီးဟာ တကယ်တော့ အနက်ရောင်မဟုတ်ဘဲ ခရမ်းရောင်တောက်တောက်ပါ။

တရုတ်ပန်းသီးအနီမျိုးရင်းကနေ ဆင်းသက်လာတဲ့ရှားပါးမျိုးစိတ်ဖြစ်ပြီး တိဘက်တောင်တန်းဒေသရှိ မြို့ငယ်လေးတစ်မြို့မှာ ပေါက်ရောက်ပါတယ်။ နေ့ဘက်တွင် ခရမ်းလွန်ရောင်ခြည်များစွာရရှိပြီး ညဘက်တွင် အပူချိန်သိသိသာသာပြောင်းလဲမှုကြောင့် ပန်းသီးအခွံဟာ နက်မှောင်တဲ့အရောင်ဘက်ကို ပြောင်းသွားခြင်းပါပဲ။

အခွံ့မည်းပေမယ့် အတွင်းသားကတော့ အခြားပန်းသီးတွေလိုပဲ အရောင်ဖွေးပါတယ်။ အနက်ရောင်ပန်းသီးကို အခြားပန်းသီးများကဲ့သို့ပင် ဆောင်းဦးရာသီတွင် ဆွတ်ခူးကြသော်လည်း သစ်ပင်ပေါ်ကဆွတ်ခူးပြီးခါစတွင် အလွန်ချဥ်ပါသည်။

သို့သော် လအနည်းငယ်ကြာအောင် သိုလှောင်ထားပြိးနောက်မှာတော့ ပိုမိုချိုလာပြီး မာကျောသောအတွင်းသားသည် နူးညံ့လာပြီး ပိုစားကောင်းလာပါသည်။
အနက်ရောင်ပန်းသီးသည် ချိုမြိန်ပြီး ကြွပ်ဆတ်သောအရသာရှိသော်လည်း အာဟာရဖြစ်စေတဲ့ဓါတ်ပါဝင်မှုကတော့ အခြားပုံမှန်ပန်းသီးတွေနဲ့ အတူတူပါပဲ။

#ဗဟုသုတ #ဗဟုသုတ

22/07/2025

အိန္ဒိယမှာ လက်သည်းနီတွေကို ဒီလိုခေတ်မီစွာ ထုတ်လုပ်နေကြပြီ
#ဗဟုသုတ

Coldplay ပွဲမှာ အရှက်ရခဲ့တဲ့ နည်းပညာကုမ္ပဏီ စီအီးအို ဇနီးရဲ့ တုံ့ပြန်ချက်😲အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ မီဂန် ကယ်ရီဂန...
21/07/2025

Coldplay ပွဲမှာ အရှက်ရခဲ့တဲ့ နည်းပညာကုမ္ပဏီ စီအီးအို ဇနီးရဲ့ တုံ့ပြန်ချက်😲

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ မီဂန် ကယ်ရီဂန် ဘိုင်ရွန်ပါ။
ဒီကာလဟာ ကျွန်မဘဝရဲ့ အခက်ခဲဆုံး အချိန်ပါပဲ။ ဒီလိုပုံစံမျိုးနဲ့ လူအများရှေ့ကို ရောက်လာမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးထားခဲ့မိသလို ကျွန်မခင်ပွန်းက ကျွန်မကို သစ္စာဖောက်လိမ့်မယ်လို့လည်း တစ်ခါမှ မထင်ခဲ့မိပါဘူး။ အန်ဒီဘိုင်ရွန်နဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ ယုံကြည်မှု၊ လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာတွေအပေါ်မှာ တည်ဆောက်ထားတယ်လို့ ကျွန်မ အမြဲယုံကြည်ခဲ့ပါတယ်။

အလုပ်မှာအရေးကြီးကိစ္စရှိလို့ အိမ်ကို အချိန်မှန်ပြန်မလာနိုင်ဘူးလို့ သူပြောတဲ့အချိန်တိုင်းမှာ ကျွန်မသူ့ကို ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တွေတုန်းက သူက တခြားမိန်းမတစ်ယောက်နဲ့ ရှိနေခဲ့တယ်ဆိုတာ နောက်မှ သိလိုက်ရပါတယ်။ ကျွန်မတို့ မိသားစုနဲ့ ကျွန်မတို့ ကလေးတွေအတွက် သူကြိုးစားပြီး အလုပ်လုပ်နေတာပါလို့ ကျွန်မ ရိုးရိုးလေးပဲ ထင်ခဲ့မိတယ်။
ဒါပေမယ့် Coldplay ပွဲမှာ Kiss Cam နဲ့ မိသွားခဲ့တဲ့ကိစ္စဟာ အရာအားလုံးကို ပျက်စီးစေခဲ့ပါတယ်။
အန်ဒီနဲ့ ခရစ္စတင်ကဘော့(HR မမ) တို့ ဖက်လျက်သားရှိနေကြပြီး Kiss Cam ကို မြင်တော့မှ အလျင်စလိုပုန်းလိုက်ကြတာကို မြင်လိုက်ရတဲ့အခါ ဘယ်လိုမှ ဖော်ပြလို့မရတဲ့ အရှက်ရမှုနဲ့
နာကျင်မှုကို ခံစားလိုက်ရပါတယ်။ ကျွန်မခင်ပွန်းရဲ့ အဲ့လုပ်ရပ်တွေကို ကျွန်မ လုံးဝလက်မခံနိုင်ပါဘူး။

သူဟာ ကျွန်မ ဂုဏ်ယူခဲ့ရတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့သလို ကလေးတွေရဲ့ အလေးစားဆုံး
ဖခင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ သစ္စာဖောက်မှုဟာ ကျွန်မရဲ့ ဂုဏ်သိက္ခာကို နင်းခြေလိုက်ရုံသာမကဘဲ ကျွန်မတို့ မိသားစုတစ်ခုလုံးကို သစ္စာဖောက်လိုက်တာပါပဲ။
ကျွန်မ သူ့ကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မကို သစ္စာဖောက်ခဲ့တဲ့လူတစ်ယောက်နဲ့ တစ်အိပ်ယာတည်း မအိပ်နိုင်တော့ပါဘူး။ သူလုပ်ခဲ့တဲ့လုပ်ရပ်က မနှစ်မြို့စရာကောင်းတဲ့အပြင် ကျွန်မကလေးတွေဟာ သူတို့ကို တန်ဖိုးမထားတဲ့ ဖခင်တစ်ယောက်ကို နေ့တိုင်း မျက်နှာချင်းဆိုင်တွေ့နေရတာမျိုးကိုလည်း ကျွန်မ မလိုလားပါဘူး ။ ကျွန်မ ကလေးတွေကို ခေါ်ပြီး ဒီမနှစ်မြို့စရာလူကို နောက်မှာထားခဲ့တော့မယ် လို့ ထုတ်ပြန်ခဲ့တာပါ

Kiss Cam ကိစ္စဖြစ်သွားပြီးနောက် အချိန်ခဏလေးအတွင်းမှာ လူပေါင်းများစွာဟာ မီဂန်ဘိုင်ရွန်ဆီ စာတွေပို့ခဲ့ကြပါတယ်။ နာရီပိုင်းအတွင်းမှာပဲ သူ့ရဲ့ဆိုရှယ်အကောင့်မှာ သူ့ယောကျ်ားရဲ့ Last name ကို ဖျက်ပစ်ခဲ့ပြီး နာမည်ပြောင်းခဲ့တာပါ။
သူဟာ အဲ့နေ့ကတည်းက ကလေးတွေကို ခေါ်ပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ဆိုပါတယ်။
ကောင်းကောင်းမွန်မွန်ဖြတ်သန်းနေခဲ့တဲ့မိခင်နဲ့ ကလေးတွေကတော့ စိတ်ဒဏ်ရာကြီးကြီးမားမားရသွားတော့မှာပဲ😅😅

#ဗဟုသုတ

တရုတ်ပြည်က မစ္စကျန်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ရက်တိုခရီးထွက်သွားပြီး အိမ်ပြန်လာတဲ့အခါ မီးဖိုချောင်မှာ ကြက်ပေါက်လေးတွ...
21/07/2025

တရုတ်ပြည်က မစ္စကျန်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ရက်တိုခရီးထွက်သွားပြီး အိမ်ပြန်လာတဲ့အခါ မီးဖိုချောင်မှာ ကြက်ပေါက်လေးတွေပြည့်နေတာကြောင့် အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။
သူဟာ ခရီးမသွားခင်က ကြက်ဥအလုံး ၃၀ပါတဲ့ ကဒ် ၃ကဒ်ဝယ်လာခဲ့ပြီး ရေခဲသေတ္တာထဲထည့်ဖို့ မေ့သွားတာပါ။ သူကတော့ ရာသီဥတု ပူပြင်းတာကြောင့် ကြက်တွေပေါက်လာခဲ့တယ်လို့ ယူဆရကြောင်း ပြောပြပါတယ်။
ကြက်ပေါက်အကောင် ၇၀ ခန့် ပေါက်ထားပြီး အားလုံးလည်း ကျန်းမာကြတယ်လို့ဆိုပါတယ်။
မစ္စကျန်းရဲ့သားကတော့ အဲ့ထဲက ကြက်ပေါက်လေး ၂ကောင်ကိုအိမ်မွေးတိရစ္ဆာန်အဖြစ် မွေးဖို့ ခေါ်ထားပြီး ကျန်တဲ့အကောင်တွေကိုတော့ မစ္စကျန်းရဲ့မွေးရပ်မြေကို ပို့ကာ သူ့မိဘတွေကို စောင့်ရှောက်ခိုင်းမယ်လို့ ဆိုပါတယ်။
အွန်လိုင်းပေါ်က လူတွေကတော့ ဖြစ်နိင်တယ်၊ မဖြစ်နိုင်ဘူး စသဖြင့် ငြင်းခုံနေကြဆဲပါပဲ။

#ဗဟုသုတ

ခြံခုန်တာ လူမိထားတဲ့ HR မမဟာ အခြားနာမည်ကြီး CEO တစ်ယောက်နဲ့ လက်ထပ်ထားသူဖြစ်🥹Coldplay ပွဲသွားပြီး Kiss Cam ကြောင့် ခြံခုန...
20/07/2025

ခြံခုန်တာ လူမိထားတဲ့ HR မမဟာ အခြားနာမည်ကြီး CEO တစ်ယောက်နဲ့ လက်ထပ်ထားသူဖြစ်🥹
Coldplay ပွဲသွားပြီး Kiss Cam ကြောင့် ခြံခုန်တာ လူမိသွားတဲ့ HR မမက 2022 မှာ ပထမအိမ်ထောင်နဲ့ ကွာရှင်းခဲ့ပြီး အခြားနာမည်ကျော် CEO တစ်ယောက်ဖြစ်တဲ့ Andrew Cabot နဲ့ 2023 ဝန်းကျင်မှာ လက်ထပ်ထားသူဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ 5 လကမှ သူ့ယောက်ျားနဲ့ အတူ အိမ်အသစ်တစ်လုံးကို ဝယ်ယူခဲ့ပါသေးတယ်။ Coldplay ပွဲအတူတူသွားခဲ့တဲ့ CEO ကတော့ လူသိရှင်ကြားဖြစ်သွားတဲ့ တတိယတစ်ယောက်ပါ။ အလုပ်လည်းတော်၊ CEO တွေကို ဆွဲစိတာလည်းတော်တဲ့ မမရဲ့ စကေးကိုတော့ မလေးစားဘဲ မနေနိုင်ဘူး😌

2013 ခုနှစ်တုန်းက တရုတ်နိုင်ငံက မစ္စတာဖုန်းအမည်ရှိလူဟာ ဂိမ်းစွဲနေတဲ့ အလုပ်လုပ်မဲ့သားကို ဆုံးမလို့ မရတာကြောင့် profession...
15/07/2025

2013 ခုနှစ်တုန်းက တရုတ်နိုင်ငံက မစ္စတာဖုန်းအမည်ရှိလူဟာ ဂိမ်းစွဲနေတဲ့ အလုပ်လုပ်မဲ့သားကို ဆုံးမလို့ မရတာကြောင့် professional gamer တွေကို ငှားရမ်းခဲ့ပြီး သူ့သားဂိမ်းဆော့တိုင်း သူ့ characterကို ပစ်မှတ်ထားခိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့သားက သူ့အဖေလက်ချက်ဆိုတာ သိသွားခဲ့ပေမယ့် ဂိမ်းဆော့ချင်းကို မရပ်တန့်ခဲ့ပါဘူး။
သူ့အဖေပိုက်ဆံ ကုန်သွားတာပဲ အဖတ်တင်တာပေါ့😇

တန်းစီစရာမလိုတဲ့ ရေအောက်စာတိုက်😎     #ဗဟုသုတ
10/07/2025

တန်းစီစရာမလိုတဲ့ ရေအောက်စာတိုက်😎

#ဗဟုသုတ

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်း 150 ကျော်တိုင် ရပ်တည်လျက်ရှိပါသည်။ ကမ္ဘာ့ကော်ဖ...
14/05/2025

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်း 150 ကျော်တိုင် ရပ်တည်လျက်ရှိပါသည်။ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု၏ 40 ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပြီး အဓိကကော်ဖီတင်ပို့သော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်
#ဗဟုသုတ #သုတရသ

ယနေ့သိမှတ်ဖွယ်ရာများ   #ဗဟုသုတ
13/05/2025

ယနေ့သိမှတ်ဖွယ်ရာများ

#ဗဟုသုတ

04/03/2025

ရေကူးမကျွမ်းတဲ့ ရေမြင်းများအကြောင်း🤓
#ဗဟုသုတ #သုတရသ

02/03/2025

Stranger Things သရုပ်ဆောင်တွေရဲ့ ဝင်ငွေကို သင်ယုံနိုင်မှာတောင် မဟုတ်ဘူး😱

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe See Sar Entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์