16/06/2026
ကျောက်ကပ် မကောင်းလို့ ကျောက်ကပ်ဆေးနေရသူများ ၁၀၀% စားကြည့်သင့်သော ကဒတ်ဥ
ငွေကြေးတတ်နိုင်သူများကတော့ ကြိုက်တာလုပ်လို့ရပေမဲ့ အခြေခံလူတန်းစားအတွက်တော့ ဆေးကုသစရိတ်က မလွယ်ကူလှပါ။ ငွေကြေးအကုန်အကျ သက်သာစွာနဲ့ မိမိပတ်ဝန်းကျင်မှာ ရှိရင် မိမိကိုယ်တိုင်တူးနိုင်ရင် ပိုကောင်းပေါ့ ငွေကုန်သက်သာတာပေါ့ ဗျာ။ ကိုယ်တိုင်မတူးနိုင်ရင် ရနိုင်သူဆီက ဝယ်ယူပါ။ ကဒတ်ဥမှာလည်း ဆင်တူ သင်းတောက်ဥ၊ ဝက္ကာဥ၊ မျောက်ဥ တို့ဆိုပြီး မျိုးစိတ်ကွဲတွေ များစွာရှိသေးတယ် ကဒတ်ဥစစ်ဖို့တော့ လိုအပ်ပါတယ်ဆရာ။
ခုလိုတိုက်တွန်းရတာ ကျောက်ကပ်ပျက်စီးနေသူများ များပြားလာလို့ မကြည့်ရက်တာကြောင့် ကဒတ်ဥစားလို့ သက်သာလာကြသူတွေ များပြားလို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ စားကြည့်ကြစမ်းပါ။ ဘေးထွက်ဆိုးကျိုးလည်း နည်းပါးတယ်။ ာဖြစ်လဲ ကိုယ့်ရောဂါနဲ့တည့်ရင် ဆက်စား မတည့်ရင်ရပ်ပစ် ဒါပါပဲ အနည်းဆုံးတော့ ဘာဆိုတာ သိရှိရတာပေါ့ဗျာ။
ကိုယ်သွားချင်တဲ့ ခရီးကို ကိုယ်တိုင်သွားမှ လမ်းမှာ ဘာရှိတယ် ဘယ်လိုရှိတယ် ဆက်သွားသင့် မသွားသင့် ဆိုတာ သွားရင်းနဲ့ စဉ်းစားရမှာပါ။ မသွားဘဲ ထိုင်နေသူနဲ့စာရင် လမ်းမှာဘာရှိတယ်ဆိုတာ အနည်းဆုံး သိရတာပေါ့ ဘာပဲလုပ်လုပ် ဉာဏ်ကူတတ်ဖို့တော့ လိုအပ်ပါတယ်။ ခုလိုတိုက်တွန်းရတာက ကျောက်ကပ်ရောဂါ ခံစားနေရသူများ ငွေကုန်ကြေးကျ သက်သာစွာနဲ့ ရောဂါဝေဒနာများ သက်သာစေလိုတဲ့ ဆန္ဒတစ်ခုတည်းပါ။ ဒါကြောင့် ကျောက်ကပ်ဝေဒနာသည်များ မဖြစ်မနေ စားကြည့်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
🙏🙏ကျေးဇူးတင်ရှိခြင်း။ ။ ကဒတ်ဥကို ယုံကြည်စွာဖြင့် ငွေကြိုလွှဲမှာယူ အားပေးသော ပဲခူးမှ မိတ်ဆွေအား ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ။
သန်းလှိုင် (မြန်မာ့ဆေးဥဆေးမြစ်များ)
မသိသူကျော်သွား သိသူဖော်စား
ဟိုးတစ်လောကပဲ မန္တလေးက မိတ်ဆွေတစ်ယောက်က ပြောပါတယ်၊ မြန်မာပြည်မှာ ကျောက်ကပ်ပျက်စီးကြတဲ့သူတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါတယ်တဲ့။ မန္တလေးတစ်မြို့ထဲမှာတင် ကျောက်ကပ်ပျက်စီးသူတွေ အများကြီးပါပဲတဲ့။ တစ်ချို့ဆိုရင် ကျောက်ကပ်က ၁၀% အလုပ်လုပ်တော့တဲ့အတွက် မကြာခဏ ကျောက်ကပ်ဆေးနေရလို့ ိုက်ဆံအရမ်း ကုန်ကျပါတယ်။
ဒါကြောင့် သဘာဝနည်းနဲ့ ကျောက်ကပ်ပြန်လည် ကောင်းမွန်လာစေနိုင်တဲ့ နည်းလမ်းကို အများပြည်သူအကျိုးအတွက် ရှာဖွေကာ ဝေမျှပေးဖို့ တောင်းဆိုလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော့် အမျိုးသမီးနဲ့ ပတ်သက်ပြီး ဆရာဝန်မကြီးတစ်ယောက်နဲ့ အဆက်အသွယ် ရရှိခဲ့ပါတယ်၊ ဆရာဝန်မကြီးကို ကျောက်ကပ်ပျက်စီးမှု အကြောင်းကို မေးမြန်းလိုက်ပါတယ်။ ကျောက်ကပ်ပျက်စီးနေကြရတာဟာ ကိုယ်တွင်းအဆိပ်တွေ မျိုးစုံကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း၊ ဓာတုဗေဒဆေးတွေကို ရေရှည်သုံးစွဲသူတွေ ကျောက်ကပ်ပျက်စီးကြောင်း၊ သဘာဝမဟုတ်တဲ့ ဆေးဝါးတွေကို သတိထားဖို့ လိုအပ်ကြောင်း၊
အဆိုးဆုံးကတော့ Capsule တွေကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားရင် အရမ်းကို ဥပါဒ်ဖြစ်တတ်ကြောင်း၊ ဖြည့်စွက်ဆေးတွေကိုလည်း သဘာဝမဟုတ်ရင် မသုံးစွဲသင့်ကြောင်း၊ ဖြည့်စွက်ဆေးဆိုတိုင်းလည်း မိမိရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ သဟဇာတ ဖြစ်ချင်မှ ဖြစ်တတ်ကြောင်း၊ လူတိုင်းနဲ့ တည့်မှာမဟုတ်ကြောင်း စသည်ဖြင့် ပြောကြားသွားပါတယ်။
ဒီတော့ ကျောက်ကပ်ပျက်စီးတဲ့သူတွေ သဘာဝအတိုင်း ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆရာမကြီးလို့ မေးလိုက်ပါတယ်။ ဒီတော့ သူက... ကျောက်ကပ်ပြန်ကောင်းဖို့အတွက် ကဒတ်ဥပဲ ဖြစ်ပါတယ်တဲ့။ တရုတ်တွေကတော့ Chinese Yam လို့ ခေါ်ဆိုပါတယ်။ ကဒတ်ဥမှာပါတဲ့ အင်ဇိုင်းတွေက ကျောက်ကပ်ကို ပြန်လည် တည်ဆောက်ပေးနိုင်ကြောင်း များများစားစရာ မလိုဘဲ တစ်နေ့ကို ၁ လက်မလောက် စားပေးတာနဲ့ ကျောက်ကပ်က တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ကြောင်း၊ ကျောက်ကပ်ပျက်စီးနေသူတွေရော ကျောက်ကပ်ကို ကာကွယ်ထားလိုသူတွေရော စားသင့်ကြောင်း ဆရာမကြီးက ပြောပြပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ မရှိဘူးဆရာမကြီးလို့ ဆိုတော့ ကမ္ဘာနဲ့အဝှမ်းမှာ ရှိပါတယ်တဲ့။ ကျောက်ကပ်ပျက်စီးနေသူတွေဟာ ရှောင်သင့်တာတွေကို ရှောင်ကြဉ်ပြီး Chinese Yam ကို ပုံမှန်စားသွားမယ်ဆိုရင် ကျောက်ကပ်ရောဂါအတွက် ပူပန်စရာ မလိုပါဘူး တဲ့။ မြန်မာတွေကတော့ ကတက်ဥလို့ခေါ်ပြီး ရခိုင်တွေကတော့ သင်းဖောဥလို့ ခေါ်ဆိုကြပါတယ်၊ သင်းဒက်ဥလို့လည်း ခေါ်တယ်လို့ သိရပါတယ်။ တစ်ချို့ဒေသတွေမှာတော့ တောမျောက်ဥလို့လည်း ခေါ်ပါတယ်တဲ့။ တောကမိတ်ဆွေတွေကို မေးကြည့်တော့ တို့တောမှာ ပေါလွန်းလို့ကွာတဲ့။ ပိန်းဥလိုပဲ ဟင်းချိုလုပ် သောက်ကြတယ်၊ အာလူးလိုလည်း ကြော်စားကြတယ်။ တရုတ်လူမျိုးတွေကတော့ ဝက်နံရိုးနဲ့ စွပ်ပြုတ်လုပ် သောက်ကြကြောင်း သိရပါတယ်။ နည်းနည်း ပြုတ်လိုက်တာနဲ့ စားလို့ရပါပြီ။
ထို Chinese Yam ခေါ် ကဒတ်ဥမှာ ကျောက်ကပ် ရောဂါ တစ်ခုတည်း သာမက.. အဆုတ်၊ အစာအိမ်၊ သရက်ရွက် တို့ကိုလည်း ပြန်ကောင်းစေကြောင်း အင်တာနက်မှာ ရေးသားထားတာလည်း တွေ့ရှိရပါတယ်။ ကလီစာ ၄ ခုအပြင် အခြားသော ကလီစာတွေကိုလည်း သူ့မှာပါတဲ့ အင်ဇိုင်းတွေ ဟိုမုန်းတွေနဲ့ ပံ့ပိုးမှု ပြုလုပ်ပေးပါသေးတယ်။ ထို Chinese Yam (ကဒတ်ဥ) က တစ်ပင်လုံး တန်ဖိုးရှိတာဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း သေသေချာချာ ဖော်ပြထားပါတယ်။
ကဒတ်ဥ (Chinese Yam) ၏ အကျိုးကျေးဇူး ၂၄ ချက်
၁) Energy ကို မြှင့်တင်ပေးခြင်း
၂) ပင်ပန်းနွမ်းနယ်မှုကို သက်သာစေခြင်း
၃) ရင်ကျပ်ပန်းနာကို သက်သာစေခြင်း
၄) ချောင်းခြောက်ဆိုးခြင်းကို ပျောက်ကင်းစေခြင်း
၅) သံကောင်တုတ်ကောင်များကို ဖယ်ရှားပေးခြင်း
၆) ကိုယ်အလေးချိန် လျှော့ချပေးခြင်း
၇) ဝမ်းတွင်းအပူအပုပ်များကို ဖယ်ရှားပေးခြင်း
၈) ဆီးကောင်းမွန်စေခြင်း
၉) အရိုးပွမှုကို ကာကွယ်ခြင်း
၁၀) သိုင်းရွိုက်ဟိုမုန်း ရေချိန်ညှိပေးခြင်း
၁၁) သွေးတွင်းသကြားဓာတ်ကို ညှိပေးခြင်း
၁၂) သည်းခြေရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ခြင်း
၁၃) အူကျန်းမာရေးကို စောင့်ရှောက်ခြင်း
၁၄) အတွင်းကြေမှုများကို ပြန်ကောင်းစေခြင်း
၁၅) ကင်ဆာဆဲလ်များကို သတ်ပေးခြင်း
၁၆) စိတ်ခံစားမှု၊ မငြိမ်သက်မှုများကို ကောင်းမွန်စေခြင်း
၁၇) အစာကြေညက်စေခြင်း
၁၈) နာတာရှည် ဝမ်းလျောမှုကို ပျောက်ကင်းစေခြင်း
၁၉) သွေးဆုံးကိုင်ခြင်းကို သက်သာစေခြင်း
၂၀) အသရိုက်တစ်ကို သက်သာစေခြင်း
၂၁) ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးခြင်း
၂၂) အဆစ်အမျက် နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
၂၃) ကိုလက်စထရော ရေချိန်ကို ညှိပေးခြင်း
၂၄) အင်တီအောက်ဆိဒင့် ကြွယ်ဝခြင်း
စသည်ဖြင့် ကောင်းကျိုးများစွာ ရရှိနိုင်ကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
#ကျောက်ကပ်ရောဂါ #ကဒတ်ဥ #သဘာဝဆေးဖက်ဝင်ဥ #ကျန်းမာရေးဗဟုသုတ #တိုင်းရင်းဆေး