Prion’s Vintage Playtime

Prion’s Vintage Playtime Let’s go back to 90’s.

Road to Master of TrainingMonster Rancher 2 မှာ Trainer တစ်ယောက်အနေနဲ့ အမြင့်ဆုံး Rank ဖြစ်တဲ့ Master rank ကို ဘယ်ချိန်ရ...
24/09/2024

Road to Master of Training

Monster Rancher 2 မှာ Trainer တစ်ယောက်အနေနဲ့ အမြင့်ဆုံး Rank ဖြစ်တဲ့ Master rank ကို ဘယ်ချိန်ရောက်မလဲ?

အရင်ပို့စ်မှာ ပြောခဲ့ပြီးသလိုပဲ monster တစ်ကောင်ကို train တဲ့အခါမှာ စစချင်း Rank E ကနေ 6-8 ကောင် ပတ်လည် ပြိုင်ရတဲ့ IMA official cup (E ⏩️ D ⏩️ C ⏩️ B ⏩️ A ⏩️ S) ကို တစ်ဆင့်ချင်း ဝင်ပြိုင်အနိုင်ရရင်း နောက်ဆုံး Rank S ကို နိုင်ပြီးရင် အမြင့်ဆုံး ပြိုင်ပွဲတွေဖြစ်တဲ့ Major 4 ပြိုင်ပွဲ ၄ ခုကို ဝင်ပြိုင်ဖို့ invitation လက်ခံရရှိမှာ ဖြစ်ပါတယ်။

Major 4 ပြိုင်ပွဲတွေက ၄ ယောက်ပတ်လည် ပြိုင်ရမှာ ဖြစ်ပြီး
2nd Feb - Greatest 4
2nd May - M-1 Grand Prix
2nd Aug - Winners’ Cup
2nd Nov - World Monsters Cup တို့ဖြစ်ပြီး သက်ဆိုင်ရာလတွေရဲ့ 1st week မှာ invitation လက်ခံရရှိမှာ ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲ ၄ ခုလုံးကို Monster တစ်ကောင်တည်းကဖြစ်စေ Monster ၂-၄ ကောင်စီက ပြိုင်ပွဲတစ်ခုစီဖြစ်စေ နိုင်ပြီး Trainer တစ်ယောက်အနေနဲ့ Major 4 ၄ ခုလုံးကို နိုင်ဖူးသွားခဲ့ရင်တော့ Master of Training ကို ရရှိမှာ ဖြစ်ပါတယ်။

Monster ၁ ကောင်တည်းက Major 4 ကို အနိုင်ရသွားရင် ဘာဆက်ဖြစ်မလဲဆိုတာတော့ နောက်ထပ်ပို့စ် တစ်ခုမှာ ထပ်ပြောပြပေးသွားပါမယ် 👌

ကျနော် Train ထားတဲ့ Monster တွေ Major 4 ကို ဘယ်လို အနိုင်ယူသွားလဲ ဆိုတာရယ် Trainer Prion ရဲ့ Master of Training ceremony ရယ်ကို Reels လေးတွေ တင်ပေးသွားမှာမို့ အားပေးကြပါဦး 😁🙏

ဒီနေ့ စိုက်ပျိုးရေးဂိမ်း Harvest Moon ထဲက power berry အကြောင်း ပြောပြချင်ပါတယ်။Power berry က ပင်ပန်းခံနိုင်စွမ်း (stamin...
14/09/2024

ဒီနေ့ စိုက်ပျိုးရေးဂိမ်း Harvest Moon ထဲက power berry အကြောင်း ပြောပြချင်ပါတယ်။

Power berry က ပင်ပန်းခံနိုင်စွမ်း (stamina) ကို တက်စေပါတယ်။ Power berry များများရှိလေ မောပန်းတာ နည်းလေပဲ ဖြစ်ပါတယ်။ Power berry ကို အများဆုံး ၁၀ လုံးထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Power berry ကို ပထမဆုံးနဲ့ အလွယ်ကူဆုံး ရနိုင်တဲ့နည်းကို Reel လေး တင်ပေးမှာမို့ Reel လေးကို ကြည့်ဖို့လည်း မမေ့ကြနဲ့နော်။

ကျနော် prion နဲ့ တူတူ စိုက်ပျိုးရေးဂိမ်းဆော့ရင်း Power berry သီးလေးတွေ စုကြရအောင်။


နိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ ရေဘေးသင့် မြန်မာပြည်သူပြည်သားများ အားလုံး ဘေးကင်းကြစေဖို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🙏🙏ကပ...
13/09/2024

နိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ ရေဘေးသင့် မြန်မာပြည်သူပြည်သားများ အားလုံး ဘေးကင်းကြစေဖို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🙏🙏

ကပ်ကြီး ၃ ပါး၊ ရန်သူမျိုး ၅ ပါး ရန်မှ အမြန်ဆုံး ကင်းဝေးလွတ်မြောက်ကြပါစေ 🙏🙏🙏




Photo: credit to owner

12/09/2024

လယ်သမားလေး တစ်ဖြစ်လဲ Prion တစ်ယောက် ငယ်စဉ်တောင်ကျေး ကလေးဘဝက နွေရာသီကျောင်းပိတ်ချိန် အဖိုးရဲ့ခြံထဲ အလည်သွားစဉ် တောထဲမှာ ကောင်မလေးနဲ့ ချိန်းတွေ့ အတူတူ sunset ကြည့်ပြီး ကြည်နူး 🤭

ဒီနေ့ မိတ်ဆက်ပေးမယ့် game ကတော့ အားလုံးလည်း သိပြီးသား ဖြစ်တဲ့ စိုက်ပျိုးရေးဂိမ်းလို့ သိကြတဲ့ Harvest Moon: Back To Natur...
12/09/2024

ဒီနေ့ မိတ်ဆက်ပေးမယ့် game ကတော့ အားလုံးလည်း သိပြီးသား ဖြစ်တဲ့ စိုက်ပျိုးရေးဂိမ်းလို့ သိကြတဲ့ Harvest Moon: Back To Nature ပဲ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက ကျောင်းပိတ်ချိန် ခဏလာပြီး ဆော့ကစားဖူးတဲ့ အဖိုးရဲ့ခြံကို အမွေရတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးတွေနဲ့ ခြံကိုပြန်ပြီး အောင်မြင်လာအောင် ကစားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရာသီအချိန်အလိုက် ပွဲတော်တွေရယ် ပိုးပန်းတာတွေရယ်နဲ့ personal life ကိုလည်း ဖြတ်သန်းရမှာဖြစ်ပါတယ်။

အားလုံးလည်း သိပြီးသားဖြစ်တဲ့အတွက် အများကြီးလည်း ရေးပြစရာမလိုတော့လို့ အရင် PS1 ဆော့တုန်းကနဲ့ တစ်ထပ်တည်း vibe ကို ရရှိမှာ ဖြစ်တဲ့အတွက် ကျနော်နဲ့တူတူ ဆော့လိုက်ကြရအောင်။


11/09/2024

Trainer Prion ရဲ့ Monster တွေထဲက တစ်ကောင်ဖြစ်တဲ့ Rank S မှာ ရှိနေတဲ့ Jelly ရဲ့ New Year Cup Battle ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကျနော်ငယ်ငယ်ကတည်းက အကြိုက်ဆုံး PS1 game တွေထဲက တစ်ခုဖြစ်တဲ့ Monster Rancher 2 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီ g...
11/09/2024

ပထမဆုံးအနေနဲ့ ကျနော်ငယ်ငယ်ကတည်းက အကြိုက်ဆုံး PS1 game တွေထဲက တစ်ခုဖြစ်တဲ့ Monster Rancher 2 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ game မှာဆိုရင် trainer တစ်ယောက်အနေနဲ့ monster တွေကို အစာကျွေး၊ training တွေပေးပြီး battle တွေ ဝင်ပြိုင်ခိုင်းပြီး monster ရဲ့ rank ကို တက်လာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ monster က rank တက်လာတာနဲ့အမျှ trainer ရဲ့ rank လည်း တက်လာမှာဖြစ်ပါတယ်။ Monster ရဲ့ rank အနေနဲ့ E,D,C,B,A,S ဆိုပြီး ၆ ခုရှိကာ S rank ရဲ့ ပြိုင်ပွဲကို နိုင်သွားပြီးရင် Major 4 ဆိုတဲ့ ပြိုင်ပွဲကြီး ၄ ခုကို ဝင်ပြိုင်လို့ရမှာ ဖြစ်ပါတယ်။ Major 4 ပြိုင်ပွဲကြီး ၄ ခုလုံးကို နိုင်သွားပြီးရင်တော့ အဆိုပါ monster ဟာ Hall of fame ထဲကို ဝင်သွားမှာ ဖြစ်ပါတယ်။

Trainer ရဲ့ rank အနေနဲ့ အပေါ်က ပြောတဲ့ monster rank တစ်ခုတက်တိုင်း 1st, 2nd, 3rd, 4th, … ဆိုပြီး တက်သွားမှာ ဖြစ်ပြီး major 4 ၄ ခုလုံးကို နိုင်ပြီးသွားရင်တော့ Master ဖြစ်သွားမှာ ဖြစ်ပါတယ်။

Monster ရဲ့ rank ကတော့ တစ်ကောင်မွေးပြီးလို့ နောက်ထပ် အသစ်တစ်ကောင် ပြန်မွေးရင် Rank E ကနေ ပြန်စရမှာ ဖြစ်ပေမယ့် trainer rank ကတော့ တစ်ခေါက်တက်သွားပြီးရင် ဆက်ပြီးရှိနေမှာ ဖြစ်ပါတယ်။

Trainer rank တက်လာတာနဲ့အမျှ ပိုပြီး ရှားပါးတဲ့ monster တွေကို မွေးခွင့်ရလာမှာပဲ ဖြစ်ပါတယ်။ Trainer အနေနဲ့ monster တွေကို market ကနေလည်း ရနိုင်သလို Shrine ကနေတစ်ဆင့် disc stone တွေကနေလည်း ရနိုင်ပါတယ်။ (disc stone ဆိုတာ ကျနော်တို့ ငယ်ငယ်က CD/DVD အခွေတွေက data တွေကတစ်ဆင့် monster တွေ ထုတ်ယူလို့ရတာမျိုးပါ။ disc stone ကနေ reproduce လုပ်မယ်ဆိုရင်တော့ အခွေတွေ ထုတ်လိုက် သွင်းလိုက်နဲ့ အလုပ်ရှုပ်နေမှာတော့ အမှန်ပါပဲ 😅)

Monster တွေရဲ့ abilities အနေနဲ့ Lif, Pow, Int, Ski, Spd, Def ဆိုပြီး ရှိတဲ့အပြင် battle တွေမှာသုံးတဲ့ techniques တွေအနေနဲ့ basic, heavy, hit, sharp, withering, special ဆိုပြီး ရှိတာဖြစ်ပါတယ်။

Trainer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ monster ကို abilities တွေ techniques တွေကို training ပေးရတဲ့အပြင် monster ရဲ့ style, loyalty, form, nature, likes, dislikes တွေကို ထိန်းညှိပြီး မွေးမြူရတာဖြစ်တဲ့အတွက် အပြင်မှာ တကယ့် monster လေးတစ်ကောင်ကို မွေးနေရတဲ့ vibe မျိုးကို ရရှိမှလည်း ဖြစ်ပါတယ်။

Monster တစ်ကောင်ချင်းစီရဲ့ ချစ်စဖွယ် emotional expression လေးတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်စားဖွယ်ရာ battle တွေ fighting techniques animation မျိုးစုံကို ခံစားရင်း ကျနော် Prion နဲ့ အတူတူ monster လေးတွေ မွေးလိုက်ကြရအောင်။

03/09/2024

90’s kids တွေရဲ့ အသဲစွဲ PS1 games လေးတွေကို ကျနော် prion နဲ့ အတူတူ ကစားရင်း ငယ်ဘဝကို ပြန်သွားကြရအောင် 🎮

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Prion’s Vintage Playtimeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์