24/01/2025
ဘုန်းကြီးဆိုး (သို့မဟုတ်)ခေတ်သစ်ရဟန်းဆိုးများ
ဒီစာရေးတဲ့ရဟန်းက အသက် ၃၉ နှစ်မှာ
လွန်တော်မူတယ်၊ ၂၀၂၄နှစ် နတ်တော်လဆန်း ၈ ရက်နေ့မှာ သင်္ဂြိုဟ်တယ်။
စာရေးအလွန်ကောင်းတဲ့ စာတတ်ဦးဇင်းလေး
နှမျောစရာ။ သူ့ဆောင်းပါး သဘောကျလို့ ကူးပြီး ဂုဏ်ပြုလိုက်ပါတယ်။
*****
" ဘုန်းကြီးဆိုး "
ယခုကာလ၌ သာသနာတော်သည် တဖြည်း ဖြည်းနှင့် ဆုတ်ယုတ်လာခဲ့သည်မှာ မှန်ပါ၏ ။
ထို့ကြောင့်လည်း ဘုန်းကြီးအများစု ငြီးငြူနေကြ စကားတစ္ခုမွာ " သာသနာ့ကုန်ကြမ်းဖြစ်တဲ့ ကိုရင်လေးတွေ ရှားပါးလာပြီကွ ။
ပြီးတော့ ကိုရင်ဝတ်မဲ့သူတွေကလည်း အရင်လို သိပ်မရှိကြတော့ဘူး " ဟူ၍ ဖြစ်သည် ။
ထိုစကားသည် အလုံးစုံ မှန်သည်ဟု မိမိကေတာ့ မထင်ပါ ။
အဘယ့်ကြောင့်ဆိုသော် တချို့ဘုန်းကြီးများ သည် ကိုရင်လေးများအား အနာဂတ်တွင် သာသနာတော်အတွက် အားကိုးအားထားထိုက်သည့် အကျင့်မြတ်စာတတ် ပုဂ္ဂိုလ်လေးများဖြစ်အောင် တကယ်ပြုစု ပျိုးထောင်ပေးသည့်ဘုန်းကြီးက နည်းပါးလှသည် ။
စာပေကျမ်းဂန်နှင့် အသိပညာ ၊ အတတ္ပညာ ၊ ဗဟုသုတမ်ားစြာကို သင်ကြားပေးရမည့်အစား ဆွမ်းဝိုင်းပြင် ၊ ဆွမ်းချိုင့်ဆေး၊ ဟင်းပေါင်းနွေး ၊ ရေနွေးအိုးတည်ပေးရုံလောက်အတွက်သာ အသုံးချကြသည် ။
ဧည့်သည်ဒကာ ဒကာမများလာလျှင် ဟိုဟိုဒီဒီ ခိုင်းဖို့ရန်အတွက်သာဖြစ်ပြီး ကျန်သည့်အချိန်များတွင်ကား ကိုရင်လေးများကို သတိရ ဂရုစိုက်ခြင်း မရှိကြ ။
ပြီးတော့လည်း ရလာသမွ် ပစ္စည်းလာဘ်လာဘကို တစ်ပါးတည်းသာ ဒိုင်ခံယူပြီး ကိုရင်လေးများအား ခွဲခြမ်းမျှဝေ မပေးကြချေ ။
တကယ်တော့ ကိုရင်လေးများသည် အေမ့ခံ သူရဲကောင်းများပင် ဖြစ်၏ ။ ခိုင်းစရာရှိလျှင်သာ သူတို့ကို သတိရကြပြီး ရစရာရှိလျှင်ကား သူတို့မပါ ။
" အများနှင့် မသက်ဆိုင်သောသူ " ဆိုသည့်စကားအစား " လာဘ်လာဘနှင့် မသက်ဆိုင်သောသူများ " ဟုပင် ဆိုရမလို ဖြစ်နေသည် ။
ဘုန်းကြီးအများစုက ဒကာဒကာမများနှင့် တွေ့လျှင် " ဒီကိုရင်လေးတွေကသာ နောင်တစ်ချိန်မှာ သာသနာကို လက်ဆင့်ကမ်းထမ်းဆောင်ကြမှာ " ဟု ပါးစပ္ကသာ တွင်တွင်ပြောနေကြပြီး လက်တွေ့မှာတော့ ဘာမွေထာက္ပံ့မေပး ။
ထိုဘုန်းကြီးများ၏ သာသနာချစ်စိတ်သည် ဝစီကံအဆင့်လောက်နှင့်သာ ပြီးသွား၏။ ကာယကံအဆင့် ချီးမြောက်ထောက်ပံ့ပေးခြင်းအဆင့်သို့ ရောက်မလာတော့ချေ ။
တပည့်ကိုရင်လေးများအပေါ်ထားသည့် မျှော်လင့်ချက်များသည်လည်း လူကြားကောင်းရုံလောက်သာ ဟန်ဆောင်ပြောခြင်းဖြစ်၍ ခဏကြာလျှင် အေဟာသိကံ ဖြစ်ရလေတော့သည် ။
ထို့ကြောင့်လည်း ဓမ္မပဒအဋ္ဌကထာ ၊ ပထမအုပ် ၊ ဗာလဝဂ် ၊ စိတ္တဂဟပတိဝတၳုမှာ ဘုန်းကြီးဆိုးများ၏ စရိုက်လက္ခဏာများကို ပြဆိုထားပါသည် ။
ထိုဘုန်းကြီးဆိုး လက္ခဏာများသည် " အသန္တံ ဘာဝနာ မိစ်ဆေယျ - မိမိ၌ တကယ်မရှိသည့် သဒ်ဓါသီလ သမာဓိ ပညာတရားမ်ားကို အျခားသူမ်ားက သူ့မှာထိုတရားများရှိသည်ဟု အထင်ခံလိုခြင်း ၊ သို့မဟုတ် အပြောခံလိုခြင်း " ဖြစ်ပါသည် ။
တချို့ဘုန်းကြီးများသည် ကုသိုလ်ရလိုခြင်းထက် ကိုယ်လုပ်သည့်အလုပ်ကို အျခားသူမ်ားအား သိစေလို၏ ။ ၅ မိနစ်လောက်လုပ်သော ကုသိုလ္ကို ငါးဘဝစာလောက် ထုတ်ဖော်ပြောဆို၍ မပြီးတော့ ။
မေမးဘဲ တွေ့သမျှ လာသမျှလူတိုင်းကို ပြောပြနေတော့သည် ။ န ကာရီ - လက်တွေ့လုပ်သူ မဟုတ် ။ ဝါဒီ - အပြောသမား ၊ လေသမားသက်သက်သာ ဖြစ်သည် ။
ဘုရားရှင်ကလည်း လက်တွေ့မလုပ်ဘဲ လေသက်သက် ကြွားဝါခြင်းကို မနှစ်သက် အားမေပးပါ ။ တကယ်လုပ်သည့်သူက အပြောနည်း၏ ။ သာသနာတော်တွင် ဝါဒီ - အပြောသမားတွေ များပါကလည်း သာသနာ ဆုတ်ယုတ်မည်သာ ဖြစ်၏ ။
နောက်တစ်ခုက " ပုရေက္ခာရဉ္စ ဘိက္ခူသု - နောက်လိုက်တပည့်သံဃာ မွေးတော့လည်း မှားမှားမှန်မှန် ကိုယ့်ဘက်ကသာ ရပ်တည်ပေးမည့် တပည့်သံဃာမျိုး ။
သို့မဟုတ် ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်သာ ရှေ့တန်းတင်ပြီး နံပါတ်တစ်နေရာမှာထားမည့် တပည့်သံဃာ အခြံအရံမျိုး " ကိုပဲ ကျောင်းမှာ ထားလိုကြ၏ ။
ပညာတတ် တပည့်များလျှင် ကိုယ်ထင်ရာ လုပ်၍မရမည်ကို စိုးရိမ်ကြသဖြင့် စာမတတ် ပေမတတ် တောထွက်တောင်ပြန် အမ်ားစုကို နေရာပေးကာ မွေးမြူလာကြ၏ ။
သာသနာတိုးတက်ဖို့ထက် ရှင်ဘုရင်နေရာမှာ သူတို့ဖြစ်နေဖို့သာ အရေးကြီး၏ ။ ခေတ်စကားနှင့် ပြောရလျှင် " မလုပ် ၊ မရှုပ် ၊ မပြုတ် " ။
ဘာမွ မလုပ်လျှင်နေ သူတို့ဘာပဲလုပ်လုပ် ဝင်မရှုပ်လျှင် ရပြီ ။ ထိုသို့နေထိုင်လျှင် ကျောင်းထဲမှာ နေထိုင်ခွင့် ပါမစ်လည်း မပြုတ်တော့လေပြီ ။
နောက်တစ်ချက်က " အာဝါသေသု စ ဣဿရိယံ - သံဃာပိုင် ကျောင်းတိုက်များကို ကိုယ့်ပိုက်ဆံဖြင့် ဝယ်ယူတည်ထောင်ထားဘိသကဲ့သို့ " ဒါ ငါ့ကျောင်း ၊ ဒါ ငါ့ကျောင်း " ဟူသော စကားကို ပါးစပ္က မချတော့ဘဲ ပိုင်စိုး ပိုင်နင်း ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လိုခြင်း " ဖြစ်သည် ။
အရာရာတွင် ငါဂုဏ်တက်၍ " ငါလုပ်မှ အမှန် ၊ ငါပြောမှ အကောင်း ၊ ငါသာ လျှင် ပညာတတ် " ဟု သွေးနားထင်ရောက်ပြီး မာန်တက်နေသောသူ ဖြစ်သည် ။
သူ့အကြံအစည်က လွဲလျှင် အျခားသူမ်ား၏ အကြံအစည်ဆိုပါက ဒိတ်အောက်နေသော ပစ္စည်းများကဲ့သို့ တွင်တွင်ငြင်းကာ စွန့်ပစ်ထားတတ်၏ ။
" ငါ့ကျောင်းဖြစ်လို့ ငါလုပ်ချင်တာ လုပ္မယ္ကြာ " ဟူသော လမ်းဘေးအတွေးမျိုး ရှိနေပါက ထိုကျောင်းတိုက်သည်လည်း သာသနာအတွက် အားကိုးထိုက်သည့် ကျောင်းတစ်ကျောင်း ဖြစ်လာတော့မည် မဟုတ်တော့ချေ ။
နောက်ဆုံးလက္ခဏာကတော့ " ပူဇာ ပရကုလေသု စ - ဒကာဒကာမမ်ားက ပစ္စည်းလေးပါး လှူဒါန်းသည့်အခါ ငါ့ကိုသာ လှူဒါန်းပါစေ ။
အျခားသံဃာမ်ားကို မလှူဒါန်းပါစေနှင့် " ဟူသော အလိုဆိုးရွိ၏ ။ တစ်ပါးတည်းသာ ရချင်လိုချင်သော လောဘရှိ၏ ။
ကိုယ့်လည်း လှူဒါန်းပါလျက် အျခားသံဃာမ်ားကိုပါ လှူဒါန်းပါက သူ့မှာ စားမဝင် အိပ်မပျော် ၊ သောကအဖော်နှင့် စိတ်မချမ်းမသာ ဖြစ်နေတော့သည် ။
အသိဉာဏ်နည်း မိုက်မဲသော ဘုန်းကြီးများမှာ ထိုရောဂါဆိုးကြီး စွဲကပ်နေတတ်ကြသည် ။
ရဟန်းရှင်လူ များပြည်သူက " ဒီလုပ်ငန်းတွေ မွန္သမွ် ငါ လုပ္တာပဲ " ဆိုသည့် မလုပ်ဘဲနှင့် နာမည်ဝင်ခံချင်သည့် တဏှာမာနကလေးကလည်း ကပ်ပါလာသည် ။
တဖန် ဘာလုပ်ငန်းပဲလုပ်လုပ် " ငါပြောသည့်အတိုင်းသာ ဖြစ်ပါစေ " ဆိုသည့် မိစ်ဆာစိတ်ကလည်း ဝင်ပူးလေတော့သည် ။
အနှစ်ချုပ် ဆိုရလျှင် သာသနာ့ကုန်ကြမ်းများ ရှားပါးလာခြင်းထက် ရှိနေသည့် ကိုရင်ငယ်လေးများကို တန္ဖိုးထားကာ ဘုန်းကြီးများက မစောင့်ရှောက်ခြင်းကြောင့်လည်း သာသနာ ယုတ်လျော့ရပါသည် ။ ပါးစပ္က ငြီးနေရုံဖြင့် မပြီးပါ ။
နေရာတစ်ခုတွင် ခေါင်းဆောင်လုပ်သူသည် လွန်စွာအရေးကြီး၏ ။ ခေါင်းဆောင်က ထက်မြက်လျှင် တိုးတက်၍ ခေါင်းဆောင်ညံ့လျှင် အကုန္လုံး ဒုက္ခရောက်ရပါသည် ။
ဘုန်းကြီးဆိုးများ နေရာအနှံ့တွင် ပေါများလာတော့လည်း " သဗေ္ဗ သတ္တာ ကမ္မဿကာ " ဟုသာ နှလုံးသွင်း ဖြေသိမ့်ရင်း ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း )၏ လေးချိုးကဗျာလေးနှင့်ပဲ အဆုံးသတ်လိုက်ရပါတော့သည် ။
" ခြငေ်္သ့က နဂါးဖြစ်
က်ား,ကျားသစ်တွေက မျောက်လိုထိုင် ။
ပုတ်သင်ညို လိပ်တွေပေါ်
တောနက်တဲ့မြိုင်။
မေတြးမဆ . . .
သွေးတကြွကြွနဲ့
ခွေးအ,တွေက အူလို့မမောနိုင်
တောဂနိုင်ကို အပိုင်စီး ။
ဇွတ်အတင်း . . .
ဖွတ်မင်းကို ကမူပေါ်တင်လို့
အယူတော်မင်္ဂလာ အဆန်းတစ်ရပ်နဲ့
နန်းအပ်လေသတည်း " ။
အရှင်ကိတ္တိသာရ ( လက္ကပင် )
မေတ္တာဖြင့်
ကျော်ကြီး MDY မှတဆင့်ကူးယူမျှဝေပေးပါသည်။
ချစ်ခြင်းများစွာဖြင့်