Good Plug For Joot Stuffs

Good Plug For Joot Stuffs Let the quality stuffs flow in you

စစ်ကိုင်းမြို့ရှိ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအား လက်လှမ်းမှီသလောက် စုစည်း ပေးထားပါတယ်။09 44480703309 793006800စစ်ကိုင်း...
30/03/2025

စစ်ကိုင်းမြို့ရှိ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအား လက်လှမ်းမှီသလောက် စုစည်း ပေးထားပါတယ်။

09 444807033
09 793006800
စစ်ကိုင်း အိုးဘို လူမှုကူညီရေးအသင်း

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စစ်ကိုင်း
နန္ဒဝန်ရပ်ကွက်၊ ဓမ္မာရုံအနီး၊ စစ်ကိုင်းမြို့
09-779900100, 09-792119119

သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း
လေးကျွန်းမြေအုဌ်ကျောင်း၊စစ်ကိုင်းမြို့
072-22808 ၊ 09-427063047

ဟိန်းထက် အောက်ဆီဂျင်
ဟိန်းထက် အောက်ဆီဂျင်၊ စစ်ကိုင်းမြို့
09-259486180, 09-786536633
အောက်ဆီဂျင်

ဦးချိုင်း
ဦးချိုင်း၊ စစ်ကိုင်းမြို့
09-5182577
အောက်ဆီဂျင်

အောင်မြင့်မြတ်
အောင်မြင့်မြတ် ရေဆေးဆီလိုက်၊ ချင်းစုရပ်ကွက် လမ်းမကြီး၊ စစ်ကိုင်းမြို့
09-426463334

ပညာမောင် လူမှုကူညီရေးအသင်း
ရွာထောင်နန်းစုရပ် ၊ စစ်ကိုင်းမြို့
09-458888535

သုခရွှေစီ လူမှုကူညီရေးအသင်း
စီတီးရပ် ၊ စစ်ကိုင်းမြို့
09-791414100

ရွှေမင်းဝံ လူမှုကူညီရေးအသင်း
ရွှေမင်းဝံရပ်ကွက် ၊ စစ်ကိုင်းမြို့
09- 662004200

Rap Against Juntaအာဏာရှင်တွေကို အဘက်ဘက်ကဝိုင်းပြီး f**k off ဆိုတာမျိုးတွေထဲမှာ အဘက်ဘက်က ဝိုင်းပြီး ဖြဲကြတာတွေအများကြီးပါ...
02/01/2025

Rap Against Junta

အာဏာရှင်တွေကို အဘက်ဘက်ကဝိုင်းပြီး f**k off ဆိုတာမျိုးတွေထဲမှာ အဘက်ဘက်က ဝိုင်းပြီး ဖြဲကြတာတွေအများကြီးပါပဲ။ ရည်ရွယ်ချက်တွေပျောက်သွားတာတွေ၊ ေ-ာက်ရမ်း မိုက်ရိုင်းလွန်းတာတွေကို မခံနိုင်လို့ ထုတ်ပြတာတွေက rap နဲ့အကောင်းဆုံးပဲဖြစ်မှာပါ။ 🎤

Rap Against Junta ဆိုပြီး revo အစထဲက လူမဟုတ်တဲ့ကောင်တွေကို တောက်လျှောက်ဖြုတ်လာတဲ့ rappers တွေပါ။ သီချင်းတွေ အနေနဲ့မှာလည်း quality တွေ၊ production တွေက တော်တော်ကြီး ဂျွတ်နေတာကိုတွေ့ရမှာပါ။ 🤯

Di^k council ဆိုတဲ့ Playlist ထဲက tracks တွေကတော့ တော်တော်ဖြုတ်ပါတယ်။ ‘Blood’ ဆိုတဲ့ track မှာဆိုလည်း တိုင်းရင်းသား rappers တေ ဂျွတ်ထွက်နေတာကို နားထောင်ရမှာပါ။ 💿🔥

ခုလိုအချိန်မှာ နားထောင်ချင်စရာ မရှိနေရင် ဒါတွေနားထောင်ပြီးလည်း ကူညီလို့ရတဲ့အပြင် quality ဖြစ်တာတွေကို နားထောင်ရမှာမို့လို့ try ကြည့်ကြည့်ပါ။ 🤝

Link - https://youtube.com/?si=-0HilyqB06Ab4OEw



Happy New Year Y’all!!🥳နှစ်သစ်မှာလည်း ဂျွတ်တဲ့ သီချင်းတွေအများကြီးနဲ့ လိုချင်တဲ့ Goal တွေဆီ ဒိုးကြတာပေါ့ဗျာ။🤝🤝
31/12/2024

Happy New Year Y’all!!🥳

နှစ်သစ်မှာလည်း ဂျွတ်တဲ့ သီချင်းတွေအများကြီးနဲ့ လိုချင်တဲ့ Goal တွေဆီ ဒိုးကြတာပေါ့ဗျာ။🤝🤝

💿Freudian | Daniel Caesar | Album💿Freudian ဆိုတဲ့ စကားလုံးက လူတွေရဲ့ အပြုအမူတွေက သူတို့ရဲ့ မသိစိတ်က အမှတ်တရတွေ၊ အတွေးတွေ...
30/12/2024

💿Freudian | Daniel Caesar | Album💿

Freudian ဆိုတဲ့ စကားလုံးက လူတွေရဲ့ အပြုအမူတွေက သူတို့ရဲ့ မသိစိတ်က အမှတ်တရတွေ၊ အတွေးတွေ၊ လိုချင်စိတ်တွေ ပေါ်မူတည်ပြီးဖြစ်လာတာကို ဆိုလိုတာပါ။

ဖြစ်ချင်စိတ်၊ လိုချင်စိတ်တွေပေါ်မူတည်ပြီး ego တွေ၊ superego တွေကလည်း အဆင့်ဆင့်ဖြစ်လာတာပါ။ ဒီ album မှာဆိုလည်း Daniel Caesar က သူ့ရဲ့ love life ရဲ့ stage တွေ၊ တွေ့ဆုံရ၊ ခွဲခွါရတာတွေကို Gospel စတိုင်နဲ့ ထွက်ထားတာ ဂျွတ်လွန်းပါတယ်။ ၁၀ ပုဒ်ပါဝင်ပြီး ၁၁ပုဒ်လောက်က သွားကောင်းနေပါတယ်။🔥

Vocal ရော၊ production ပိုင်းရော တစက်မှ လျှော့မထားတဲ့ Album က စထွက်ထဲက ‘Get You’ gospel နဲ့ jazz အထာကိုမှ ဒီဘက် R&B နဲ့ ပေါင်းစပ်ပြီး တော်တော်လှပတဲ့ သီချင်းကို ဖန်တီးထားတာပါ။ Fall in love နေတဲ့ ‘Best Part’ မှာဆို Daniel ရဲ့ အနုအရွတွေကို chord အလှတွေနဲ့ ဖန်တီးထားတဲ့ သီချင်းပါ။ ‘Hold Me Down’ နဲ့ ‘Neu Roses’ transition မှာဆိုလည်း တော်တော်ဂျွတ်ပါတယ်။ A ca****la နဲ့ harmony တွေက ဂျွတ်ချက်ပဲကျပါတယ်။ 🎶🎶

‘Loose’ ‘We Find Love’ ‘Blessed’ တို့မှာ ချစ်ရတဲ့လူက ထွက်သွားတော့မယ်ဆိုတဲ့ခါ မလွှတ်ချင်ပေမဲ့ လွှတ်ပေးလိုက်ရတာမျိုးကို ခံစားရမှာပါ။ ‘Take Me Away’ နဲ့ ‘Transform’ မှာဆိုလည်း သူ့ရဲ့ vocal အလှတွေနဲ့ နောက်က synth သံတွေကို နားထောင်ရင်းမျောရမှာပါ။ ဒီ album မှာပါတဲ့ feature artist တွေအကုန်လုံးက ရှယ်ဂျွတ်ကြပါတယ်။ နောက်ဆုံး အပိတ် ‘Freudian’ မှာလည်း သူ့ရဲ့ စကေးတွေ၊ ပုံစံတွေကို အများကြီး ထုတ်ပြသွားပါတယ်။ 💯💯

Church နဲ့ Gospel background က musician တွေက တော်တော်ကြမ်းပါတယ်။ ဒီဘဲရဲ့ music knowledge နဲ့ ဖန်တီးမှုက တော်တော်ဂျွတ်တဲ့ ဘဲမို့ နားထောင်ကြည့်ချင်ရင်တော့ ဒါက album link ပါ။

https://youtube.com/playlist?list=OLAK5uy_m4ef9CbQVqNjomB_Jps9wYIzgyP7Agsdk&si=Cy-Hy5YdwLgbzTrQ



Eric B and Rakim | Paid in Full | Album💿Hip hop ရဲ့ အထာကို ပြောင်းလဲပေးသွားတဲ့ Album တချပ်၊ greatest MC တွေကို greatest ...
29/12/2024

Eric B and Rakim | Paid in Full | Album💿

Hip hop ရဲ့ အထာကို ပြောင်းလဲပေးသွားတဲ့ Album တချပ်၊ greatest MC တွေကို greatest album အကြောင်းပြောပါဆို ဒီalbum ကိုပဲ ညွှန်းကြလောက်အောင်ထိ ဂျွတ်တဲ့ album ပါ။ ခုခေတ်အနေနဲ့ နားထောင်ရင်တော့ production လန်းတယ်၊ flow လန်းတယ်လောက်ပဲ ဖြစ်ပေမယ့် 80s လောက်တုန်းက ဒီဘဲတွေနဲ့ ခေတ်ပြိုင် rappers တွေရဲ့ flow တွေဆိုတာ rhythm တွေ၊ beat တွေပေါ်ပဲ ရွတ်ကြတာပါ။ 🥁

Flow change တာ၊ ကစားတာတွေကို ဒီဘဲတွေက သုံးပြပြီး internal rhyme scheme ဆိုတဲ့ technique တွေကို သူတို့ ပထမဆုံးပြောင်းပြီးဆိုပြတာလို့ ပြောကြပါတယ်။ သူတို့ရဲ့ လွှမ်းမိုးမှုကို 90s ဘက်မှာ Nas တို့၊ Jay တို့လို တခြား rappers တွေအများကြီးမှာ တွေ့ရပါတယ်။ Eminem ကိုယ်တိုင်ကလည်း ဒီဘဲတွေက အဂျွတ်ဆုံး စာရင်းထဲမှာ ထည့်သင့်ကြောင်း၊ စတင်ခဲ့တဲ့ OG တွေဖြစ်ကြောင်း အင်တာဗျူးတွေမှာ ပြောခဲ့ပါတယ်။💯

ဒီ Album ဆိုလည်း old schools အထာ ဖြုတ်တဲ့ အထာတွေ၊ ရှယ် scratch တာတွေ၊ vinyl set တွေနဲ့ဖြုတ်ထားတာတွေကို နားထောင်လို့ရမှာပါ။ ဒါကတော့ link ပါ။🫡🫡

https://youtube.com/playlist?list=PLOFZMp5SZNnbRgrPotuYR8h9hZb7njO6N&si=AO60W5TUfzDBsb30



Mihon Reko ‘s Vinyl set💿Vinyl set တွေကလည်း comfy ဖြစ်ပြီး ငြိမ့်ငြိမ့်လေးနဲ့ တခုခုလုပ်နေလို့ဖြစ်ဖြစ်၊ စာလုပ်တာ၊ ဂိမ်းဆော...
28/12/2024

Mihon Reko ‘s Vinyl set💿

Vinyl set တွေကလည်း comfy ဖြစ်ပြီး ငြိမ့်ငြိမ့်လေးနဲ့ တခုခုလုပ်နေလို့ဖြစ်ဖြစ်၊ စာလုပ်တာ၊ ဂိမ်းဆော့ အလုပ်လုပ်တာပဲဖြစ်ဖြစ် ဖွင့်ထားပြီး မျောလို့ကောင်းမဲ့ ဂျွတ်တဲ့ Set တွေပါ။ ဒီထဲက Mihon Reko ရဲ့ set မှာတော့ Soul/Jazz/ Funk တို့လိုဟာတွေဖွင့်တာအပြင် Lighting ကလည်း cozy ပြီး comfort စေတဲ့ အထာမျိုးပါ။ တီးတဲ့လူရယ်၊ အလုပ်လုပ် (ဒါမဟုတ်) သူ့ set ကို နားထောင်ပြီး အေးဆေး chill တဲ့လူရယ် သူ့ set တွေမှာ အမြဲပါပါတယ်။ ဒါကလည်း သူ့ set ကို လုံးဝစီးမျောပြီး ကိုယ်လည်း တခုခုလုပ်ရင်း ဖွင့်ထားလိုက်ရင် ဂျွတ်နေတာပါ။🥶🕊️

ခုမှ စ run တာမကြာသေးဘူးထင်ပါတယ်။ YouTube ထဲမွှေကြည့်တာတော့ အရင်ကပုံစံတွေပြောင်းပြီး ပုံစံအသစ်နဲ့ပြန်လာတာပါ။

သူ့ရဲ့ set တွေ အများကြီးရှိတဲ့ YouTube channel ကို link ချလိုက်ပါတယ်။🫡💯

https://youtube.com/?si=16GVXgnFjWZkyffM



ဗဒင် ၊ နေရာ ၊ (Album)Local ထဲမှ ဂျွတ်ခဲ့တဲ့ ဗဒင်ကတော့ ရှေ့ခေတ်လူငယ်တွေအတွက် လက်ဖက်ရည်ဆိုင် culture ပါ။ Album ၄ ခွေပဲထုတ်...
27/12/2024

ဗဒင် ၊ နေရာ ၊ (Album)

Local ထဲမှ ဂျွတ်ခဲ့တဲ့ ဗဒင်ကတော့ ရှေ့ခေတ်လူငယ်တွေအတွက် လက်ဖက်ရည်ဆိုင် culture ပါ။ Album ၄ ခွေပဲထုတ်ခဲ့ပြီး ကွယ်လွန်သွားခဲ့တာပါ။ ခုပြောပြပေးချင်တာကတော့ ထွက်တုန်းက ၁ နိုင်ငံလုံးအတိုင်းအတာထိ ဂျွတ်ခဲ့တဲ့ ‘နေရာ’ ဆိုတဲ့ album အကြောင်းပါ။ မြန်မာ့ music သမိုင်းမှာတော့ အရောင်းရဆုံး album အဖြစ် စံချိန်တင်ထားပါတယ်။💯💯

Album မှာ ၁၄ ပုဒ်ပါပြီး jazz influenced, blues influenced မျိုးကိုတွေ့ရမှာပါ။ အဲ့တုန်းက ကြားရတဲ့ quality မျိုးက ခုခေတ်မှာ ထူးခြားပြီး နားထောင်လို့ ပိုကောင်းနေပါတယ်။ ဗဒင်ရဲ့ သီချင်းတွေကို နားထောင်ရတာက စာသားတွေက လွတ်လပ်ပြီး ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ busking ဆိုနေတဲ့ ဘဲကြီးတွေ အထာပါပဲ။ 🫡

တော်တော်ပေါက်တဲ့ နေရာ(၁)၊(၂) တို့ပါဝင်ပြီး သူအဆိုတော်မဖြစ်ခင်ဘဝ အဲ့ခေတ်က သိုးမည်းတစ်ယောက်ရဲ့ ဘဝမျိုးကို reflect ထားတဲ့ ‘သိုးမည်းတွေအကြောင်း’ တို့ပါဝင်ပါတယ်။ Rock n roll အထာမျိုး ‘အရာရာမင်း’ တို့လို track မျိုးလည်းပါဝင်ပြီး No U Turn က version ပြောင်းဆိုထားပါတယ်။ 🔥

‘သိပ်ချစ်တာပဲ’၊ ‘နောင်တ’ တို့က တချိန်က လူငယ်တွေအတွက် jam ရင် မပါမဖြစ်၊ ခုထိလည်း ဝိုင်းနေရင် ဆိုနေကြ သီချင်းတွေပါ။ အကြိုက်ဆုံးကတော့ ‘ချစ်အသည်းကျော်မလေး’ ပါ။ အဲ့ထဲမှာ ဗဒင်ကြီးရဲ့ လွတ်လပ်မှုကြီးက တော်တော်ဂျွတ်ပါတယ်။ ခံစားချက်တွေနဲ့ မျက်လုံးကြီးပိတ်ပြီး အော်ထုတ်နေသလိုမြင်ယောင်လာရပါတယ်။🥶🥶

နားထောင်ကြည့်စေချင်ပါတယ်။ ဒါက link ပါ။

https://youtube.com/playlist?list=PLM9urCS5cl_3c_wFhdit422ccapSrnhn6&si=SlWdKdeVJ6VYWTAD



Jus (Tagu Jams)မနေ့က ခရစ်စမတ်မှာ Tagu Jams ကနေ ထွက်လာတဲ့ Jus ရဲ့ live session ကို ညွှန်းပေးချင်ပါတယ်။ ကာလာလှလှပေါ်ကိုမှ ...
26/12/2024

Jus (Tagu Jams)

မနေ့က ခရစ်စမတ်မှာ Tagu Jams ကနေ ထွက်လာတဲ့ Jus ရဲ့ live session ကို ညွှန်းပေးချင်ပါတယ်။ ကာလာလှလှပေါ်ကိုမှ အသံကာလာနဲ့ လိုက်ဖက်အောင် ဖန်တီးထားတဲ့ သီချင်းသံတွေကတော့ ခရစ်စမတ်ကာလတွေမှာ အလိုက်ဖက်ဆုံးပါပဲ။ ဂျွတ်လှတဲ့ သံစဉ်တွေပေါ်မှာ ဝါကျင့်ကျင့် အရောင်လေးရယ်၊ အသံ quality တွေက ပိုပြီး warm ဖြစ်ပြီး မျောသွားစေပါတယ်။ 🎶

Jus ကို အရင်ထဲက Inappropriate Thoughts ကလုပ်တဲ့ ပွဲတွေမှာ ဆိုထဲက သူ့ရဲ့ အသံချိုချိုကို တော်တော်ဂျွတ်တာပဲဆိုပြီးဖြစ်ခဲ့ပါသေးတယ်။ Music styles ကိုက အေးမြမြနဲ့ ချိုမြိန်လွန်းပါတယ်။ ခု Tagu Jams မှာ tracks ၄ ပုဒ်သီဆိုသွားပြီး ဟာမွန်နီတွေ၊ chemistry တွေ၊ vibe တွေက ထပ်တူကျနေတာမျိုးကို ခံစားမိမှာပါ။ 🥁🥁

Tagu music က ရေးတင်ထားတဲ့ အကြောင်းတွေကို ဖတ်ကြည့်ဖို့လည်း ညွှန်းချင်ပါတယ်။

Link- https://www.facebook.com/share/p/1AwR4R4gMR/?

ခါတိုင်းလိုပါပဲ။ တစ်ကယ်ကောင်းတဲ့ content တွေ ထုတ်ပေးနေတဲ့ Tagu Music ကိုလည်း check ကြည့်ပါ။ No regrets fr💯💯

Youtube link - https://youtu.be/vCVrxQzhwzk



Christmas joot StuffsMerry Christmas ပါဗျာ အကုန်လုံး။ Christmas  vibe ကို အပေးနိုင်ဆုံးအရာထဲကဆိုရင်တော့ Christmas နဲ့ ပတ...
25/12/2024

Christmas joot Stuffs

Merry Christmas ပါဗျာ အကုန်လုံး။ Christmas vibe ကို အပေးနိုင်ဆုံးအရာထဲကဆိုရင်တော့ Christmas နဲ့ ပတ်သက်တဲ့ သီချင်းတွေပါပဲ။ နှစ်တိုင်း trending ဖြစ်လာလာတဲ့ Mariah Careyရဲ့ ‘All I want for Christmas is you’ ကိုတော့ ညွှန်းပါရစေ။ အချိန်တွေကြာပေမဲ့လည်း ရိုးမသွားတဲ့ ဂျွတ်သီချင်းပါ။

https://youtu.be/aAkMkVFwAoo?si=Y8wbRlP3YeLYc8VB

Fuji kaze ရဲ့ jazz styles နဲ့ဆိုထားတဲ့ cover ကလည်း ပုံမှန်နဲ့ ကွဲထွက်နေပြီး jazzy လေးကို ကိုယ်ပိုင်ဖန်တီးမှုတွေတွေ့ရမှာပါ။ ဒါကတော့ link ပါ။
https://youtu.be/aKl2MYlCno8?si=lMKkDSZqfZUqwzOw



GeniusGenius ကနေ လုပ်တဲ့ beat breakdown ပရိုဂရမ်တွေကို present ပေးချင်ပါတယ်။ Genius ကလုပ်တဲ့ ပရိုဂရမ်တွေကတော့ အများကြီးပ...
24/12/2024

Genius

Genius ကနေ လုပ်တဲ့ beat breakdown ပရိုဂရမ်တွေကို present ပေးချင်ပါတယ်။ Genius ကလုပ်တဲ့ ပရိုဂရမ်တွေကတော့ အများကြီးပါ။ Beat breakdown တာအပြင် artists တွေရဲ့ သူတို့သီချင်းစာသားတွေ၊ အဓိပ္ပာယ်တွေ၊ Open mic လိုမျိုးဟာတွေရောပါပဲ။ ဒီမှာတော့ producer တွေအနေနဲ့ ဘယ်လိုမျိုး beat ကို ဖန်တီးလဲဆိုတာတွေကို တွေ့နိုင်မှာမို့လို့ ဂျွတ်တဲ့ အစီအစဉ်ပါ။ 💯💯

‘The box’ , ‘Love’ , ‘No Role Modelz’ စတဲ့ သီချင်းတွေကို breakdown ပြထားတာတွေရောရှိပါတယ်။ ဒီလို hit မဲ့ သီချင်းတွေဖြစ်မလာခင် artists တွေ ဘယ်လိုဖန်တီးခဲ့ရကြောင်း၊ producer တွေရဲ့ scratch ကနေစပြီး ဘယ်လို ဖန်တီးကြောင်း၊ ဘယ်လို အသံတွေယူသုံးထားကြောင်း ကြည့်ချင်၊ သိချင်တဲ့ လူတွေအတွက်တော့ စိတ်ဝင်စားစရာပါ။ 🔥

Love beat breakdown - https://youtu.be/NOciiz9WK5Y?si=VNiXZRZ28pUawnhI

စိတ်ဝင်စားလို့ဖြစ်ဖြစ်၊ လေ့လာချင်လို့ဖြစ်ဖြစ်၊ ပျင်းလို့ဖြစ်ဖြစ် ကြည့်ချင်တယ်ဆို try ကြည့်သင့်ပါတယ်။ တစ်ခြား ဂျွတ်တဲ့ သီချင်းတွေလည်း အများကြီးပြထားပါတယ်။ ဒါကတော့ Genius ရဲ့ Youtube channel link ပါ။

https://youtube.com/?si=Dbp9WUdU0BDHSGqn



Blonde (Frank Ocean’s)Tracks 17 ပုဒ်ပါဝင်တဲ့ Frank Ocean ရဲ့ album ၁ချပ်ပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ထွက်ရှိထားတာပါ။ Andr...
23/12/2024

Blonde (Frank Ocean’s)

Tracks 17 ပုဒ်ပါဝင်တဲ့ Frank Ocean ရဲ့ album ၁ချပ်ပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ထွက်ရှိထားတာပါ။ André 3000 တို့၊ Beyoncé တို့က guest vocals အနေနဲ့ပါထားပါတယ်။ Production ပိုင်းအနေနဲ့ကိုလည်း Frank ကိုယ်တိုင် ကိုင်ထားတာပါ။ ဒီဘဲရဲ့ styles နဲ့ production skills က တော်တော်ဂျွတ်ပါတယ်။ 🥶

၁၇ ပုဒ်ကြီးတောင်ပါပြီး ၁ ပုဒ်ချင်းရဲ့ production အဖိုင်းကြီးတွေ၊ synth တွေနဲ့ ခေါ်ဆောင်သွားမှာပါ။ သူ့ရဲ့ s*x အတွေ့အကြုံတွေ၊ ဆုံရှုံးမှုအကြောင်းတွေ၊ trauma တွေကို ရေးထားတာပါ။💯

Personally ခိုက်တာတော့ ‘Godspeed’ ပါပဲ။ ကိုယ်တစ်ဘဝလုံးရှိချင်တဲ့လူမျိုးကိုမှ နှုတ်ဆက်ဖို့ကဖြစ်လာတာမျိုး၊ အမြဲတမ်းရင်ထဲမှာတော့ ရှိနေမှာမျိုး ဆိုတဲ့ ခံစားချက်ကိုရပါတယ်။ Gospel အထာကိုမှ R&B ဆန်ဆန်နားဆင်နိုင်ပါတယ်။ ပေါက်ထားတဲ့ ‘Nikes’ , ‘Pink + White’ , ‘Ivy’ တို့လည်း တော်တော်မျောလို့ကောင်းပါတယ်။ 🕊️🕊️

Outkast က André 3000 ပါထားတဲ့ ‘Solo (Reprise) နားထောင်ရတာလွတ်လပ်ပါတယ်။ André ရဲ့ vocal ကို အနောက်က beat က လိုက်နေသလို “ဆူညံသောင်းကျန်း” နေသလိုမျိူး လျော့လျော့လျဲလျဲ chords တွေနဲ့ တော်တော်ဂျွတ်ပါတယ်။🔥

၁၇ပုဒ်လုံးနားထောင်ဖို့ အချိန်မရှိဘူးဆိုတောင် ကျွန်တော်ညွှန်းတာတွေ try ကြည့်လို့ရပါတယ်။ ဒါကတော့ youtube link ပါ။🤝

https://youtube.com/playlist?list=OLAK5uy_kClWWfWghQXro7ONQ-DfH3RZ1oxiu0kMA&si=yjRmJSeyJo0V9_rP



To Pimp A Butterfly Kendrick ရဲ့ To Pimp A Butterfly ကတော့ အကောင်းဆုံး rap album လို့လည်း ပြောကြသလို၊ Jazz influenced ra...
22/12/2024

To Pimp A Butterfly

Kendrick ရဲ့ To Pimp A Butterfly ကတော့ အကောင်းဆုံး rap album လို့လည်း ပြောကြသလို၊ Jazz influenced rap album မှာကိုမှ rhythm နဲ့ poetry အများကြီးပါဝင်ပြီး ဂျွတ်တဲ့ classic album ၁ချပ်လို့လည်း ပြောကြပါတယ်။🦋

သူ့ရဲ့ intro song ကနေ outro အထိကို မတူတဲ့ flow တွေ၊ beat ပေါ် ရွတ်နေတဲ့ စကားလုံးတွေက ကဗျာရွတ်နေတဲ့ အထာတွေကို ကြားရမှာပါ။ Rappers တစ်ယောက်ပြလို့ရနိုင်တဲ့ ဂျွတ်တဲ့စကေးတွေ အကုန်လုံးကို Kendrick ကပြသွားတာပါ။🔥

Interlude 2 ပုဒ်ပါပြီး 2 ပုဒ်လုံးက composition တွေရော၊ concept တွေက ဂျွတ်နေပါတယ်။သူ့ရဲ့ မတူညီတဲ့ alter ego တွေ၊ မတူညီတဲ့ ကာရိုက်တာတွေနဲ့ ပြောပြထားတဲ့ အကြောင်းအရာတွေပါ။ ‘Alright’ ဆိုလည်း လုံးဝ hood အထာကိုမှ heads up နေဖို့ ပြောပြထားသလိုမျိုး ကြံစေပါတယ်။ Pharrell တီးပေးထားတာပါ။💯💯

သူ့ရဲ့ album ကို breakdown ထားတဲ့ video တွေလည်းရှိတာမို့လို့ ကြုံရင်ကြည့်ကြည့်ပါ။ ဒါကတော့ link ပါ။🗣️

https://youtu.be/AUEI_ep9iDs?si=0nhD1nJ9FIXrm7bD (Part one)

https://youtu.be/Hu4Pz9PjolI?si=0ma-uw_AZL0brnB_(Part Two)



ที่อยู่

Samut Prakan
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Good Plug For Joot Stuffsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์