THAE MAUNG Vlogs ခေတ်ပျက်ကြီးထဲမှာ မဂ်လာပါလို့ မပြောပါရစေနဲ့ဗျာ

Big shout out to my newest top fans! 💎 A Nge Kaung, NannTha Wa Nyut, Eain Ka LayDrop a comment to welcome them to our co...
20/07/2025

Big shout out to my newest top fans! 💎 A Nge Kaung, NannTha Wa Nyut, Eain Ka Lay

Drop a comment to welcome them to our community,

အောင်မြင်နေချိန်အနားမှာလက်ခုပ်သံတွေ ဝိုင်းဝိုင်းလည်နေပေမဲ့ကျရှုံးချိန်မှာတော့လှည့်ကြည့်မယ့်သူတောင် ရှိမှာမဟုတ်တော့ဘူးကို...
22/04/2025

အောင်မြင်နေချိန်အနားမှာ
လက်ခုပ်သံတွေ ဝိုင်းဝိုင်းလည်နေပေမဲ့

ကျရှုံးချိန်မှာတော့
လှည့်ကြည့်မယ့်သူတောင် ရှိမှာမဟုတ်တော့ဘူး

ကိုယ့်ပျော်ရွှင်မှု ကို ဘယ်သူတွေပေါ်မှ
မမှီတည်စေဖို့ဘဲ...

သိထားဖို့က အောင်မြင်ချိန်မှာ
မြှောက်ပင့်ပေးတာကို မသာယာဖို့နဲ့
ကျရှုံးချိန်မှာ စိတ်ဓာတ် မကျဖို့ပဲ

ဘဝဆိုတာအမြဲမအောင်မြင်နိုင်သလို
အမြဲတမ်းလဲရှုံးနိမ့်မနေပါဘူး...

ဘဝမှာကြုံလာသမျှတွေထဲကအတုနဲ့အစစ်
အမှန်နဲ့အမှားခွဲခြားတတ်ဖို့ပဲလိုတာပါ....

#ကို #စိတ်ဓာတ်

လူပီသဖို့ အများကြီးမလိုပါဘူးစာနာတတ်တဲ့ နှလုံးသားလေးရှိရင်ကို ပြည့်စုံပါပြီ။လူပီသတဲ့လူတစ်ယာက်ဖြစ်ဖို့ အတွက်အဓိက လိုအပ်ချက...
16/04/2025

လူပီသဖို့ အများကြီးမလိုပါဘူး
စာနာတတ်တဲ့ နှလုံးသားလေးရှိရင်ကို
ပြည့်စုံပါပြီ။

လူပီသတဲ့လူတစ်ယာက်ဖြစ်ဖို့ အတွက်
အဓိက လိုအပ်ချက်ဟာ
ကိုယ်ချင်းစာ တရားပါပဲ။

လူထဲက လူပီသချင်ရင်
သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့
စိတ်ထားလေးထားရှိဖို့ လိုအပ်ပါတယ်။

လူဆိုတာ
စိတ်ကောင်း ရှိလာလေ
စာနာတတ် သီးခံတတ်လာလေပါပဲ။

စိတ်ယုတ်ရှိလာလေ
အငြှိုးကြီးတတ်
အာဃာတကြီးတတ်လာလေပါပဲ။

လူက မွေးလို့လူ ဖြစ်လာပေမဲ့
လူ ဖြစ်ပြီး လူလို မကျင့်ရင်
လူလို့ မခေါ်ထိုက်ပါဘူး။

လူပီသပြီး
လူသားဆန်တဲ့
လူကောင်းတစ်ယောက် ဖြစ်ဖို့အတွက်
ဘာအရည်အချင်းမှ ရှိနေဖို့မလိုပါဘူး။

ကိုယ့်ရင်ထဲမှာ
ကိုယ်ချင်းစာ တရားဆိုတဲ့
လူလူချင်း အပေါ်စာနာတတ်တဲ့
နှလုံးသားတစ်စုံ ရှိနေဖို့ပဲလိုတာပါ။

လူကတော့
အမျိုးမျိုး ရှိပါတယ်......

လူလိမ်
လူယုတ် မာ
လူကန့်လန့်
လူကောင်း
လူလိမ္မာ စသည်အားဖြင့်
လူမျိုးစုံ ရှိနေပါတယ်။

အဆိုးဆုံးက,လူယုတ်မာ ပါ။

အဲဒီလို လူတွေထဲမှာ
ကိုယ်ကလူယုတ်မာ မဖြစ်အောင်
ကြိုးစားနေထိုင်ရမယ်။

ဘဝမှာ,လူတော်တော်များများဟာ
ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့,ပိုင်ဆိုင်မှုတွေကို ကြည့်ပြီး
အပေါ်ယံ
အကဲဖြတ်ကာ
အဆင့်အတန်း ရှိတယ်လို့
သတ်မှတ်နေကြတယ်။

အမှန်တကယ်တော့
လူမပီသမှု ဆိုတာ

အပြစ်တင် ဝေဖန်တတ်သူ
အတ္တကြီးသူ
တစ်ကိုယ်ကောင်း ဆန်သူ
ငြူစူတတ်သူ
အတင်းအဖျင်း ပြောတတ်သူ
ခြယ်လှယ်တတ်သူ
အဲဒီလို လူတွေဟာ
လူမပီသတဲ့ လူတွေထဲမှာ ပါပါတယ်။

ဘယ်လောက်ပဲ ပညာတွေတတ်တတ်
ဘယ်လောက်ပဲ ပစ္စည်းဥစ္စာတွေပေါပေါ
လူပီသတဲ့ စိတ်မရှိရင်တော့
လူမပီသတဲ့
လူလို့ ခေါ်လို့ရပါတယ်။

ဒါပေမဲ့
စိတ်မပျက်ပါနဲ့။
အဲဒီလို လူတွေထဲမှာ
ကိုယ်မပါဘူးဆိုတာ
သင်ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ..........????

Big shout out to my newest top fans! 💎 A NA Nge KaungannTha Wa NyutDrop a comment to welcome them to our community, @top...
03/04/2025

Big shout out to my newest top fans! 💎 A NA Nge KaungannTha Wa Nyut

Drop a comment to welcome them to our community, @topfans

 #ကိုယ်ချင်းစာတရားရှိသူများသာဖတ်ရန်အသိုက်ထဲမှာဘာကြောင့်သေရတာလဲ...အောက်ကပုံကို သေချာကြည့်ပါ။ ပေါက်ခါစငှက်ကလေးများဖြစ်တယ်အ...
25/03/2025

#ကိုယ်ချင်းစာတရားရှိသူများသာဖတ်ရန်

အသိုက်ထဲမှာ
ဘာကြောင့်သေရတာလဲ...
အောက်ကပုံကို သေချာကြည့်ပါ။
ပေါက်ခါစငှက်ကလေးများဖြစ်တယ်
အတောင်ပံလည်း မပေါက်သေးဘူး။
အမွှေးလည်းမစုံသေးဘူး ဘယ်လိုနည်းနဲ့မှ
ပျံသန်းပြီး ရှာဖွေစားသောက်နိုင်ခြေ မရှိဘူး....
ဒီတော့ သူတို့လေးတွေက အစာ လာပို့မယ့်
အမေကို စောင့်မျှော် နေကြတယ်။
မေမေကြီးက တစ်ရက်လည်းမလာ
သုံးရက်လည်းမလာ တစ်ပတ်လည်းမလာ
ဘာမှမသိတဲ့ သားသမီးတွေက မေမေ့ကို
စောင့်ရင်း မျှော်ရင်း ငတ်ပြီး သေဆုံးရရှာတယ်.....
ဘာကြောင့်လဲ?
အတ္တကြီးတဲ့ ငှက်ပစ်သမား လူငယ်လေးကြောင့်
မေမေ့ကို ပစ်ခတ်ပြီး စားပစ်လိုက်ပြီလေ.. ထို့နောက် သားသမီးတွေအတွက် အစာ မပို့ပေးနိုင်တော့ဘူးပေါ့...
အစာမစားရတဲ့ငှက်ဘဝမှာ ကယ်တင်မယ့် ပရဟိတမရှိ။
ဒါကြောင့် ထမင်းတစ်လုတ်စာလောက်ပဲရတဲ့
ကျေးငှက်လေးတွေရဲ့အသားကို မမက်မောပါနဲ့
မပစ်ကြပါနဲ့ အသက်ချမ်းသာခွင့်ပေးလိုက်ကြပါ...
အစာလေးတွေပတ်ကျွေးပေးပါ.. ကုသိုလ်ထပ်တူယူကြပါစို့......

ဆီးချိုက ၈၀၀ကျော်တက်သွားလို့နှလုံးသွေးကြော ၄ချောင်းလုံးပိတ်သွားတဲ့အပြင် ကျောက်ကပ်ကကွမ်းစားများလို့ လုံးဝ ပျက်စီးသွားပေမယ...
22/03/2025

ဆီးချိုက ၈၀၀ကျော်တက်သွားလို့
နှလုံးသွေးကြော ၄ချောင်းလုံး
ပိတ်သွားတဲ့အပြင် ကျောက်ကပ်က
ကွမ်းစားများလို့ လုံးဝ ပျက်စီးသွားပေမယ့် အစာအိမ်ကတော့ ကင်ဆာပါတဲ့🥺

အသဲမှာပြည်တည်နေတာတော့ ..
လတ်တလော ကုပေးနေပါတယ်

အဓိက ပြဿနာက..
ရိုက်ကူးရေးတွေနဲ့ အဘကြိုဆိုရေး
ခရီးတွေများနေလို့ ART ဆေးသောက်တာ ရက်မမှန်ရာက စတာပဲ....(ဆိတ်ရောဂါအထူးကု)

ဘာများပြောချင်ပါသေလဲ🥺🥺🥺🥺

Big shout out to my new rising fans! Thet Zin Hlaing
22/03/2025

Big shout out to my new rising fans! Thet Zin Hlaing

"""စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ"""""မာနတွေ သိပ်မထားပါနဲ့ ...မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။ "" လူတွေ...
19/03/2025

"""စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ"""

""မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

"" လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

""လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

""ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

"" ဖြေရှင်းလို့ုရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

""အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

"" တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

""အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

"" သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်ေတာသာထားလိုကျပါ

""မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိုင်ပါတယ်။

"" သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန်ဖိုးထားမှုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

""ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ္ပါယ်ရှိအောင်
လုပ်ပေးတဲ့သူတွေမို့ပါ။

"" ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

"" နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

"" လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

""တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

""သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

""ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

""အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

""နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပျ အလုပျဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

""ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။

""ဒီလောက်ဆို စာဖတ်သူ
ဖတ်လို့ဝပြီး ဖတ်ရကျိုးနပ်မှာပါ။
ကိုယ့်စာလေးက စာဖတ်သူတွေအတွက်
အားတက်စရာဖြစ်ပါစေ......

Big shout out to my new rising fans! Thet Zin Hlaing6:2048:Thet Zin Hlaing] Thank.s 😍😍😍
15/03/2025

Big shout out to my new rising fans! Thet Zin Hlaing6:2048:Thet Zin Hlaing] Thank.s 😍😍😍

ဘယ်အရက်ကိုယ်ကျမ်စားရှာထွက်မှာလဲ🤣🤣🤣သိတဲသူဖြေခဲအုံနော်
11/03/2025

ဘယ်အရက်ကိုယ်ကျမ်စားရှာထွက်မှာလဲ🤣🤣🤣သိတဲသူဖြေခဲအုံနော်

ဒီအချက်တွေကြည့်ပြီးမှ စနေညပွဲတွေ ကစား # အလာဗက်စ်ဟာ ဂီရိုနာနဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၃ ပွဲစလုံးမှာမရှုံးခဲ့ဘဲ သူတိ...
11/01/2025

ဒီအချက်တွေကြည့်ပြီးမှ စနေညပွဲတွေ ကစား
# အလာဗက်စ်ဟာ ဂီရိုနာနဲ့အိမ်ကွင်း
တွေ့ဆုံမှု နောက်ဆုံး ၃ ပွဲစလုံးမှာ
မရှုံးခဲ့ဘဲ သူတို့ကြားက နောက်ဆုံး
တွေ့ဆုံမှု ၈ ပွဲမှာလည်း ၇ ပွဲက
နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက်
ရှိထားပါတယ်။

# ဗယ်လာဒိုးလစ်အိမ်ကွင်း ဘက်တစ်
နဲ့နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲမှာ ၉ ပွဲက
နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက်
ဖြစ်ထားပါတယ်။

# လီဂါနက်စ်ဟာ အက်စ်ပန်ညိုနဲ့
နောက်ဆုံးတွေ့ဆုံမှု ၆ ပွဲမှာ ၅ ပွဲ မရှုံးခဲ့ဘဲ
သူတို့ကြားက နောက်ဆုံးတွေ့ဆုံမှု ၈ ပွဲမှာ
၇ ပွဲက နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက်
ဖြစ်ထားပါတယ်။

# ဆီဗီလာဟာ ဗလင်စီယာနဲ့နောက်ဆုံး
တွေ့ဆုံမှု ၁၁ ပွဲမှာ ၁၀ ပွဲ မရှုံးခဲ့သလို
အဲဒီထဲ ၅ ပွဲ နိုင်ထားပါတယ်။

# အတ္တလန္တာဟာ အူဒီးနိစ်နဲ့နောက်ဆုံး
တွေ့ဆုံမှု ၁၄ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ
၉ ပွဲ နိုင်ထားပါတယ်။

# အမ်ပိုလီဟာ လက်ချီနဲ့အိမ်ကွင်း
တွေ့ဆုံမှု နောက်ဆုံး ၆ ပွဲစလုံးမှာ
မရှုံးခဲ့ဘဲ ၄ ပွဲ နိုင်ထားပါတယ်။

# ဂျူဗင်တပ်ဟာ တိုရီနိုနဲ့နောက်ဆုံး
တွေ့ဆုံမှု ၂၁ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ
၁၆ ပွဲ နိုင်ထားပါတယ်။

# အေစီမီလန်ဟာ ကက်ဂလီယာရီနဲ့
အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၁၉ ပွဲမှာ
၁၈ ပွဲ နိုင်ထားပါတယ်။

# ဟော်ဖန်ဟိမ်းနဲ့ဝုဖ်ဘတ်တို့ရဲ့နောက်ဆုံး
တွေ့ဆုံမှု ၁၁ ပွဲစလုံးမှာ နှစ်ဖက်သွင်းဂိုး
၃ ဂိုးနဲ့အထက် ရှိထားပါတယ်။

# ဟိုင်ဒန်ဟိမ်းဟာ ယူနီယံဘာလင်နဲ့
အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၅ ပွဲစလုံး
ကို နိုင်ထားပါတယ်။

# ဟိုစတိန်းကီရယ်ကို ဧည့်ခံရမယ့်
ဖရိုင်းဘတ်ဟာ နောက်ဆုံးဘွန်ဒက်စ်လီဂါ
အိမ်ကွင်း ၄ ပွဲမှာ ၃ ပွဲ နိုင်ထားပါတယ်။

# မိန့်ဇ်ကွင်း သွားကန်ရမယ့် ဘိုချမ်ရဲ့
နောက်ဆုံးဘွန်ဒက်စ်လီဂါ ၆ ပွဲစလုံးမှာ
နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားတယ်။

# ဂလက်ဘတ်အိမ်ကွင်း ဘိုင်ယန်မြူးနစ်နဲ့
နောက်ဆုံးတွေ့ဆုံမှု ၈ ပွဲမှာ ၇ ပွဲက နှစ်ဖက်
သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်.....

စာပေ ဗဟုသူတ.....

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ THAE MAUNG Vlogsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์