Htet's Diary တစ်ခဏတာ စိတ်အပမ်းပြေစေဖို့ ကောင်းနိုးရာရာ ဗွီဒီယိုလေးတွေ တင်ဆက်ပေးသွားပါမည်။

29/09/2025

အချစ်စစ်တို့မည်သည် ゚viralシ

မှတ်သားစရာ စာစုများ
27/09/2025

မှတ်သားစရာ စာစုများ

သားအိမ်ခေါင်းကင်ဆာသားအိမ်ခေါင်းကင်ဆာ လက္ခဏာများသားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ လဲဆိုတာ မပြောခင် သားအိမ်ခေါင်းကင်ဆာ ရဲ...
07/08/2025

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ လဲဆိုတာ မပြောခင် သားအိမ်ခေါင်းကင်ဆာ ရဲ့ လက္ခဏာတွေကို အရင်ပြောပြပေးပါ့မယ်။ သားအိမ်ခေါင်းကင်ဆာက ကနဦးအဆင့်မှာဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် တော်တော်များများက မသိကြတာပါ။

အောက်က လက္ခဏာတွေပြပြီဆိုရင်တော့ ကင်ဆာအဆင့်မြင့်နေပါပြီ။

အတူနေပြီး သွေးဆင်းတာ
ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ
သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
မိန်းမကိုယ်ကနေ အဖြူဆင်းတာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ
ဆီးစပ်ကိုက်တာ
အတူနေစဉ် မိန်းမကိုယ်နာတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒီလို လက္ခဏာတွေဖြစ်တယ်။ ကိုယ့်ဟာကိုယ်လည်း ဘာဖြစ်မှန်း မသေချာဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်း

သားအိမ်ခေါင်းကင်ဆာက ဘာလို့ဖြစ်ရတာလဲဆိုတာ အတိအကျမသိကြပါဘူး။ HPVဗိုင်းရပ်စ်ကြောင့်လို့ ပြောပေမယ့် ဒီဗိုင်းရပ်စ်ရှိတိုင်း သားအိမ်ခေါင်းကင်ဆာ မဖြစ်ပါဘူး။ ပြောချင်တာက HPVဗိုင်းရပ်စ်အပြင် တခြားသော အကြောင်းအရာတွေကပါ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ ဝိုင်းပြီးအားပေးနေကြတာပါ။ အဲဒါတွေကတော့

လိင်ဆက်ဆံဖော်များတာ
သင့်မှာ များတာပဲဖြစ်ဖြစ်၊ သင့်ဆက်ဆံဖော်မှာများတာပဲဖြစ်ဖြစ် လူများလေလေ HPVကူးဖို့ ဖြစ်နိုင်ခြေ များလေလေပါပဲ။

လိင်ဆက်ဆံချိန်စောခြင်း
အသက်ငယ်ငယ်နဲ့ လိင်စဆက်ဆံရင် HPVဗိုင်းရပ်စ် ကူးနိုင်ချေမြင့်ပါတယ်။ (အထူးသဖြင့် အသက် ၁၈နှစ်အောက်)

တခြားလိင်မှတဆင့်ကူးစက်တဲ့ ရောဂါများ
ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ HIV/AIDSရောဂါတွေ ရှိနေရင် HPV ရှိနိုင်ခြေများပါတယ်။

ခုခံအားကျခြင်း

တခြားအကြောင်းကြောင့် ခုခံအားကျနေမယ်။ HPVလည်းရှိနေမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကလည်း သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။

ကိုယ်ဝန်ခိုင်ဆေးသုံးခြင်း

ကိုယ်ဝန်ရှိချိန်မှာ
diethylstilbestrol (DES)သုံးမယ်ဆိုရင် မွေးလာမယ့် သမီးမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ ဒီဆေးကတော့ ဟိုးအရင်တုန်းက သုံးတာပဲ ဖြစ်ပါတယ်။

တားဆေးသောက်ဆေး သောက်ခြင်း

တားဆေးသောက်ဆေးကို နှစ်ရှည်လများ စွဲသောက်တဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဆေးရပ်လိုက်ရင် ဖြစ်နိုင်ခြေက ပြန်ကျသွားပါတယ်။

သက်ဆိုင်သည့် ဆောင်းပါး

သားအိမ်ခေါင်းကင်ဆာကာကွယ်နည်းများ
(၁) ကာကွယ်ဆေးထိုးပါ။

HPVကာကွယ်ဆေးထိုးတာက သားအိမ်ခေါင်းကင်ဆာ အပါအဝင် HPVကြောင့်ဖြစ်တဲ့ တခြားသောကင်ဆာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကာကွယ်ဆေးထိုးပါ။

(၂) သားအိမ်ခေါင်းအချွဲစစ်ပါ။ (Pap tests)

မိန်းမကိုယ်ကနေ သားအိမ်အဝကို brushအပျော့အသေးလေးနဲ့ အချွဲကိုယူပြီး စစ်ဆေးတာပါ။ အသက်၂၁ကစပြီး စစ်လို့ရပါပြီ။ အဖြေပေါ်မူတည်ပြီး ပြန်စစ်ရမယ့်အချိန် ကွာသွားပါမယ်။ အမျိုးသမီးတွေက ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ပုံမှန်စစ်သင့်ပါတယ်။

Pap testအပြင် HPV test ကိုပါ စစ်နိုင်ရင် ပိုကောင်းပါတယ်။

(၃) အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုမျိုးဖြစ်ပါစေ။

လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကို ကာကွယ်ထားခြင်းက သားအိမ်ခေါင်းကင်ဆာကို တစ်ခါတည်း ကာကွယ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော် နည်းပါစေ။

(၄)ဆေးလိပ်မသောက်ပါနဲ့။

မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။

ဒီနေရာမှာ HPVဗိုင်းရပ်စ်အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ ခန္ဓာကိုယ်ထဲကို HPVဗိုင်းရပ်စ်ဝင်လာပြီဆိုရင် ခုခံအားစနစ်က ပြန်ပြီးတိုက်ထုတ်ပါတယ်။ လူနည်းနည်းမှာပဲ ဒီဗိုင်းရပ်စ်က ဆက်ရှိနေပြီး သားအိမ်ခေါင်းဆဲလ်တွေကို ပုံပြောင်းပစ်တာပါ။ ဒီပုံမမှန်တဲ့ ဆဲလ်တွေက ကံကောင်းရင် နဂိုပုံမှန်ဆဲလ်အဖြစ် ပြန်ဖြစ်နိုင်ပါသေးတယ်။ တချို့တချို့တွေမှာတော့ ကင်ဆာဆဲလ်အဖြစ်ပြောင်းသွားပါတယ်။ ဒီလိုပြောင်းဖို့ဆိုတာလည်း ၁၀စုနှစ်နဲ့ချီ ကြာပါတယ်။

ဒါဆိုရင် ဘာလို့ ဒီလောက်ကြောက်နေကြတာလဲ။ ဘာလို့ ကာကွယ်ဆေးတွေ ထိုးနေကြတာလဲ။ အကြောင်းက လက္ခဏာမပြလို့ပါပဲ။ အပေါ်မှာပြောထားပါတယ်။ ကနဦးအဆင့်မှာ ဘာမှ မခံစားရပါဘူး။ လက္ခဏာပြတဲ့အချိန်မှာ နောက်ကျပြီး အသက်ဘေးနီးနေပါပြီ။ ဒါကြောင့် ကာကွယ်ဆေးတွေထိုး၊ ဆေးတွေစစ်ကြတာပါ။
#ကျန်းမာရေးဗဟုသုတများမျှဝေပါသည် #သားအိမ်ခေါင်းကင်ဆာ
#အမျိုးသမီးရောဂါ

မိန်းကလေးတိုင်းသတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ....အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသာ...
28/07/2025

မိန်းကလေးတိုင်းသတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ....

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး အမျိုးသမီးတွေမှာသာဖြစ်တတ်တဲ့ ရောဂါတစ်ချို့ကြောင့် မိမိကိုယ့်ကိုယ် ပိုဂရုစိုက်ဖို့လိုပါတယ်။
အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်း ဖြစ်လာတာမဟုတ်ဘဲ ရက်ရှည်လများ အစပျိုးပြီး ဖြစ်လာတာပါ။
ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင် အသက်အန္တရာယ်မဖြစ်အောင် အချိန်မီ တားဆီးနိုင်မှာပါ။ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဗိုက်ပူနေခြင်း

မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ်။ ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစားထားသလိုမျိုးဗိုက်ဖောင်းပြီးပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။
ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။

(၂) မေးစေ့နားတဝိုက်ဝက်ခြံတွေထွက်ခြင်း

ဝက်ခြံထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်တဲ့အရာမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်းကမောက်ကမဖြစ်နေပါပြီ။ သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြသစစ်ဆေးဖို့လိုနေပါပြီ။

(၃) လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်လက်တွေအလွန်အမင်းနာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ။ ဒါပေမယ့် သင်ကတော့ သူများတွေထက်ပိုဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့မခံမရပ်နိုင်အောင် ၊ မလှုပ်နိုင်လောက်အောင်နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူးဆိုတဲ့ လက္ခဏာပါ။
ဒီလိုဖြစ်နေရင် ဆရာဝန်ပြဖို့လိုပါတယ်။

(၄) ဓမ္မတာလာစဉ် သွေးခဲများဆင်းခြင်း

ဓမ္မလာတဲ့အခါ သွေးခဲတွေပါလာတာ၊ သွေးရောင်ကပုံမှန်လိုမဟုတ်ဘဲ အညိုရောင်လိုလိုဖြစ်နေတာတွေက သားအိမ်အတွက်စိုးရိမ်ရတဲ့အနေအထားပါ။ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် သားအိမ်အတွင်းအလုံးဖြစ်နေတာမျိုး၊ ရေအိတ်ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ပြဖို့လိုနေပါပြီ။

(၅) အစားစားချင်စိတ် နည်းလွန်းခြင်း 😞

တခါတရံမှာ အစားစားချင်စိတ်ပျောက်နေတာမျိုးကလည်း ပုံမှန်ဖြစ်တတ်တဲ့အနေအထားတစ်ခုပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ဆုံး အစားအစာကိုတောင်စားချင်စိတ်မရှိတာမျိုး၊ တစ်နေကုန်နေလို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့သတိထားရတော့မှာပါ။ ဒါက သားအိမ်ကင်ဆာ အစပြုတဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။

(၆) ဆံပင်တွေအများအပြားကျွတ်ခြင်း

ခေါင်းဖြီးလိုက်တာနဲ့ဆံပင်တွေတထွေးကြီးကျွတ်လာရင် ပေါ့ဆမနေသင့်ပါဘူး။ ဒါက ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်ပြီး ဆံပင်တွေအများအပြားကျွတ်တဲ့အခြေအနေကနေ ဒီထက်ပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်။

Crd
゚viralシ #ကျန်းမာရေး
#ဗဟုသုတ #သားအိမ်ရောဂါ #အလုံး #အကျိတ် #ရေအိတ်

Who u r??? 😜😝🤪
14/05/2025

Who u r??? 😜😝🤪

😝😝😝
13/05/2025

😝😝😝

Shout out to my newest followers! Excited to have you onboard! Kang Kang, Khin Myo Thwe, Pyaephyo Khaing, Ma War, Nang S...
26/04/2025

Shout out to my newest followers! Excited to have you onboard! Kang Kang, Khin Myo Thwe, Pyaephyo Khaing, Ma War, Nang Sandar Tun, Htoo Bo Oo, Lyra May, Wint Wint, Phuong Le, Sengnoi Saga, Ba Gyi Htike, Kaung Thet San, Kaung Kaung, Lek Sawmaung, Tun Tun Thein, ထာဝရ စိုင်းLaDaw Khinn Aung Ko Lattင်Nyein Nyeini ဂန္ဓဝင် ကိုကို့မSai Thiha LLove Mine် ငါချစ်တဲ့မင်း ငါချစ်တဲ့မင်းarKxin Layngလရောင် ကိုး, Thaw Kha KPoe KuhaSung SunghaSaung Chit Thu TOoyanyoRose Zai NutလမTin Nilar Tunu Aung Naing Soe KThidar WinိတNan Nwe SThaw Zin Kaung KhantThSoe Thandar Aung ကMin Thu သMyo Chit HtooLiလမင်းငယ် သNan Ku KuAyanokouji Kiyotakaဆိတ် ဂွေးSaw Nay Win AungKo ThawKyaw Ye Minကိုချစ်ရ သူလေးSu Mar LiTluang Cung Paရွှေညာ သား

ที่อยู่

1778-1780 Bantadthong Road Wangmai
Bangkok
10330

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htet's Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์