Dhamma Voices Channel

Dhamma Voices Channel ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dhamma Voices Channel, ครีเอเตอร์ดิจิทัล, Bangkok.

''''တချို့က ပြောကြတယ် မဟုတ် လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ရောဂါဝေဒနာက...
11/11/2024

''''တချို့က ပြောကြတယ် မဟုတ် လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။

ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။

ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ အကုသိုလ် ကံတွေကို ရှင်းသွားစေပြီးတော့ ကုသိုလ်ကံတွေ ဖြစ်လာတယ်။

ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိ စိတ်မှာလည်းပဲ လောဘ ဒေါသစတဲ့ အကုသိုလ် အညစ်အကြေးတွေ ကင်းစင်သွားပြီး

အလောဘ အဒေါသစတဲ့ ကုသိုလ် တရားတွေ တိုးပွားလာ တယ်။

ထိုအလောဘ အဒေါသစတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရား ဟာ သန့်စင်လာတယ်။

ကျန်းမာလာတယ်။

ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။

ဒါကြောင့် ကုသလရဲ့ အဓိပ္ပါယ်ကို “ကျန်းမာခြင်း” လို့လည်း ပြောတယ်။

ကုသလဆိုတာ ကျန်းမာ ခြင်း ဖြစ်တယ်။

ဒီသဘာဝတရားတွေ ရင်ထဲ နှလုံးထဲမှာ ဖြစ်လို့ရှိရင် ကျန်းမာတယ်တဲ့။

ဘာဖြစ်လို့တုန်း ဆိုတော့ အလောဘဆိုတာ Generosity ပဲ ပေးချင်တယ်၊ကမ်းချင်တယ်၊လှူချင်တယ်၊တန်းချင်တယ်။

ပေးကမ်းဖို့ အဆင်သင့် ဖြစ်တယ်။

အိမ်မှာ နေရင်း ကလဲ မျှဝေသုံးစွဲတယ်။

ကိုယ်စားတဲ့ အစာ အာဟာ ရကို သူများ
မျှဝေပေးတယ်ဆိုတာ အင်မတန်
မွန်မြတ်တဲ့ အလုပ် ဖြစ်တယ်။

အဒေါသ ဆိုရင်လည်း ရင်ထဲမှာ အမုန်းတရား မထားဘဲနဲ့ တစ်ဦးပေါ် တစ်ဦး အကျိုးလိုလားတဲ့ စိတ်တွေမွေးတယ်။

အဲဒါလည်း အင်မတန် မွန်မြတ် တဲ့ စိတ်ပဲ။

အမောဟဆိုတာလည်း လုပ်သင့်တာနဲ့
မလုပ်သင့်တာကို ခွဲခြားသိပြီး
မလုပ်သင့်တာကို ရှောင်တယ်လုပ်သင့်တာကို လုပ်တယ်။

ဒီတရားတွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ကောင်းကျိုး ချမ်းသာတွေ ရလာပြီပေါ့။

လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖြစ်လာပြီ ဆိုရင် အားလုံးဟာ အလွဲလွဲ အချော်ချော်နဲ့ စိတ်ကို ပူလောင်စေတယ်။

ထို စိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ ရုပ်ကိုလည်း ပူလောင်စေတာပါပဲ။

စိတ်ပူရင် ရုပ်ပူသွားတာပေါ့။

ဒါကြောင့်ကျန်းမာခြင်းရဲ့ အဓိက သည် ကုသိုလ်ကောင်းမှုပဲဖြစ်တယ်။

ကုသိုလ် စိတ်ဓါတ်တွေပဲပေါ့။

အခုလို ကုသိုလ် စိတ်ဓါတ်တွေ ဖြစ်လာပြီ ဆိုရင် စိတ်နှလုံး ဖြူစင် အေးချမ်းလာသည့် အတွက် ကျန်းမာမှုက ပိုကောင်း လာတာဖြစ်တယ်။

ဒါကြောင့်“ကုသိုလ်ကောင်းမှု မမေ့နဲ့”လို့ မြတ်စွာ ဘုရားက ဟောတာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏
Crd

''ယနေ့ကို တွေ့ဖြစ်အောင် သွားတွေ့ပါ''     - နက်ဖြန်သည် ငါ့အတွက် မသေချာ။     သင့်အတွက်လည်း မရေရာ။   - သေမှာရှင်မှာ      အတ...
09/11/2024

''ယနေ့ကို တွေ့ဖြစ်အောင် သွားတွေ့ပါ''

- နက်ဖြန်သည် ငါ့အတွက် မသေချာ။
သင့်အတွက်လည်း မရေရာ။

- သေမှာရှင်မှာ
အတတ်မသိရာသောကြောင့်တည်း။

- နက်ဖြန်သည် ငါ့အတွက်မဟုတ်။
သင့်အတွက်လည်းမဟုတ်။

- ဘယ်လိုဂြိုဟ်ဆိုး၊ ကြမ္မားဆိုးများ
ဝင်တိုးမည် မသိသောကြောင့်တည်း။

- နက်ဖြန်သည် ငါ့ကိုမချိန်း။
သင့်ကိုလည်း သူမချိန်း။

- အချိန်သည် သူ့ဝန်သူထမ်း၍
သူ့လမ်းသူ သွားနေသောကြောင့်တည်း။

- ယနေ့သည် ငါ့လက်ကိုင်
ငါပိုင်ဖြစ်နေသည်။

- ထိုယနေ့သည် ရွှေဆို ရွှေ၊
ငွေဆို ငွေ ငါ့ကို ဝေနေပြီ။

- ယနေ့လောက် သေချာသောကာလ၊
ယနေ့လောက် သေချာသောဘဝ
ငါ့အတွက် ဘယ်မှာမှ မရှိ။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

09/11/2024

မဟာ​ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့်ပန်ထွာဘုရင်မအကြောင်း


#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
#ပန်ထွာဘုရင်မ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dhamma Voices Channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์