May News နေ့စဉ်သတင်းများကိုတင်ဆက်ပေးနေပါပြီ

ဒီကောင်လေးကဘဝကိုပျော်ပျော်ရွှင်ရွှင်ဖျက်သန်းရင်းကနေမထင်မှတ်ထားတဲ့အဖစ်ဆိုးကြီးနဲ့ကြုံခဲ့ရတာပါကောင်လေးရဲ့နာမည်ကတော့နေသန်ဖစ...
18/08/2025

ဒီကောင်လေးကဘဝကိုပျော်ပျော်ရွှင်ရွှင်ဖျက်သန်းရင်းကနေမထင်မှတ်ထားတဲ့အဖစ်ဆိုးကြီးနဲ့ကြုံခဲ့ရတာပါကောင်လေးရဲ့နာမည်ကတော့
နေသန်ဖစ်ပီးသူကတော့ သူကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းနဲ့ ရည်းစားဖြစ်သူကို ထိုင်ဝမ်မှာ မနှစ်က အောက်တိုဘာလကမှ လက်ထပ်ခွင့်တောင်းခဲ့တာပါအဲ့ကနေနှစ်ယောက်စလုံး ဒီနှစ်နိုဝင်ဘာလမှာ မင်္ဂလာဆောင်ဖို ငွေကြေးစုဆောင်းနေပြီး မင်္ဂလာပွဲအတွက်တောင် စီစဉ်စရာတွေ စတင်စီစဉ်နေချိန်မှာ နေသန်နီယယ် ဟာ သူချစ်ရတဲ့ ရှယ်ရီနဲ့ သူ့မိသားစုကိုထားပြီး ဘဝတပါးကိုခရီးထွက်သွားရပါပြီ
နေသန်က သူ့ဈာပနဟာ ငိုကြွေးမြည်တမ်းနေကြတဲ့ ဈာပနမဟုတ်ဘဲ ဂုဏ်ယူဖွယ်နောက်ဆုံးခရီးဖြစ်ချင်ပါတယ်လိုလည်းတောင်းဆိုခဲ့တာပါဒါ့ကြောင့် အားလုံးကိုအမည်းရောင်ဝတ်ပြီးတက်မယ့်အစားအရောင်တောက်ပစွာဝတ်ပြီး တက်ကြပါတယ်သူကတော့"It's not a goodbye, it's a see you again." — Nathanielဒါဟာ ဂွတ်ဘိုင်မဟုတ်ဘူး ... ပြန်တွေ့ကြအုံးမယ်လို နေသန်ကမှာသွားခဲ့ပါတယ်
သူ့အမေအပြောအရ နေသန်ဟာ ၅ တန်းကျောင်းသားအရွယ်ကတည်းက ခေါင်းမကြာခဏကိုက်တယ်လို ဆိုပါတယ်
မိဘတွေက ဒါအရေးမကြီးလောက်ဘူးဆိုပြီး နေခဲ့ရာကနေ နေသန် စစ်မှုထမ်းဖိုဝင်တဲ့အချိန်မှာ ခေါင်းအရမ်းကိုက်တဲ့အတွက် ဆေးခန်းပြဖိုဆုံးဖြတ်လိုက်ပါတယ်အဲ့ကနေMRI ရိုက်ကြည့်လိုက်တဲ့ခါမှာ ရှားပါးတဲ့ဦးနှောက်ရောဂါ တစ်မျိုးဖြစ်တဲ့ Grade 4 cerebral Arteriovenous Malformation (AVM) ကို တွေ့ရှိခဲ့ပါတယ်cerebral Arteriovenous Malformation (AVM) အကြောင်းကို ညီမလေး Dr. Neuro ကိုရေးဖိုပြောမှာမိုလို ဒီနေရာမှာမပြောတော့တာပါနေသန်ဟာ ၂၀၂၀ စက်တင်ဘာလတုန်းက Gamma Knife surgery ကုထုံးနဲ့ ဦးနှောက်ကအလုံးကို ဓာတ်ရောင်ခြည်ပေးပြီး ကုသခဲ့ပါတယ်ဆရာဝန်ရဲ့ပြောချက်အရ ဒီကုထုံးရဲ့ရလဒ်ကိုသိဖို ကုသပြီး ၃ နှစ်ကနေ ၈ နှစ်အထိကြာနိုင်ပြီး ဦးနှောက်ထဲမှာအလုံးပေါ်တတ်တယ်လို ဆိုပါတယ်အဲ့ကနေနေသန်ရဲ့ရည်းစားရှယ်ရီရဲ့အပြောအရ ဒီကုထုံးကိုခံယူပြီးနောက် နေသန်ဟာ နှစ်စဉ် Check-up လုပ်ခဲ့ပေမဲ့ သူ့အခြေအနေက တိုးတက်မလာဘူးလို ဆိုပါတယ်ဒီနှစ် ဖေဖော်ဝါရီလမှာ MRI ထပ်ရိုက်ကြည့်ရာမှာ Gamma Knife-induced cyst ကို တွေ့ခဲ့ရတာပါဒီလိုအလုံးဖြစ်ဖိုက ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တယ်လို ဆိုပါတယ်ဇွန်လိုင်လ ၇ ရက်နေ့မှာ အလုံးက ၇ စင်တီမီတာအထိရှိလာခဲ့ပါတယ် ဆရာဝန်က ဒီအလုံးထဲမှာသွေးတွေအောင်းနေမယ်လို သံသယရှိပါတယ်ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ နေသန်ရဲ့ကိုယ်ခန္ဓာဘယ်ဘက်အခြမ်းက ထုံပြီးခံစားမှုမရတော့လို ဆေးရုံကိုအရေးပေါ်တက်ခဲ့ရပါတယ်အရေးပေါ်ခွဲစိတ်မှု (၂) ကြိမ်လုပ်ခဲ့စဉ်မှာ ပထမခွဲစိတ်မှုအပြီးမှာ ဆရာဝန်က နေသန်ဟာ နောက်ထပ် ၄၈ နာရီပဲအသက်ရှင်နိုင်တယ်လို သတိပေးခဲ့ပါတယ်ဒီလိုနဲ့
ခွဲစိတ်မှုအပြီးမှာ နေသန်ဟာ ဦးနှောက်ဘယ်ဘက်အခြမ်းလေဖြတ်သွားခဲ့ပြီး ညာဘက်အခြမ်းကထရော်မာရခဲ့ပါတယ်အဲ့ဒီကနေ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီမှာ နေသန်ဟာ Coma ဖစ်သွားပြီး ဦးနှောက်လုံးဝအလုပ်မလုပ်တော့ဘူးလို ဆရာဝန်တွေက အသိပေးခဲ့ပါတယ်ပြောချင်တာက နေသန်ရဲ့သတ္တိနဲ့စိတ်ဓာတ်ပါတွေးကြည့်ပါ။ လူတစ်ယောက်ဟာ မကြာခင်မင်္ဂလာဆောင်မယ်လို စီစဉ်နေရာကနေ မကြာခင်ဘဝတပါးကိုခရီးထွက်ရလိမ့်မယ်၊ နေရဖိုအခွင့်အရေးအရမ်းနည်းတယ်လို သိရချိန်မှာ တော်ရုံလူဆိုရင် စိတ်ဓာတ်ပြိုလဲပြီး အိပ်ရာထဲခွေခွေလေးလဲနေကာ ဘယ်သူ့ကိုမှတွေ့ချင်မှာ မဟုတ်တော့ပါဘူး။နေသန်ကတော့ သူ့အကြောင်းကို ပြန်ပြောင်းပြောပြတဲ့ ဗီဒီယိုလေးရိုက်ခဲ့ပါသေးတယ်အဲ့ကနေ နေသန်ဟာ နှလုံး၊ အသည်း၊ ကျောက်ကပ်စတဲ့ သူ့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရသလောက်လှူဖို စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ကျောက်ကပ်၊ အသည်းနဲ့ iliac arteries သွေးကြောမတွေကသာ လှူဒါန်းဖိုသတ်မှတ်ချက်မီခဲ့ပါတယ်ဒါကြောင့်ဘဲ
အသက် ၂၇ နှစ်အရွယ်နေသန်ကကံမကောင်းအကြောင်းမလှလို ကွယ်လွန်သွားပေမဲ့ လူ (၄ )ယောက်အတွက် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းပြီးလူ (၄) ယောက်ရဲ့အသက်ကိုကယ်ဖို ကြိုးစားသွားတဲ့ Angel ပါပဲဘလိုဘဲဖစ်နေပါစေကိုယ့်ရဲ့နောက်ဆုံးချိန်လေးမှာတောင်လူတွေရဲ့အသက်ကိုကယ်ချင်တဲ့စိတ်ဓာက်လေးကတော့တကယ့်ကိုလေးစားစရာပါဘဲအခုလောက်ဆိုရင်
နေသန်လည်း ကောင်းကင်ဘုံကနေ သူ့လှူဒါန်းမှုအတွက် ပီတိဖြစ်နေမှာပါအသေချာပါဘဲနော်
နောက်ပီးအားလုံးလည်းခေါင်းကိုက်တယ်ဆိုပီးမပေါ့ဆကြပါမဲ့အမြန်ဆုံးဆရာဝန်ကိုပြကြပါကိုယ့်သားသမီးတေထဲမှာပါရင်လည်းဂရုစိုက်ပေးကြပါလိုသတိပေးလိုက်ရပါတယ်

မိဘများအနေဖြင့် သမီးမိန်းကလေးများကို ရေချိူး ခေါင်းလျှော် သတိထား ဂရုစိုက်ကြပါ၀၂၄ နှစ်က Mdy ပုသိမ်ကြီးက ဘက်စုံထူးချွန်တဲ့...
16/08/2025

မိဘများအနေဖြင့် သမီးမိန်းကလေးများကို ရေချိူး ခေါင်းလျှော် သတိထား ဂရုစိုက်ကြပါ
၀၂၄ နှစ်က Mdy ပုသိမ်ကြီးက ဘက်စုံထူးချွန်တဲ့ သမီးလေး တယောက်လည်း အိပ်နေရင်းက ဦးနှောက်သွေးကြောပေါက်ကာ ဆုံးပါးခဲ့ဘူးခဲ့ပီးအခုတစ်ခါမှာလည်း၁၆နှစ်အရွယ်အမျိုးသမီးလေးတစ်ယောက်လည်းအသက်ဆုံးရှုးခဲ့ရတာပါဖစ်တာကတော့
ကျနော့်သမီးလေး နဲ့ သမီးလေး မေထက်ဇော်က 2024 CAE international School မှာ တကျောင်းတည်း တက်ခဲ့ကြတာဖစ်ပီး အသက်အရွယ် တူပါတယ်ကျောင်းဆင်းလာတဲ့အချိန် သမီးလေးကိုစောင့်နေရင်းနဲ့ ချစ်စရာကောင်းတဲ့ မေထက်ဇော် လေးကို စကားတွေ ပြောဖြစ်ခဲ့ပါတယ်လိုဆိုပါတယ်
ဒီကလေးက Mdy ငလျင် တွေဖြစ်တော့ Mdy မှာ ကျောင်းမတက်တော့ဘဲ ပြင်ဦးလွင် စာပန်းအိမ် မှာ ၁၀ တန်း တက်နေပြီး အဆောင်နေခဲ့တယ်6/8/25 ရက်နေ့မှာတော့ ရေချိူးခန်း ထဲ ရေချိူးနေရင်း လဲကျသွားပြီး ဦးနှောက်
သွေးကြော ပေါက်ပြီး ရုတ်တရက် ဆုံးသွားပါတယ်တကယ်ကိုစိတ်မကောင်းဖစ်ရပါတယ် အရမ်းလည်းအံ့ဩနေမိတယ်ကလေး လဲကျပြီး ဆေးရုံ ပိုတော့ ကလေးမိဘတွေ ygn ရောက်နေလို operation မလုပ်နိူင်ခဲ့ဘူး
၁၆ နှစ်ကလေး လေးတယောက်က ဦးနှောက်သွေးကြော ပေါက်တယ် ဆိုတာ စောလွန်းလို မယုံနိူင်ဘူး လက်မခံချင်ပါဘူးဒါကတော့ခလေးရဲ့ ဦးနှောက်မှာ အကြိတ်ရှိနေခဲ့တာ မသိခဲ့ဘူး ထင်ပါတယ် နှမြောဖိုတကယ်ကောင်းပါတယ်
အခုလို မဖြစ်ခင် လက္ခဏာ တချိူကို သမီးလေးက ခံစားသိရှိမလား ဆိုတာကို အိမ်က မိသားစုဝင်များသာ သိရှိပါလိမ့်မည်
သွေးကြောမပေါက်ခင် လက္ခာ တစ်ချိူကို ခံစားသိရှိရပါတယ်ခေါင်းကိုက်မယ်
သွေးတိုးမယ်မူးမယ်ပျိုမယ်အန်မယ် တက်မယ် မျက်စိမှုလာမယ်ခြေလက်တွေ လေးမယ်
ကလေးတွေက မသိခဲ့ သတိမထားမိရင်တောင်မှ မိဘတွေက ပိုဂရုစိုက်ပေးကြရပါမယ်ခ‌ေလး‌ေတကပန်းလေးတပွင့်လို ပါပဲ နုနယ်လှတဲ့ ကလေးတွေပါဆံပင်ရှည် ထားသော သမီးမိန်းကလေးများ အားလုံးကို ရေချိူး ခေါင်းလျှော် အထူးဂရုစိုက်ကြပါဟု မှာချင်ပါတယ်ရာသီလာချိန် မှာလည်းနွေးနွေးထွေးထွေး နေကြပါလို သတိပေးချင်ပါတယ်

13/08/2025

မိဘတွေမရှိတော့ဘဲ ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရတဲ့ကလေး

11/08/2025

မင်္ဂလာဆောင်ပြီး၃လအကြာမှာ မထင်မှတ်ထားတဲ့အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ဇနီးမောင်နှံ

11/08/2025

ပေါ့ဆတဲ့ဆရာဝန်တွေကြောင့်လောကကြီးကထွက်ခွာခဲ့ရတဲ့ကျောင်းသူလေး

09/08/2025

ကျောင်းသားတစ်ယောက်ကို ဆေးရုံရောက်အောင် စိတ်ရှိလက်ရှိရို-က်ခဲ့တဲ့ဆရာမ

သံတောင်ကြီးမြိုမှာ မြေပြိုတဲ့အထဲပါသွားတဲ့ချစ်စရာကလေးလေးများတောင်ပေါ်ဒေသ (သံတောင်ကြီး)မှာမိုးများ၍ မြေပြိုကျမှုဖြစ်စဥ်၌ အ...
09/08/2025

သံတောင်ကြီးမြိုမှာ မြေပြိုတဲ့အထဲပါသွားတဲ့ချစ်စရာကလေးလေးများ

တောင်ပေါ်ဒေသ (သံတောင်ကြီး)မှာ
မိုးများ၍ မြေပြိုကျမှုဖြစ်စဥ်၌ အသက်ပေးခဲ့ရသူများ
၁။ ဦးရွေဝင်း အသက် ၆၇ နှစ်
၂။ ဦးအော်လယ် အသက် ၅၇ နှစ်
၃။ ဦးနိုးစက် အသက် ၅၄ နှစ်

ရပ်ကွက် ၃ က ခွားဆီ..ခြံထဲမှာနေရင်မြေပြိုထဲပါတဲ့ dead body တွေ ထပ်တွေ့ရှိ
ပျောက်ဆုံး ၃ဦး ကိုလည်းရှာဖွေနေဆဲ.ပါ

ကရင်ပြည်နယ်၊သံတောင်ကြီးမြိုမှာ တောင်ကျရေအရှိန်ပြင်းလိုမြေပြိုကာ ရွာလုံးကျွတ်ပျက်စီးမှုများရှိနေပြီး၈ ဦးထက်မနည်းသေဆုံးကာ ပျောက်ဆုံးနေသူအချိုလည်းရှိကြောင်းဒေသခံများထံမှသတင်းရရှိသည်။
ဩဂုတ်လ ၄ရက်ညနေမှစ၍တောင်‌ပေါ်မှ ရေများဆင်းလာပြီး ရွာလမ်းများ၊နေအိမ်များ၊ ချောင်းများကို တိုက်စားသွားခြင်းဖြစ်သည်။

ဘာဘီရုပ်လေးနဲ့တူလို တစ်တော့မှာအားလုံးရဲ့အချစ်ကိုရနေပီးလူချစ်လူခင်များနေတဲ့ မန္တလေးက ဆယ်လီမမ 🥰မန္တလေးက နာမည်ကြီး ကုံးထက် ...
04/08/2025

ဘာဘီရုပ်လေးနဲ့တူလို တစ်တော့မှာအားလုံးရဲ့အချစ်ကိုရနေပီးလူချစ်လူခင်များနေတဲ့ မန္တလေးက ဆယ်လီမမ 🥰

မန္တလေးက နာမည်ကြီး ကုံးထက် ကြက်ဆီထမင်းဆိုင်ပိုင်ရှင် မမပါတဲ့ ❤️
ကျန်းမာရေးကြောင့် ပိန်တာမဟုတ်ဘူးသက်သက်ကို လှအောင်လို ဝိတ်ချထားတဲ့ဆယ်လီမမ

ျောက်ဆုံးနေတဲ့ ၈ နှစ်အရွယ် သမီးလေးကို မ-တ-ရား-ကျ-င့်ခံထားရပြီး ဆုံးပါးလျက် ပြန်လည်တွေ့ရှိ 😰လူပျောက်သမီးလေးရှာတွေ့ပါပြီရှ...
04/08/2025

ျောက်ဆုံးနေတဲ့ ၈ နှစ်အရွယ် သမီးလေးကို မ-တ-ရား-ကျ-င့်ခံထားရပြီး ဆုံးပါးလျက် ပြန်လည်တွေ့ရှိ 😰

လူပျောက်သမီးလေးရှာတွေ့ပါပြီရှင်

ယနေ့ မနက်(7:00)ဝန်းကျင်တွင် ကျွန်မတိုအသင်းအား ကလေး DB တစ်ခုရှာတွေ့ထားပါသဖြင့် လာရောက်ကူညီပေးပါရန် ဖုန်းဆက်လာပါသောကြောင့် သွားရောက်ကူညီခဲ့ပါတယ်။

ကလေးမှာ တစ်နေ့က ပျောက်ဆုံးနေခဲ့သော သမီးလေး မငြိမ်းနှင်းနွယ်ဖြစ်နေကြောင်း စိတ်မကောင်းစွာဖြင့် သိရှိခဲ့ရပါတယ်။

၄င်း ကလေးငယ်လေးကို (၇)လပိုင်း (၃၀)ရက်နေ့ နေ့လည်ပိုင်း (၂:၀၀)ဝန်းကျင်က ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဲ့နေ့မှာကတည်းက ကလေးအသက်ဆုံးရှုးနေခဲ့ပုံ ပေါ်ပါတယ်ရှင်။

နောက်ပြီး ၄င်း ကလေးငယ်၏ db ကိုဝမ်ပုံစခန်းမှူး ဒုရဲမှူး မျိုးမင်းအောင်နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျာမင်းတို၏ ကြိုးပမ်းအားထုတ်မှုကြောင့် မိုင်းဖုန်း(ခ) နန်းမလွှတ်ရွာ မဲခေါင်
မြစ်အတွင်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်မတိုလည်း ခက်ခက်ခဲခဲနဲ့ သမီးလေးဆီကို သွားရောက်ကူညီခဲ့ကြပါတယ်။

မနက်ဖြန် သမီးလေး ကိုရည်စူးကာ ကောင်းမှုကုသိုလ်လုပ်ဖိုအတွက် ကျွန်မတိုအသင်းမှ ထမင်းဗူး(၁၀၀)နှင့် သံရဏဂုံတည်ရန်ရဟန်း သံဃာများအတွက်ပါ လိုအပ်သည်များ အားလုံးကို ကူညီပေးသွားမှာဖြစ်ပါတယ်ရှင်။

ကျွန်မ တို အားလုံးလည်း ရင်ထဲမှာ တစ်ကယ်ကို မကောင်းလှပါဖူးရှင်...တကယ့်ကိုဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုပါ။

သမီးလေး ကောင်းရာဘုံဘဝသို ရောက်ရှိပါစေလို ဆုတောင်းပေးလိုက်ပါတယ်...🙏

တာဝန်မယူတဲ့ ယောကျ်ားကြောင့် ဗိုက်ကြီးနဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးငယ်မိန်းကလေးတိုင်းအခုလောက်ထိယောက်ကျားတစ်ယောက်ကိုအယုံလ...
04/08/2025

တာဝန်မယူတဲ့ ယောကျ်ားကြောင့် ဗိုက်ကြီးနဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးငယ်
မိန်းကလေးတိုင်းအခုလောက်ထိယောက်ကျားတစ်ယောက်ကိုအယုံလွယ်ပီးဘဝပုံမအပ်သင့်ပါဘူး ဒီမိနိးကလေးကတော့ညီမသူနဲ့ကြိုက်ခဲ့တာ ၆လပါ သူနဲ့ကုယ်ဝန်ရနေပြီဆိုတာ လှမ်းပြောတော့သူမှာမိန်းမရှိတယ် ကလေးလည်းရှိတယ်ဆိုတာသိခဲ့ရတယ် သူမိန်းမနဲ့ပဲပြန်ပေါင်းမှာဆိုပြီး အဆက်အသွယ်မရတော့ဘူး အခုညီမမှာ မွေးဖိုမွေးစရိတ်လည်းမရှိဘူး မွေးပြီးရင်လည်းကလေးနဲ့ ဘယ်လိုမှအဆင်မပြေတော့ မခိုင်နှင်းဝေ ကိုပေးဖိုဆုံးဖြတ်ထားတယ်”မိဘတွေနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေတဲ့ သူမအတွက် ဒီလိုအခြေအနေမျိုးမှာ ရင်သွေးလေးကို မပေးချင်ဘဲနဲ့ ပေးရတော့မယ့် အဖြစ်က အတိုင်းမသိ ဝမ်းနည်းစရာကောင်းလှပါတယ်

အော်တစ်ဇင်ကလေးလေးကိုမှရက်ရက်စက်စက်ခေါင်းအုံးနဲ့ဖိသတ်လိုက်တဲ့မူကြိုဆရာမအမေရိကရှိ မူကြိုတစ်ခုမှာ အသစ်(၃)နှစ်အရွယ် အော်တစ်ဇ...
04/08/2025

အော်တစ်ဇင်ကလေးလေးကိုမှရက်ရက်စက်စက်ခေါင်းအုံးနဲ့ဖိသတ်လိုက်တဲ့မူကြိုဆရာမ
အမေရိကရှိ မူကြိုတစ်ခုမှာ အသစ်(၃)နှစ်အရွယ် အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးလေးကို မူကြိုဆရာမက စောင်နဲ့ အုပ်ကာ ဖိသတ်ခဲ့ပါတယ် အဆိုပါဖြစ်စဉ်ဟာ ‌အမေရိကနိုင်ငံ Missouri ပြည်နယ်မှာရှိတဲ့ နာမည်ကြီး မူကြိုကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ကျူးလွန်သူ မူကြိုဆရာမက ဘာမှမသိရှာတဲ့ အသက်(၃)နှစ်အရွယ် အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးလေးကို အိပ်ခိုင်းလိုမရတာကြောင့် စိတ်ရှုပ်ပြီး စောင်နဲ့အုပ်ကာ ဖိသတ်လိုက်တာဖြစ်တယ်လို ထွက်ဆိုထားပါတယ်
အခင်းဖြစ်ပွားရာနေ့က မိခင်ဖြစ်သူဟာ ပုံမှန်အတိုင်း သူမသားလေးကို မူကြိုမှာပိုပေးခဲ့ပြီး အမေရိက စံတော်ချိန် ညနေ ၄နာရီ၁၅မိနစ်မှာ သူမ သားလေးကို ပြန်သွားကြိုခဲ့ပါတယ်။မူကြိုကိုရောက်တော့ မူကြိုရှိဝန်ထမ်းဆရာမတွေက သူမရဲ့သားလေးဟာ နေ့လည်ကတည်းကနေ ညနေအထိ အိပ်နေတုန်းပဲလို ပြောခဲ့ပြီး သူမကို ကလေးရှိရာဆီကို ခေါ်ဆောင်သွားခဲ့ကြပါတယ်မူကြိုအိပ်ဆောင်ကိုရောက်တော့ သူမရဲ့ (၃)နှစ်အရွယ်သားလေးဟာ ရေချိုးခန်းအနီးမှာ အိပ်နေတာကို တွေ့လိုက်ရပြီး ကလေးရဲ့ ဗိုက်ပေါ်မှာ စောင်အထူတစ်ထည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။အနားသွားပြီး နှိးကြည့်တော့ ကလေးရဲ့ ခန္ဓာကိုယ်ဟာ အေးစက်၊တောင့်တင်းနေပြီး အသက်မရှိတော့တာကို သိလိုက်ရပါတော့တယ်။ကလေးရဲ့မျက်နှာနဲ့ လက်မောင်းတွေမှာလည်း ခရမ်းရောင် အညိုမည်းတွေစွဲထင်နေပြီး ကလေးသေဆုံးနေခဲ့တာဟာ အချိန်အနည်းငယ် ကြာမြင့်နေပြီဖြစ်တယ်လို မိခင်ဖြစ်သူက သိခဲ့ရပါတယ်
သူမမျက်စိရှေ့မှာ အသက်မရှိတော့တဲ့ သူမရဲ့သားလေး ခန္ဓာကိုယ်ကို မြင်ပြီး ထိတ်လန့်ကာ၊ပူဆွေးဝမ်းနည်းကာ အော်လိုက်တဲ့အသံကို အခြား ကျောင်းကြို မိဘတွေကလည်း ကြားခဲ့ကြပြီး ကလေးသေဆုံးမှုကို စစ်ဆေးဖို တာဝန်ရှိသူတွေကို ခေါ်ယူခဲ့ကြတယ်လို ဆိုပါတယ်တာဝန်ရှိသူတွေ ရောက်ရှိ၊စစ်မေးကြတဲ့အခါမှာတော့ မူကြိုဆရာမ ဖြစ်သူ "ဆံပင်ရွှေရောင် နဲ့ တစ်ဖနီအမည်ရှိ အမျိုးသမီး" က သူဟာ ကလေးကို နေ့လည်ခင်း အိပ်ခိုင်းချိန်မှာ အခြားကလေးတွေလို မအိပ်ပဲ စိတ်အနှောင့်အယှက်ဖြစ်‌စေတဲ့အတွက် သူ့ကို စောင်နဲ့အုပ်ပြီး သူငြိမ်သွားတဲ့အချိန်အထိ အပေါ်ကနေ ဖိထားခဲ့တာဖြစ်ကြောင်း သွေးအေးအေးနဲ့သာ ပြောပြခဲ့တယ်လို သိရှိရပါတယ်
ကျန်းမာရေးချိုတဲ့နေတဲ့ ကလေးလေးတစ်ယောက်ကို စိတ်အေးလက်အေး ကျူးလွန်ရဲတဲ့ ဆရာမဟာ ဆရာမဆိုပြီး မခေါ်ထိုက်တဲ့ ရာဇဝတ်သားတစ်ယောက်ပါ။ဒီလိုလူမျိုးက ဆရာ မဖြစ်ထိုက်ပါဘူး။ကွယ်လွန်သွားတဲ့ကလေးငယ်နဲ့ ရင်သွေးငယ်ကို ဆုံးရှုးခဲ့ရတဲ့ မိဘတွေအတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်

03/08/2025

အခက်အခဲရှိတာချင်းအတူတူ သားသမီးကိုမစွန့်လွှတ်တဲ့အာဂမိခင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ May Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์