Superhero Spotlight

Superhero Spotlight Superhero နဲ့ Anime များအတွက် facts များ သီးသန့် တင်ဆက်ပေးသွားမယ့် Page ဖြစ်ပါတယ်။

16/04/2026

Wolverine က ဘာကြောင့် ဆေးလိပ်သောက်တာလဲ


16/04/2026

လောက်တောင် မလောက်ဘူး :3

$ သုံးကို မကျဘူး ... မသိရင် Reverse Flash ကြီးလိုပဲ
15/04/2026

$ သုံးကို မကျဘူး ... မသိရင် Reverse Flash ကြီးလိုပဲ

Yes
15/04/2026

Yes

ဟင်
15/04/2026

ဟင်

Marvel ရဲ့ Daredevil series ထဲက ဗီလိန် Kingpin (Wilson Fisk) က နံရံပေါ်က Rabbit in a Snowstorm ဆိုတဲ့ အဖြူရောင်ပန်းချီကာ...
15/04/2026

Marvel ရဲ့ Daredevil series ထဲက ဗီလိန် Kingpin (Wilson Fisk) က နံရံပေါ်က Rabbit in a Snowstorm ဆိုတဲ့ အဖြူရောင်ပန်းချီကားကြီးကို စွဲစွဲလန်းလန်း ကြည့်နေတတ်ပါတယ်။

သူ ဘာလို့ ဒီပန်းချီကားကို ဒီလောက် သဘောကျနေရသလဲဆိုတဲ့ အကြောင်းအရင်းကို တချက်လောက် ဖတ်ကြည့်ရအောင်။

Wilson Fisk ဟာ ငယ်ငယ်က သူ့အဖေကို thet ခဲ့ရတဲ့အထိ ဆိုးရွားတဲ့ စိတ်ဒဏ်ရာ ရှိခဲ့သူပါ။

အဖြူရောင်ပန်းချီကားကို ကြည့်တဲ့အခါ သူခံစားရတဲ့ အထီးကျန်မှုကို အမှတ်ရစေပါတယ်။

သူကိုယ်တိုင် ပြောဖူးသလိုပဲ
ဒီပန်းချီကားကို ကြည့်ရတာဟာ "နှင်းမုန်တိုင်းထဲက ယုန်ကလေး" လိုပဲ၊ အဖြူရောင်တွေကြားမှာ ပျောက်ကွယ်နေပြီး အထီးကျန်နေရတဲ့ ခံစားချက်ကို သူနဲ့ ထပ်တူကျစေလို့ပါ။

Fisk ရဲ့ စိတ်ထဲမှာ အမြဲတမ်း ဒေါသတွေ၊ အကြမ်းဖက်လိုစိတ်တွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။

ဒီလို အရောင်မရှိ၊ ဘာရုပ်ပုံမှ မပေါ်လွင်တဲ့ အဖြူရောင်ချည်းပဲ ရှိနေတဲ့ ပန်းချီကားက သူ့ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ကို ငြိမ်သက်သွားစေဖို့ ကူညီပေးပါတယ်။

ပြောရရင် အဖြူရောင်က သူ့အတွက် အနားယူရာတစ်ခုလို ဖြစ်နေတာပါ။

ဒီပန်းချီကားက သူအရမ်းချစ်ရတဲ့ Vanessa နဲ့ စတင်ဆုံတွေ့ခဲ့ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

ပန်းချီပြခန်းမှာ Vanessa က ဒီအဖြူရောင် ပန်းချီကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြရင်း Fisk ရဲ့ နှလုံးသားကို လှုပ်ခတ်နိုင်ခဲ့တာပါ။

ဒါကြောင့် ဒီပန်းချီကားဟာ သူ့ရဲ့ လူသားဆန်တဲ့ အချစ်နဲ့ Vanessa ကို ပိုင်ဆိုင်ရခြင်းရဲ့ ပြယုဒ်တစ်ခုလည်း ဖြစ်လာပါတယ်။

အဖြူရောင်ပန်းချီကားဟာ Kingpin အတွက် သူခံစားနေရတဲ့ အတွင်းစိတ်က အထီးကျန်မှုကို ဖော်ပြနေသလို၊ တစ်ဖက်မှာလည်း သူ့ကို ငြိမ်သက်စေတဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်နေလို့ပါပဲ။


James Gunn ရဲ့ Superman နောက်ဆက်တွဲရုပ်ရှင် ဖြစ်တဲ့ Superman: Man of Tomorrow မှာ ပါဝင်လာမယ့် Maxima အကြောင်းက အခုလက်ရှိ...
15/04/2026

James Gunn ရဲ့ Superman နောက်ဆက်တွဲရုပ်ရှင် ဖြစ်တဲ့ Superman: Man of Tomorrow မှာ ပါဝင်လာမယ့် Maxima အကြောင်းက အခုလက်ရှိမှာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ Adria Arjona ဟာ Maxima နေရာအတွက် အတည်ပြုနိုင်လုနီးပါး ဖြစ်နေပါပြီ။

ဒါပေမဲ့ Adria Arjona ကို Wonder Woman အတွက် Cast ဖို့လုပ်နေခဲ့တယ်လို့လည်း သတင်းတွေ ထွက်ထားပါသေးတယ်။

အစောပိုင်းက Deadline ရဲ့ သတင်းမှားကြောင့် James Gunn ကိုယ်တိုင် Threads မှာ ဝင်ရောက်ငြင်းဆိုခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာတော့ Adria Arjona အပါအဝင် Sydney Chandler နဲ့ Grace Van Patten တို့ Screen-test စမ်းသပ်ခဲ့ကြတာပါ။

အခုတော့ Adria Arjona က ဒီဇာတ်ကောင်နေရာကို ရရှိသွားပြီလို့ Trade သတင်းရင်းမြစ် အတော်များများက ဖော်ပြနေကြပါတယ်။

Comic ထဲမှာတော့ Maxima ဟာ Almerac ဂြိုဟ်က ဘုရင်မတစ်ပါး ဖြစ်ပါတယ်။

သူမဟာ အင်အားကြီးတဲ့ သားသမီးရဖို့အတွက် သူမနဲ့ Level တူတဲ့ ကြင်ဖော်ကို လိုက်ရှာရင်း Superman ကို မျက်စိကျပြီး ကမ္ဘာမြေကို ရောက်လာတာပါ။

သူမမှာ Superman နဲ့ ယှဉ်နိုင်တဲ့ ခွန်အားအပြင် စိတ်နဲ့ ပစ္စည်းတွေကို ထိန်းချုပ်နိုင်စွမ်း၊ လူရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း အစရှိတဲ့ စိတ်နဲ့ပတ်သက်တဲ့ စွမ်းရည်တွေလည်း ရှိပါတယ်။

Man of Tomorrow မှာ Maxima ဟာ အဓိက Villain အဖြစ်ထက် Superman နဲ့ Brainiac တို့ကြားမှာ ပါဝင်ပတ်သက်မယ့် အကောင်းအဆိုး ဒွန်တွဲနေတဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ရဖို့ ရှိပါတယ်။

သတင်းအချို့အရ သူမဟာ ဒီကားမှာ အခန်းကဏ္ဍအနည်းငယ်ပဲ ပါဝင်ဦးမှာဖြစ်ပြီး၊ နောက်ထပ်ထွက်လာမယ့် Superman ကားတွေမှာမှ ပိုပြီး အရေးပါတဲ့နေရာက ပါလာမယ်လို့ ဆိုကြပါတယ်။

James Gunn ဟာ Maxima ကို Live-action ရုပ်ရှင်ကြီးတွေမှာ ပထမဆုံးအကြိမ် ပွဲထုတ်ပေးတာဖြစ်ပါတယ်။

သူမဟာ အရင်က Smallville နဲ့ Supergirl Series တွေမှာ ပါခဲ့ဖူးပေမဲ့ DC Universe (DCU) ရဲ့ ရုပ်ရှင်ကားကြီးမှာတော့ ဒါပထမဆုံးပါပဲ။

ဒီကားမှာ Superman အပြင် Lex Luthor လည်း ပြန်ပါလာမှာဖြစ်ပြီး Brainiac က အဓိကရန်သူဖြစ်မယ်လို့ သိရတဲ့အတွက် Maxima က ဘယ်ဘက်ကနေ ရပ်တည်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဇူလိုင် ၉၊ ၂၀၂၇ မှာ ရုံတင်ဖို့ စီစဉ်ထားပြီး အခု ဧပြီလကုန်ပိုင်းမှာ Atlanta မှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပါတယ်။


သူ့လင် Joker နဲ့ဆို ပေါက်ပေါက်ကို ဖောက်နေရော
15/04/2026

သူ့လင် Joker နဲ့ဆို ပေါက်ပေါက်ကို ဖောက်နေရော

14/04/2026

DC ရဲ့ ငှက်ပျောသီးမကြိုက်တဲ့ မျောက်ကြီးအကြောင်း

ရှော
14/04/2026

ရှော

Sam Raimi ရဲ့ Spider-Man 2 ကို သတိရမိစေတဲ့ Brand New Day Poster
14/04/2026

Sam Raimi ရဲ့ Spider-Man 2 ကို သတိရမိစေတဲ့ Brand New Day Poster

14/04/2026

Sanji ရဲ့ အကောင်းဆုံး အခိုက်အတန့်များ
(And yes he's admin's fav anime character)

ที่อยู่

39/9 Moo 9, Soi Bang Pla 55, Bang Pla Subdistrict, Bang Phli District, Samut Prakan
Bangkok
10540

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Superhero Spotlightผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์