Stoey ms ko ko လူဆိုတာ အတ္တ သမားပါ အသိနဲ့ သတိ နဲ့ ထိမ်းချုပ်ပါ..

မှတ်ပုံတင်လုပ်ရာတွင် ပိုက်ဆံပေးရကြောင်း အထောက်အထားနဲ့တိုင်ရင် အရေးယူမယ်လို့ လဝက ထုတ်ပြန် ပြည်သူတွေက တိုင်လည်းမထူးဘူလို့ ...
18/05/2026

မှတ်ပုံတင်လုပ်ရာတွင် ပိုက်ဆံပေးရကြောင်း အထောက်အထားနဲ့တိုင်ရင် အရေးယူမယ်လို့ လဝက ထုတ်ပြန်
ပြည်သူတွေက တိုင်လည်းမထူးဘူလို့ တုံ့ပြန်

CJ Platform

မှတ်ပုံတင်ပြုလုပ်ရာတွင် ပြည်သူလူထုက ငွေကျပ်သိန်းချီ၊ သောင်းချီ ပေးနေရပေမယ့် ပိုက်ဆံပေးရတဲ့ ဝန်ထမ်းကို အထောက်အထားနဲ့တိုင်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုရဲ့ လဝကဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ငွေကြေးတောင်းခံပါက ဝန်ထမ်းအမည်၊ ရုံးအမည်၊ တောင်းသည့်နေ့ရက်၊ ဖြစ်စဉ်အကျဉ်းတို့ကို တိတိကျကျနဲ့ တိုင်ပါက အရေးယူဆောင်ရွက်သွားမည်ဆိုပြီး ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့ခံတစ်ဦးက "တိုင်လို့ရတယ်ဆိုတဲ့စာ လဝကရုံးတွေမှာ ကပ်ထားတာ နှစ်ပေါင်းများစွာကတည်းက။ တိုင်လိုက်ရင် တိုက်နယ်မှူး၊ မြို့နယ်ဦးစီးမှူး ပေါင်းပြီး တိုင်တဲ့သူကို ဒုက္ခပေးတာ။ မှတ်ပုံတင်လုပ်ရင် ပုံစံစာရွက်ကစပြီး နိုင် ၂ စာရွက်အထိ ပိုက်ဆံပေးနေရတာ" လို့ ပြောပါတယ်။

လဝကရုံးများတွင် ပြည်သူလူထုအနေဖြင့် ကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိဘဲ ပွဲစားများနဲ့ ချိတ်ဆက်ဆောင်ရွက်တာကြောင့် ငွေကြေးပေးရတဲ့ဖြစ်စဉ်များ ဖြစ်ခဲ့တယ်လို့လည်း လဝကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လဝကရုံးတိုင်းတွင် တိုက်နယ်မှူးများက ပွဲစားတစ်ဦးစီ မွေးမြူထားပြီး ငွေကြေးပေးရသည့်ကိစ္စရပ်များကို ပွဲစားများနှင့်သာ ချိတ်ဆက်လုပ်ကိုင်ခိုင်းတယ်လို့ မြောက်ဥက္ကလာမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"တိုက်နယ်မှူးတွေက ပြည်သူကို သေချာမရှင်းပြဘူး၊ အထောက်အထားပြည့်စုံနေလည်း ဟိုနေ့ချိန်း ဒီနေ့ချိန်းလုပ်နေတော့ ပြည်သူက အမြန်လုပ်လို့ရတဲ့ ပွဲစားတွေဆီကတစ်ဆင့် လုပ်ရော။ အမှန်က အဲဒီပွဲစားတွေကို တိုက်နယ်မှူးတွေက မွေးထားတာ။ မြောက်ဥက္ကလာမှာဆို ရပ်ကွက်တစ်ခုမှာ လဝကပွဲစားတစ်ယောက်ရှိတယ်၊ ဒါကို ဦးစီးမှူးတွေလည်း သိတယ်။ သူတို့ကိုယ်တိုင်လည်း ပွဲစားတွေနဲ့ သောက်ဖော်စားဖက်တွေ" လို့ ထောက်ပြပါတယ်။

ရက် ၁၀၀ စီမံချက်တွင် မှတ်ပုံတင် မရ၊ မရှိ မဖြစ်ရအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်း၊ မြို့နယ်လဝကတို့နဲ့ ငါးဦးကော်မတီ ဖွဲ့စည်းလုပ်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

လှိုင်သာယာမြို့ခံတစ်ဦးက "ငါးဦးကော်မတီ လက်မှတ်ထိုးတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၁,၀၀၀၊ မြို့နယ်ကျန်းမာရေးက ၂,၀၀၀၊ ရဲစခန်းက ၂,၀၀၀၊ စီမံကိန်းက ၃,၀၀၀၊ လဝကဦးစီးမှူးက ၃,၀၀၀ ပေးရတယ်။ အဲဒီမှာတင် ၁၀,၀၀၀ ကျော် ကုန်နေပြီ။ ဒါတောင် မှတ်ပုံတင် မလုပ်ရသေးဘူး၊ ငါးဦးကော်မတီ လက်မှတ်ထိုးတာပဲ ရှိသေးတယ်" လို့ ဝေဖန်ပြောဆိုပါတယ်။

စစ်အုပ်စုခန့် လဝကဝန်ကြီးဌာနကတော့ ပိုက်ဆံမပေးရဘဲ ပေးရတယ်လို့ လူမှုကွန်ရက်မှာ မမှန်မကန် ရေးသားဖော်ပြသူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အောက်ခြေမှာတော့ ပြည်သူလူထုက မှတ်ပုံတင်တစ်ခုရဖို့ ငွေသောင်းချီ သိန်းချီ ကုန်ကျနေပါတယ်။

#သတင်းထူးသတင်းဦး

16/05/2026
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ CJ Platformရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မ...
11/05/2026

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

CJ Platform

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားတွေကို မေလ ၉ ရက်မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မေလ ၉ ရက် နေ့လယ်က လူခေါ်ပွဲစား တာတီး (ခ) ဇော်လင်းထွန်းကို အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးမှာ ဖမ်းမိခဲ့ပြီး ချစ်သား (ခ) စိုးသီဟကို ခရေပင်လမ်းနဲ့ အမှတ် (၃) လမ်းဆုံမှာ ထပ်မံဖမ်းမိကာ ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးကို ရဲတွေက ရှာဖွေနေတယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဝင်းထဲက Taxi နဲ့ ကယ်ရီသမားတွေဆီက လစဉ်ကြေးတောင်းတယ်။ ခရီးသည်တွေကို သူတို့လိုင်းကြေးယူထားတဲ့ Taxi ကားတွေစီးဖို့ ဖိအားပေးတယ်။ ကားခကို သတ်မှတ်ချက်ကြေးထက် ပိုတောင်းတယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဂျပန်ကြီး၊ တာတီး၊ ချစ်သားဆို မသိတဲ့သူမရှိဘူး။ သူတို့နောက်မှာ တပည့်တပန်း လူခေါ်ပွဲစားတွေ အများကြီး။ အခု တာတီးနဲ့ ချစ်သား မိသွားပြီဆိုတော့ ဂျပန်ကြီးပဲ ကျန်တော့တယ်" လို့ ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ ဂျပန်ကြီး၊ တာတီး၊ ချစ်သားတို့အပြင် ခိုင်မင်း၊ မျိုးအောင်၊ စိုးသူ၊ ကြက်ရိုး၊ ဂန်ဂျား၊ မည်းကြီးစတဲ့ တစ်ကိုယ်တော် လူခေါ်ပွဲစား လူမိုက်ပေါက်စများရှိပြီး ဆိုက်ရောက်ဂိတ်၊ ပစောက်ဝန်း၊ အီလိုက်ဝန်း၊ ပုဂံလမ်း၊ မြင်းခြံလမ်း၊ မကွေးလမ်း၊ မုံရွာလမ်း၊ တောင်ကြီးလမ်းတွေမှာ အခြေချတယ်လို့ ဝင်းအတွင်းနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

"သူတို့ ၃ ယောက်မိလို့လည်း ပြဿနာက မပြီးသွားဘူး၊ အများကြီး ကျန်သေးတယ်။ အကုန်လုံးက စိုက်ပျိုးရေးဓမ္မာရုံမှတ်တိုင်ဘက်က။ အုပ်ချုပ်ရေးရော ရဲတွေရော စည်ပင်ရော ပေးကျွေးထားတော့ အကုန်နှုတ်ပိတ်နေတာ။ ဘယ်သူတွေ ဒုက္ခရောက်လဲဆိုတော့ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေပဲ" လို့ ပြောပါတယ်။

လူခေါ်ပွဲစားအများစုဟာ အောင်မင်္ဂလာအဝေးပြေးအတွင်း ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံခြင်း၊ အုပ်စုဖွဲ့လုယက်ခြင်း၊ အငှားယာဉ် မငှားပါက ရိုက်နှက်ခြင်းများရှိတယ်လို့ ခရီးသွားလာသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

"မန္တလေးကပြန်လာတုန်းက အထုပ်ကို အတင်းဆွဲပြီး ကားငှားခိုင်းတာ။ မငှားဘူးဆို အထုပ်ခတောင်းတယ်။ မပေးတော့ ဆဲဆိုသွားတယ်။ ကောင်လေးတစ်ယောက်ဆို အထုပ်တွေ ဝိုင်းသယ်ရင်း ဖုန်းလုသွားလို့ပြောတာကို ဝိုင်းရိုက်တယ်။ ဘယ်သူမှ ဝိုင်းဆွဲမယ့်သူ မရှိဘူး။ မကြာခဏ လုယက်မှုဖြစ်တာလည်း အောင်မင်္ဂလာအဝေးပြေးကားဝင်းပဲ။ အမှန်ဆို အဝေးပြေးကားဝင်းတွေမှာ လူခေါ်ပွဲစားဆိုတာ မထားသင့်တော့ဘူး" လို့ သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းထဲက လူခေါ်ပွဲစားလုပ်ငန်းကို လူမိုက်တွေက စစ်တပ်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

#ရန်ကုန်တိုင်း #မင်္ဂလာဒုံမြို့နယ် #အောင်မင်္ဂလာအဝေးပြေး #လူခေါ်ပွဲစား #လူမိုက် #လုယက်မှု

07/05/2026

ဘယ်တော့မှမဖျားအောင်နေထိုင်နိုင်မယ့်အချက်လေးတွေ့ပါ..
page
Fllowers or like..

07/05/2026

အစားလည်းဆေး ဆေးလည်းအစားပါ..
page
Fllowers or like...

07/05/2026

ဗဟုသုတအတွက် သိထားသင့်ပါတယ့်နော့်..
page
Fllowers or like...

07/05/2026

လိုက်လျောပေးတာများသွားရင်လည်း ကိုယ်တန်းဖိုးကြတက်ပါတယ့်နော်...
page
Fllowers or like....

07/05/2026

လူရင်ထိုးတဲ့ ဓါးက ပိုထိတယ့်နော့်...
Face book page
Fllowers or like....

07/05/2026

လူစိတ်က အကြောက်ရဆုံးဘဲဆိုတာ သိပါ...
Face book page
Fllowers or like ....

07/05/2026

ဗဟုသုတလေးပါ အသိလေးရချင်လို့ပါဗျာ..
Face book page
Fllowers or like....

07/05/2026

အခမဲ့ ဘယ်သူရှိမှမရပါဘူးဗျာ...
Face book page
Fllowers or like...

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Stoey ms ko koผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์