Kyauk Khit freedom

မင်းတို့မန်ယူ ဖန်တွေ ပြောတော့နိုင်မာပါဆို😂ခုတောရှိတာပါပြောင်ပီ
22/05/2025

မင်းတို့မန်ယူ ဖန်တွေ ပြောတော့နိုင်မာပါဆို😂
ခုတောရှိတာပါပြောင်ပီ

30/03/2025

2024ထဲက သူက ကြိုပြီးဟောခဲ့တယ်
ထိုင်းမှာလည်းနာမည်ကြီးသူက
ထိုင်းရောက်ရွှေမြန်မာများအတွက်သတင်းစုံ

20/03/2025

Gaza😢

20/03/2025

Animals ကွာ

05/03/2025

G-Fattက လျှောင်ပြနေသလိုပဲ😂😂
တစ်ယောက်က exနဲ့တောင်မဟုတော့ဘူး😂 #မြန်မာ

 #လုပ်ရက်ကြတာကွာ ရင်နင့်အောင့် ခံစားရတယ်။၂၀၂၅ဖေဖော်ဝါရီ ၂၅ ။ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်၊ ဂျေယန်စစ်ရှောင်စခန်းမှ ကလေးငယ...
02/03/2025

#လုပ်ရက်ကြတာကွာ ရင်နင့်အောင့် ခံစားရတယ်။
၂၀၂၅ဖေဖော်ဝါရီ ၂၅

။ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်၊ ဂျေယန်စစ်ရှောင်စခန်းမှ ကလေးငယ် သုံးဦးအား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သည့် တရားခံဟုယူဆရသည့် အမျိုးသားတဦးကို ကချင်လွတ်လပ်ရေးတပ် KIA က ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်းနေပြီး ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်မူတည်၍ တရားစီရင်ရေးဆက် လက်လုပ် ဆောင်သွားမည်ဟု KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က မဇ္ဈိမ ကို ပြောသည်။
ဂျေယန်စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေအချိန် က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး သံသယတရားခံသည် ဂျေယန်စစ်ရှောင်စခန်းမှ အဆိုပါကလေးငယ်များအား စာသင်ကြားပေးနေသည့် ဆရာမ၏ ခင်ပွန်းတော်စပ်သူဖြစ်ကြောင်းလည်း မိသားစုနှင့်နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြန်းပေးဆွဲသူက ကလေးငယ်သုံးဦးအား လက်ပြန်ကြိုးတုတ်၊ ပါးစပ်အဝတ်စည်းနှောင် ထားသည့် ရုပ်ပုံများကို မိဘများထံပေးပို့ကာ တရုတ်ယမ်ငွေ ၃၀၀,၀၀၀ ပေး၍ ရွေးယူရန် ဆက်သွယ်လာခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင်မူ ပြန်ပေးဆွဲမှုကို ကျူးလွန်သည်ဟု ယူဆရသည့် အသက် ၂၅ နှစ်အရွယ် ဦးအုန်းဆောင်းဒွဲအောင် ကို KIA မှ ဖမ်းဆီးရရှိခဲ့ပြီးနောက် ၎င်းအား စစ်ဆေးမေးမြန်းပြီး ကလေးငယ်များကို ဆက်လက်ရှာဖွေခဲ့ရာ ရုပ်အလောင်းများကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"သူ (သံသယတရားခံ) ပြောပြတဲ့အတိုင်း ပြန်လိုက်ရှာတဲ့အချိန်မှာ ကလေးတွေရဲ့ အလောင်းကို တွေ့ရတယ်။ ကျူးလွန်သူကိုတော့ အခုကတော့ စစ်ဆေးနေတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ကလေးတွေကို သင်္ဂြိုလ်တဲ့အခမ်း အနားတွေ လုပ်တယ်။ သူကျူးလွန်တဲ့အမှုကို ကြည့်ပြီးမှပဲစီရင်ချက်ချရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ စစ်ဆေးတဲ့နေရာမှာ ဌာနပေါင်းစုံပူးပေါင်းပြီးမှ စစ်ဆေးတာ" ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

စစ်ဆေးပြီးနောက် ကျူးလွန်သည့် ပြစ်မှုများကို သိရှိရပါက KIO/KIA ၏ တရားရုံးမှ တရားသူကြီးများထံ အပ်နှံ၍ တရားစီရင်သွားမည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) ညနေပိုင်းက ရှာတွေ့ရှိခဲ့ပြီး ကျန်ရှိရုပ်အလောင်းတခုကိုမူ ယနေ့ နံနက်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ကလေးတွေကို သင်္ဂြိုလ်တဲ့အခမ်း အနားတွေ လုပ်တယ်။

ပြန်ပေးဆွဲခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်များမှာ နန်းဇိန်းဂျီးဆန်မိုင် (အသက် ၁၀ နှစ်) ၊ ဖောင်ယမ်ဆွတ်ဆိုင်းအိန် (အသက် ၁၁ နှစ်) နှင့် လထော်ရွယ်ဂျီ (အသက် ၁၀ နှစ်) တို့ ဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူ က “အခုလောလောဆယ်ကတော့ လူအဝင်အထွက်တွေ များနေတဲ့အချိန်ကာလဖြစ်တယ်။ အဲ့တာကြောင့် စစ်ဆေးဖို့ဆိုတာမှာလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ခက်ခက်ခဲခဲ အဝင်အထွက်တွေကို တိုးမြှင့်စစ်ဆေးဖို့လည်း ကျွန်တော်တို့ လုပ်ဆောင်ဖို့ အစီအစဥ်ရှိပါတယ်" ဟု ပြောသည်။

ဂျေယန်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် နေရာဖြစ်ပြီး အဆိုပါစခန်းတွင် ရပ်ကွက် ခုနစ်ခု ရှိကြောင်း ‌ဒေသခံများထံမှ သိရသည်။


စာတည်း။ ။ နောင်နောင်
ပုံအညွှန်း − စစ်ရှောင်မိန်းကလေးငယ်သုံးဦးအား ပြန်ပေးဆွဲပြီးနောက် မိဘများထံ ပေးပို့လာသည့် ဓာတ်ပုံများဖြစ်သည်။

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyauk Khitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์