21/10/2025
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗗𝗶𝘀𝗮𝗯𝗹𝗲𝗱 ဖြစ်သူများ ဖတ်ရန်
Oct 17, 2025 လောက်က စပြီး Facebook Account Disabled ဖြစ်ကာ အသုံးပြုမရတာတွေ အများအပြားဖြစ်လာကြသည်။
ဆက်တိုက်ဆိုသလို 18 , 19 , 20 ရက်တွေ
အတော်များများ အကောင့်တွေ ကျကုန်ကြသည်။
Oct 17, 2025 က ကျသည့် အကောင့်အတော်များများ
Oct 19, 2025 မှာ Facebook team ကို Appeal
တင်ထားသူများရော ၊ မတင်ထားသည့် သူများရော
Facebook ဘက်မှ အချို့အကောင့်များကို ပြန်လည်
အသုံးပြုခွင့်ပေးခဲ့သည်။
18 , 19 , 20 မှာ Disabled ဖြစ်သည့် အကောင့်တွေ
အများစုက ယခုထိ ပြန်လည် အသုံးပြုမရသူများ
အများအပြား ရှိသည်ကို တွေ့ရှိရပါသည်။
အချို့အကောင့်တွေက Old Account များဖြစ်ကာ
အသုံးပြုလာသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်ကို
တွေ့ရသည်။
[ သုံးသပ်ချက် ]
1️⃣ Facebook Spammy Content Policies
Facebook Spammy Content Policy တစ်ရပ်ကို
Facebook ဘက်မှ Apr 24, 2025 တွင် ထုတ်ပြန်ခဲ့ပြီး
အသုံးပြုသူ User တွေသည် မိမိကိုယ်တိုင် အပြစ်
ကျူးလွန်နိုင်သည့် Post များ တင်လျင် ပြစ်ဒါဏ်
ချမှတ်ရုံသာမကပဲ ၊ အခြားသူက Facebook Policies
ငြိသည့် Post တစ်ခု တင်ထားသည်ကို မိမိတို့က
မိမိတို့၏ Account များတွင် Share လျင်လည်း
မိမိတို့ကိုပါ အပြစ်များ ထိရောက်ကာ Account များ
ဝါခြင်း ၊ နီခြင်းများ ရှိခဲ့သည်။
နားလည်လွယ်အောင် ရှင်းပြရပါက ...
ပြစ်ဒါဏ်ကျူးလွန်နိုင်သည့် အခြားသူ၏ Post တစ်ခုကို
မိမိတို့က မသိ၍ ခါတိုင်းလိုပဲ ကြိုက်လို့ မိမိတို့ Wall မှာ
ပြန်လည် Share တာမျိုး ဖြစ်သည်။
__________________________________________
ကျနော် အရင်ရက်က Video မှာ ပြောခဲ့သလိုပဲ
2️⃣ Facebook Community Standard
Facebook မှ ချမှတ်ထားသော အသုံးပြုသူတို့ လိုက်နာ
ရမည့် Policies များကို ချိုးဖောက်ခြင်း။
3️⃣ Impersonating Someone
တစ်စုံတစ်ယောက် အယောင်ဆောင်ကာ အသုံးပြုသူ
အဖြစ် သတ်မှတ်ခံရခြင်း။
4️⃣ Advertising , Promoting & Prohibited Behaviors
Facebook မှ ကန့်သတ်ထားသော ကြော်ငြာများ ၊
အရောင်းမြှင့်တင်မှုများ ၊ ခွင့်မပြုသော အဖွဲ့အစည်း
ပုဂ္ဂိုလ်များ နှင့် ဆက်သွယ်မိခြင်းများ။
___________________________________________
17 ရက် ကျသွားသည့် အကောင့်တွေ သူ့ဘာသာ
ဘာမှ မလုပ်ဘဲ ပြန်ရသည် ဆိုသည်မှာ Facebook ၏
System Bugs ကြောင့် ရောနှော၍ ကျသွားသော
အကောင့်များကို ပြန်လည် အသုံးပြုခွင့် ပေးဝာာ
ဖြစ်နိုင်ပေသည်။
ဆိုလိုချင်သည်မှာ System Bugs ကြောင့် သာမကပဲ
Facebook ဘက်ကကို အကောင့်တုများ ၊ ပြစ်ဒါဏ်
ကျူးလွန်သူများကို တမင်တကာပင် ဖြုတ်ချသည်ဟု
သုံးသပ်နိုင်ပေသည်။
အဘယ်ကြောင့်နည်းမူဆိုရလျင်
Facebook ဘက်မှ System Bugs ကြောင့်သာ သီးသန့်
ဖြစ်ပါမူ Disabled ဖြစ်သွားသော အကောင့်အားလုံး
ပြန်လည်အသုံးပြုနိုင်ရမည် ဖြစ်သည်။
နောက်တစ်ချက် Facebook ဘက်မှ သူတို့၏
Error ကို Meta Website, page တို့တွင်
မှားယွင်းကြောင်း စာထုတ်ပြန်လေ့ရှိသော်လည်း
ယခုမှာ မတွေ့ရသေးပါ။
____________________________________________
အချုပ်ဆိုရသော် .....
System Bugs ကြောင့်ပဲ ဖြစ်ဖြစ် ၊ Unusual Activity
ကြောင့် Disabled ပဲ လုပ်သည်ဖြစ်ဖြစ် ၊ အသုံးပြုသူ
User များအနေဖြင့် မိမိတို့ အကောင့် ပိတ်ခံရပါက
Facebook Team ကို ဆက်သွယ်ကာ အသနားခံစာ
တင်ပါ။
Appeal တင်နိုင်သည့် နေရာများ
- Facebook Help Center မှ Disabled Report
တင်ခြင်း ။
- မိမိ Facebook Account ကျသွားသော Gmail မှ
တစ်ဆင့် Facebook Support Team , Facebook
Disabled Team, Facebook Security Team ,
Facebook Appeal Team , ECT ...
စသည်ကို ....
မိမိတို့၏ Facebook Account Name , Facebook
Gmail Address , Facebook Account Link , တို့ကို
မပါမဖြစ် ဖော်ပြ၍ မိမိတို့၏ Disabled ဖြစ်နေသော
Screenshot နှင့် ID Card တို့ကို ပူးတွဲ၍
အသနားခံစာ တင်ပေးပါ။
မိမိတို့၏ Facebook Account Name နှင့်
မိမိတို့ပေးပို့မည်ဖြစ်သော ID card တို့၏ Name
မတူညီပါက မိမိ Facebook Account Name သည်
ဘာကြောင့် မတူညီရသလဲဆိုသည့် အကြောင်းပြချက်ကို
တစ်ခါထဲ Appeal တင်မည့် စာတွင် ထည့်သွင်းရေးသား
ဖော်ပြပေးရပါမည်။
__________________________________________
ထိုကဲ့သို့ စာတင်ပြီး ပုံမှန်အားဖြင့် 2 ရက်အတွင်း
Facebook ဘက်မှ သုံးသပ်ပြီး ပြန်ရသော်လည်း
မရရှိသေးပါက 1 Week အထိ စောင့်ကြည့်ပေးပါ။
တစ်ပတ်ကျော်မှ ပြန်မရသေးဘူးဆိုလျင်
ယုံကြည်စိတ်ချရသော Service ပေးသည့်
ဆရာများကို ဆက်သွယ်ကာ အပ်နှံပါ ခင်ဗျာ။
အားလုံး မိမိတို့ အကောင့်များ ပြန်လည် ရရှိကြပါစေ။
Satt Khaung
21 Oct, 2025
ယခုဖော်ပြပါ အကြောင်းအရာသည်
Facebook Users Knowledge အဖြစ် ဖော်ပြခြင်း
ရည်ရွယ်ချက်သာ ဖြစ်ပါသည်။
မှတ်ချက် - Account တွေက ရက်ဆက် ကျနေသည်
ဖြစ်သည့်အတွက် မိမိတို့ အကောင့် ကျခဲ့
ပါက Recover လုပ်နိုင်ရန် 2 Step On ကာ
Account Info များ ကြိုတင်မှတ်သားထားရန်။