Mr.Win Daily Talks

Mr.Win Daily Talks แปลข่าวสารไทยเป็นภาษาพม่า เพื่อให้ชาวเมียนมาเข้าใจกฎหมายไทย และอยู่ร่วมกันอย่างถูกต้องตามระเบียบ
Sharing news I watch.Not a journalist. Not a media agency.
(1)

04/05/2026

အတွင်းခံဘောင်းဘီက အနံ့ကြောင့် အိမ်ထောင်ရေးဖောက်ပြန်နေတာ မိသွားတဲ့ ထူးဆန်းဖြစ်ရပ်
Ref:Daily News
#ထိုင်းသတင်း #အိမ်ထောင်ရေးဖောက်ပြန်မှု #ထူးဆန်းဖြစ်ရပ် #အတွင်းခံကစတဲ့အမှု #သတင်းစုံ

ထိုင်းနိုင်ငံက လူမှုကွန်ရက်ပေါ်မှာ "ရှေ့နေ Hong" မျှဝေလိုက်တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု အမှုတစ်ခုဟာ လူအများကြားမှာ အတော်...
04/05/2026

ထိုင်းနိုင်ငံက လူမှုကွန်ရက်ပေါ်မှာ "ရှေ့နေ Hong" မျှဝေလိုက်တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု အမှုတစ်ခုဟာ လူအများကြားမှာ အတော်လေးဟိုးလေးတကျော် ဖြစ်နေပါတယ်၊၊
အဆိုပါအမှုဟာ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူရဲ့ အတွင်းခံဘောင်းဘီကနေ ထွက်ပေါ်နေတဲ့ ပုံမှန်မဟုတ်တဲ့ အနံ့ကို သံသယဝင်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ် ဇနီးဖြစ်သူဟာ ခင်ပွန်းနဲ့အတူတူ နေထိုင်လာတာ နှစ်ပေါင်းများစွာရှိပြီဖြစ်လို့ ခင်ပွန်းရဲ့ ကိုယ်နံ့ကို ကောင်းကောင်းမှတ်မိနေသူဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ခင်ပွန်းရဲ့ အတွင်းခံဘောင်းဘီမှာ ပုံမှန်မဟုတ်တဲ့ တခြားအမျိုးသမီးတစ်ဦးရဲ့ အနံ့မျိုး စွဲကပ်နေတာကို သတိထားမိခဲ့ပါတယ်၊၊
ဒါကြောင့် ဇနီးဖြစ်သူဟာ ပုဂ္ဂလိကစုံထောက်အဖွဲ့ (Bigboss PI) ကို ဆက်သွယ်ပြီး အမှန်တရားကို စုံစမ်းပေးဖို့ ငှားရမ်းခဲ့ပါတယ်၊၊ စုံထောက်အဖွဲ့ဟာ အမှုကို စတင်စုံစမ်းချိန်မှာ ခင်ပွန်းဖြစ်သူရဲ့ အတွင်းခံဘောင်းဘီ အဟောင်းနဲ့ အသစ်တွေကို ယူဆောင်လာခိုင်းပြီး အနံ့ခံနှိုင်းယှဉ်စစ်ဆေးမှုတွေကို စုံထောက်တွေကိုယ်တိုင် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြပါတယ်၊၊ ဒါပေမဲ့ အတွင်းခံဘောင်းဘီက အနံ့တစ်ခုတည်းနဲ့ တရားစွဲဖို့ မလုံလောက်တာကြောင့် စုံထောက်အဖွဲ့ဟာ အမှိုက်ကောက်သမား၊ အသီးအရွက်ရောင်းသူတွေအဖြစ် ပုံဖျက်ကာ ခင်ပွန်းဖြစ်သူနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီးနောက်ကို တကောက်ကောက်လိုက်ပြီး သက်သေစုဆောင်းခဲ့ကြပါတယ်၊၊ နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူဟာ တခြားအမျိုးသမီးတစ်ဦးနဲ့ တကယ်ဖောက်ပြန်နေကြောင်း ခိုင်လုံတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုသက်သေတွေကို စုံထောက်အဖွဲ့က ရရှိခဲ့ပါတယ်၊၊ လက်ရှိမှာတော့ ဒီသက်သေတွေကို ရှေ့နေအဖွဲ့ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ပြီး တရားရုံးမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ ဆက်လက်ရင်ဆိုင် တရားစွဲဆိုသွားမှာဖြစ်ပါတယ်၊၊
Ref:Daily News
#ထိုင်းသတင်း #အိမ်ထောင်ရေးဖောက်ပြန်မှု #စုံထောက် #သတင်းစုံ #အတွင်းခံကစတဲ့အမှု

**နွန်ထဘူရီ လူသတ်မှုတရားခံ Nitirand ကို ချင်းမိုင် တွင် ဖမ်းဆီးရမိ **ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က နွန်ထဘူရီ ခရိုင်၊ ဘန်ဘူထော...
04/05/2026

**နွန်ထဘူရီ လူသတ်မှုတရားခံ Nitirand ကို ချင်းမိုင် တွင် ဖမ်းဆီးရမိ **
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က နွန်ထဘူရီ ခရိုင်၊ ဘန်ဘူထောင်း နယ်မြေရှိ ကွန်ဒိုတစ်ခုရဲ့ ၄ လွှာအခန်းထဲမှာ အသက် ၂၅ နှစ်အရွယ် အွန်လိုင်းစျေးသည် အမျိုးသမီး Ms. Paniduda (ခေါ်) Dream သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။
CCTV မှတ်တမ်းများအရ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ သေဆုံးသူနဲ့ ၎င်းရဲ့ခင်ပွန်းဖြစ်သူ Mr. Nitirand (၃၃ နှစ်) တို့ အခန်းထဲကို အတူတူဝင်သွားခဲ့ကြပြီး၊ ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှာတော့ Mr. Nitirand တစ်ဦးတည်း အခန်းထဲက ထွက်လာပြီး ကားအနီရောင်နဲ့ မောင်းနှင်ထွက်ပြေးသွားတာကို တွေ့ရှိရပါတယ်။ သေဆုံးသူကို တွေ့ရှိချိန်မှာ ကုတင်ဘေးမှာ မှောက်လျက်အနေအထားနဲ့ ရှိနေပြီး ကိုယ်ပေါ်မှာ ခေါင်းအုံး ၂ လုံး တင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ အလုပ်သုံး iPad ၂ လုံးလည်း ပျောက်ဆုံးနေကြောင်း မိဘများက ပြောကြားထားပါတယ်။
တရားခံဟာ လူသတ်မှုကျူးလွန်ပြီးနောက် ကားကို ဆူဖန်ဘူရီ ခရိုင်မှာ ထားခဲ့ပြီး ရထား/ကားများဖြင့် ချင်းမိုင် သို့ ထွက်ပြေးခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာတော့ ချင်းမိုင် မြို့ရှိ ဟိုတယ်တစ်ခုမှာ ရဲတပ်ဖွဲ့က အမိအရ ဖမ်းဆီးနိုင်ခဲ့ပြီး ယနေ့ (မေလ ၄ ရက်) မနက်ပိုင်းမှာ ဘန်ဘူထောင်း ရဲစခန်းကို ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။
တရားခံ Mr. Nitirand က "ကျွန်တော် တမင်သတ်တာမဟုတ်ပါဘူး၊ ကျွန်တော် စိတ်ဝေဒနာ ခံစားနေရပြီး ဆေးသောက်ဖို့ ပျက်ကွက်ခဲ့လို့ပါ" လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးသူရဲ့ မိဘများကတော့ "တမင်သတ်တာမဟုတ်ရင် ဘာလို့ ထွက်ပြေးတာလဲ၊ ဘာလို့ ဆေးရုံမပို့ပေးတာလဲ" ဆိုပြီး တရားခံရဲ့ အကြောင်းပြချက်ကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
စိတ်မကောင်းစရာအနေနဲ့ အခင်းဖြစ်ပွားတဲ့ အခန်းထဲမှာ သေဆုံးသူ မွေးမြူထားတဲ့ "Ma-Kham" အမည်ရှိ ကြောင်လေးဟာ သခင်ဖြစ်သူရဲ့ အလောင်းဘေးကနေ မခွာဘဲ စောင့်နေတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရဲ့ မိခင်ဖြစ်သူက အဆိုပါကြောင်လေးကို ဆက်လက်မွေးမြူဖို့ ခေါ်ဆောင်သွားပြီဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က Mr. Nitirand ကို "တမင်ရည်ရွယ်ချက်ရှိရှိ လူသတ်မှု" နဲ့ အမှုဖွင့်ထားပြီး လာမည့် ဗုဒ္ဓဟူးနေ့မှာ ရုံးထုတ်ရမန်ယူသွားမှာ ဖြစ်ပါတယ်။
#ထိုင်းသတင်း #လူသတ်မှု #သတင်းစုံ #ချင်းမိုင်သတင်း #နွန်ထဘူရီ

03/05/2026

ဖုန်းထဲကနေ ၃၆၀ ဒီဂရီ လှည့်ပြီးပတ်ပတ်လည်ကို ကြည့်လို့ရတဲ့အပြင် ညဘက်အမှောင်ထဲမှာပါကြည်
ကြည်လင်လင် မြင်ရတဲ့ Tapo CCTV Camera

#စီစီတီဗီ #သူခိုးတွေရန်ကကာကွယ်ဖို့

03/05/2026

လုပ်လိုက်ရင်တော့အမှန်အကန်ပဲ ဘယ်နှစ်ရက်ခံမလည်းတော့မသိသေးဘူး 😅
(လိုချင်ရင်အောက်မှာလင့်ချပေးထားတယ်)
#မိုက်အစွပ်

03/05/2026

စမူပကန်မှာ ရဟတ်ယာဉ်တစ်စီးပျက်ကျ

#ထိုင်းသတင်း #ရဟတ်ယာဉ်ပျက်ကျ #မတော်တဆမှု #စမူပကန်သတင်း #သတင်းစုံ

အလုပ်ရှင်ကို လည်လှီးသတ်ဖြတ်ပြီး ထိုင်းနိုင်ငံကနေထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၄ ဦးChiang Mai ခရိုင်၊ Ma...
03/05/2026

အလုပ်ရှင်ကို လည်လှီးသတ်ဖြတ်ပြီး ထိုင်းနိုင်ငံကနေထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၄ ဦး
Chiang Mai ခရိုင်၊ Mae Rim နယ်မြေရှိ အလုပ်သမားစခန်းတစ်ခုမှာ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့ မနက်အစောပိုင်းက သွေးအေးရက်စက်တဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊၊ တရားခံ ၄ ဦးဟာ ၎င်းတို့ရဲ့ အလုပ်ရှင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ် Nai Somchai ကို အိပ်ပျော်နေစဉ်အတွင်း ဓားနဲ့ လည်လှီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်၊၊
သတ်ဖြတ်ရတဲ့ အကြောင်းရင်းမှာ အလုပ်ရှင်က လုပ်အားခတွေကို အပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်ခြင်း၊ တောင်းခံတဲ့အခါမှာလည်း ငြင်းဆိုခြင်းတို့ကြောင့် ဒေါသထွက်ကာ အခုလို စီစဉ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပါတယ်၊၊ ပြစ်မှုကျူးလွန်ပြီးနောက် တရားခံတွေဟာ ချင်းရိုင် ခရိုင်ကတစ်ဆင့်မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမဲ့ Wat Rong Khun ဘုရားကျောင်းအနီးမှာ ရဲတပ်ဖွဲ့ရဲ့ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊၊ လက်ရှိမှာတော့ တရားခံတွေကို Mae Rim ရဲစခန်းသို့ ပို့ဆောင်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်၊၊
#ချင်းမိုင်သတင်း #လူသတ်မှု #လုပ်အားခ #ထိုင်းသတင်း #ချင်းမိုင် #ချင်းရိုင် #အလုပ်သမားအခွင့်အရေး #ထိုင်းရောက်မြန်မာ

"ရေထဲပြုတ်ကျတာပဲ ဘာဖြစ်မှာလဲလို့ မတွေးလိုက်ပါနဲ့! ⚠️🌊 ကမ်းခြေမှာ Sofa Boat ဆော့ရင်း ဦးနှောက်ထဲ သွေးခဲတဲ့အထိ ဖြစ်သွားတဲ့ ...
02/05/2026

"ရေထဲပြုတ်ကျတာပဲ ဘာဖြစ်မှာလဲလို့ မတွေးလိုက်ပါနဲ့! ⚠️
🌊 ကမ်းခြေမှာ Sofa Boat ဆော့ရင်း ဦးနှောက်ထဲ သွေးခဲတဲ့အထိ ဖြစ်သွားတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်
Prachuap Khiri Khan ခရိုင်၊ Hua Hin ကမ်းခြေမှာ Sofa Boat ဆော့ကစားခဲ့တဲ့ လူငယ် ၄ ဦးအနက် တစ်ဦးဟာ ပြင်းထန်တဲ့ အရှိန်ကြောင့် ရေပြင်ပေါ်သို့ ပြုတ်ကျကာ ဦးခေါင်းနဲ့ ရေပြင် ပြင်းပြင်းထန်ထန် ရိုက်မိခဲ့တယ်၊၊ အဆိုပါ ရိုက်မိတဲ့ ဒဏ်ရာကြောင့် ဦးနှောက်အတွင်း သွေးခဲတဲ့အဆင့်အထိ ရောက်ရှိသွားပြီး လက်ရှိမှာတော့ Hua Hin ဆေးရုံရဲ့ ICU အရေးပေါ်လူနာဆောင်မှာ ကုသမှုခံယူနေရတယ်၊၊ လူနာရဲ့ ဖခင်ဖြစ်သူကတော့ Bangkok ရှိ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ကုသဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်၊၊
အခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် မဟုတ်သလို Sofa Boat သာမက Banana Boat နဲ့ တခြားသော ရေပေါ်ကစားနည်းတွေမှာလည်း အရှိန်ပြင်းစွာ ဝေ့ယမ်းခြင်း၊ အမြင့်မှ ရေပြင်ပေါ်သို့ ပြုတ်ကျခြင်းတို့ကြောင့် ဦးခေါင်း၊ လည်ပင်းနဲ့ ကြွက်သားတွေမှာ ဒဏ်ရာရရှိသူတွေ အများအပြား ရှိနေတာဖြစ်တယ်၊၊ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းရှင်တွေကို ဘေးကင်းလုံခြုံရေး စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ကျပ်ကျပ်မတ်မတ် ကြပ်မတ်ပေးဖို့နဲ့ ကစားသူတွေအနေနဲ့လည်း အထူးသတိထားကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်၊၊
#ထိုင်းသတင်း #သတိပေးချက် #ပင်လယ်ကမ်းခြေ #ထိုင်းနိုင်ငံသတင်းများ #ထိုင်းရောက်မြန်မာ

ဒူးရင်းသီးသည်အဖြစ် ဟန်ဆောင်ပြီး မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းကို အပိုင်စီးနင်းလိုက်တဲ့ ထူးထူးခြားခြား စစ်ဆင်ရေးကြီးတစ...
02/05/2026

ဒူးရင်းသီးသည်အဖြစ် ဟန်ဆောင်ပြီး မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းကို အပိုင်စီးနင်းလိုက်တဲ့ ထူးထူးခြားခြား စစ်ဆင်ရေးကြီးတစ်ခု Bangkok မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

Metropolitan Police Bureau (MPB) ရဲတပ်ဖွဲ့ဟာ Bang Na နယ်မြေ၊ Soi Udom Suk 30 ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တစ်ခုအတွင်းမှာ မူးယစ်ဆေးဝါးတွေ ရောင်းချနေသလို လောင်းကစားဝိုင်းတွေပါ ပေါ်တင်ဖွင့်လှစ်ထားတယ်ဆိုတဲ့ တိုင်ကြားချက်ကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာဟာ လမ်းကြားလမ်းသွယ် များပြားပြီး လူစိမ်းဝင်တာနဲ့ တရားခံတွေက ချက်ချင်းရိပ်မိနိုင်တဲ့အတွက် ရဲတပ်ဖွဲ့က "Durian Phon Phit" ဆိုတဲ့ စစ်ဆင်ရေးအမည်နဲ့အတူ ဒူးရင်းသီးတင်ဆောင်ထားတဲ့ ပစ်ကပ်ကားတစ်စီးကို အသုံးပြုပြီး ဒူးရင်းသီးသည်တွေအဖြစ် အသွင်ယူကာ နယ်မြေထဲကို လျှို့ဝှက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးဖမ်းဆီးမှုတွေအရ ရဲတပ်ဖွဲ့ဟာ အိမ်အတွင်းမှာတင် တရားခံ Bang Dam အပါအဝင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို အမိအရ ဖမ်းဆီးနိုင်ခဲ့သလို အိမ်အတွင်းကနေ စလော့ဂိမ်းစက် ၂ လုံး၊ Ice မူးယစ်ဆေးဝါးတွေနဲ့ သုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ တရားခံ Bang Dam ဟာ ကျောင်းနဲ့ကပ်လျက်ရှိတဲ့ ဒီနေရာမှာ လူငယ်တွေကို ဆွဲဆောင်ဖို့အတွက် မူးယစ်ဆေးဝါးတွေကို ဈေးနှုန်းချိုချိုနဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုနဲ့ ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်း လုပ်ဆောင်မှုတွေနဲ့ အမှုဖွင့် အရေးယူထားသလို ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်က ကွင်းဆက်တွေကိုပါ အပူတပြင်း ဆက်လက်စုံစမ်း ဖော်ထုတ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။
(ဗီဒီယိုဖိုင်ကို Comment မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇)
#မူးယစ်ဆေးဝါးဖမ်းဆီးမှု #ထိုင်းသတင်း #ထိုင်းရဲတပ်ဖွဲ့စစ်ဆင်ရေး #ထိုင်းနိုင်ငံသတင်းများ #ဘန်းနား

ဘယ်သူတွေပေါက်ကြလည်းဗျို့2026  မေလ 2 ရက်နေ့ ထိုင်းထီပေါက်စဉ်ဘတ် 6 သန်းဆု 536077နှစ်လုံးတိုက်-(43)ရှေ့သုံးလုံးတိုက်-(267) ...
02/05/2026

ဘယ်သူတွေပေါက်ကြလည်းဗျို့
2026 မေလ 2 ရက်နေ့ ထိုင်းထီပေါက်စဉ်

ဘတ် 6 သန်းဆု 536077
နှစ်လုံးတိုက်-(43)
ရှေ့သုံးလုံးတိုက်-(267) (318)
နောက်သုံးလုံးတိုက်-(065) (153)

#‌မေလအတွက်ထိုင်းထီပေါက်စဉ်
#ထိုင်းထီ #ထိုင်းထီပေါက်စဉ် #ထိုင်းရောက်မြန်မာ #ဧပြီလ

01/05/2026

ထိုင်းရောက်မြန်မာနိုင်ငံသားတွေ အွန်လိုင်းလူလိမ်တွေရဲ့ရန်ကနေကြိုတင်ကာကွယ်လို့ရအောင် ဖုန်းထဲမှာထည့်ထားသင့်တဲ့ Application ၃ ခု

#ထိုင်းသတင်း #အွန်လိုင်းလူလိမ်များ #ငွေလိမ်ဂိုဏ်းများ #ထိုင်းရောက်မြန်မာနိုင်ငံသားများ #အွန်လိုင်းငွေလိမ်မှု #ဆိုင်ဘာလုံခြုံရေး

30/04/2026

Kurin Care အမျိုးသားသုံး သန့်စင် ဆေးရည်
#အမျိုးသားများအတွက် #အမျိုးသားကျန်းမာရေး #တကိုယ်ရည်သန့်ရှင်းရေး # #ကျန်းမာရေး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Win Daily Talksผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์