JAY’s POV ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก JAY’s POV, ครีเอเตอร์ดิจิทัล, 4/1-340 Srinagarindra 38 Road, Bangkok.

17/05/2025

ဘန်ကောက်အနီးအနား အပျင်းပြေခရီးထွက်ချင်းတာဆို ပတ္တရာကိုသွားပါ ✨ #ပတ္တရားကမ်းခြေ #ပတ္တရားခရီးစဉ် #မြန်မာ

25/04/2025

စနေ တနင်္ဂနွေနေ့ ပိတ်ရက်မှာသွားကို
သွားသင့်တဲ့ 𝐖𝐀𝐍𝐆 𝐋𝐀𝐍𝐆 𝐌𝐀𝐑𝐊𝐄𝐓 ✨

” ဝမ်းလန် " စျေးထဲမှာဘာတွေရှိလို့ ဘာတွေကောင်းလို့ သွားသင့်တာလဲဆိုတော့
စျေးးးးးးးး သက်သာလို့ပါ 😬

ပြီးတော့ လည်ပတ်လို့ကောင်း စျေးလဲတန်
စားလို့လဲကောင်းလျှောက်သွားလို့လဲကောင်း ပြီတော့ 𝐋𝐨𝐜𝐚𝐥 𝐕𝐢𝐛𝐞𝐬 ကိုရစေလို့ပါပဲခင်ဗျ …

𝙻𝚘𝚌𝚊𝚝𝚒𝚘𝚗 - https://bit.ly/ဝမ်းလန်စျေးကိုသွားရန်


#ဘန်ကောင်စျေး #ထိုင်းနိူင်ငံ #နေချင်ပြန်ခရီး #ဝမ်းလန်စျေး
#လည်ပတ်စရာစျေး

မေလ ( ၁ ) ရက်နေ့ကနေ ထိုင်းကိုအလည်အပတ်လာမည့်သူများ မဖြစ်မနေဖြည့်ရမယ့် 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 ( 𝐓𝐃𝐀𝐂 ) ကဒ်ဖြည့်နည်း...
22/04/2025

မေလ ( ၁ ) ရက်နေ့ကနေ ထိုင်းကိုအလည်အပတ်လာမည့်သူများ မဖြစ်မနေဖြည့်ရမယ့် 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 ( 𝐓𝐃𝐀𝐂 ) ကဒ်ဖြည့်နည်းလေးပါ ✨

မည်သူမှ အားကိုးစရာမလိုပဲ ကိုယ်တိုင်းဖြည့်ကြည့်ပါနော် , ငွေကြေးလဲ ပေးစရာလုံးဝမလိုအပ်ပါဘူးနော် 🙏

𝐒𝐭𝐞𝐩 𝐁𝐲 𝐒𝐭𝐞𝐩 ပြပေးထားလို့ ပုံလေးတွေကို သေချာ ကြည့်ပေးပါနော် …..

👉 ဖောင်တင်ရန် လင့်ခ် - https://tdac.immigration.go.th

#ထိုင်းနိူင်ငံ #စိုင်းအောင်ထွဋ်

ထိုင်းနိူင်ငံကတော့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 စနစ်ကို မေလကနေစတင်ပြောင်းလဲလိုက်ပါတယ် ✨ထိုင်းနိူင်ငံဟာ မေလ (၁)ရက်နေ့မှစတင်ပြီတော...
09/04/2025

ထိုင်းနိူင်ငံကတော့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 စနစ်ကို မေလကနေစတင်ပြောင်းလဲလိုက်ပါတယ် ✨

ထိုင်းနိူင်ငံဟာ မေလ (၁)ရက်နေ့မှစတင်ပြီတော့ လေကြောင်းနှင့်ဖြစ်စေ ကုန်ကြောင်းနဲ့ဖြစ်စေ မည်သည်နေရာကဝင်လာလာ Thai 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 ( 𝐓𝐃𝐀𝐂 ) ကိုဖြည့်ပေးဖို့လိုအပ်ပါမယ် ။

အရင်ကတော့ ဆိုက်ရောက်ကတ်ကို စာရွက်အနေနဲ့ဖြည့်ရတာမျိုးပါ ၊ အခု 𝐏𝐨𝐥𝐢𝐜𝐲 အသစ် တခု အနေ နဲ မေ လ ၁ ရက်နေ့ကစပြီး 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 စနစ် စတင်ကျင့်သုံးပါတော့မယ်။

ဘယ်လိုလုပ်ရမလဲဆိုတာ ပုံများ စာများနဲ့ရှင်းပြပေးထားပါတယ်ဗျ

01 - https://tdac.immigration.go.th 𝐰𝐞𝐛𝐬𝐢𝐭𝐞 ကို အရင်သွားပါ။

02 - ကိုယ်ရဲ့အချက်အလက်များကိုဖြည့်သွင်းပါ ။ အမည်အပြည့်အစုံ၊ နိုင်ငံသား၊ ဖုန်းနံပါတ်၊ အီးမေးလလိပ်စာနှင့် နိုင်ငံကူးလက်မှတ်အသေးစိတ် ၊ ခရီးစဉ်အချက်အလက်များ ၊ ခရီးစဉ်နံပါတ်၊ ခရီးသွားရည်ရွယ်ချက်နှင့် ထိုင်းနိုင်ငံရှိလိပ်စာ( ဥပမာ၊ ဟိုတယ် သို့မဟုတ် နေထိုင်ရန်လိပ်စာ )များကိုဖြည့်သွင်းပါ

03 - အချက်အလက် ဖြည့်ပြီး 𝐂𝐨𝐧𝐟𝐢𝐫𝐦 ဖြစ်ပြီဆိုရင် ကိုယ့်ထည့်ပေး တဲ့ 𝐆𝐦𝐚𝐢𝐥 ထဲ 𝐚𝐩𝐩𝐫𝐨𝐯𝐞 ပြန်ရောက်လာပါမယ် ။

04 - 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 𝐩𝐚𝐬𝐬 / 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 / 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠 / 𝐟𝐥𝐢𝐠𝐡𝐭 𝐭𝐢𝐜𝐤𝐞𝐭 တွေ 𝐏𝐫𝐢𝐧𝐭 ထုတ် ယူ ဆောင်လာပြီး ဒီ ဖက် 𝐢𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 ဖြတ်ချိန်မှာ ပြပေး လိုက်ရင် အလွယ်တကူ ဝင်ရောက် လည်ပတ်လို့ရပါပြီခင်ဗျ

ထိုင်းကိုလာမလည်ခင် ( ၃ ) ရက်လောက်တော့ ကြိုတင်လျှောက်ထားလို့ရပါတယ် ။

ဒါကြောင့် ထိုင်းကိုလာလည်မယ်ဆို ဒီအချက်လေးတွေ လုပ်ဖို့မမေ့ပါနဲ့နော်။

Ref: khaosod English

#ထိုင်းနိူင်ငံ

16/03/2025

ဒီမြန်မာဆိုင်နဲ့ စမူဆာဆိုင်လေးက ထိုင်းလူမျိုး 𝐑𝐞𝐯𝐢𝐞𝐰 လုပ်တဲ့သူတွေကြားမှာပါ နာမည်ကြီးနေတဲ့ဆိုင်လေးတွေပါ ✨

ပိတ်ရက်မှာ သွားစားကြည့်ကြည့်ပါ သွားရလွယ်ပြီတော့ စားရတာလဲ အရသာရှိပါတယ် ….

#ထိုင်းနိူင်ငံ #𝐏𝐡𝐚𝐡𝐮𝐫𝐚𝐭 #မြန်မာအစာအစား #ဘန်ကောက်ကမြန်မာဆိုင် #မြန်မာဆိုင်

01/03/2025

တောင်တန်းနဲ့တိမ်တွေကြားက သုခနိဗ္ဗာန်ဘုံလေး

“ 𝐆𝐞𝐧𝐭𝐢𝐧𝐠 𝐇𝐢𝐠𝐡𝐥𝐚𝐧𝐝𝐬 ” ဆိုတာ လူအများက သုခနိဗ္ဗာန်ဘုံလေးလို့ ခေါ်ဝေါ်ကြတဲ့ထိ မလေးရှားနိုင်ငံ “𝐏𝐚𝐡𝐚𝐧𝐠” ပြည်နယ်ထဲမှာ တည်ရှိတဲ့ နာမည်ကြီး တောင်တန်းအပန်းဖြေနေရာလေးတစ်ခုပါ ။

𝐊𝐮𝐚𝐥𝐚 𝐋𝐮𝐦𝐩𝐮𝐫 ကနေဆို ၅၀ ကီလိုမီတာခန့် (၁ နာရီခန့်)ပဲသွားရတာဖြစ်လို့ မလေးရှားရောက်ရင်သွားရောက်လည်ပတ်သင့်ပါတယ် ။ တစ်နှစ်ပတ်လုံး 16 ကနေ 22°C ပဲမလို့ အ-ပူရှောင်ချင်သူတွေအတွကါဆိုပိုသင့်တော်ပါတယ် ။
ဘာကြောင့်နာမည်ကြီး နေရာတစ်ခုဖြစ်နေရတာလဲဆိုတော့ အေးမြတဲ့ရာသီဥတု၊ ဖျော်ဖြေရေးတွေ ၊ ကာစီနို၊ 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥 ၊ သဘာဝလှပမှုတွေ တိမ်တွေ တောင်တန်းလှလှလေးတွေကြောင့် လည်ပတ်သူအများဆုံးဖြစ်နေတယ်လို့ပြောရင် မမှားပါဘူး

သူငယ်ချင်းတွေနဲ့ပဲသွားသွား ၊ မိသားစုနဲ့ပဲသွားသွား ၊ စွန့်စားရတဲ့ကစားနည်းတွေ ကြိုက်တဲ့သူတွေ ဆော့လို့ရတဲ့ 𝐒𝐤𝐲𝐖𝐨𝐫𝐥𝐝𝐬 နဲ့ 𝐒𝐤𝐲𝐭𝐫𝐨𝐩𝐨𝐥𝐢𝐬 ကစားကွင်းတွေနဲ့တခြား 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 လုပ်လို့ရမယ့် 𝐋𝐮𝐱𝐮𝐫𝐲 နေရာတွေလဲရှိပါတယ် ။ ဒီအချက်တွေကြောင့်ပဲ လာရောက်လည်ပတ်မှုအများဆုံးဖြစ်နေတဲ့ 𝐆𝐞𝐧𝐭𝐢𝐧𝐠 𝐇𝐢𝐠𝐡𝐥𝐚𝐧𝐝𝐬 ကိုသွားရောက်လည်ပတ်ကြည့်ပါလို့ ပြောချင်ပါတယ်

#ဂန်ဒီဟိုက်လန်း

22/02/2025

ဘန်ကောက်မြို့ရဲ့အဝေးးးမှာ သဘာဝနဲ့ထိတွေ့ခြင်း✨

တစ်နေ့တာ အိပ်ရာနိုးတာနဲ့ အလုပ်ကိုပြေး ၊ တစ်နေ့ကုန် အလုပ်တွေလုပ်ရ ၊ ညမိုးချုပ်မှအိမ်ပြန်ရောက် ၊ ပြီးရင် ချစ်ရတဲ့သူတွေကို အချိန်ပေးရတယ် ။

ဒီလိုမျိုးတွေနဲ့ပဲ အချိန်ကုန်နေကြပေးမယ့် , ကိုယ့်ရဲ့စိတ်ကိုတော့ အနားယူဖို့ 𝐑𝐞𝐥𝐚𝐱 လုပ်ဖို့ အချိန်ပေးဖို့ကိုတော့ မေ့နေတတ်ကြပါတယ် ။ ဒါကြောင့် လူတိုင်းဟာ စိတ်အပန်းဖြေတဲ့အနေနဲ့ ပတ်ဝန်းကျင်နဲ့ လှပတဲ့သဘာဝရှူခင်းတွေနဲ့ ထိတွေ့ဖို့လိုပါမယ် ။

သဘာဝတရားကို ခံစားဖို့ အခကြေးငွေအများကြီးသုံးစွဲဖို့မလိုအပ်ပါဘူး ၊ ဒီဆိုင်လေးမှာ ကော်ဖီလေးတစ်ခွက်လောက်မှာသောက်လိုက်ရုံနဲ့ သဘာဝအလှအပ မြင်ကွင်းတွေနဲ့ ထိတွေ့ပြီးတော့ စိတ်ကိုခနလောက် 𝐑𝐞𝐥𝐚𝐱 လုပ်ကြည့်ပါ ၊ အခုကျွန်တော်ရဲ့ Video ကိုကြည့်ပြီးတော့လဲ လှပတဲ့ View တွေကြောင့် စိတ်အပန်းဖြေနိုင်ကြပါစေ ✨

𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 - https://bit.ly/4i1Tftz
[ 𝐋𝐢𝐟𝐞 𝐌𝐮𝐬𝐞𝐮𝐦 𝐂𝐚𝐟𝐞 ]

#အလည်အပတ်ခရီး #ချင်ရိုင် #မယ်ဆိုင်

ပိတ်ရက်မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့သွားကိုသွားသင့်တဲ့ “ 𝐍𝐀𝐊𝐇𝐎𝐍 𝐍𝐀𝐘𝐎𝐊 ”ကျွန်တော်တို့ရဲ့ ပိတ်ရက် အားလပ်ရက်တွေဆို အမြဲတမ...
08/02/2025

ပိတ်ရက်မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့သွားကိုသွားသင့်တဲ့ “ 𝐍𝐀𝐊𝐇𝐎𝐍 𝐍𝐀𝐘𝐎𝐊 ”

ကျွန်တော်တို့ရဲ့ ပိတ်ရက် အားလပ်ရက်တွေဆို အမြဲတမ်း “ ချင်းမိုင် ၊ ဖူခတ် ၊ ပတ္တရာ ” စတဲ့နေရာတွေပဲ သွားလာတာများကြပါတယ်။

အခုကျွန်တော်သွားခဲ့တဲ့နေရာလေးက မြန်မာလူမျိုးတွေအတွက် တစ်ချို့တစ်ဝက်ပဲသိကြပြီးတော့ … တကယ်ကို လှပတဲ့ တောင်တန်းကြားက မြူမှုန်ဝေ မှိုင်းပြပြဖြစ်နေတဲ့ တိမ်တိုက်လေးတွေ ၊ သဘာဝအတိုင်းဖြစ်တည်နေတဲ့ တောင်တန်းတွေကြားထဲက ရေတံခွန်လေးတွေကို လှေလေးစီးပြီးတော့ မြက်ခင်းပြင်ကြားထဲမှာ လမ်းလျှောက်လို့ရတဲ့နေရာတွေ အားလုံးကို “ နခွန်နရုတ် ” မြို့က ရေကာတာကြီးရဲ့အနောက်ဘက်အထဲမှာပဲ တည်ရှိနေတာပါ ။ နေရာအတော်များများက လှပလွန်လို့ သွားကို လည်ပတ်သင့်ပါတယ်။

နောက်ပြီးတော့ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ Activities Camp လေးတွေ ဖန်တီးပြီးတော့ Relax လုပ်ချင်တာမျိုးဆိုရင်လည်း , တောထဲမှာ တောင်တန်းတွေကြား ၊ ရေအိုင်တွေကြားထဲမှာ ATV ပတ်မောင်းပြီးတော့ စိတ်ကိုအပန်းဖြေလို့ရတဲ့အပြင် , နခွန်နရုတ်မြို့ကြီးမှာရှိတဲ့ ရေကာတာကြီးက စီးဆင်းလာတဲ့ ရေလမ်းကြောင်း ချောင်တစ်လျှောက် Rafting လို့ခေါ်တဲ့ ရေပေါ်ဖောင်စီးတဲ့ Activities တစ်ခုကိုလည်း ချစ်ရတဲ့ သူငယ်ချင်း မိသားစုတွေနဲ့အတူတူ ပျော်စရာအမှတ်တရလေးတွေ ဖန်တီးလို့ရနိုင်ပါတယ် ။

“ 𝐍𝐀𝐊𝐇𝐎𝐍 𝐍𝐀𝐘𝐎𝐊 ” မှာ ကိုယ်တိုင်းသွားခဲ့တဲ့အထဲကနေ သွားကိုလည်သင့်တဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ….

* ATV Group Activities

Location - https://bit.ly/4at9U6h

* Rafting Group Activities

Location - https://bit.ly/4at9U6h

* Khao Chong Lom Waterfall

Location - https://bit.ly/4gdIGl2

* 2nd November Cafe&O’ganic farm

Location - https://bit.ly/42GOznN

* Ganesha Park Temple

Location - https://bit.ly/4gAaKzo

အားလုံးပဲ ပိတ်ရက်မှာ ပျော်ရွှင်ကြပါစေ ၊ လည်ပတ်ပြီးရုံးပြန်တတ်ရတဲ့ တနင်္လာနေ့ကိုတော့ အတူတူဆက်မု-န်း ကြမယ်နော် 😂

#အလည်အပတ်ခရီး #ထိုင်းနိူင်ငံ #ထိုင်းရောက်ရွှေမြန်မာ #နေချင်ပြန်ခရီး

29/01/2025

နခွန်နရုတ်မြို့က ရေကာတာကြီးရဲ့အနောက်ကို 𝐃𝐚𝐲 𝐓𝐫𝐢𝐩 အနေနဲ့သွားလည်လို့ ရတဲ့အပြင်

ရှုခင်းလှလှလေးတွေကြားမှာ အမှတ်တရလေးတွေ ဖန်တီးလို့ရမယ့် လည်ပတ်စရာ နေရာလှလှလေးနဲ့ ရေတံခွန်လှလှလေးတွေ✨

• ဒါကတော့ တောင်ပေါ်ကိုသွားရမယ့်လိပ်စာနဲ့ 𝐓𝐢𝐜𝐤𝐞𝐭 ဝယ်ဖို့နေရာရဲ့ 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 ပါ - https://bit.ly/4g9qPfg

YouTube မှာကြည့်လို့ရပါတယ် - https://bit.ly/4h8OKN8

25/01/2025

ဘတ် ၇၀၀ ကျော်လေးနဲ့ ပျော်ရွှင်မှုတွေကို ဘန်ကောက်နဲ့အနီးဆုံးဖြစ်တဲ့ Nakhon Nayok မှာ ရနိုင်ပါတယ် ✨

နခွန်နရုန်ကို သွားလည်ပတ်တဲ့အခါ ၊ ဘယ်လိုနေရာတွေသွားလည်ပတ်လို့ရမလဲ ၊ ဘယ်လို Activity တွေကို ဖန်တီးလို့ရမလဲဆိုတာ ကြည့်ကြည့်ပါ ။

ရည်းစားမရှိရင်သူငယ်ချင်းတွေနဲ့သွားပါ ၊ ဒါမှပိုပျော်ဖို့ကောင်းမှာပါ 🥶

ဒါကလက်မှတ်ဝယ်ရန်နေရာပါ - https://bit.ly/4at9U6h

YouTube မှာ ကြည့်ရန် - https://bit.ly/4gj7kkh

# #စိုင်းအောင်ထွဋ်

20/01/2025

မွန်လူမျိုးတွေအခြေချနေထိုင်ခဲ့တဲ့ ကျောက်ဖရားမြစ်ထဲက မွန်ကျွန်းလို့ခေါ်တဲ့ Koh Kret ကျွန်း 🇲🇪

မွန်လူမျိုးတွေအခြေချနေထိုင်ခဲ့တဲ့ ကျောက်ဖရားမြစ်ထဲက မွန်ကျွန်းလို့ခေါ်တဲ့ Koh Kret ကျွန်း 🇲🇪

Koh Kret (เกาะเกร็ด) ကျွန်းက ထိုင်းနိုင်ငံ အလယ်ပိုင်း Nonthaburi ပြည်နယ်ထဲကကျောက်ဖရားမြစ်ပေါ်မှာရှိတဲ့ကျွန်းငယ်လေးတစ်ခုပါ ။ Koh Kret သည် မွန်လူမျိုးတို့ရဲ့ယဉ်ကျေးမှု ၊ စက်မှုလက်မှုအနုပညာများနဲ့ပြည့်နေတဲ့ သမိုင်းဝင်ကျွန်းတစ်ခုဖြစ်ပြီး

ယခုအခါ Koh Kret ကျွန်းသည် ခရီးသွားလုပ်ငန်းအတွက် နာမည်ကျော်တဲ့နေရာဖြစ်ပြီး အစားအသောက်၊ အနုပညာလက်ရာများ၊ သမိုင်းဝင်အဆောက်အအုံများနှင့် ယဉ်ကျေးမှုအထူးပြု ခရီးသွားများအား ဆွဲဆောင်နေတဲ့
နေရာလေးတစ်ခုပါ 🇲🇪✨

ဒါကြောင့် ကိုယ့်မြန်မာပြည်က မွန်လူမျိုးတွေရဲ့ သမိုင်းကို ထိုင်းနိုင်ငံမှာ သွားရောက်လေ့လာ လည်ပတ်ချင်ရင် အလည်လဲသွားရင် လေ့လာကြည့်ပါ ။

သွားရောက်လည်ပတ်ချင်ကြည့်ပါ

Location 1 - https://bit.ly/3PLO5VG ( ဒီနေရာကို ကိုယ်နေတဲ့နေရာကနေ ပထမဆုံးသွားပါ )

Location 2 - https://bit.ly/3DYVKxr ( ဒီနေရာက Koh Kret Island ဆိုတဲ့နေရာပါ ၊ အဲ့ကိုရောက်ရင် လမ်းလျှောက်သွားရုံနဲ့ နေရာအတော်အများကို လည်ပတ်နိုင်ပါတယ် )

YouTube မှာလဲ ကြည့်လို့ရပါတယ် - https://bit.ly/3PHPoVN

#စိုင်းအောင်ထွဋ် #ထိုင်းနိူင်ငံ #ခရီး #အလည်အပတ်ခရီး

#စိုင်းအောင်ထွဋ် #ထိုင်းနိူင်ငံ #ခရီး #အလည်အပတ်ခရီး

ที่อยู่

4/1-340 Srinagarindra 38 Road
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JAY’s POVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง JAY’s POV:

แชร์