JAY’s POV ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก JAY’s POV, ครีเอเตอร์ดิจิทัล, 4/1-340 Srinagarindra 38 Road, Bangkok.

27/02/2026

Hmmmm 🤪

26/02/2026

I’m Fine , I’m Ok

25/02/2026

Just me , Myself and I

24/02/2026

မိမိရဲ့အကျွမ်းဆုံးအလုပ် 🥺

20/12/2025

ဘန်ကောက်မှာပဲရှိတဲ့ ပေါ်တူဂီရွာလေး 🇵🇹

ပေါ်တူဂီအငွေ့အသက်တွေနဲ့ Santa Cruz Church နားက နေရာလေးက Vibe လဲကောင်း၊ အစားအသောက်လဲ အသစ်အဆန်းဖြစ်တယ် ၊ ရှေးဟောင်းအိမ်လေးတွေနဲ့ Chao Phraya မြစ်ကမ်း View နဲ့ ဓာတ်ပုံပဲရိုက်ရိုက် လေညင်းပဲခံခံ ရှုခင်းကော၊ အစားအသောက်ပါ 💯 Recommended ပါခင်ဗျ ✅

Shopping ထွက်ရတာ ရိုးနေပြီဆိုရင် ဒီနေရာလေး
မဖြစ်မနေ သွားသင့်ပါတယ် 🔥

Google Map : https://maps.app.goo.gl/qkweEQgHmAeceRKD6?g_st=ipc

15/12/2025

ကျောက်ဖရားမြစ် မီးရှူးမီးပန်းပွဲတော်ကြီး

ကျောက်ဖရားမြစ်ရဲ့အလှတွေအပြင် မီးရှူးမီးပန်းအလှတွေကိုရာ ကြည့်ဖို့သွားလည်ကြည့်ပါ။အပြင်မှာတကယ့် အရမ်းကိုရှယ်လှတာပါ ၊ ဒီဇင်ဘာ 23 ထိ ပွဲတော်ရှိပါသေးတယ် ။

5 , 6 , 7 , 13 , 14 , 20 , 21 ကတော့ အခုကျွန်တော် Video ထဲကလို မီးရှူးမီးပန်းလွှတ်တာသက်သက်ပဲလို့သိရပါတယ် ။ ဒါကြောင့် ကျွန်တော်လို့ မီးရှူးမီးပန်းလွှတ်တာပဲကြည့်ချင်ရင် အဲ့ရက်တွေသွားပါ။ ကျန်တဲ့ရက်တွေကတော့ Drone နဲ့ အလှပြတာတွေရှိပါတယ်တဲ့ ။

မီးရှူးမီးပန်းစလွှတ်တာတော့ ည8:45လောက်မှာပါ ၊ ဒါပေးမယ့် ကြည့်ဖို့အတွက် နေရာကိုတော့ ညနေလောက်ကတည့်က Chao Phraya Sky Park สวนลอยฟ้าเจ้าพระยา မှာ နေရာယူထားမှ အေးအေးဆေးဆေးနဲ့ အလှဆုံး မြင်ကွင်းကိုကြည့်ရမှာပါ ။

ကျွန်တော် ထိုင်ကြည့်ခဲ့တဲ့ ပန်းခြံ

Google Map : https://maps.app.goo.gl/iL6gVAwrPo21D8et7?g_st=ipc

ဒီနေရာကဆို မီးရှူးမီးပန်းကြည့်ရတာ အရမ်းလှပြီးတော့ လှပတဲ့ Memories Moment တွေကို ဖန်တီးလို့ရပါမယ် ✨🤍

#ကျောက်ဖရားမီးရှူးမီးပန်း #สวนลอยฟ้าเจ้าพระยา #สะพานพระพุทธยอดฟ้า

ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သွားလည်သင့်တဲ့ 𝐒𝐚𝐫𝐚𝐛𝐮𝐫𝐢 က 𝐂𝐡𝐞𝐝 𝐊𝐡𝐨𝐭 𝐖𝐚𝐭𝐞𝐫𝐟𝐚𝐥𝐥 น้ำตกเจ็ดคต ✨ဒီနေရာလေးက လူသိန...
14/12/2025

ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သွားလည်သင့်တဲ့ 𝐒𝐚𝐫𝐚𝐛𝐮𝐫𝐢 က 𝐂𝐡𝐞𝐝 𝐊𝐡𝐨𝐭 𝐖𝐚𝐭𝐞𝐫𝐟𝐚𝐥𝐥 น้ำตกเจ็ดคต ✨

ဒီနေရာလေးက လူသိနည်းပြီးတော့ သဘာဝအတိုင်း ဘယ်သူမှ မပြုပြင်ပဲနဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 တွေမှာ သိပ်မတွေ့ရ ဘယ်သူမှ 𝐏𝐫𝐨𝐦𝐨𝐭𝐞 မလုပ်ပဲနဲ့တောင် 𝟏𝟐𝟎𝟎 𝐌𝐞𝐭𝐞𝐫𝐬 အထိကိုယ်တိုင်း သွားဖြစ်အောင်သွားခဲ့တဲ့ လှပတဲ့နေရာလေးပါ ၊ 𝐒𝐚𝐫𝐚𝐛𝐮𝐫𝐢ကို ရောက်တဲ့အခါ ဒီနေ့ရာကို လည်ပတ်မယ့် အစီအစဉ်ထဲမှာ ထည့်ထားဖို့ အကြံပေးပါတယ် 🌿

𝐇𝐢𝐤𝐢𝐧𝐠 လုပ်ချင်တဲ့သူတွေအတွက်ရော တောလမ်းတစ်လျှောက် သဘာဝအတိုင်းလှနေတဲ့ 𝐕𝐢𝐞𝐰𝐬 တွေ ရေတံခွန်နဲ့ ရေတံခွန်က စီးဆင်းလာတဲ့ ရေလမ်းကြောင်းတစ်လျှောက်က ရေစီးဆင်းသံလေးတွေကို ခံစားရစေမယ့်နေရာလေးပါ ၊ ချစ်သူနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သွားလို့လည်လို့ကောင်းပါတယ် 🌿

တစ်ခုပဲ အရမ်း 𝐕𝐢𝐫𝐚𝐥 မဖြစ်တော့ 𝟏𝟐𝟎𝟎 𝐌𝐞𝐭𝐞𝐫𝐬 ကိုစတတ်တဲ့နေရာအစမှာပဲ စားစရာနဲ့အိမ်သာတွေရှိတာပါ ၊ ဒါကြောင့် 𝟏𝟐𝟎𝟎 𝐌𝐞𝐭𝐞𝐫𝐬 စတတ်တဲ့လမ်းကနေ ရေတံခွန်ကိုရောက်တဲ့အထိ လှပတဲ့ ရေတံခွန်ကြီးနဲ့ဘဘာဝအလှတရားတွေပဲ ရှိပါတယ် ၊ ကျန်တာက အဲ့အနားမှာ စားစရာ ၊ စျေးဆိုင်း ၊ အိမ်သာ စတာတွေတော့မရှိလို့ သွားလည်မယ်ဆိုရင် ဒီအချက်လေးတွေတော့ ဂရုစိုက်ဖို့လိုအပ်ပါမယ်ခင်ဗျ 🌿

သွားလည်ချင်တယ်ဆိုရင် ⬇️

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 : http://bit.ly/44nye7Q

17/05/2025

ဘန်ကောက်အနီးအနား အပျင်းပြေခရီးထွက်ချင်းတာဆို ပတ္တရာကိုသွားပါ ✨ #ပတ္တရားကမ်းခြေ #ပတ္တရားခရီးစဉ် #မြန်မာ

25/04/2025

စနေ တနင်္ဂနွေနေ့ ပိတ်ရက်မှာသွားကို
သွားသင့်တဲ့ 𝐖𝐀𝐍𝐆 𝐋𝐀𝐍𝐆 𝐌𝐀𝐑𝐊𝐄𝐓 ✨

” ဝမ်းလန် " စျေးထဲမှာဘာတွေရှိလို့ ဘာတွေကောင်းလို့ သွားသင့်တာလဲဆိုတော့
စျေးးးးးးးး သက်သာလို့ပါ 😬

ပြီးတော့ လည်ပတ်လို့ကောင်း စျေးလဲတန်
စားလို့လဲကောင်းလျှောက်သွားလို့လဲကောင်း ပြီတော့ 𝐋𝐨𝐜𝐚𝐥 𝐕𝐢𝐛𝐞𝐬 ကိုရစေလို့ပါပဲခင်ဗျ …

𝙻𝚘𝚌𝚊𝚝𝚒𝚘𝚗 - https://bit.ly/ဝမ်းလန်စျေးကိုသွားရန်


#ဘန်ကောင်စျေး #ထိုင်းနိူင်ငံ #နေချင်ပြန်ခရီး #ဝမ်းလန်စျေး
#လည်ပတ်စရာစျေး

မေလ ( ၁ ) ရက်နေ့ကနေ ထိုင်းကိုအလည်အပတ်လာမည့်သူများ မဖြစ်မနေဖြည့်ရမယ့် 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 ( 𝐓𝐃𝐀𝐂 ) ကဒ်ဖြည့်နည်း...
22/04/2025

မေလ ( ၁ ) ရက်နေ့ကနေ ထိုင်းကိုအလည်အပတ်လာမည့်သူများ မဖြစ်မနေဖြည့်ရမယ့် 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 ( 𝐓𝐃𝐀𝐂 ) ကဒ်ဖြည့်နည်းလေးပါ ✨

မည်သူမှ အားကိုးစရာမလိုပဲ ကိုယ်တိုင်းဖြည့်ကြည့်ပါနော် , ငွေကြေးလဲ ပေးစရာလုံးဝမလိုအပ်ပါဘူးနော် 🙏

𝐒𝐭𝐞𝐩 𝐁𝐲 𝐒𝐭𝐞𝐩 ပြပေးထားလို့ ပုံလေးတွေကို သေချာ ကြည့်ပေးပါနော် …..

👉 ဖောင်တင်ရန် လင့်ခ် - https://tdac.immigration.go.th

#ထိုင်းနိူင်ငံ #စိုင်းအောင်ထွဋ်

ထိုင်းနိူင်ငံကတော့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 စနစ်ကို မေလကနေစတင်ပြောင်းလဲလိုက်ပါတယ် ✨ထိုင်းနိူင်ငံဟာ မေလ (၁)ရက်နေ့မှစတင်ပြီတော...
09/04/2025

ထိုင်းနိူင်ငံကတော့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 စနစ်ကို မေလကနေစတင်ပြောင်းလဲလိုက်ပါတယ် ✨

ထိုင်းနိူင်ငံဟာ မေလ (၁)ရက်နေ့မှစတင်ပြီတော့ လေကြောင်းနှင့်ဖြစ်စေ ကုန်ကြောင်းနဲ့ဖြစ်စေ မည်သည်နေရာကဝင်လာလာ Thai 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 ( 𝐓𝐃𝐀𝐂 ) ကိုဖြည့်ပေးဖို့လိုအပ်ပါမယ် ။

အရင်ကတော့ ဆိုက်ရောက်ကတ်ကို စာရွက်အနေနဲ့ဖြည့်ရတာမျိုးပါ ၊ အခု 𝐏𝐨𝐥𝐢𝐜𝐲 အသစ် တခု အနေ နဲ မေ လ ၁ ရက်နေ့ကစပြီး 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐫𝐫𝐢𝐯𝐚𝐥 𝐂𝐚𝐫𝐝 စနစ် စတင်ကျင့်သုံးပါတော့မယ်။

ဘယ်လိုလုပ်ရမလဲဆိုတာ ပုံများ စာများနဲ့ရှင်းပြပေးထားပါတယ်ဗျ

01 - https://tdac.immigration.go.th 𝐰𝐞𝐛𝐬𝐢𝐭𝐞 ကို အရင်သွားပါ။

02 - ကိုယ်ရဲ့အချက်အလက်များကိုဖြည့်သွင်းပါ ။ အမည်အပြည့်အစုံ၊ နိုင်ငံသား၊ ဖုန်းနံပါတ်၊ အီးမေးလလိပ်စာနှင့် နိုင်ငံကူးလက်မှတ်အသေးစိတ် ၊ ခရီးစဉ်အချက်အလက်များ ၊ ခရီးစဉ်နံပါတ်၊ ခရီးသွားရည်ရွယ်ချက်နှင့် ထိုင်းနိုင်ငံရှိလိပ်စာ( ဥပမာ၊ ဟိုတယ် သို့မဟုတ် နေထိုင်ရန်လိပ်စာ )များကိုဖြည့်သွင်းပါ

03 - အချက်အလက် ဖြည့်ပြီး 𝐂𝐨𝐧𝐟𝐢𝐫𝐦 ဖြစ်ပြီဆိုရင် ကိုယ့်ထည့်ပေး တဲ့ 𝐆𝐦𝐚𝐢𝐥 ထဲ 𝐚𝐩𝐩𝐫𝐨𝐯𝐞 ပြန်ရောက်လာပါမယ် ။

04 - 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 𝐩𝐚𝐬𝐬 / 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 / 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠 / 𝐟𝐥𝐢𝐠𝐡𝐭 𝐭𝐢𝐜𝐤𝐞𝐭 တွေ 𝐏𝐫𝐢𝐧𝐭 ထုတ် ယူ ဆောင်လာပြီး ဒီ ဖက် 𝐢𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 ဖြတ်ချိန်မှာ ပြပေး လိုက်ရင် အလွယ်တကူ ဝင်ရောက် လည်ပတ်လို့ရပါပြီခင်ဗျ

ထိုင်းကိုလာမလည်ခင် ( ၃ ) ရက်လောက်တော့ ကြိုတင်လျှောက်ထားလို့ရပါတယ် ။

ဒါကြောင့် ထိုင်းကိုလာလည်မယ်ဆို ဒီအချက်လေးတွေ လုပ်ဖို့မမေ့ပါနဲ့နော်။

Ref: khaosod English

#ထိုင်းနိူင်ငံ

ที่อยู่

4/1-340 Srinagarindra 38 Road
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JAY’s POVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง JAY’s POV:

แชร์