31/03/2025
ဆိုးလိုက်တဲ့ ပြည်သူ့ဘဝတွေဗျာ ..
တကယ့်ကိုမင်းဆိုးမင်းညစ် ....
မင်းကျင့်တရား(၁၀)ပါးမှာ တစ်ပါးနှင့်မျှပြည့်စုံခြင်းမရှိတဲ့ မင်းမျိုး အုပ်ချုပ်နေတဲ့ ဒီလိုနိုင်ငံမှာ -
ရေဘေးသင့်လိုက်၊ မီးဘေးသင့်လိုက်၊ အငတ်ဘေးသင့်လိုက်နဲ့ အခု သဘာဝဘေးအန္တရာယ်တောင်မှ အဆစ်ပါပေးလိုက်သေးတယ် ...
စာနာမှု့တရားဆိုတာ ဝေလာဝေး ဒုက္ခရောက်နေတဲ့ ပြည်သူတွေလက်ထဲက ရသမျှကို ခြစ်ခြုပ်ယူပြီး ပြည်သူ့အသက်တွေလို လမ်းတံတားလို ခင်းပြီးနင်းတဲ့ မင်းမျိုး ...
အခုကြည့်စမ်းပါဦးဗျာ ..
ပြည်သူတွေ တိုက်အောက်ပိနေမှန်းသိပေမယ့် ကယ်ဆယ်မယ့်သူတွေ လာတယ်ဆိုပေမယ့် ဘယ်မှာလည်း အဆင့်အတန်းရှိရှိ စက်ကိရိယာတွေ ...
ဘယ်မှာလဲ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု့တွေ ...
ပြီးခဲ့တဲ့ ရှေးခေတ်သမိုင်းကြောင်းနှင့်ဘဲ ချွေးသိပ်နေတတ်တဲ့ ကျွန်တော်တို့ ပြည်သူတွေ၊
တကယ့်တကယ်ဖြစ်တော့ အဲ့ဗမာတွေရဲ့ ငယ်နိုင်ပါဆိုတဲ့ နိုင်ငံရဲ့ စည်းစနစ်ကျတဲ့ ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှု့တွေ၊ အချိန်နှင့်တပြေးညီ ကယ်ထုတ်နေတဲ့ ကယ်ဆယ်ရေးတွေရဲ့ အဆင့်အတန်းဟာ တကယ့်ကို ဩချလောက်မိပါရဲ့ဗျာ .. စက်တွေအမျိုးမျိုးနှင့် အချိန်လုပြီး ကယ်ထုတ်နေတာ ကြက်သီးမွှေးညှင်းပါ ထလောက်မိပါရဲ့ ...
ကျွန်တော်တို့နိုင်ငံမှာတော့ ဘယ်မှာလဲ ကယ်ဆယ်ရေး .. အရပ်ဘက်ကယ်ဆယ်ရေးတွေက လက်ချည်းသက်သက်နဲ့ဘဲ လုပ်ကိုင်နေကြပြီး ဘာစီမံကွပ်ကဲမှု့မှ မရှိတဲ့ ပရမ်းပတာ ကယ်ဆယ်ရေးသက်သက်ကိုဘဲ မြင်တွေ့နေရတယ် .. အဆင့်မြင့်တဲ့ စက်ပစ္စည်းဆိုတာ စစ်တပ်တည်ဆောက်ရေး ယန္တရားအဖြစ်ဘဲ ရှိပြီး ပြည်သူတွေအတွက် မပါဘူးလို့တောင် ထပ်မိပါရဲ့ .. လူမြင်နေတာတောင်မှ ဘာစက်ယန္တရားမှ မပါဘဲ လက်နဲ့ဘဲ ကယ်ထုတ်နေရတဲ့ မြန်မာပြည်ရဲ့ ကယ်ဆယ်ရေးစနစ် အသက်ငင်နေတဲ့ လူနာဆိုရင် အသေခံဖို့ဘဲ ရှိတယ် ..
ဒီကြားထဲမှာ ကိုယ်ကျင့်တရားမကောင်းတဲ့ လူတွေရဲ့ စိတ်ဓါတ်
အတော်ကိုနာကျဉ်ဖို့ကောင်းတာ မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရတဲ့အခိုက်အတန့်မှာ အတော်လေးကို ဆွံ့အသွားမိတယ်ဗျာ ..
ကူပါ ကယ်ပါလို့ အော်နေသံ ကြားပါရက်နဲ့ အဲ့လူကို ကယ်ဆယ်ဖို့ထက် အဲ့လူကိုယ်မှာ ရှိတဲ့ လက်ဝတ်ရတနာကိုဘဲ အလုအယက် ဝိုင်းလုနေကြတဲ့ မြင်ကွင်းမျိုး မြင်လိုက်ရတဲ့ အခိုက်အတန့်ဟာ .. ဪ ဒါ မြန်မာလူမျိုးပါလားလို့ စုပ်တသပ်သပ်နဲ့ အော့နှလုံးနာမိတယ် .. စနစ်ကမကောင်းတဲ့ကြားထဲ ကိုယ်ကျင့်တရားတွေပါ ဆိတ်သုန်းနေတဲ့ ဒီလိုနိုင်ငံကြီးဟာ ဘယ်လောက်တောင် ပျက်စီးချင်တိုင်း ပျက်စီးနေကြပြီလဲ .. အဲ့လိုဖြစ်လာအောင် စစ်တပ်ဆိုတဲ့ အုပ်ချုပ်သူလူတန်းစား တစ်သိုက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့ကြတဲ့ ဆိုးကျိုးတွေပဲပေါ့ ...
ဝဋ်ကြီးလိုက်တဲ့ ပြည်သူတွေ၊ ကိုယ်ချင်းစာတရား ခေါင်းပါးလိုက်တာဗျာ ...
ဒီလို သေရေးရှင်ရေးမှာ ကူရာကယ်ရာမဲ့ပြီး အသက်တောင် မနည်းရှုနေရတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီက ခင်ဗျားတို့မို့ အသက်လုဖို့အရေးထက် ပစ္စည်းလုဖို့အရေးကို ဦးစားပေးတတ်တာ ဩချမိပါရဲ့ဗျာ ...
ဒီလို စနစ်ဆိုးမျိုးနဲ့ တည်ဆောက်ထားတဲ့ ယန္တရားမပျက်ဆီးသ၍တော့ ဒီနိုင်ငံက ပြည်သူတွေရဲ့ စိတ်ဓါတ်တွေလည်း ပျက်ဆီးချင်တိုင်း ပျက်ဆီးနေမှာဘဲ ... ရုန်းကန်လို့ ရသလောက်ကို ရုန်းကန်နေကြတဲ့သူတွေ ရှိပေမယ့် .. ဒီလို ခေတ်ဆိုးမျိုးကိုမှ ကြိုက်တဲ့ လူတစ်စုကလည်း သက်သက်ကိုရှိကြတာ ကြံ့ခိုင်မှု့မရှိတဲ့ ဒီစနစ်ဆိုးကြီးကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေဘဲဆိုတာတော့ ငြင်းစရာမရှိတော့ပါဘူး ..
ဘဝတွေပျက်ဆီးနေကြတာထက် စိတ်ဓါတ်တွေပျက်ဆီးနေကြတာဟာ ဒီတိုင်းပြည်ရဲ့ နောက်ဆုံးထွက်သက်အထိတောင် တောင့်ခံနိုင်ကြပါတော့မလား .. ဒီလို ဒုက္ခရောက်တဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့အရေး လက်နက်ကိုင်ပြီးတောင် စောင့်နေရတဲ့ ကျုပ်တို့နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ကုသဖို့ဆေးဝါးတောင် မိနိုင်ပါ့မလား ... စဉ်းစားရင်း ခြေကုန်လက်ပန်းပါ ကျချင်သွားတယ်ဗျာ ...
ဪ မြန်မာ မြန်မာ ..
အောက်ကဓါတ်ပုံက ထိုင်းနိုင်ငံက ကယ်ဆယ်ရေးလုပ်နေတဲ့ပုံဘဲဖြစ်ပါတယ်
゚