Let Me Talk Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

▪️What We Talk About When We Talk About City ▪️

17/08/2025

တစ်ပွဲတည်းနဲ့ စီတီဇင်တွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားတဲ့ ရိန်းဒါးစ်ဆိုတာ...

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

10/08/2025

ဘာလို့ ရိုဒရီနဲ့ ရီးရဲလ်အပြောင်းအရွှေ့က မဖြစ်နိုင်ရတာလဲ..?

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ဟုတ်တယ်။ သူရောက်လာတုန်းကတော့ စီးတီးမှာ ဒေးဗစ်ဆေးလ်ဗား ရှိနေသေးတယ်။ ဒါပေမဲ့ ဘယ်သန်ချင်းတူနေတာ၊ လှပတဲ့ ခန္ဓာကိုယ်အယိမ်းအနွ...
10/08/2025

ဟုတ်တယ်။ သူရောက်လာတုန်းကတော့ စီးတီးမှာ ဒေးဗစ်ဆေးလ်ဗား ရှိနေသေးတယ်။ ဒါပေမဲ့ ဘယ်သန်ချင်းတူနေတာ၊ လှပတဲ့ ခန္ဓာကိုယ်အယိမ်းအနွဲ့တွေနဲ့ ကစားတတ်တာအပြင် ဘောလုံးကို နိုင်နိုင်နင်းနင်းရှိတာခြင်းလည်း သွား‌တူနေတော့ ဒေးဗစ်ဆေးလ်ဗားလက်သစ်များ ဖြစ်လာလေမလား မျှော်လင့်မိခဲ့ကြတာပေါ့။

ဒါပေမဲ့ ဘာနာဒိုဟာ ဒေးဗစ်ဆေးလ်ဗားလက်သစ်တော့ ဖြစ်မလာခဲ့ဘူး။ ဘာနာဒိုဆေးလ်ဗားဟာ ဘာနာဒိုလ်ဆေးလ်ဗားရဲ့ ကိုယ်ပိုင်ပုံစံတစ်မျိုးနဲ့ မန်ချက်စတာမြေကို လှလှပပ မိတ်ဆက်လာခဲ့တယ်။

အသင်းကို ရောက်ခါစမှာ ညာတောင်ပံတစ်နေရာစာကို အပိုင်စားယူတယ်။ ဂိုးတွေတော့ သိပ်မသွင်းဘူး။ ဒါပေမဲ့ သူ့ကစားပုံကို စောင့်ကြည့်ရတာ အရသာရှိခဲ့တာကိုလည်း ငြင်းလို့မရဘူး။ တချို့‌တချို့တွေပေါ့..၊ ကစားဟန်ကတော့ လှပါရဲ့၊ အသင်းအတွက် အကျိုးမပြုဘဲ တယောက်တည်းသီးသန့်လှနေသလို ဖြစ်တတ်တယ်။ ဘာနာဒိုဆေးလ်ဗားကတော့ သူကစားတာလည်း လှရမယ်။ အသင်းအတွက်လည်း အကျိုးဖြစ်ထွန်းရမယ်ဆိုတဲ့ ကစားသမားမျိုးပေါ့။

မာရက်ဇ်ရောက်လာတော့ ကွင်းလယ်ကို ပြန်ဝင်လာတယ်။ ဒီမှာလည်း သူ့ရဲ့ အရည်အသွေးကို အထင်းသား မြင်ရပြန်တာပဲ။ Technically အရရော Physically အရပါ ပိုပြီးတိုးတက်လာတယ်။ ကွင်းရဲ့ နေရာအနှံ့မှာ သူ့ခြေရာတွေ ထပ်နေပုံက အဆုတ်လေးခုနဲ့ လူသားလိုလိုပေါ့လေ။ ဒီလူကောင်သေးသေးလေးက တယ်အလုပ်လုပ်နိုင်လှချေလား..။

ဒါနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို စီးတီးတို့ ပထမဆုံးရောက်တော့ ပြိုင်ပွဲတလျောက်စီးတီးရဲ့ Front Three ကို မှတ်မိကြသေးလား။ အများနဲ့မတူ တမူထူးနေလို့ ကျနော်ကတော့ ခုထိ မေ့မရသေးဘူး။ ပက်က ဘယ်သန်သုံးယောက်လုံးကို တိုက်စစ်မြှားဦးမှာ ထူးထူးခြားခြားသုံးခဲ့တယ်။ ဟုတ်တယ်။ ဘယ်ခြမ်းမှာ ဖိုဒန်၊ ညာတောင်ပံမှာ မာရက်ဇ်နဲ့ တိုက်စစ်မြှားဦးမှာ ဘာနာဒိုပဲပေါ့။ ဖိုဒန်နဲ့ မာရက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တော့ ဘာနာဒိုဟာ ဒီနှစ်ယောက်ကို အသံတိတ်ပံ့ပိုးရင်းနဲ့ပေါ့လေ...။

ကန်ဆယ်လို ဘိုင်ယန်ကိုရောက်သွားတော့ ပက်က သူ့ကို Lb Role မှာပါ ဆင်းဆော့ခိုင်းလိုက်သေးတယ်။ အင်း.. ဒါလဲ မညည်းမညူပါပဲ။ ဟိုဟိုဒီဒီ ပြောမနေဘူး၊ ဆင်းဆော့လိုက်တာပဲ။ အဲ့ဒီမှာလည်း သူ့နည်းသူ့ဟန်နဲ့သူ အထိုက်အလျောက်အဆင်ပြေခဲ့တယ်။ ပွဲအရေအတွက် သိပ်မများခဲ့တော့ လူတွေလည်း သတိတောင်ထားမိခဲ့ကြရဲ့လား မသေချာပါဘူး။ ဒါပေမဲ့ သူအဲ့ဒီမှာလည်း ဖြစ်မြောက်ခဲ့သေးတယ်...။

နောက်တော့ ပက်က နောက်တန်းမှာ Proper Defenderတွေအဖြစ် CB လေးယောက်စလုံးကို သုံးချပလိုက်တယ်။ ဘာနာဒိုရေ ညာတောင်ပံကို ပြန်သွားချေပေါ့လေ။

အဲ့ဒီမှာ ကာမာဗင်ကာဟာ အလဲလဲအပြိုပြိုဖြစ်တော့တာပဲ။ ဒီဘရိုင်းနားထိုးပေးလိုက်တဲ့ ‌အလုံးကို ကော်တိုးရစ်ရဲ့ ဘယ်ခြမ်းကို အပိုင်ကန်ရင်း ချန်ပီယံလိဂ်ရဲ့ဘုရင် ရီးရဲလ်မက်ဒရစ်ကို အီတီဟတ်မှာ ဂိုးမိုးတွေရွာဖို့ အစပျိုးတော့တာပဲ။

အရပ်ပုပြတ်ပြတ်နဲ့ ဒီပေါ်တူဂီလ်သားက ကော်တိုးရစ်ကို ခေါင်းတိုက်ပြီး နောက်တစ်ဂိုးသွင်းလိုက်သေးတယ်တဲ့လေ။ ဒါများမထူးဆန်းပါဘူးကွာ။ ဘိုင်ယန်တုန်းကလည်း ဆွမ်းမားကို ခေါင်းတိုက်သွင်းသေးတာ မဟုတ်လားလို့ စောဒကတက်ချင်သူတွေ ရှိကြတာကို သိပါရဲ့။

အင်း... ၊ တခါတလေတော့လည်း ခက်ပါတယ်။

" ဘဝဟာ လက်တွေ့သိပ်ဆန်တယ်။
ရက်စက်တယ်။
ကျွန်တော်တို့က အဲ့ဒီရက်စက်မှုကို
လိုချင်လို့ အဝေးကြီးကရောက်လာတာ...."

အောင်ခင်မြင့်ရဲ့ ဒီစာသားတွေက ကျနော့်နှလုံးသားကို အကြိမ်ကြိမ်ဆုပ်နယ်ခဲ့ဖူးတယ်။ နှုတ်ဖျားမှာ၊ စိတ်ထဲမှာ အသံတိတ် အကြိမ်ကြိမ် ရေရွတ်ရင်း တုန်လှုပ်ခဲ့ရဖူးတယ်။ ပေါ်တူဂီလ်စကားသာ ကျနော် ပြောတတ်ခဲ့ရင် ဘာနာဒိုလ် စိတ်မကောင်းမဖြစ်ဖို့ ဒီစာသားတွေ သူ့ကို ရွတ်ပြလိုက်ချင်ပါရဲ့။

ဘာနာဒိုလို ကစားသမားကိုမှ မနှစ်ကတရာသီခြေကျရုံနဲ့ အသင်းကထွက်လို့ အော်ကြသတဲ့လေ။ ကပ္ပတိန်လက်ပတ်နဲ့ မထိုက်တန်သူလို့ ယိုးစွပ်ကြသတဲ့လေ။ ဟုတ်တယ်။ ဘဝဟာ လက်တွေ့သိပ်ဆန်တယ်။ ရက်စက်တယ်။ ဒါပေမဲ့ အဲဒီ့ရက်စက်မှုတွေ ဘာနာဒိုလ်ကို မပေးကြပါနဲ့။ သူနဲ့ မထိုက်တန်ဘူးလေ။ သူနဲ့ထိုက်တန်တဲ့အရာက ကျနော်တို့ အားလုံးရဲ့ ကောင်းချီးပေးမှုပဲပေါ့..။

သေချာတာက ငါတို့ မင်းကို သိပ်ချစ်တယ် ဘာနာဒိုလ်။

အသင်းဖော်‌တွေ ဘယ်လိုစစ ငြိမ်ခံတတ်တဲ့ ဘာနာဒိုလ်ကိုလည်း ချစ်တယ်။ ပြိုင်ဘက်အသင်းကို ထထဖြဲတတ်တဲ့ ဘာနာဒိုကိုလည်း ချစ်တယ်။ လွန်ခဲ့တဲ့ ၈ နှစ်၊ ၂၃ နှစ်သားလူငယ်လေး အဖြစ်နဲ့ ရောက်လာတဲ့ ဘာနာဒိုကိုလည်း ချစ်တယ်။ အိုနေပြီလို့ ဝိုင်းပြောကြတဲ့ ၃၁ နှစ်သား အန်ကယ်ဘာနာဒိုကိုလည်း ချစ်တယ်။

တိုက်တိုင်ဆိုင်ဆိုင် ၃၁ နှစ်ပြည့်မွေးနေ့မှာ ထမင်းစားပန်းကန်နဲ့တူတဲ့ ဖလားကြီးကိုင်ရင်း ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ဘာနာဒိုကိုလည်း ချစ်တယ်။ ခင်ဗျားဟာ စီတီဇင်တွေအားလုံးရဲ့ အချိန်အခါမလပ် ချစ်ခြင်းနဲ့ခြွင်းချက်မရှိ ထိုက်တန်သူပါပဲ။

မွေးနေ့မှာ စီတီဇင်တွေရဲ့ ချစ်ခြင်းအားဖြင့် ပျော်ရွှင်ပါစေ ဘာနာဒိုရေ..🩵

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ပရီးမီးယားလိဂ်မှာ၊ ဥရောပဘောလုံးလောကမှာ Traditional No.9 လို့ခေါ်တဲ့ တိုက်စစ်မှူးစစ်စစ်တွေထက် False 9 တွေ ပိုပြီး အားကောင...
21/07/2025

ပရီးမီးယားလိဂ်မှာ၊ ဥရောပဘောလုံးလောကမှာ Traditional No.9 လို့ခေါ်တဲ့ တိုက်စစ်မှူးစစ်စစ်တွေထက် False 9 တွေ ပိုပြီး အားကောင်းလာချိန်တခေတ်ဆိုပြီး ရှိခဲ့ဖူးတယ်။ ယာဂန်ကလော့ဂ်က ဖာမီနို၊ ပက်က ဖိုဒန်၊ ဘာနာဒိုလ်တို့နဲ့ သူတို့အသင်းတွေရဲ့ တိုက်စစ်မြှားဦးကို ပုံဖော်ခဲ့ကြတယ်။ အဲ့ဒီအချိန်တွေမှာ မော်ရင်ဟိုလို ခေတ်ဟောင်းဆန်တဲ့ နည်းပြတောင် ဟယ်ရီကိန်းကို No.9 စစ်စစ်မဟုတ်ဘဲ Advanced Striker အဖြစ် ပုံသွင်းယူခဲ့ရတယ်။

မြစ်တစ်ခုမှာ လူတစ်ယောက်ဟာ ရေနှစ်ခါ မချိုးနိုင်ဘူးတဲ့။ တသွင်သွင်စီးဆင်းနေတတ်တဲ့ မြစ်ရဲ့သဘောသဘာဝကို ဒီလိုမျိုး တင်စားကြတယ်။ အချိန်ရဲ့မြစ်ဟာလည်း စီးဆင်းနေစမြဲပေါ့။ ဘောလုံးလောကရဲ့ အိုင်ဒီယော်လော်ဂျီတွေဟာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေခဲ့တယ်။ Traditional No.9 တိုက်စစ်မှူးစစ်စစ်တွေ၊ ပြီးတော့ False 9 တွေ၊ False 9 တွေပြီးတော့Traditional No.9 တိုက်စစ်မှူးစစ်စစ်တွေ။ သမိုင်းဟာ ဒီလို တပတ် ပြန်လည်လာတယ်။

ဒီ Trend ကို ဦးဆောင်ခဲ့သူက ပက်ပါပဲ။ False 9 ကို သုံးပြနေရင်း Traditional No.9 ဆီ ပြန်သွားပြီး Treble ယူပြခဲ့တယ်။ အဲ့ဒီနောက်ပိုင်းကစလို့ No.9 Role တွေရဲ့ အရေးပါပုံက လက်ရှိဘောလုံးကမ္ဘာမှာ ပိုပြီး ကျယ်ပြန့်လာတယ်။ အခုဆို အာဆင်နယ်မှာ ယော့ခယိုက်ခ်၊ လီဗာပူးလ်မှာ ဒါဝင်ကနေ အီတီ‌ကီဆိုပြီး သူတို့ရဲ့ တိုက်စစ်မြှားဦးတွေမှာ No.9 Role တွေကို မြင်လာရတယ်။ No.9 Role တွေရဲ့ အခန်းကဏ္ဍဟာ ဒီထက်ပိုပြီး ကြီးမားလာဦးမယ့် အရိပ်အယောင်တွေကိုလည်း မြင်နေရဆဲပါပဲ။

ဒီအပြောင်းအလဲကို ပက်နဲ့အတူ စတင်ခဲ့သူဟာ အာလင်းဟာလန်းပါပဲ။ ပက်ရဲ့ ဒဿနတချို့ကို သွင်းဂိုးတွေနဲ့ ပြောင်းလဲနိုင်ခဲ့သူလို့လည်း ဆိုနိုင်တယ်။ ပက်နဲ့လက်တွဲခဲ့တဲ့ ပထမရာသီမှာတင် ဟာလန်းက (၅၂)ဂိုးအထိ သွင်းပြခဲ့တယ်။ ပရီးမီးယားလိဂ်သီးသန့်မှာတင် (၃၆)ဂိုး သွင်းခဲ့တယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်သစ်ပါပဲ။ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် လိုက်ပ်ဇစ်နဲ့ပွဲမှာ (၅)ဂိုး သွင်းပြီး ဘောလုံးကမ္ဘာကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တယ်။ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့တယ်။ အဆုံးသတ်မှာ Treble အောင်ပွဲကို ရခဲ့တယ်။

ဒီလိုတွေးကြည့်ရအောင်.. ပက်နဲ့ ဟာလန်းရဲ့ ပထမရာသီမှာသာ အခုလို မအောင်မြင်ဘဲ ကျရှုံးခဲ့မယ်ဆိုရင်ရော၊ အခုလောက်ထိ No.9 Role တွေက ဘောလုံးကမ္ဘာမှာ မျက်နှာပွင့်နေနိုင်ပါ့မလား။ ဟာလန်းဟာ အဆုံးသတ်သေချာသူ တိုက်စစ်မှူးတစ်ဦးမျှသာ မဟုတ်ပါဘူး။ ဘောလုံးကမ္ဘာမှာ ဘဝတူ No.9 Role Player တွေရဲ့ အခန်းကဏ္ဍကို တဖန်ပြန်လည်မြင့်တက်လာအောင် မြှင့်တင်ပေးခဲ့သူတစ်ဦးပါပဲ။ ပြီးတော့ ဒါကို လူလားမြောက်ခါစ (၂၂)နှစ်သားဘဝနဲ့ လုပ်ပြခဲ့တာပါ။

အခုတော့ ဒီအဖြစ်အပျက်တွေဟာ သုံးနှစ်နီးနီးကြာခဲ့ပြီ။ ဟာလန်းလည်း (၂၅)နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒီနေ့ဆို လက်ရှိဘောလုံးကမ္ဘာက အကောင်းဆုံးတိုက်စစ်မှူးရဲ့(၂၅)နှစ်ပြည့်မွေးနေ့ကို ကျရောက်ခဲ့ပါပြီ။

🎉 Happy Birthday Earling Haaland 🎉

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ဒီဘရိုင်းနားကွက်လပ်ကို ဖြည့်ပေးမယ့် ချာကီရဲ့ Lofted Pass များ...---------------------------------------[ဆောင်းပါး]ကီဗင်ဒ...
20/07/2025

ဒီဘရိုင်းနားကွက်လပ်ကို ဖြည့်ပေးမယ့် ချာကီရဲ့ Lofted Pass များ...
---------------------------------------
[ဆောင်းပါး]

ကီဗင်ဒီဘရိုင်းနားနဲ့ စီးတီးရဲ့ ဇာတ်လမ်းကတော့ အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ။ စီးတီးက စာချုပ်သက်တမ်းမတိုးတော့ကြောင့် ရာသီကုန်ချိန်မှာ စီးတီးနဲ့ လမ်းခွဲပြီး နေပယ်လ်မြို့ဆီ ကီဗင်ဒီဘရိုင်းနား တယောက် ခရီးနှင်ခဲ့ရတယ်။ စီးတီးမှာတုန်းက ကီဗင်ဒီဘရိုင်းနားရဲ့ ဖန်တီးနိုင်စွမ်းက အတော်လေးကို မြင့်မားပါတယ်။ စီးတီးမှာ ကစားခဲ့တဲ့ ဆယ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုသီးသန့်ဆိုရင်တောင် (၁၁၉)ကြိမ်အထိ ရှိပါတယ်။ သူ့ထက်များတာ (၂၂)ရာသီအထိ ကစားခဲ့ပြီး (၁၆၂)ကြိမ် ဖန်တီးနိုင်ခဲ့တဲ့ ရိုင်ယန်ဂစ်ပဲ ရှိတော့တယ်။

ရိုင်ယန်ဂစ်က ယူနိုက်တက်အကယ်ဒမီမှာမွေး၊ ယူနိုက်တက်မှာကြီးပြီး ဒီအသင်းနဲ့ပဲ ကစားသမားဘဝကုန်တဲ့အထိ ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့သူပါ။ ကီဗင်ဟာ စီးတီးမှာ ဖြတ်သန်းခဲ့တဲ့ ဆယ်ရာသီမှာတောင် ဒဏ်ရာကြောင့် နားခဲ့ရချိန်တွေက တစ်ရာသီခွဲစာလောက် ရှိနေသေးတယ်။ ဒီလောက်ဆို ကီဗင်ရဲ့ ဖန်တီးနိုင်စွမ်းက စီးတီးမှာ ဘယ်လောက်တောင် မြင့်မားခဲ့သလဲ၊ အရေးပါခဲ့သလဲဆိုတာကို မြင်နိုင်ပါလိမ့်မယ်။ ပြီးတော့ တစ်ရာသီထဲမှာတင် ဂိုးနှစ်ဆယ်အထိ ဖန်တီးနိုင်တဲ့ အွန်နရီရဲ့စံချိန်ကို လိုက်မီခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဆိုရင်လည်း ကီဗင်ပါပဲ။

ဆိုတော့ ကီဗင်မပါနိုင်ချိန် စီးတီးရဲ့ ဖန်တီးနိုင်စွမ်းတွေ လျော့လျော့နေတတ်တာက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒဏ်ရာကြောင့် ကီဗင်နားနေရချိန်တွေမှာ ပက်က ရေတိုဖြေရှင်းမှုတွေနဲ့ နည်းလမ်းရှာပြီး ကျားကန်ထားရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ဘယ်တုန်းကမှ ကီဗင်နဲ့အတူရခဲ့တဲ့ စီးတီးရဲ့တိုက်စစ်က ဖန်တီးနိုင်စွမ်းကို ပက်က ရှာမတွေ့ခဲ့ဘူး။ အခုတော့ ပက်က၊ စီးတီးက ကီဗင်ကို ထာဝရလက်လွှတ်လိုက်ရပါပြီ။ ကီဗင်နဲ့အတူ သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေရောပေါ့။

ဒီတော့ မေးစရာရှိလာတာက ကီ‌ဗင်ဒီဘရိုင်းနားကွက်လပ်ကို စီးတီးမှာ ဘယ်သူ‌ဝင်ဖြည့်ပေးမလဲဆိုတာပါပဲ။ စီးတီးက ဒီအတွက် ဝှစ်ဗ်နဲ့ သတင်းကြီးခဲ့ပြီး အဆုံးသတ်မှာ ချာကီကို ခေါ်ယူခဲ့တယ်။ ဒီကစားသမားက ပြင်သစ်ရဲ့ Wonder Kid၊ Generational Talent ၊ Maverick ပါ။ ပြီးခဲ့တဲ့ရာသီဥရောပရဲ့ ဖန်တီးမှုအများဆုံးကစားသမားပါ။ ပြောလို့မကုန်တဲ့ ဂုဏ်ပုဒ်တွေနဲ့ လူငယ်ကစားသမားလေးပါ။

ဒါပေမဲ့ ကီဗင်ဒီဘရိုင်းနားကွက်လပ်ကို ဖြည့်ဖို့အတွက်လား။ ဒါဆိုရင်တော့ ဒီချာတိတ်ကို သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ရဦးမှာပါပဲ။ မတတ်နိုင်ဘူး။ ကီဗင်ဒီဘရိုင်းနားရဲ့ ကွက်လပ်က ဒီလောက်တောင်မှ ကြီးတာကိုး။ ဟိုးရှေ့ရှေ့ရာသီတွေလောက်က စတုတ်စီးတီးနဲ့ပွဲမှာ ဆာနေးလ်ကို ဖန်တီးပေးလိုက်တဲ့ ‌Pass မျိုး။ အဲဗာရက်ဇ်ကို ချန်ပီယံလိဂ်မှာ မျှောပေးလိုက်တဲ့ အလုံးမျိုး။ ဘာနာဒိုလ်ကို ကာဆယ်နဲ့ပွဲမှာ ထိုးပေးလိုက်တဲ့ ဖန်တီးမှုမျိုး။ စတာလင်နဲ့ အဂွယ်ရိုကို ခြေထောက်နဲ့ထိရုံနဲ့ ဂိုးရအောင် ဖန်တီးပေးခဲ့တဲ့ မြောက်များလှစွာသော Pinpoint Cross တွေလိုမျိုး။ ဒါတွေက ကီဗင်နဲ့အတူ အစဥ်သဖြင့် မြင်ခဲ့ရတဲ့အရာတွေပါ။ ဒါတောင် ချဲလ်ဆီးကို ဂျေဇူစ့်နဲ့တွဲပြီး ကန်သွင်းခဲ့တဲ့ ဂိုးမျိုး။ Treble ရာသီက ရီးရဲလ်ကို ချေပခဲ့တဲ့ ဂိုးမျိုးကို ထည့်မတွက်ရသေးပါဘူး။ နောက်ထပ်လည်း ကျန်ပါသေးတယ်။ အခုက စိတ်ထဲပေါ်လာသလောက်ကို လက်တန်းချရေးလိုက်ရုံပဲရှိသေးတယ်။

ဆိုတော့ ကီဗင်နေရာ ဝင်လာတဲ့ ကစားသမားဟာ ဒါတွေဒါတွေကို လုပ်ပြနိုင်ဖို့ စီးတီးဖန်တွေ မျှော်လင့်နေမိတာ မဆန်းပါဘူး။ ဒါပေမဲ့ လုပ်ကိုလုပ်ပြရမယ့် တာဝန်တစ်ခုလို သတ်မှတ်လိုက်မယ်ဆိုရင်တော့ ချာကီအတွက် မတရားရာ ကျပါလိမ့်မယ်။ ကီဗင်ဒီဘရိုင်းနားဟာ တခေတ်တယောက်ပေါ်တဲ့ ကစားသမားမျိုးပါ။ ချာကီမှာလည်း ဒါမျိုးဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ပိုင်စတိုင်နဲ့၊ ကိုယ်ပိုင်အရည်အသွေးတွေနဲ့ပါ။

ဒီနှစ်ယောက်ကြားမှာ တူတာရော မတူတာတွေပါ ရှိနေတယ်။ ဘယ်ခြေညာခြေ နှစ်ဖက်လုံးကို ကောင်းကောင်းသုံးနိုင်တာချင်း တူနေတယ်။ အရမ်းကြီး လျင်မြန်တဲ့ ကစားသမားမျိုး မဟုတ်ကြတာချင်း တူနေတယ်။ Kick Power ကောင်းတာချင်း တူနေတယ်။ ဒါပေမဲ့ အဆုံးသတ်စွမ်းရည်ကျ ကီဗင်က ပိုကောင်းပါတယ်။ အလိမ်အခေါက်အားပြုပြီး ကစားနိုင်တဲ့နေရာမှာတော့ ချာကီကတောင် ပိုသာပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးမှာ ထပ်တူကျနေတာက ဘောလုံးဉာဏ်ရည်ဉာဏ်သွေး၊ Vision နဲ့ ဒီနှစ်ခုကြောင့် ထိုးထွင်းသိမြင်လာသမျှကို လိုက်လုပ်နိုင်တဲ့ ခြေထောက်တစ်စုံကို ပိုင်ဆိုင်ထားတဲ့အချက်တွေပါပဲ။

ဒီဆောင်းပါးမှာတော့ ဒီဘောလုံးဉာဏ်ရည်ဉာဏ်သွေးနဲ့ Vision ကြောင့် ထိုးထွင်းသိမြင်လာတာတွေကို တကယ်အကောင်အထည်ဖော်ပြီး ပြိုင်ဘက်ကို ဒုက္ခပေးခဲ့တဲ့ ချာကီရဲ့ ခြေထောက်တစ်စုံက ထွက်လာတဲ့ Lofted Pass တွေအကြောင်းကို တင်ပြသွားပါမယ်။ ကီဗင်ဒီဘရိုင်းရဲ့ ကွက်လပ်ကို ဒီ Pass တွေက ဘယ်အတိုင်းအတာထိ ဖြည့်ဆည်းပေးနိုင်မလဲသိချင်ရင်တော့ အဆုံးထိသာ ဝင်ဖတ်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ။

[ REFERENCE:

Rayan Cherki’s lofted passes into the box can help Manchester City fill a Kevin De Bruyne-shaped hole By Thom Harris]

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

အဝေးကွင်းဂျာစီထက် ပိုခမ်းနားတဲ့ စီးတီးနဲ့ Puma စာချုပ်သစ်------------------------------------------[ဆောင်းပါး]မနေ့ကပဲ အဝ...
19/07/2025

အဝေးကွင်းဂျာစီထက် ပိုခမ်းနားတဲ့ စီးတီးနဲ့ Puma စာချုပ်သစ်
------------------------------------------
[ဆောင်းပါး]

မနေ့ကပဲ အဝေးကွင်းဂျာစီသစ်ကို စီးတီးက တရားဝင် ချပြသွားခဲ့တယ်။ ဒီဂျာစီအပေါ် စီတီဇင်တွေရဲ့ Feedback ကလည်း တော်တော်ကောင်းပါတယ်။ ဒီအဝေးကွင်းဂျာစီရဲ့ ကာလာအစပ်အဟပ်ဟာ ‌တကယ့်ကို So Cool ပဲ။ အရမ်းကို သန့်လွန်းပြန့်လွန်းတယ်။ တော်ဝင်ဆန်တဲ့ အမည်း‌ရောင်အောက်ခံပေါ်မှာ ငွေရောင်လိုဂိုနဲ့ စာသားတွေကို အထာကျကျ ရိုက်နှိပ်ထားတယ်။ ကြည့်လိုက်တာနဲ့ Luxury ဆန်တဲ့ ခံစားချက်ကို ပေးတယ်။ မြင်လိုက်ရုံနဲ့ ကိုယ်ပေါ်မှာ တင်လိုက်ချင်တဲ့ အာသီသကို နှိုးဆွပေးပါတယ်။ စီးတီးရဲ့အဝေးကွင်းဂျာစီတွေထဲ အလှဆုံးတစ်ခုလို့ကို သတ်မှတ်လိုက်ချင်စရာကောင်းနေတဲ့အထိပဲ။

ဒါပေမဲ့ ဒီဂျာစီကို တရားဝင်ချပြခါနီး လက်မတင်လေးမှာတင် စီးတီးနဲ့ Puma တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်က ပိုပြီးလှပနေခဲ့တယ်၊ ခမ်းနားနေခဲ့တယ်။ အထူးသဖြင့်တော့ စီးတီးအတွက်ပေါ့။

စီးတီးက ဂျာစီတွေအတွက် Puma နဲ့ နောက်ထပ်ဆယ်စုနှစ်တစ်ခုစာ ထပ်မံလက်တွဲသွားမယ့် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုလိုက်တာပါ။ ဒီစာချုပ်အကြောင်း အတွင်းကျကျသိထားတဲ့ စီးတီးရဲ့အတွင်းလူတွေကတော့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး Kit Deal ဖြစ်လာမယ်လို့ မှတ်ချက်ပေးကြတယ်။ ဆိုတော့ ဘာကြောင့်လဲ..။

Pum‌‌a နဲ့ စီးတီးတို့ရဲ့ လက်တွဲမှုက ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အစပြုခဲ့တယ်။ ဒီလက်တွဲမှုအစမှာ စာချုပ်တန်ဖိုးက တစ်ရာသီကို အမြင့်ဆုံးပေါင် (၆၅)သန်းအထိ မိုင်ကုန်ပဲ။ အခုစာချုပ်သစ်မှာတော့ တစ်ရာသီကို ပေါင်သန်း(၁၀၀) အထိ ဖြစ်သွားပြီ။ ဒါပမာဏဟာ အင်္ဂလန်က ဘယ်အသင်းမဆိုထက် ပိုပြီး သာလွန်သွားဖို့လည်း ရှိနေတယ်။

စီးတီးနဲ့ Puma ရဲ့ ပထမစာချုပ်ဟာလည်း ဆယ်စုနှစ်တစ်ခုစာသက်တမ်းနဲ့ ချုပ်ဆိုထားတာပါ။ ၂၀၂၉-၃၀ ဘောလုံးရာသီမှသာ ဒီစာချုပ်က သက်တမ်းပြည့်လိမ့်မယ်။ ဒါပေမဲ့ လက်ရှိစာချုပ် သက်တမ်းမပြည့်ခင်မှာတင် ပိုပြီးတန်ဖိုးကြီးတဲ့ စာချုပ်သစ်တစ်ခုကို စီးတီးတို့ Puma ဆီကနေ ရခဲ့တယ်။ ဒီအတွက် အဓိကကျခဲ့တာဟာ Puma နဲ့ အတူလက်တွဲထားတဲ့အချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ငါးနှစ်တာအတွင်း အဓိကဆုဖလား(၇)လုံးအထိ ရယူခဲ့တဲ့ စီးတီးရဲ့အောင်မြင်မှုတွေပါပဲ။

Puma က လက်ရှိမှာ အေစီမီလန်၊ ဒေါ့မွန်၊ မာဆေးလ်၊ ဗလင်စီယာနဲ့ ပေါ်တူဂီလ်လက်ရွေးစင်အသင်း စတာတွေနဲ့ လက်တွဲထားတယ်။ ဒီအသင်းတွေအားလုံးထက် လက်ရှိစီးတီးနဲ့ လက်တွဲမှုက ပိုပြီးတန်ဖိုးမြင့်ပါတယ်။

တကယ်တော့ ဒီစာချုပ်သစ်ကို စီးတီးအတွက် အကျိုးအမြတ်များတဲ့ လက်တွဲမှုတစ်ခုအဖြစ် ဖော်ပြမယ်ဆိုရင်တောင် မလုံလောက်သေးပါဘူး။ ဒီစာချုပ်သစ်ရဲ့ တန်ဖိုးဖြစ်တဲ့ တနှစ်ကို ပေါင်သန်းတစ်ရာဆိုတဲ့ ပမာဏဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အမြင့်မားဆုံးပမာဏလို့တောင် ဆိုကောင်းဆိုနိုင်ပါတယ်။ ဒီနေရာမှာ ဆိုကောင်းဆိုနိုင်တယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းကိုတော့ သတိချပ်စေချင်ပါတယ်။ ဆိုလိုချင်တာက အသင်းတွေက ဒီလို စီးပွားရေးဆိုင်ရာသဘောတူညီချက်တွေနဲ့ ပတ်သက်လာရင် အသေးစိတ်ချပြတတ်တဲ့ ထုံးစံမရှိသလို စီးတီးကလည်း ထူးမခြားနားပါပဲ။

ဒီစာချုပ်မှာဆိုရင်လည်း Puma က စီးတီးကို သူတို့နဲ့ လက်တွဲထားရုံနဲ့ တစ်နှစ်ကို သန်းတစ်ရာစပွန်ဆာပေးနေမှာလား။ ဒါမှမဟုတ် စီးတီးရဲ့ ကွင်းတွင်းအောင်မြင်မှုတွေအပေါ် မူတည်ပြီး အတိုးအလျော့တွေ ရှိလာဦးမလား။ ဒါတွေက အပြင်လူ‌တွေကို သေချာသိခွင့်မပေးထားတဲ့ အချက်တွေပါ။

ဥပမာပေးရရင် လီဗာပူးလ်နဲ့ Adidas ရဲ့ စာချုပ်သစ်မှာဆို အသင်းရဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး ချုပ်ဆိုထားတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အသင်းရဲ့ ကွင်းတွင်းက စွမ်းဆောင်ရည်တွေ ကောင်းမကောင်း၊ ဂျာစီအရောင်းရဲ့ Sales Target ထိမထိဆိုတဲ့ အချက်တွေပေါ် မူတည်ပြီး စပွန်ဆာငွေပမာဏက အတိုးအလျော့ဖြစ်သွားမယ့် သဘောပါပဲ။

တကယ်လို့ စီးတီးသာ Puma ဆီက‌နေ တစ်နှစ်ကို ပေါင်သန်းတစ်ရာသာ ရပြီဆိုရင်တော့ မြို့ခံပြိုင်ဘက်ယူနိုက်တက်ရဲ့ ဂျာစီစပွန်ဆာဝင်ငွေကို ကျော်တက်နိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။ ၂၀၂၃ကနေစလို့ ယူနိုက်တက်က Adidas ဆီကနေ တစ်နှစ်ကို ပေါင်သန်းကိုးဆယ် ပုံမှန်ရနေခဲ့တာပါ။ ဒီဝင်ငွေက လီဗာပူးလ်လိုပဲ အသင်းရဲ့ အောင်မြင်မှုအပေါ် ‌အခြေခံထားပါတယ်။ ဒီနှစ်တော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့လို့ ယူနိုက်တက်တို့ လာမယ့်ရာသီမှာ ပေါင်ဆယ်သန်းအဖြတ်ခံရဖို့ ရှိနေတယ်။

ဒီစာချုပ်သစ်မတိုင်ခင်ထိ စီးတီးက စာချုပ်ဟောင်းမှာ သဘောတူညီထားတဲ့အတိုင်း တစ်နှစ်ကို ပေါင်(၆၅)သန်းလောက်ပဲ ပုံမှန်ဝင်ငွေရနေခဲ့တာပါ။ ၂၀၂၃-၂၄ ရာသီအတွက် UEFA ရဲ့ ငွေကြေးပိုင်းဆိုင်ရာ Report တွေအရတော့ ဒီပမာဏဟာ ဂျာစီတွေနဲ့ အမှတ်တရပစ္စည်းတွေကနေ ပရီးမီးယားလိဂ်ရဲ့ Big (6)အသင်းတွေ ရနေတဲ့ ဝင်ငွေတွေထဲ အနည်းဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေနဲ့ နီးစပ်သူတွေကတော့ ဒါဟာ စီးတီးရဲ့ ဝင်ငွေတွက်ချက်ပုံနဲ့ သတ်မှတ်ပုံတွေကြောင့် အခုလိုနည်းနေရတာလို့ ပြောကြတယ်။

စီးတီးက သူတို့ရဲ့ Merchandising နဲ့ ပတ်သက်ပြီး Stichd ဆိုတဲ့ အပြင်ကုမ္ပဏီကို အပ်ထားတယ်။ ဒီကုမ္ပဏီဟာလည်း Puma ရဲ့ လုပ်ငန်းခွဲတွေထဲက တစ်ခုပါပဲ။ ဒီကနေရတဲ့ အကျိုးအမြတ်ကို တွက်တဲ့အခါ စီးတီးက အသားတင်အမြတ်ကိုပဲ ယူပြီးတွက်ချက်လေ့ရှိတယ်။ ကျန်တဲ့အသင်းတွေကတော့ ကုန်ကျစရိတ်မနှုတ်ရသေးတဲ့ ဝင်ငွေအားလုံးကို အခြေခံပြီး တွက်ကြချက်ကြတယ်။ ဒါကြောင့်ပဲ ဒီအသင်းတွေကြား စီးတီးက အနိမ့်ဆုံးဖြစ်နေရတဲ့သဘောပါပဲ။ အခုနောက်ဆုံး စာချုပ်သစ်ကတော့ စီးတီးကို ဒီအသင်းတွေကြားမှာ အဆင့်တက်လာစေလိမ့်မယ်။

ခုနကပြောခဲ့တဲ့ UEFA ရဲ့ Report အရ ဂျာစီနဲဲ့အမှတ်တရပစ္စည်းရောင်းချမှုတွေကနေ လီဗာပူးလ်ဟာ တစ်နှစ်ကို ပေါင် (၁၂၇)သန်းအထိ ဝင်ငွေရနေတယ်။ သူ့နောက်မှာ အာဆင်နယ်က ပေါင်(၁၀၄)သန်းနဲ့ ရှိ‌နေတယ်။ ဒါပေမဲ့ ဒီနံပါတ်တွေဟာ ကုန်ကျစရိတ်မနှုတ်ထားတဲ့ ဝင်ငွေတွေ။ ကုန်ကျစရိတ်တွေသာ နှုတ်လိုက်ရင် အသားတင်ဝင်ငွေက သေချာပေါက်ကို ဒီထက်နည်းသွားမှာ အသေအချာပဲ။ တကယ်သာ စာချုပ်အသစ်က စီးတီးကို Puma ကနေ တနှစ်ကို ပေါင်သန်းတစ်ရာအထိ အသားတင်ဝင်ငွေရအောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဒီကဏ္ဍနဲ့ပတ်သက်လာရင် စီးတီးရဲ့ ဝင်ငွေက ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးဖြစ်လာပါလိမ့်မယ်။ ဒီလိုသာဆို ဒီစာချုပ်ဟာ စီးတီးအတွက်တော့ အဝေးကွင်းဂျာစီထက် ပိုပြီးခမ်းနားလှပနေမှာ အသေအချာပဲပေါ့။

[ REFERENCE:
Manchester City sign new Puma deal: Analysing the ÂŁ100m per season kit partnership By Jordan Campbell & Chris Weatherspoon ]

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

စီးတီးဘက်က အိုရိုင်လ်လေကို ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။ ဂျာမန်ကလပ်တွေဘက်က လိုချင်နေပေမဲ့ အသင်းမှာ ဆက်ထိန်းသွားမှာဖြစ်ပါ...
18/07/2025

စီးတီးဘက်က အိုရိုင်လ်လေကို ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။ ဂျာမန်ကလပ်တွေဘက်က လိုချင်နေပေမဲ့ အသင်းမှာ ဆက်ထိန်းသွားမှာဖြစ်ပါတယ်။

ပက်ကိုယ်တိုင်က အိုရိုင်လ်လေရဲ့ Performance ကို ကျေနပ်နေတယ်လို့ ယူဆရပါတယ်

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

အကယ်ဒမီကစားသမားတွေကို ပက်က နေရာမပေးဘူးတဲ့။ ဒီအသံတွေ အခု‌တလော အတော်လေးကို ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ သိပ်ကို ပြောလို့...
18/07/2025

အကယ်ဒမီကစားသမားတွေကို ပက်က နေရာမပေးဘူးတဲ့။

ဒီအသံတွေ အခု‌တလော အတော်လေးကို ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ သိပ်ကို ပြောလို့ကောင်းတဲ့ စကားပေါ့။ ကျနော်တို့လည်း ဒီစကားမျိုး အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်။

ဆိုတော့ ‌သိချင်တာလေးတစ်ခုရှိတယ်။ ခင်ဗျားတို့ ဘယ်အရာကို ပိုပြီး လိုချင်ကြသလဲပေါ့။

ပထမတစ်နည်းက အကယ်ဒမီကစားသမားတွေကို အမှန်အကန်‌နေရာပေးမယ်။ သေချာတာက ဒီလမ်းဟာ အောင်မြင်မှုကို အာမခံချက်မပေးနိုင်ဘူး။

နောက်တစ်နည်းက အကယ်ဒမီကစားသမားတွေထဲက ဖိုဒန်လောက်၊ အိုရိုင်လ်လေလောက် တစ်ယောက်စနှစ်ယောက်စကို နေရာပေးမယ်။ ကျန်တာ ရယ်ဒီမိတ်ကစားသမားတွေပဲပေါ့။ ဒီလမ်းကတော့ အောင်မြင်မှုရဖို့ အာမခံချက် ပိုရှိတယ်။ ပြီးတော့ ဒါက ပက်နဲ့အတူ စီးတီးတစ်ချိန်လုံး သွားခဲ့တဲ့ လမ်းပဲ။

လမ်းနှစ်သွယ်လုံးကို ဟိုစပ်စပ်ဒီစပ်စပ် သွားမှာပေါ့လို့တော့ ကပ်မပြောနဲ့ပေါ့ဗျာ။ ဆိုတော့ ခင်ဗျားက ပထမလမ်းကို ရွေးမလား၊ ဒုတိယလမ်းကို လျှောက်ချင်လား။ အရိုးသားဆုံးတော့ဖြေဗျာ။ ကိုယ့်အဖြေအပေါ် ကိုယ့်လိပ်ပြာကိုယ်လုံဖို့တော့ လိုလိမ့်မယ်။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

စီးတီးက ခုနကပဲ အဝေးကွင်းဂျာစီကို Official ချပြသွားပါပြီ 💯ဒီနှစ်အဝေးကွင်း ဂျာစီကတော့ တော်တော်လေးကို အထာကျတဲ့အထဲပါတယ်။ကျနေ...
18/07/2025

စီးတီးက ခုနကပဲ အဝေးကွင်းဂျာစီကို Official ချပြသွားပါပြီ 💯

ဒီနှစ်အဝေးကွင်း ဂျာစီကတော့ တော်တော်လေးကို အထာကျတဲ့အထဲပါတယ်။ကျနော်တော့ အိမ်ကွင်းအစား ဒီဂျာစီကို အရင်ဆုံးဝယ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။
စီတီဇင်တွေ‌ရော.. 👀

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

စီးတီးက လူမခေါ်တော့ဘူးလားတဲ့...။အခုတလော ဒီလိုအသံတွေလည်း တော်တော်လေး ကြားလာရတယ်။ ထူးတော့ မထူးဆန်းပါဘူး။ ကလပ်ကမ္ဘာ့ဖလားပြီ...
18/07/2025

စီးတီးက လူမခေါ်တော့ဘူးလားတဲ့...။

အခုတလော ဒီလိုအသံတွေလည်း တော်တော်လေး ကြားလာရတယ်။ ထူးတော့ မထူးဆန်းပါဘူး။ ကလပ်ကမ္ဘာ့ဖလားပြီးကတည်းက စီးတီးရဲ့ လှုပ်ရှားမှုတွေက အသံတိတ်နေခဲ့တာကိုး။

ဒါပေမဲ့ တကယ်တမ်း ပြန်တွေးကြည့်ရင် ဒီနွေဈေးကွက်ဟာ ကလပ်ကမ္ဘာ့ဖလားပြီးမှ စတာမဟုတ်ပါဘူး။ ဒီပြိုင်ပွဲမတိုင်ခင်ကတည်းက ဈေးကွက်ဟာ စခဲ့တယ်။ စစချင်းမှာတင် စီးတီးက အသင်းကြီးအတွက် နူရီ၊ ချာကီနဲ့ ရိန်းဒါးစ်တို့ကို တပတ်လောက်အတွင်း အရခေါ်ခဲ့တယ်။

ဒီမှာ စကော့ကာဆန်လ်ကြီးရဲ့ နေရာကို အစားထိုးမယ့် ချဲလ်ဆီးဂိုးသမားဟောင်းကို ထည့်မတွက်ထားသေးဘူး။ ဒီနေ့ပဲ အသင်းဂျာစီကိုင်ပြသွားတဲ့ နော်ဝေလိဂ်က ကောင်လေးကို စာရင်းမတို့ရသေးပါဘူး။ ဒီလူတွေကို အတင်းကာရော ထည့်တွက်ပြနေစရာလည်း မလိုပါဘူး။ ဒီနှစ်ယောက်က အသင်းကြီးအတွက် ဘယ်လောက်မှ ကြီးမားတဲ့ Impact ရှိလာမယ့်သူတွေလည်း မဟုတ်နေဘူး။

ဆိုလိုချင်တာက စီးတီးဟာ ဒီပြိုင်ပွဲအပြီးမှာ ဈေးကွက်ထဲ အသံတိတ်နေခဲ့တယ်ဆိုပေမဲ့ နွေဈေးကွက်တစ်ခုလုံးစာ ခြုံကြည့်ရင် အသင်းကြီးအတွက် အဓိကကစားသမားသုံးဦးကို ခေါ်ထားပြီးပြီဆိုတာပါ။

ပုံမှန်အားဖြင့်တော့ စီးတီးအတွက် နွေဈေးကွက်တစ်ခုမှာ ကစားသမားသုံးလေးယောက်ဝန်းကျင်လောက် အပြောင်းအလဲလုပ်ရုံနဲ့တင် လုံလောက်ပါတယ်။ အသင်းက အမြဲတမ်းလိုလို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေခဲ့လို့ပဲ။ ဒါပေမဲ့ ဒီဈေးကွက်မှာတော့ မတူတော့ဘူး။ ဒီနွေက စီးတီးအတွက် ပိုပူပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အဓိကဆုဖလားတွေနဲ့ ဝေးခဲ့တယ်။ အသင်းက ပက်လက်ထက် အဆိုးဝါးဆုံးအနေအထားကို လျင်မြန်စွာပဲ ဇောက်ထိုးဆင်းသွားခဲ့တယ်။ သေချာပေါက် ဒီ‌ဈေးကွက်ဟာ စီးတီးတို့ မြေလှန်ရမယ့် အချိန်ပါပဲ။ ဒါပေမဲ့ သုံးယောက်လောက်ခေါ်ပြီးချိန်မှာတင် စီးတီးက ခြေငြိမ်သွားခဲ့တယ်။ ဘာကြောင့်လဲ။

ဒီအတွက်အဖြေက ဈေးကွက်ရဲ့ လက်ကျန်အချိန်နဲ့ လက်ရှိအသင်းရဲ့ လူစာရင်းလို့ပဲ‌ပြောရမယ်။ ဒီဈေးကွက်က စက်တင်ဘာတစ်ရက်‌နေ့မှ ပိတ်ပါမယ်။ တစ်လခွဲလောက် လိုနေသေးလို့ အရမ်းကြီး လောစရာမလိုသေးတဲ့ သဘောပါပဲ။ ပြီးတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ပွဲပြီးသုံးသပ်ချက်တစ်ခုမှာ ကျနော်ပြောခဲ့ဖူးတယ်။ စီးတီးရဲ့ လူစာရင်းက ပက်မလိုချင်ခဲ့တဲ့ နှစ်သင်းစာ လူစာရင်းဖြစ်နေခဲ့ပြီဆိုတာပဲ။

ပက်က အုပ်စုအဖွင့်ပွဲစဉ်မှာ လူစာရင်းတစ်မျိုးနဲ့ နောက်တစ်ပွဲမှာ မတူတဲ့အစုအဖွဲ့နောက်တမျိုးကို လုံးဝမထပ်အောင် သုံးပြခဲ့တယ်။ ဒီလူစာရင်းတွေက အကယ်ဒမီက လူငယ်ကစားသမား တစ်ယောက်စနှစ်ယောက်စပဲပါတဲ့ လူစာရင်းမျိုး ဖြစ်နေတယ်။ ပုံမှန်လို လူငယ်တဝက်လောက် ထည့်ထားလို့ ဖြစ်လာတဲ့ နှစ်သင်းစာလူစာရင်းမျိုးမဟုတ်နေဘူး။ ဒါတောင်မှ နှစ်သင်းစာဖြစ်အောင််ကို ဖောင်းပွနေခဲ့ပြီ။

ဆိုတော့ စီးတီးက သူတို့လိုချင်တဲ့အဓိကပစ်မှတ်တော်တော်များများကို ခေါ်ပြီးချိန်မှာ လူထပ်ခေါ်ဖို့အတွက် ကိုယ်ရှိန်သတ်သွားတယ်။ အခုချိန်က ဝယ်ဖို့ထက် ရောင်းဖို့ကို ဦးစားပေးရမယ့်အချိန်ဖြစ်လာတာကြောင့်ပဲ။

ကျိန်းသေပေါက် ဂျက်က အသင်းကနေ ထွက်ဖို့ရှိမယ်။ ဂန်ဒိုဝမ်၊ အကန်ဂျီနဲ့ အီဒါဆန်လ်တို့ သုံးယောက်လုံးက ဂါလာတာဆာရေးနဲ့ လေသံထွက်နေတယ်။ ကျနော့်စိတ်ထင် နှစ်ယောက်၊ အနည်းဆုံးတစ်ယောက်တော့ တူရကီမြေကို ရောက်သွားလိမ့်မယ်။ မက်ကာသီကလည်း ဂျာမန်မှာ အသင်းသစ် ရှာနေတယ်။ စတုန်းစ်ရဲ့အနာဂတ်ကလည်း အသင်းမှာ သိပ်တော့ မရေရာလှဘူး။ အဲလ်ချီဗဲရာရီ ဒါမှမဟုတ် ဗစ်တာရိစ့် တ‌ယောက်ယောက်ကတော့ အငှားထွက်ရဖို့ ရှိလိမ့်မယ်။

ဒီလူတွေရဲ့ အထွက်စာရင်းပြီးသွားတဲ့အခါ စီးတီးက ဈေးကွက်ထဲကို နောက်တကြိမ် ပြန်ဝင်လာပါလိမ့်မယ်။ အခွင့်အရေးပေးခဲ့ရင် တဖက်ကရောင်းနေတုန်း တဖက်က ‌လူခေါ်ဖို့ လှုပ်ရှားလာပါလိမ့်မယ်။ ဒီအချိန်မှာ ကျနော် သေချာပေါက်ပြောနိုင်တာက စီးတီးကို ညာနောက်ခံလူတစ်ယောက် ကျိန်းသေပေါက်နီးပါးရောက်လာဖို့ ရှိတယ်။ အီဒါဆန်လ်ထွက်သွားရင် ဂိုးသမားသစ် ဝင်လာပါလိမ့်မယ်။ ကျန်တဲ့နေရာတွေကတော့ အထွက်ပဲ ရှိဖို့ များလိမ့်မယ်။

ဒီလောက်ဆိုရင်ကို စီးတီးရဲ့ လူစာရင်းက လုံလောက်ပြီလို့ ဆိုနိုင်တယ်။ စီးတီးက မစွန့်စားချင်ဘူးဆိုရင်တော့ ရိုဒရီဂိုလို ပုံရိပ်မြင့်ပြီး အားကိုးလို့ရမယ်တောင်ပံကစားသမားတစ်ယောက်ကို ထပ်ဖြည့်သင့်တယ်။ ဒီလိုသာဆို စီးတီးရဲ့ အစုအဖွဲ့ကလည်းအတော်လေးကို တောင့်တင်းသွားပါပြီ။

ပြန်ချုပ်ရရင် စီးတီးက လူမခေါ်တော့ဘူးလားဆိုရင်တော့ မဟုတ်ဘူး၊ မခေါ်သေးတာလို့ပဲ ပြန်ဖြေရလိမ့်မယ်။ အိုကေ ဒါဆို လူခေါ်မယ်ဆို ဘယ်သူတွေ လာစေချင်လဲဆိုရင် ကျနော်ကတော့ ဒေါင်ဒေါင်မြည် ညာနောက်ခံလူတစ်ယောက်နဲ့ ရိုဒရီဂိုကို လိုချင်တယ်။ ဒီလောက်ဆို လုံလောက်ပြီလို့ကို တကယ်ယူဆတယ်။ စီတီဇင်တို့ကရော ဘယ်သူတွေ လိုချင်ကြသေးလဲ၊ ဘာကြောင့်လဲ ဆွေးနွေးကြည့်ကြရအောင်ဗျာ...။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

S Line တော့ S Line ပဲ ။ ဒါပေမဲ့ S*x Line တော့ မဟုတ်။ Silverware လို့ခေါ်တဲ့ ဆုဖလားတွေကို ရေတွက်ပြထားတဲ့ S Line တွေ။ 😎😎ကီ...
15/07/2025

S Line တော့ S Line ပဲ ။ ဒါပေမဲ့ S*x Line တော့ မဟုတ်။ Silverware လို့ခေါ်တဲ့ ဆုဖလားတွေကို ရေတွက်ပြထားတဲ့ S Line တွေ။ 😎😎

ကီဗင်ဒီဘရိုင်းနားက မန်စီးတီးနဲ့အတူ ဆုဖလား ပေါင်း (၁၉)လုံးအထိ ရယူထားနိုင်ပြီး အသင်းနဲ့အတူဆုဖလားအများဆုံးရထားတဲ့ကစားသမားဖြစ်သလို စီးတီးရဲ့ အအောင်မြင်ဆုံးကစားသမားဆိုလည်း မမှားပါဘူး။

King Kev 👑

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

15/07/2025

ကိုယ့်ဘဝမှာ အမှတ်တရအဖြစ်ဆုံး စီးတီးဂျာစီ (၃)ထည်ဆို ဘာတွေဖြစ်မလဲ..? 🔵

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Let Me Talkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์