Area 51 Knowledge and Entertainment

အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ Operation Epic Fury စစ်ဆင်ရေးအတွင်း အမေရိကန်တို့ အဓိကအသုံးပြုနေတဲ့ Tomahawk ဒုံးကျည်ဆိုတာT...
01/03/2026

အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ Operation Epic Fury စစ်ဆင်ရေးအတွင်း အမေရိကန်တို့ အဓိကအသုံးပြုနေတဲ့ Tomahawk ဒုံးကျည်ဆိုတာ

Tomahawk ဒုံးကျည်ဟာ အမေရိကန်ရေတပ်ရဲ့ အဓိကအားထားရာ တာဝေးပစ်ခရုစ်ဒုံးကျည် တစ်မျိုး ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက စတင်အသုံးပြုခဲ့တာ ဖြစ်ပေမဲ့ ယနေ့တိုင် အဆက်မပြတ် အဆင့်မြှင့်တင်နေဆဲ ဖြစ်ပါတယ်။

ဒီဒုံးကျည်ရဲ့ အဓိက အားသာချက်ကတော့ ရန်သူ့ကာကွယ်ရေးစနစ်တွေ အလွန်အားကောင်းတဲ့ နေရာတွေကိုတောင် မိမိဘက်က စစ်သားတွေ အန္တရာယ်မရှိစေဘဲ အဝေးကနေ လုံခြုံစွာ တိုက်ခိုက်နိုင်တာပဲ ဖြစ်ပါတယ်။

Tomahawk ဒုံးကျည်တွေကို ဖျက်သင်္ဘော နဲ့ ခရူဇာ များပေါ်ရှိ ဒေါင်လိုက်ပစ်လွှတ်စနစ် (VLS) ကနေ ပစ်လွှတ်လေ့ရှိသလို၊ ရေငုပ်သင်္ဘောတွေရဲ့ (Torpedo Tube) တော်ပီဒိုပြွန် တွေကနေလည်း ပစ်လွှတ်နိုင်ပါတယ်။

ပစ်လွှတ်လိုက်တာနဲ့ ပထမဆုံးအဆင့်မှာ Solid-fuel booster rocket နဲ့ အရှိန်ရယူပြီး လေထဲကို တက်လာပါတယ်။ လုံလောက်တဲ့ အရှိန်ရပြီဆိုရင်တော့ Booster အပိုင်းကို ဖြုတ်ချပြီး Williams F107 turbofan အင်ဂျင်နဲ့ ဆက်လက် ပျံသန်းပါတယ်။

သူ့ရဲ့ ပျံသန်းနှုန်းဟာ အသံထက်နှေးတဲ့ (Subsonic) နှုန်းဖြစ်ပြီး တစ်နာရီကို ၈၈၀ ကီလိုမီတာ (Mach 0.74 ဝန်းကျင်) သာ ရှိပေမဲ့ ရေဒါ နဲ့ ဖမ်းယူဖို့ အလွန်ခက်ခဲပါတယ်။

အကြောင်းကတော့ ဒီဒုံးကျည်ဟာ မြေပြင်ကနေ ၃၀မီတာ ကနေ ၅၀ မီတာခန့်သာရှိတဲ့ အလွန်နိမ့်တဲ့ အမြင့်မှာ ကမ္ဘာ့မြေမျက်နှာသွင်ပြင်အတိုင်း လိုက်ပါပျံသန်းနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူ့ရေဒါတွေကို လှည့်စားဖို့အတွက် လမ်းကြောင်းကိုလည်း ရှုပ်ထွေးစွာ ကွေ့ဝိုက်ပျံသန်းနိုင်ပါသေးတယ်။

Tomahawk ရဲ့ ကမ္ဘာကျော်ရခြင်း အဓိကအကြောင်းရင်းကတော့ သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ လမ်းညွှန်စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် GPS နဲ့ INS (Inertial Navigation System) တို့ကို အသုံးပြုထားပေမဲ့၊ ပိုမိုတိကျစေဖို့အတွက် နောက်ထပ် အဆင့်မြင့်နည်းပညာတွေကိုပါ ပေါင်းစပ်ပေးထားပါတယ်။

ပထမဆုံးအနေနဲ့ TERCOM (Terrain Contour Matching) စနစ်ဟာ ပျံသန်းနေစဉ်အတွင်း မြေပြင်အနေအထားကို ကြိုတင်သိမ်းဆည်းထားတဲ့ မြေပုံတွေနဲ့ အဆက်မပြတ် နှိုင်းယှဉ်ပြီး လမ်းကြောင်းမှန်အောင် ရှာဖွေပေးပါတယ်။

ပစ်မှတ်အနီးကို ရောက်ရှိတဲ့အခါမှာတော့ DSMAC (Digital Scene Matching Area Correlation) စနစ်က အလုပ်လုပ်ပါတယ်။ ဒီစနစ်ဟာ ပစ်မှတ်ဧရိယာကို ဓာတ်ပုံရိုက်ယူပြီး သိမ်းဆည်းထားတဲ့ ပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ တည်နေရာကို အတိအကျ ချိန်ရွယ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆုံးပေါ် Block IV နဲ့ V ဗားရှင်းတွေမှာဆိုရင် Two-way satellite datalink စနစ် ပါဝင်လာပါတယ်။ ဒါကြောင့် ဒုံးကျည်ဟာ လေထဲမှာ ပျံသန်းနေတုန်းမှာတောင် ပစ်မှတ်အသစ်ကို ပြောင်းလဲတာ၊ လိုအပ်ရင် ခေတ္တစောင့်ဆိုင်းနေတာ နဲ့ တိုက်ခိုက်ပြီးနောက်ပိုင်း ပျက်စီးမှုအခြေအနေတွေကို ပြန်လည်အစီရင်ခံတာတွေပါ လုပ်ဆောင်နိုင်လာပါတယ်။

ဒီစနစ်တွေကြောင့်ပဲ Tomahawk ရဲ့ တိကျမှုဟာ ပစ်မှတ်ကနေ ၁၀ မီတာ (ပေ ၃၀ ဝန်းကျင်) အတွင်းမှာပဲ ကွဲလွဲမှု (CEP) ရှိတဲ့အထိ အစွမ်းထက်နေတာ ဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်လည်း Tomahawk ဟာ အထင်ကြီးစရာကောင်းပါတယ်။ အကွာအဝေးအနေနဲ့ Block V အသစ်ဆုံး ဗားရှင်းမှာ ၁,၆၀၀ ကီလိုမီတာကနေ ၂,၀၀၀ ကီလိုမီတာကျော်အထိ ပစ်ခတ်နိုင်တဲ့အတွက် အဝေးကနေတင် ရန်သူ့ဗဟိုချက်တွေကို ခြေမှုန်းနိုင်စွမ်း ရှိပါတယ်။

ဖျက်ဆီးနိုင်စွမ်းအပိုင်းမှာတော့ ပေါင် ၁,၀၀၀ လေးတဲ့ ထိပ်ဖူး တစ်ခုတည်းနဲ့တင် အဆောက်အအုံကြီးတစ်ခုလုံးကို ပြာကျသွားအောင်ထိ တိကျစွာ ဖျက်ဆီးနိုင်ပါတယ်။

ကိုယ်ထည်ပိုင်းမှာတော့ ဒုံးကျည်ရဲ့ အရှည်ဟာ ၆.၂၅ မီတာ ရှိပြီး၊ အလေးချိန်အားဖြင့် ၁,၆၀၀ ကီလိုဂရမ် (၁.၆ တန်ခန့်) အထိ လေးလံတာကြောင့် အင်အားပြင်းတဲ့ လက်နက်ကြီးတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

Tomahawk ဒုံးကျည်ဟာ အမေရိကန်ရဲ့ စစ်ရေးမဟာဗျူဟာတွေမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

တစ်လုံးကို ဒေါ်လာ ၂ သန်းခွဲကျော် ကုန်ကျပေမဲ့၊ မိမိဘက်က ထိခိုက်မှုမရှိဘဲ ရန်သူ့အခြေစိုက်စခန်းတွေကို အဝေးကနေ တိကျစွာ ချေမှုန်းနိုင်တာက ဒီကုန်ကျစရိတ်ထက် ပိုပြီးတန်ဖိုးရှိပါတယ်။

လက်ရှိ ကမ္ဘာ့စစ်ရေး အခြေအနေမှာ အင်အားချိန်ညှိမှုအတွက် ဒီလိုလက်နက်မျိုးတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ုံးကျည် #စစ်ရေး #နည်းပညာ
#အမေရိကန် #စစ်လက်နက် #ဗဟုသုတ
#ဒုံးကျည်နည်းပညာ

တဟုန်ထိုးတိုးတက်လာနေတဲ့ ယနေ့ခေတ် လေကြောင်းနည်းပညာလောကမှာ ကိုယ်ပျောက်နည်းပညာ (Stealth) နဲ့ အသံထက်မြန်တဲ့ အရှိန်နှုန်း (Su...
26/02/2026

တဟုန်ထိုးတိုးတက်လာနေတဲ့ ယနေ့ခေတ် လေကြောင်းနည်းပညာလောကမှာ ကိုယ်ပျောက်နည်းပညာ (Stealth) နဲ့ အသံထက်မြန်တဲ့ အရှိန်နှုန်း (Supersonic) တွေက အဓိကနေရာယူလာပေမဲ့ နှစ်ပေါင်း ၇၀ ကျော်တိုင်အောင် စွမ်းဆောင်ရည် လျော့ကျသွားခြင်းမရှိဘဲ ကောင်းကင်ယံကို စိုးမိုးထားနိုင်တဲ့ လေယာဉ်တစ်စီး ရှိပါတယ်။

အဲဒါကတော့ အမေရိကန်လေတပ်ရဲ့ ဂန္ထဝင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီး B-52 Stratofortress ပဲ ဖြစ်ပါတယ်။

ဒီလေယာဉ်ကြီးကို ၁၉၅၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာ ဖြစ်ပေမဲ့ ယနေ့တိုင်အောင် အမေရိကန်‌ လေတပ်ရဲ့ အဓိကဒေါက်တိုင်အဖြစ် ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ပါတယ်။

B-52 ကို Boeing ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ ပထမဆုံး စတင်ပျံသန်းခဲ့တာပါ။ မူလကတော့ စစ်အေးတိုက်ပွဲကာလအတွင်းမှာ ဆိုဗီယက်ယူနီယံရဲ့ လေကြောင်းရန်ကာကွယ်ရေးတွေကို ကျော်ဖြတ်ပြီး နျူကလီးယားလက်နက်တွေ သယ်ဆောင်ပစ်ခတ်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ ဘက်စုံသုံးနိုင်စွမ်း ကြောင့် ဗီယက်နမ်စစ်ပွဲကနေစလို့ ပင်လယ်ကွေ့စစ်ပွဲနဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေအထိ ရှေ့တန်းကနေ ပါဝင်ခဲ့ပါတယ်။

ဒီလေယာဉ်ကြီးဟာ ဧရာမကိုယ်ထည်ကြီးနဲ့ ထွားကြိုင်းလွန်းတာကြောင့် အဲ့ဒီ ခေတ်က လေတပ်သားတွေက "BUFF" (Big Ugly Fat Fellow) လို့တောင် ချစ်စနိုးနဲ့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

B-52 ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ၎င်းရဲ့ ဧရာမလက်နက်တိုက်ကြီးသဖွယ် သယ်ဆောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ အ‌လေးချိန် ပေါင် ၇၀,၀၀၀ (၃၂,၀၀၀ ကီလိုဂရမ်) ကျော်ရှိတဲ့ လက်နက်တွေကို ကိုယ်ထည်အတွင်းပိုင်းက လက်နက်သိုလှောင်ခန်း နဲ့ အတောင်ပံအောက်က လက်နက်ချိတ်ဆွဲတဲ့ (External Pylons) နေရာတွေမှာ သယ်ဆောင်နိုင်ပါတယ်။

လက်နက်အမျိုးအစားအနေနဲ့လည်း သမားရိုးကျ ဗုံးတွေတင်မကဘဲ Laser-guided bombs တွေ၊ Joint Direct Attack Munitions (JDAM) လိုခေါ်တဲ့ လမ်းညွှန်ဗုံးတွေနဲ့ ခေတ်မီ (Cruise Missile) ခရုစ်ဒုံးကျည်တွေကိုပါ ပစ်ခတ်နိုင်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ AGM-86B လေကြောင်းပစ် နျူကလီးယားဒုံးကျည်တွေကိုလည်း သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။

နည်းပညာပိုင်းမှာ B-52 ဟာ အင်ဂျင် ၈ လုံး
တပ်ဆင်ထားပြီး အတောင်ပံအကျယ် ၁၈၅ ပေ၊ ကိုယ်ထည်အလျား ၁၅၉ ပေ ရှိတဲ့ ဧရာမလေယာဉ်ကြီး ဖြစ်ပါတယ်။

ဆီတစ်ကြိမ်ဖြည့်ထားရုံနဲ့ မိုင်ပေါင်း ၈,၈၀၀ ကျော်အထိ ဆက်တိုက်ပျံသန်းနိုင်သလို၊ ဝေဟင်ဆီဖြည့်စနစ် (Aerial Refueling) ကို အသုံးပြုမယ်ဆိုရင်တော့ ရက်ပေါင်းများစွာတိုင်အောင် ကမ္ဘာပတ်ပြီး ပျံသန်းနိုင်ပါတယ်။

ခေတ်သစ်စစ်ပွဲတွေအတွက် ရန်သူ့ရေဒါတွေကို နှောင့်ယှက်နိုင်တဲ့ Electronic Countermeasures (ECM) စနစ်တွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ ရေဒါစနစ်တွေကိုလည်း အမြဲမပြတ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဒီလေယာဉ်ကြီးရဲ့ တခြားထူးခြားချက်ကတော့ ခေတ်နဲ့အညီ အမြဲတမ်း အဆင့်မြှင့်တင်နိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုပဲ ဖြစ်ပါတယ်။

အခုဆိုရင် B-52J အဆင့်မြှင့်တင်မှုအနေနဲ့ Rolls-Royce F130 အင်ဂျင်အသစ်တွေ လဲလှယ်ဖို့နဲ့ ခေတ်မီ Digital Cockpit စနစ်တွေ၊ AESA ရေဒါအသစ်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေတာကြောင့် ဒီလေယာဉ်ကြီးဟာ ၂၀၅၀ ပြည့်နှစ်ကျော်အထိ ဆက်ပြီး ပျံသန်းနေဦးမှာပါ။

ဒါဟာ လေယာဉ်တစ်စီးတည်းကပဲ နည်းပညာမျိုးဆက်ပေါင်းများစွာကို ဖြတ်သန်းပြီး ရာစုနှစ်တစ်ခုနီးပါးအထိ တိုက်ပွဲဝင်နိုင်စွမ်းရှိနေမယ့် ကမ္ဘာ့လေကြောင်းသမိုင်းရဲ့ အံ့မခန်းမှတ်တိုင်တစ်ခု ဖြစ်လာ‌တော့မှာ ဖြစ်ပါတယ်။

B-52 Stratofortress ဟာ နည်းပညာသစ်တွေ ဘယ်လောက်ပဲ ပေါ်ထွက်လာပါစေ၊ သူ့ရဲ့ ကြီးမားတဲ့ သယ်ဆောင်နိုင်စွမ်းနဲ့ ခိုင်ခံ့တဲ့ တည်ဆောက်ပုံကြောင့် ကမ္ဘာ့လေကြောင်းလောကမှာ အစားထိုးလို့မရတဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီး အဖြစ် ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

#စစ်ရေး #နည်းပညာ #ဗုံးကြဲလေယာဉ် #နည်းပညာဗဟုသုတ

ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းသုံး သယ်ယူပို့ဆောင်ရေးယာဉ်ကြီး BelAZ 75710သတ္တုတွင်းလုပ်ငန်းတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျ...
25/02/2026

ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းသုံး သယ်ယူပို့ဆောင်ရေးယာဉ်ကြီး BelAZ 75710

သတ္တုတွင်းလုပ်ငန်းတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကုန်သက်သာပြီး ထိရောက်မှုအရှိဆုံးဖြစ်ဖို့အတွက် အင်ဂျင်နီယာတွေဟာ သာမန်ထက်ထူးကဲတဲ့ စက်ယန္တရားတွေကို ဖန်တီးခဲ့ကြပါတယ်။

အဲဒီလို ဖန်တီးမှုတွေထဲမှာမှ ဘီလာရုစ်နိုင်ငံအခြေစိုက် BelAZ (Belarusian Autoworks) ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ BelAZ 75710 ယာဉ်ဟာ ဝန်တင်ဆောင်နိုင်မှုစွမ်းရည်ကို အဆုံးစွန်ထိ မြှင့်တင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဧရာမ မြေသယ်ကားကြီးအဖြစ် ထိပ်ဆုံးကရပ်တည်နေပါတယ်။

ဒီ BelAZ 75710 ယာဉ်ကြီးဟာ အမြင့် ၈ မီတာကျော် အလျားအားဖြင့်လည်း ၂၀ မီတာကျော် ရှည်လျားပြီး
ကားတစ်စီးလုံးရဲ့ အလေးချိန်ဟာ တန် ၈၀၀ ကျော်ရှိတာကြောင့် သာမန်လမ်းတွေထက် ပိုမိုကြံ့ခိုင်မှုရှိတဲ့ သီးသန့်လမ်းကြောင်းတွေမှာပဲ မောင်းနှင်နိုင်ပါတယ်။

၎င်းရဲ့ နောက်ထပ် အံ့မခန်းစွမ်းဆောင်ရည်ကတော့ တစ်ကြိမ်တည်းနဲ့ ဝန်ချိန် တန် ၄၅၀ အထိ တင်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီပမာဏဟာ ခရီးသည်တင် လေယာဉ်ကြီး ၂ စီးစာ ဒါမှမဟုတ် အာဖရိကဆင်အကောင်ရေ ၇၀ ကျော်ကို တစ်ပြိုင်နက်ထဲ သယ်ဆောင်သွားနိုင်တဲ့ စွမ်းအားနဲ့ ညီမျှနေတာကြောင့် သတ္တုတွင်းလုပ်ငန်းတွေမှာ အချိန်နဲ့ လူအင်အားကို အဆမတန် သက်သာစေပါတယ်။

ဒီလို လေးလံတဲ့ဝန်တွေကို သယ်ဆောင်နိုင်ဖို့အတွက် ဒီကားကြီးမှာ မြင်းကောင်ရေအား ၄,၆၀၀ ကျော် ထုတ်လုပ်ပေးနိုင် 65-liter V16 ဒီဇယ်အင်ဂျင် နှစ်လုံးကို အထူးတပ်ဆင်ထားရပါတယ်။

ဒီအင်ဂျင်တွေဟာ ဘီးတွေကို တိုက်ရိုက်လည်ပတ်စေတာမျိုးမဟုတ်ဘဲ လျှပ်စစ်ထုတ်ပေးတဲ့ Generator အနေနဲ့ အလုပ်လုပ်တာဖြစ်ပြီး ရရှိလာတဲ့ လျှပ်စစ်ဓါတ်အားနဲ့မှ ဘီးလေးဘက်မှာရှိတဲ့ Siemens ဆွဲအားမော်တာ ၄ လုံးကို မောင်းနှင်တာဖြစ်ပါတယ်။

၎င်းရဲ့ ဘီးစနစ်ဟာလည်း တခြားကားတွေနဲ့ မတူဘဲ ထူးခြားပါတယ်။ ဘီး ၈ လုံးလုံးဟာ တစ်ပြိုင်နက် ကွေ့ဝိုက်နိုင်တဲ့စနစ် (All-wheel steering) ပါဝင်တာကြောင့် အလွန်ကျဉ်းမြောင်းတဲ့ သတ္တုတွင်းလမ်းတွေမှာ တောင် အဆင်ပြေပြေ ကွေ့ဝိုက်နိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် ယာဉ်မောင်းသူအတွက်လည်း အသံလုံအခန်း၊ လေအေးပေးစက်နဲ့ ကားပတ်ပတ်လည်ကို မြင်ရတဲ့ ကင်မရာစနစ်တွေအပြင် အနီးနားမှာရှိတဲ့ အရာဝတ္ထုတွေကို သိရှိနိုင်တဲ့ ရေဒါ (Radar) စနစ်တွေပါ ထည့်သွင်းပေးထားပါတယ်။

ဆီစားနှုန်းပိုင်းမှာတော့ တစ်နာရီကို ပျမ်းမျှ လီတာ ၄၀၀ ကျော်အထိ သုံးစွဲပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာတွေက ဝန်မပါဘဲ မောင်းနှင်တဲ့အခါမှာ အင်ဂျင်တစ်လုံးတည်းကိုပဲ သုံးစွဲနိုင်အောင် စီမံထားလို့ ဆီစားနှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါတယ်။

လက်ရှိမှာတော့ ဒီ BelAZ 75710 ယာဉ်ကြီးတွေကို ရုရှားနိုင်ငံရဲ့ ဆိုက်ဘေးရီးယားဒေသက သတ္တုတွင်းကြီးတွေမှာ အဓိကအသုံးပြုနေပြီး ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ မြေပြင်အနေအထားတွေမှာ ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

#ဗဟုသုတ #နည်းပညာ #စက်မှု #သတ္တုတွင်း #အင်ဂျင်နီယာ #ကမ္ဘာ့အကြီးဆုံး

ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးတွေဟာ ပင်လယ်ပြင်ရဲ့ စစ်ဘုရင်တွေဖြစ်ကြပါတယ်။ ဒါပေမဲ...
25/02/2026

ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးတွေဟာ ပင်လယ်ပြင်ရဲ့ စစ်ဘုရင်တွေဖြစ်ကြပါတယ်။

ဒါပေမဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရဲ့ အစဟာ အခုပုံထဲမှာ မြင်တွေ့နေရတဲ့ USS Langley (CV-1) ဆိုတဲ့ သင်္ဘောကနေ စတင်ခဲ့တာပါ။

မူလက ဒီသင်္ဘောဟာ USS Jupiter အမည်ရှိ ကျောက်မီးသွေးတင်ဆောင်တဲ့ သင်္ဘောတစ်စင်းသာ ဖြစ်ပါတယ်။

၁၉၂၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ရေတပ်က စမ်းသပ်မှုတစ်ခုအနေနဲ့ သူ့ရဲ့ အပေါ်ယံပိုင်းကို ဖြတ်တောက်ပြီး သစ်သားပြေးလမ်းတစ်ခု တပ်ဆင်ကာ လေယာဉ်တင်သင်္ဘောအဖြစ် ပြောင်းလဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း အခုခေတ်လို ခေတ်မီ လေယာဉ်ပစ်စင် (Catapult) တွေ မပါဝင်သေးဘဲ လေယာဉ်တွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ပျံတက်ခဲ့ကြရတာဖြစ်ပါတယ်။

သမိုင်းဝင်မှတ်တိုင်တစ်ခုအနေနဲ့ ၁၉၂၂ ခုနှစ် အောက် တိုဘာလမှာ ဒုဗိုလ်မှူးကြီး V.C. Griffin က Vought VE-7 လေယာဉ်နဲ့ ဒီသင်္ဘောပေါ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ဆင်းသက်ပြနိုင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ USS Langley ဟာ လေယာဉ်သယ်ယူပို့ဆောင်ရေးသင်္ဘောအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီး

၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ဂျပန်တိုက်လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ပြီးနောက် ရန်သူ့လက်ထဲ အပါမခံဘဲ အမေရိကန် ဖျက်သင်္ဘောများကိုယ်တိုင် တော်ပီဒိုဖြင့် ပစ်ခတ်ကာ နစ်မြုပ်စေခဲ့ပါတယ်။

ဒီ USS Langley သင်္ဘောကြီးဟာ တိုက်ခိုက်ရေးထက် လေယာဉ်တင်သင်္ဘောတွေမှာ သုံးရမယ့် ရေဒါစနစ်၊ လေယာဉ်ဖမ်းကြိုးစနစ်နဲ့ ပျံသန်းမှု ထိန်းချုပ်ရေး နည်းဗျူဟာတွေကို ရှေ့ပြေးစမ်းသပ် လေ့လာနိုင်ခဲ့ပြီး ယနေ့ခေတ် လေယာဉ်တင်သင်္ဘောတွေမှာ အသုံးပြုနေတဲ့ နည်းစနစ်မှန်သမျှဟာ ဒီသင်္ဘောကြီးပေါ်က စမ်းသပ် မှုတွေကနေ ဆင်းသက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

#ဗဟုသုတ

အာကာသဟင်းလင်းပြင်ထဲမှာ ၁၀ လနီးပါး ရှင်သန်ခဲ့တဲ့ ရေညှိပင်ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ Physc...
23/02/2026

အာကာသဟင်းလင်းပြင်ထဲမှာ ၁၀ လနီးပါး ရှင်သန်ခဲ့တဲ့ ရေညှိပင်

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ Physcomitrium patens လို့ခေါ်တဲ့ ရေညှိမျိုးစေ့တွေကို နိုင်ငံတကာအာကာသစခန်း (ISS) ရဲ့ အပြင်ဘက်မှာ ရက်ပေါင်း ၂၈၃ ရက်တိုင်တိုင် ထားရှိပြီး စမ်းသပ်ခဲ့ကြတာပါ။

၁၀ လနီးပါး ကြာမြင့်တဲ့ ဒီကာလအတွင်းမှာ အဆိုပါ ရေညှိလေးတွေဟာ လေထု လုံးဝမရှိတဲ့ လေဟာနယ်အခြေအနေ၊ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အလွန်အမင်း အေးခဲလိုက်၊ ပူပြင်းလိုက်ဖြစ်နေတဲ့ အာကာသရဲ့ ရက်စက်လှတဲ့ ရာသီဥတုဒဏ်တွေကို တိုက်ရိုက်ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒီစမ်းသပ်ချက်ရဲ့ ရလဒ်တွေဟာ သိပ္ပံလောကကို အံ့အားသင့်စေခဲ့ပါတယ်။ SpaceX Dragon ကပ်ဆူးလ်နဲ့ ကမ္ဘာမြေကို ပြန်လည်သယ်ဆောင်လာတဲ့အခါမှာ ရေညှိမျိုးစေ့တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ အသက်ရှင်ကျန်ရစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

သာမန်သက်ရှိအများစုဟာ အာကာသရောင်ခြည်သင့်မှုကြောင့် DNA တွေ ပျက်စီးပြီး စက္ကန့်ပိုင်းအတွင်း သေဆုံးနိုင်ပေမဲ့ ဒီရေညှိပင်လေးတွေကတော့ သူတို့ရဲ့ ရိုးရှင်းတဲ့ ဇီဝဖွဲ့စည်းပုံနဲ့ ထူးခြားတဲ့ ခံနိုင်ရည်စွမ်းအားကြောင့် ရှင်သန်နိုင်ခဲ့တာဖြစ်ပါတယ်။

ပိုပြီး အံ့သြဖို့ကောင်းတာကတော့ ရှင်သန်ကျန်ရစ်တဲ့ မျိုးစေ့တွေထဲက ၉၀ ရာခိုင်နှုန်းနီးပါးဟာ ဓာတ်ခွဲခန်းထဲမှာ ပုံမှန်အတိုင်း ပြန်လည်ပေါက်ဖွားနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ သင်္ချာနည်းအရ တွက်ချက်မှုတွေအရဆိုရင် ဒီရေညှိမျိုးစေ့တွေဟာ အာကာသထဲမှာ ရက်ပေါင်း ၅,၆၀၀ (၁၅ နှစ်ကျော်) အထိတောင် အသက်ရှင်နိုင်စွမ်း ရှိနေပါတယ်။

ဒီတွေ့ရှိချက်ဟာ သက်ရှိတွေရဲ့ ခံနိုင်ရည်အတိုင်းအတာကို ကျွန်ုပ်တို့ နားလည်ထားတဲ့ အယူအဆတွေကို အသစ်တစ်ဖန် ပြောင်းလဲစေခဲ့ပါတယ်။

ဒါတင်မကသေးဘဲ နောင်တစ်ချိန်မှာ အင်္ဂါဂြိုဟ်လိုမျိုး တခြားဂြိုဟ်တွေပေါ်မှာ လူသားတွေ အခြေချနေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဒီရေညှိပင်လေးတွေဟာ အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပါတယ်။

ကျွန်ုပ်တို့ နေထိုင်နေတဲ့ ကမ္ဘာမြေကြီးဟာ အလွန်ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ဖုန်မှုန့်လေးတစ်စက်စာမျှလောက်ပဲ ရှိတာပါ။ အာက...
21/02/2026

ကျွန်ုပ်တို့ နေထိုင်နေတဲ့ ကမ္ဘာမြေကြီးဟာ အလွန်ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ဖုန်မှုန့်လေးတစ်စက်စာမျှလောက်ပဲ ရှိတာပါ။ အာကာသထဲမှာ ကျွန်ုပ်တို့ စိတ်ကူးယဉ်လို့တောင် မမီနိုင်တဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေ အများကြီး ရှိနေပါတယ်။ ဒီနေ့မှာတော့ ဗဟုသုတလည်းရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ အာကာသထဲက ထူးဆန်းအံ့ဩဖွယ်ရာအချက် ၅ ချက်ကို မျှဝေပေးချင်ပါတယ်။

နံပါတ် (၁) အာကာသထဲမှာ အသံမရှိဘူး
••••••••••••••••••••••••••••••••••••••••••••••••
သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲမှာ အာကာသယာဉ်တွေ ပေါက်ကွဲရင် အသံအကျယ်ကြီး ကြားရတတ်ပေမဲ့ တကယ်တမ်း အာကာသထဲမှာ လေထု (Atmosphere) မရှိတဲ့အတွက် အသံလှိုင်းတွေ ဖြတ်သန်းသွားလို့မရပါဘူး။ ဒါကြောင့် အာကာသထဲမှာ ဘယ်လောက်ပဲ အော်ဟစ်နေပါစေ ဘာအသံမှ ကြားရမှာ မဟုတ်ဘဲ လုံးဝ တိတ်ဆိတ်နေမှာပါ။

နံပါတ် (၂) စိန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်
•••••••••••••••••••••••••••••••••••••••••••••••••
55 Cancri e လို့ အမည်ရတဲ့ ဂြိုဟ်ဟာ ကျွန်ုပ်တို့ ကမ္ဘာထက် နှစ်ဆလောက် ပိုကြီးပြီး ဂြိုဟ်တစ်ခုလုံးနီးပါးကို ဂရပ်ဖိုက် (Graphite) စိန် (Diamond) တွေနဲ့ ဖွဲ့စည်းထားပါတယ်။ တကယ်လို့သာ အဲဒီဂြိုဟ်ကို သွားခွင့်ရမယ်ဆိုရင် ကျွန်ုပ်တို့အားလုံး သူဌေးကြီးတွေ ဖြစ်ကုန်မှာ အသေအချာပါပဲ။

နံပါတ် (၃) သံပတ်စက်တစ်ခုလို လည်ပတ်နေတဲ့ ကြယ်တွေ
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Neutron Star လို့ခေါ်တဲ့ ကြယ်တွေဟာ တစ်စက္ကန့်ကို အကြိမ်ပေါင်း ၆၀၀ ကနေ ၇၀၀ အထိ လည်ပတ်နိုင်ပါတယ်။ သူတို့ရဲ့ သိပ်သည်းဆကလည်း ကြောက်စရာကောင်းလောက်အောင် များလွန်းလို့ အဲဒီကြယ်ပေါ်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ အမှုန့်ဟာ ကမ္ဘာပေါ်က လူဦးရေအားလုံးထက်ကို ပိုလေးပါတယ်။

နံပါတ် (၄) အာကာသထဲမှာ အရပ်ပိုရှည်လာမယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ကမ္ဘာမြေရဲ့ ဆွဲငင်အား မရှိတဲ့အတွက် အာကာသယာဉ်မှူးတွေဟာ အာကာသထဲမှာ အချိန်အတန်ကြာ နေထိုင်တဲ့အခါ သူတို့ရဲ့ ကျောရိုးမကြီးတွေဟာ ဆန့်ထွက်သွားပြီး အရပ် ၁လက်မခွဲကျော်ကနေ ၂ လက်မလောက်အထိ ပိုရှည်လာတတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမြေကို ပြန်ရောက်လာတဲ့အခါမှာတော့ နဂိုအရပ်အတိုင်း ပြန်ဖြစ်သွားတက်ပါတယ်။

နံပါတ် (၅) နေအဖွဲ့အစည်းရဲ့ ၉၉% ဟာ "နေ" ပဲ ဖြစ်တယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်း (Solar System) တစ်ခုလုံးရဲ့ ဒြပ်ထု စုစုပေါင်းထဲမှာ (Sun) နေ တစ်ခုတည်းကတင် ၉၉.၈ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တဲ့ ဂြိုဟ်တွေဖြစ်တဲ့ ကြာသပတေးဂြိုဟ်၊ စနေဂြိုဟ်နဲ့ ကမ္ဘာမြေအပါအဝင် ကျန်ဂြိုဟ်အားလုံးပေါင်းမှ ၀.၂ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ နေမင်းကြီးရဲ့ အရွယ်အစားဟာ ဘယ်လောက်အထိကြီးမားသလဲဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။

.

၁၉၈၄ ခုနှစ်ရဲ့ ဖေဖော်ဝါရီလအတွင်းမှာ လူသားမျိုးနွယ်ရဲ့ အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ မေ့မရနိုင်တဲ့ မှတ်တိုင်တစ်ခုကို NAS...
15/02/2026

၁၉၈၄ ခုနှစ်ရဲ့ ဖေဖော်ဝါရီလအတွင်းမှာ လူသားမျိုးနွယ်ရဲ့ အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ မေ့မရနိုင်တဲ့ မှတ်တိုင်တစ်ခုကို NASA အာကာသယာဉ်မှူး Bruce McCandless II က စိုက်ထူခဲ့ပါတယ်။

သူဟာ အာကာသလွန်းပျံယာဉ်ရဲ့ ကုန်ပစ္စည်းတင်ဆောင်ရာနေရာ (Cargo bay) ကနေ မီတာ ၁၀၀ ကျော်အကွာအထိ ဘာအထောက်အပံ့ကြိုး မှ မပါဘဲ တစ်ကိုယ်တော် ထွက်ခွာခဲ့တာဖြစ်ပြီး၊

ဒါဟာ အာကာသထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကြိုးမဲ့လွတ်လပ်စွာ လမ်းလျှောက်ခြင်း (Untethered Space Walk) ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အောက်ခြေမှာ ကမ္ဘာမြေကြီးကို မြင်တွေ့နေရပြီး အနက်ရောင်ဟင်းလင်းပြင်ကျယ်ကြီးထဲမှာ ဘာနဲ့မှ ချိတ်ဆက်မထားဘဲ လွင့်မျောနေတဲ့ သူ့ရဲ့ပုံရိပ်ဟာ အာကာသယာဉ်မှူးတိုင်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး လွတ်လပ်စွာ ပျံသန်းနိုင်ဖို့အတွက် သူ့ရဲ့ကျောပိုးအိတ်မှာ တပ်ဆင်ထားတဲ့ Manned Maneuvering Unit (MMU) လို့ခေါ်တဲ့ လူကိုယ်တိုင် ထိန်းကျောင်းမောင်းနှင်နိုင်တဲ့ စက်ပစ္စည်းကို အသုံးပြုခဲ့တာပါ။

ဒီစက်ဟာ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကို ပြွန်တွေကနေ အရှိန်နဲ့ ပန်းထုတ်ပြီး လိုရာအရပ်ကို တိတိကျကျ ရွေ့လျားနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ကမ္ဘာမြေပေါ်မှာဆိုရင် ဒီစက်ကြီးဟာ ကီလိုဂရမ် ၁၄၀ ကျော်လောက်အထိ အင်မတန်လေးလံပေမယ့်၊ အာကာသရဲ့ အလေးချိန်မဲ့ ပတ်လမ်းထဲမှာတော့ အခြားအရာတွေလိုပဲ ပေါ့ပါးစွာနဲ့ လွင့်မျောနေခဲ့ပါတယ်။

အဲ့ဒီအချိန်က ဒီ MMU စက်ကို ဂြိုဟ်တုတွေ လွှတ်တင်တဲ့နေရာမှာဖြစ်ဖြစ်၊ ပျက်စီးနေတဲ့ ဂြိုဟ်တုတွေကို ပြန်လည်ဖမ်းယူပြုပြင်တဲ့နေရာမှာဖြစ်ဖြစ် အားကိုးတကြီး အသုံး ပြုခဲ့ကြပါတယ်။

ဒါပေမယ့် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီ MMU စက်ကြီးနေရာမှာ ပိုမိုသေးငယ်ပြီး ဘေးကင်းလုံခြုံမှုရှိတဲ့ SAFER လို့ခေါ်တဲ့ ကျောပိုးအိတ်ပုံစံ တွန်းကန်အားပေးစက်တွေနဲ့ နောက်ပိုင်းမှာ အစားထိုးခဲ့ကြပါတယ်။

ဘယ်လိုပင်ဖြစ်စေ Bruce McCandless ရဲ့ ဒီပထမဆုံး ကြိုးမဲ့စွန့်စားခန်းဟာ အာကာသထဲမှာ လူသားတွေရဲ့ စွမ်းဆောင်ရည်ကို အသစ်တစ်ဖန် ပြသနိုင်ခဲ့သလို၊ အခုထက်ထိလည်း အာကာသချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပုံရိပ်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။


#အာကာသ #သိပ္ပံ #ဗဟုသုတ

ဒီဓာတ်ပုံဟာ NASA ရဲ့ Spirit စူးစမ်းလေ့လာရေးယာဉ်ငယ်ကနေ ၂၀၀၅ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူး‌ပေးပို့ခဲ့တဲ့ သမိုင်းဝင...
09/02/2026

ဒီဓာတ်ပုံဟာ NASA ရဲ့ Spirit စူးစမ်းလေ့လာရေးယာဉ်ငယ်ကနေ ၂၀၀၅ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူး‌ပေးပို့ခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းဓါတ်ပုံတစ်ခုဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ဟာ ကမ္ဘာထက် နေမင်းကြီးနဲ့ ပိုမိုဝေးကွာတဲ့အတွက် ဓာတ်ပုံထဲမှာ မြင်ရတဲ့ နေရဲ့ အရွယ်အစားဟာ ကမ္ဘာကနေ မြင်ရတာထက် ၃ ပုံ ၂ ပုံခန့် ပိုပြီး သေးငယ်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

နေဝင်ချိန်ရဲ့ အပြာရောင်အလင်းတန်းတွေဟာ နေဝင်ပြီးနောက်၂ နာရီခန့်အထိ ကောင်းကင်မှာ ကြာရှည်စွာ ကျန်ရှိနေတတ်တာဟာလည်း အင်္ဂါဂြိုဟ်လေထုရဲ့ ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။

စကြဝဠာကြီးရဲ့ နက်နဲလှတဲ့ အလှတရားတွေထဲမှာ Helix Nebula (NGC 7293) ဟာ လူသားတွေရဲ့ စိတ်ဝင်စားမှုကို အခံရဆုံး အရာတစ်ခု ဖြစ်ပ...
09/02/2026

စကြဝဠာကြီးရဲ့ နက်နဲလှတဲ့ အလှတရားတွေထဲမှာ Helix Nebula (NGC 7293) ဟာ လူသားတွေရဲ့ စိတ်ဝင်စားမှုကို အခံရဆုံး အရာတစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့ အလွန်ထူးခြားလှတဲ့ ပုံသဏ္ဌာန်ဟာ ဧရာမ မျက်လုံးကြီးတစ်လုံးနဲ့ ဆင်တူနေတာကြောင့် နက္ခတ္တဗေဒလောကမှာ ( The Eye of God ) ဘုရားသခင်ရဲ့ မျက်လုံးလို့ တင်စားခေါ်ဝေါ်ကြတာပါ။

တကယ်တော့ ဒီမျက်လုံးကြီးဟာ ကျွန်တော်တို့ ကမ္ဘာကနေ အလင်းနှစ် ၆၅၀ ခန့်အကွာ Aquarius ကြယ်စုတန်းထဲမှာ တည်ရှိနေတာဖြစ်ပြီး ကမ္ဘာနဲ့ အနီးဆုံး နက်ဗျူလာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

နေနဲ့ ဒြပ်ထုဆင်တူတဲ့ ကြယ်တစ်လုံးဟာ သူ့ရဲ့ သက်တမ်းကုန်ဆုံးချိန်မှာ အတွင်းပိုင်းက လောင်စာတွေ ကုန်ခမ်းသွားပြီး အပြင်ဘက်က ဓာတ်ငွေ့လွှာတွေကို အာကာသထဲ မှုတ်ထုတ်လိုက်ရာကနေ ဒီလို ထူးခြားလှပတဲ့ ပုံသဏ္ဌာန် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီနက်ဗျူလာရဲ့ အရွယ်အစားဟာ အလင်းနှစ် ၂.၅ (၂.၅ ထရီလီယံ မိုင်ခန့်) အထိ ကျယ်ဝန်းပြီး အလယ်ဗဟိုမှာတော့ ကြယ်သေတစ်လုံးရဲ့ အကြွင်းအကျန်ဖြစ်တဲ့ အလွန်ပူပြင်းပြီး သိပ်သည်းလှတဲ့ White Dwarf တစ်လုံး ရှိနေပါတယ်။

ဒီ white Dwarf ကနေ ထွက်ရှိလာတဲ့ ခရမ်းလွန်ရောင် ခြည်တွေဟာ ပတ်ဝန်းကျင်က ဓာတ်ငွေ့တွေကို တောက်ပစေတာ ဖြစ်ပြီး Hubble တယ်လီစကုပ်နဲ့ ကြည့်တဲ့အခါမှာတော့ အနီရောင်၊ အပြာရောင်နဲ့ အစိမ်းရောင် ဓာတ်ငွေ့အလွှာတွေကို ရောင်စုံမြင်တွေ့ရတာ ဖြစ်ပါတယ်။

အနီရောင်တွေက ဟိုက်ဒရိုဂျင်နဲ့ နိုက်ထရိုဂျင် ဓာတ်ငွေ့တွေ ဖြစ်ပြီး အလယ်ပိုင်းက အပြာရောင် သန်းနေတာကတော့ အောက်ဆီဂျင် ဓာတ်ငွေ့တွေပဲ ဖြစ်ပါတယ်။

အမှန်တော့ Helix Nebula ကို လေ့လာတာဟာ ကျွန်တော်တို့ နေမင်းကြီး ရဲ့ အနာဂတ်ကို ကြိုတင် ကြည့်မြင်နေရတာနဲ့ အတူတူပါပဲ။

နောက်ထပ် နှစ်ပေါင်း ၅ ဘီလီယံလောက် ကြာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ နေဟာလည်း သူ့ရဲ့ အပြင်ဘက်လွှာတွေကို စွန့်ထုတ်ပြီး အခုလိုမျိုးပဲ လှပတဲ့ နက်ဗျူလာတစ်ခုအဖြစ် ဘဝနိဂုံးချုပ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ( The Eye of God ) ဘုရားသခင်ရဲ့ မျက်လုံးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Helix Nebula ဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ အနာဂါတ် ကံကြမ္မာကို ပြသနေသလို ဖြစ်နေပြီး စကြဝဠာကြီးရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားကို သိပ္ပံနည်းကျ သက်သေပြနေတာလည်း ဖြစ်ပါတယ်။

ဒါဟာ စကြဝဠာအတွင်း ရှားရှားပါးပါး ဖြစ်ပေါ်လေ့ရှိတဲ့ Lunar Occultation of Mars လို့ခေါ်တဲ့ လက အင်္ဂါဂြိုဟ်ကို ဖုံးကွယ်သွား...
09/02/2026

ဒါဟာ စကြဝဠာအတွင်း ရှားရှားပါးပါး ဖြစ်ပေါ်လေ့ရှိတဲ့ Lunar Occultation of Mars လို့ခေါ်တဲ့ လက အင်္ဂါဂြိုဟ်ကို ဖုံးကွယ်သွားတဲ့ ဖြစ်စဉ်ကို အမိအရ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီပုံရိပ်ကို နာမည်ကျော် နက္ခတ္တဗေဒ ဓာတ်ပုံဆရာ Andrew McCarthy က တယ်လီစကုပ်နဲ့ အဆင့်မြင့် ကင်မရာနည်းပညာတွေကို အသုံးပြုပြီး ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။

ပုံထဲမှာ လရဲ့ မျက်နှာပြင်ပေါ်က မီးတောင်ဝတွေနဲ့ လရဲ့ အစွန်းနားမှာ ကပ်နေတဲ့ အင်္ဂါဂြိုဟ်ကိုလည်း လိမ္မော် ရောင် အလုံးလေးအဖြစ် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။

ဒီလို အသေးစိတ်ကျတဲ့ ပုံရိပ်ကို ရရှိဖို့အတွက် McCarthy ဟာ ဓာတ်ပုံပေါင်း ထောင်ချီကို ခဏချင်းအတွင်း အမြန်ရိုက်ကူးပြီး၊ အဲဒီထဲကမှ အကောင်းဆုံးပုံတွေကို တစ်ပုံချင်းစီ ပြန်လည်ဆက်စပ်ကာ အသေးစိတ်အကျဆုံး ပုံတစ်ပုံဖြစ်အောင် ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။

လကမ္ဘာရဲ့ ရွေ့လျားနှုန်းဟာ အလွန်မြန်ဆန်တာကြောင့် နောက်ဆုံးထွက်လာမယ့် ပုံမှာ လမျက်နှာပြင် ဝါးမသွားစေဖို့အတွက် McCarthy ဟာ ဒီပုံတွေကို ရိုက်ကူးဖို့ ၁၀ စက္ကန့်သာ အချိန်ရခဲ့ပြီး၊ အဲဒီလိုတိုတောင်းလှတဲ့ အချိန်အတွင်းမှာတင် သူဟာ ဓာတ်ပုံပေါင်း ၂,၀၀၀ နီးပါးကို အမိအရ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။

credit : Andrew McCarthy

နေအဖွဲ့အစည်းအတွင်းက လကမ္ဘာများအကြောင်းကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း (Solar System) အတွင်းမှာရှိတဲ့ ဂြိုဟ်တွေဟာ တစ်ခုနဲ့တ...
06/02/2026

နေအဖွဲ့အစည်းအတွင်းက လကမ္ဘာများအကြောင်း

ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း (Solar System) အတွင်းမှာရှိတဲ့ ဂြိုဟ်တွေဟာ တစ်ခုနဲ့တစ်ခု သဘာဝချင်း မတူညီကြသလို သူတို့ဆီမှာရှိတဲ့ "လ" အရေအတွက်ကလည်း ကွာခြားပါတယ်။

ထူးခြားတာက နေနဲ့ အနီးဆုံးမှာရှိတဲ့ ဗုဒ္ဓဟူးဂြိုဟ် (Mercury) နဲ့ သောကြာဂြိုဟ် (Venus) တို့မှာတော့ ကိုယ်ပိုင်လ လုံးဝမရှိတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေ နေထိုင်ရာ ကမ္ဘာမြေ (Earth) မှာတော့ အားလုံးသိတဲ့အတိုင်း ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ လတစ်စင်း ရှိနေပြီး၊ အိမ်နီးချင်း အင်္ဂါဂြိုဟ် (Mars) မှာတော့ ဖိုဘော့စ် (Phobos) နဲ့ ဒီမို့စ် (Deimos) လို့ အမည်ရတဲ့ လအသေးလေး နှစ်စင်း ရှိနေပါတယ်။

နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ပိုင်းကို ရောက်သွားတဲ့အခါမှာတော့ ဧရာမ ဂြိုဟ်ကြီးတွေရဲ့ လပိုင်ဆိုင်မှုက သိသိသာသာ များပြားလာတာကို တွေ့ရမှာပါ။

ကြာသပတေးဂြိုဟ် (Jupiter) ဟာ လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိထားတဲ့ လပေါင်း ၉၅ စင်းနဲ့အတူ အား ကောင်းတဲ့ ဆွဲငင်အားကို ပိုင်ဆိုင်ထားသလို

စနေဂြိုဟ် (Saturn) ကတော့ လပေါင်း ၁၄၆ စင်းအထိ ရှိနေတာကြောင့် နေအဖွဲ့အစည်းထဲမှာ လအများဆုံးပိုင်ဆိုင်ထားတဲ့ ဂြိုဟ်အဖြစ် စံချိန်တင်ထားပါတယ်။

အလားတူပဲ အေးခဲနေတဲ့ ဂြိုဟ်ကြီးတွေဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ် (Uranus) မှာ လပေါင်း ၂၈ စင်းနဲ့ နက်ပကျွန်းဂြိုဟ် (Neptune) မှာ လပေါင်း ၁၆ စင်းတို့ အသီးသီး ရှိနေကြပါတယ်။

ဒါကြောင့် နေအဖွဲ့အစည်းဟာ ဂြိုဟ်တွေတင်မကဘဲ သူတို့ကို ဝန်းရံနေတဲ့ ကိုယ်ပိုင် 'လ' အသီးသီးနဲ့ပါ ထူးခြားစွာ ဖွဲ့စည်းတည်ရှိနေတာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ မြေပြင်ဟာ ခိုင်မာတည်ငြိမ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်ုပ်တို့ဟာ ကီလိုမီတာပေ...
05/02/2026

ကျွန်ုပ်တို့ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ မြေပြင်ဟာ ခိုင်မာတည်ငြိမ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်ုပ်တို့ဟာ ကီလိုမီတာပေါင်း ထောင်ချီနက်ရှိုင်းတဲ့ ဧရာမ အပူစွမ်းအင်သုံး အင်ဂျင်ကြီးတစ်ခုရဲ့ အပေါ်ယံ အလွှာပါးလေးပေါ်မှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ အတွင်းပိုင်းကို စတင်လေ့လာကြည့်မယ်ဆိုရင် အနက်ဆုံးနေရာမှာ ကျွန်ုပ်တို့ သိထားတာထက် ပိုမိုထူးဆန်းတဲ့ အရာတွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။

အပေါ်ယံ ကျောက်လွှာတွေရဲ့ အောက်ဘက်မှာတော့ ကမ္ဘာ့ထုထည်ရဲ့ အများစုကို နေရာယူထားတဲ့ အကာလွှာ (Mantle) ရှိနေပြီး အဲဒီနေရာဟာ အလွန်ပူပြင်းတဲ့အတွက် ကျောက်သားတွေဟာ ပျော့ပျောင်းတဲ့ အခြေအနေမှာ ရှိနေကြပါတယ်။

ဒီအလွှာရဲ့ နက်ရှိုင်းတဲ့ လှုပ်ရှားမှုတွေကပဲ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်က တောင်တန်းတွေနဲ့ ငလျင်တွေကို ဖြစ်ပေါ်စေတာပါ။

ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆင်းသွားမယ်ဆိုရင်တော့ သံနဲ့ နီကယ်တွေ အရည်ပျော်နေတဲ့ အပြင်ဘက်အနှစ်လွှာ (Outer Core) ဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဒီနေရာဟာ ကျွန်ုပ်တို့ ကမ္ဘာကြီးအတွက် အသက်သွေး ကြောလို အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီမှာရှိတဲ့ သံရည်ပူတွေဟာ စဉ်ဆက်မပြတ် လည်ပတ်လှုပ်ရှားနေပြီး ကမ္ဘာ့သံလိုက်စက် ကွင်း (Magnetic Field) ကို ဖန်တီးပေးနေလို့ပါပဲ။

ဒီသံလိုက်စက်ကွင်းသာ မရှိဘူးဆိုရင် နေကလာတဲ့ အန္တရာယ်ရှိ ရောင်ခြည်တွေကြောင့် ကမ္ဘာပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။

နောက်ဆုံး ကမ္ဘာ့အလယ်ဗဟို အကျဆုံးနေရာ (Inner Core) ကို ရောက်တဲ့အခါမှာတော့ အံ့သြစရာကောင်းတဲ့ အချက်တစ်ခုကို တွေ့ရပါလိမ့်မယ်။

အဲဒီနေရာရဲ့ အပူချိန်ဟာ ၆,၀၀၀°C ဝန်းကျင်အထိ ရှိနေပြီး ဒါဟာ နေမင်းကြီးရဲ့ မျက်နှာပြင် အပူချိန်လောက်ကို ပြင်းထန်တာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ဒီလောက်ပူတဲ့ အပူချိန်မှာ အရာအားလုံးဟာ အရည်ပျော်သွားရမှာ ဖြစ်ပေမဲ့ ကမ္ဘာ့အလယ်ဗဟိုဟာ ဧရာမ သံလုံးကြီးတစ်ခုလို အစိုင်အခဲပုံစံ ဖြစ်နေပါတယ်။

ဒါဟာ အပေါ်ယံအလွှာအားလုံးရဲ့ ဖိအားတွေက ဗဟို ချက်ပေါ်ကို စုပြုံကျရောက်နေတာကြောင့် သံဓာတ်တွေဟာ အရည်ပျော်ခွင့်မရဘဲ ကျစ်လျစ်သွားရခြင်းပဲ ဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒီအစိုင်အခဲ အနှစ်လွှာကြီးဟာ ကမ္ဘာကြီး လည်ပတ်နေတဲ့ အရှိန်ထက်တောင် ပိုမြန်တဲ့နှုန်းနဲ့ သီးခြားလည်ပတ်နေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြတာပါ။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ခြေဖဝါးအောက် ကီလိုမီတာ ၆,၀၀၀ ကျော်အကွာမှာ ရှိနေတဲ့ အရာတွေဟာ လကမ္ဘာထက်တောင် ပိုပြီး လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်ပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Area 51ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์