Khun Heinn - Yesagyo

Khun Heinn - Yesagyo ဂါရဝတရား လူရွေးထားပါတယ်

တိမ်တွေလို လှပြီးသဏ္ဍာန်ပြောင်း လွယ်မှန်းသိရင်နှလုံးသားနဲ့ ဘယ်ငေးပါ့မလဲ အချစ်ရယ် ။ ။ #ခွန်ဟိဏ်း(ရေစကြို)
01/10/2025

တိမ်တွေလို လှပြီး
သဏ္ဍာန်ပြောင်း လွယ်မှန်းသိရင်
နှလုံးသားနဲ့ ဘယ်ငေးပါ့မလဲ အချစ်ရယ် ။ ။

#ခွန်ဟိဏ်း(ရေစကြို)

29/09/2025

ဒုက္ခတွေ ရင်ဆိုင်စဉ်က
တယုတယ မရှိခဲ့တာလည်းသိသလို
‌တခုတ်တရ သတိမရကြတာလည်း
နားလည်ပါတယ်

ကိုယ်လို ကြုံရတဲ့အခါ
မေးခွန်းတစ်ခုပဲ မေးခွင့်ပြုပါ

သွားကြားညှပ်မှ သတိရတာကို
သွားကြားထိုးတံက ပျော်စရာလား ။ ။

#ခွန်ဟိဏ်း(ရေစကြို)

နိယာမလွန်ဆန်ခြင်း ချစ်ခြင်းမေတ္တာဆိုတာ ဖိုမသဘာဝမှာချည်း ရှိတာမဟုတ်ဘူးနှလုံးသားချင်း နားလည်သွားရင် ရင်ခုန်သံချင်း ထပ်တူကျ...
28/09/2025

နိယာမလွန်ဆန်ခြင်း

ချစ်ခြင်းမေတ္တာဆိုတာ
ဖိုမသဘာဝမှာချည်း ရှိတာမဟုတ်ဘူး

နှလုံးသားချင်း နားလည်သွားရင်
ရင်ခုန်သံချင်း ထပ်တူကျခွင့်ရှိတယ်

ဘောင်ကန့်ထားလို့ မရတဲ့အရာတွေထဲ
ပင်လယ်လို ချစ်ခြင်းမေတ္တာဟာလည်း
ကျယ်ပြောပါတယ် ။ ။

#ခွန်ဟိဏ်း(ရေစကြို)

ဘယ်သူတွေကြည်အောင်ဘယ်လိုနေရမယ်ဆိုတာ နားလည်သလိုလောကွတ်မချော်တတ်တဲ့ နှလုံးသားကြီးနဲ့ လူကြိုက်နည်းမယ်ဆိုတာလည်း ရိပ်မိတယ်အရေး...
28/09/2025

ဘယ်သူတွေကြည်အောင်
ဘယ်လိုနေရမယ်ဆိုတာ နားလည်သလို

လောကွတ်မချော်တတ်တဲ့ နှလုံးသားကြီးနဲ့
လူကြိုက်နည်းမယ်ဆိုတာလည်း ရိပ်မိတယ်

အရေးတော့မလုပ်ပါဘူး
ကိုယ့်ဝါဒနဲ့ ကိုယ်
ဘယ်သူ့ကိုမှ ခလုတ်မတိုက်ရင် ကျေနပ်တယ် ။ ။

#ခွန်ဟိဏ်း(ရေစကြို)

တံငါလိုလို ဒကာလိုလိုလူ့အသိုင်းအဝိုင်းကြားမှာ ဘယ်သူ့ကိုမှ မျက်နှာချိုသွေးပြီး ကြည်အောင် နေစရာမလိုဘူး ကိုယ့်မူဝါဒနဲ့ ကိုယ်...
16/09/2025

တံငါလိုလို ဒကာလိုလို
လူ့အသိုင်းအဝိုင်းကြားမှာ

ဘယ်သူ့ကိုမှ မျက်နှာချိုသွေးပြီး
ကြည်အောင် နေစရာမလိုဘူး

ကိုယ့်မူဝါဒနဲ့ ကိုယ်
လောကအတွက် ဒုက္ခမဖြစ်ရင်
ခြေရာကစ ကျက်သရေရှိတယ် ။ ။

#ခွန်ဟိဏ်း(ရေစကြို)

မိသားစုတိုင်းက မိသားစုမဆန်ကျသလို သူစိမ်းတိုင်းကလည်းတစ်ကိုယ်ကောင်း မဆန်ကျဘူးရိုးရှင်းသော သဘောတရားတွေကိုလွယ်လင့်တကူ နားလည်...
14/09/2025

မိသားစုတိုင်းက
မိသားစုမဆန်ကျသလို
သူစိမ်းတိုင်းကလည်း
တစ်ကိုယ်ကောင်း မဆန်ကျဘူး

ရိုးရှင်းသော သဘောတရားတွေကို
လွယ်လင့်တကူ နားလည်လာလို့
ရခဲ့သမျှ ဒုက္ခတွေကို ကျေးဇူးတင်ပါတယ် ။ ။

#ခွန်ဟိဏ်း(ရေစကြို)

သိုးရေလည်း မခြုံတတ်သလိုဒေါင်းယောင်လည်း မဆောင်တတ်ဘူးကိုယ့်သဏ္ဍာန်နဲ့ ကိုယ်နေထိုင်တယ် လူကြီးမင်းတို့နဲ့ အဆီအငေါ် တည့်လိမ့်...
13/09/2025

သိုးရေလည်း မခြုံတတ်သလို
ဒေါင်းယောင်လည်း မဆောင်တတ်ဘူး
ကိုယ့်သဏ္ဍာန်နဲ့ ကိုယ်နေထိုင်တယ်

လူကြီးမင်းတို့နဲ့
အဆီအငေါ် တည့်လိမ့်မည်မဟုတ်ပါ ။ ။

#ခွန်ဟိဏ်း(ရေစကြို)

13/09/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

13/09/2025

ဓာတ်စာ

အသည်းက
အရက်မရွေးလည်း ဖြစ်သလို
အဆုတ်က
စီးကရက်မရွေးလည်း ရတယ်

နှလုံးသားကျ
"မင်း" တစ်မျိုးထဲ ။ ။

#ခွန်ဟိဏ်း(ရေစကြို)

ဒူးမထောက်ချင်တဲ့ ဗီဇ ကလွဲရင်သန္ဓေ ယုတ်ညံ့ဖို့တော့ ဆန္ဒ မရှိဘူး၀မ်းတွင်းလည်း မပုပ် တတ်သလိုစိတ်တွင်းလည်း မယုတ် တတ်ဘူးခြောက...
12/09/2025

ဒူးမထောက်ချင်တဲ့ ဗီဇ ကလွဲရင်
သန္ဓေ ယုတ်ညံ့ဖို့တော့ ဆန္ဒ မရှိဘူး

၀မ်းတွင်းလည်း မပုပ် တတ်သလို
စိတ်တွင်းလည်း မယုတ် တတ်ဘူး

ခြောက်ပစ်ကင်းသဲလဲစင် ပါလို့လည်း
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်အဖြစ်မခံဘူး

အမှားတရာ လည်း ရှိချင် ရှိမယ်
တရားတာလည်း ရှိချင် ရှိမယ်
အမှားအမှန်မှာ တရားသံတော့ နားစွင့်ခဲ့ပါတယ်

လက်သီးပဲ ဆုပ်ဆုပ်
လက်အုပ်ပဲ ချီချီ
ဉာဏ်များဖို့တော့ စိတ်ထား မသေးသိမ်ဘူး

ဤလောက မြေပေါ်၀ယ်
လက်သီး သန့်သန့် ၊ လက်အုပ် သန့်သန့်
လိုအပ် ပါတယ်။ ။

#ခွန်ဟိဏ်း(ရေစကြို)

ယနေ့တွင် ကွယ်လွန်သွားသည့် ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် လာရောက်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စေ့စပ...
21/04/2025

ယနေ့တွင် ကွယ်လွန်သွားသည့် ပုပ်ရဟန်းမင်းကြီးသည်
မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် လာရောက်ခဲ့ပြီး အာဏာသိမ်းပြီးနောက်
စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးအဖြေရှာရန် အကြိမ်ကြိမ်ပြောဆိုခဲ့သူဖြစ်သည်။

RIP Pope Francis 🙏🕊️

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khun Heinn - Yesagyoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์