Khun Heinn - Yesagyo

Khun Heinn - Yesagyo Let yourself be carried away by poetry, where feelings become art. 🌿

9လပိုင်း ဒုတိယအပတ်ထဲမှာထွက်ရှိလာတော့မယ့် ကျွန်တော့်ရဲ့ " ငါ့အဘိဓာန် ငါထွင်းသည် " ဆိုတဲ့ဒုတိယမြောက်စာအုပ် Cover Photo ပါဒ...
27/08/2026

9လပိုင်း ဒုတိယအပတ်ထဲမှာ
ထွက်ရှိလာတော့မယ့်
ကျွန်တော့်ရဲ့
" ငါ့အဘိဓာန် ငါထွင်းသည် " ဆိုတဲ့
ဒုတိယမြောက်စာအုပ် Cover Photo ပါ

ဒီစာအုပ်ဖြစ်မြောက်အောင်
ကျွန်တော်နှင့်အတူ
စိတ်ရော လူရော ငွေကြေးရော
အကုန်ကျခံအပင်ပန်းခံပြီး

ကြိုးစားဖန်တီးပုံဖော်ပေးတဲ့
ပရိုကျူဆာ အကိုတွေရော
ကွန်ပျုတာစာစီစာရိုက်နှင့်
အတွင်းဒီဇိုင်းပုံဖော်သူ အကို့ကိုပါ
ကျွန်တော် ခွန်ဟိဏ်း နှလုံးသားဖြင့်
ကျေးဇူးအနန္တတင်ရှိရပါတယ်

ရိုးတွင်းချဉ်ဆီထဲကပါ
ကဗျာသံ တွန်နေတဲ့
ကျွန်တော့်ကို ဝန်းရံပေးနေကြတဲ့
စာဖတ်သူမိတ်ဆွေတွေကိုလည်း
ရင်ဘတ်ကြီးနဲ့ ကျေးဇူးတင်ရှိပါတယ်

ဒီစာအုပ်လေးကို
မကြာမီ ရက်ပိုင်းအတွင်း
စာဖတ်သူတွေရဲ့ လက်ထဲကို
အမြန်ဆုံး ပေးအပ်နိုင်ပါတော့မယ်

စာပေလောကမှာ
ဒုတိယမြောက် မှတ်တိုင်လေးမို့
ဒုတိယမြောက် ရင်ခုန်ရပါတယ်

ကျွန်တော်ရေးသားသမျှထဲကနေ
ယူသင့်တာ ယူ၍
ကျင့်သုံးသင့်တာ ကျင့်သုံးပြီး
ပယ်သင့်တာ ပယ်စေလိုပါတယ်

ကိုယ့်အဘိဓာန်ကိုယ်
အဓိပ္ပာယ်ရှိရှိ ထွင်းကြတဲ့အခါ

လူကြီးမင်းတို့ရဲ့
စိတ်ဓာတ်တွေ
သံမဏိလို မာကြော၍
လောကဓံကြိုးဝိုင်းမှာ
မဟာဗျူဟာကျကျ
လက်ခမောင်းခတ်သံ ညံနိုင်ကြပါ‌စေ။

တောင်းပန် ပန်ကြားချက် -

ခေတ်ပျက်ထဲမှာမှ
ဒီစာအုပ်လေး ထုတ်ဝေခြင်းကြောင့်
တစ်ဦးတစ်ယောက်
စိတ်အနှောက်အယှက်
ဖြစ်ခဲ့သည်ရှိသော်
ကျွန်တော် ခွန်ဟိဏ်းမှ
အနူးအညွှတ်တောင်းပန်အပ်ပါတယ်

မေတ္တာဖြင့်သာ
နားလည်ပေးစေလိုပါတယ် ။ ။

နှလုံးသားဖြင့် -

#ခွန်ဟိဏ်း( ရေစကြို )

ဇာတ်နာပြတိုင်း မျက်ရည် သွားမဝဲရဘူးတချို့က ဒိုင်ယာလော့ ကျွမ်းကျင်တဲ့ဇာတ်ညွှန်းပညာရှင်တွေ ။ #ခွန်ဟိဏ်း( ရေစကြို )
05/08/2026

ဇာတ်နာပြတိုင်း
မျက်ရည် သွားမဝဲရဘူး

တချို့က
ဒိုင်ယာလော့ ကျွမ်းကျင်တဲ့
ဇာတ်ညွှန်းပညာရှင်တွေ ။

#ခွန်ဟိဏ်း( ရေစကြို )

မမှားအောင် နေရုံနဲ့လူပီသတယ် ပြောမရဘူးတရားသော အလုပ်ကိုနှလုံးသားနဲ့ လုပ်ဝံ့ပါမှလူတစ်ယောက်လို့ သတ်မှတ်ရတယ်။သူလိုကိုယ်လိုရင်...
10/07/2026

မမှားအောင် နေရုံနဲ့
လူပီသတယ် ပြောမရဘူး
တရားသော အလုပ်ကို
နှလုံးသားနဲ့ လုပ်ဝံ့ပါမှ
လူတစ်ယောက်လို့ သတ်မှတ်ရတယ်။

သူလိုကိုယ်လို
ရင်ခုန်တတ်ရုံလောက်နဲ့
လူပီသတယ်ဆိုပြီး
လက်ခမောင်းမခတ်ပါနဲ့
လူကြီးမင်း ။ ။

#ခွန်ဟိဏ်း ( ရေစကြို )

နာရေးအိမ်ဆို‌ပေမယ့် လော်စပီကာသံကြားတာနဲ့ အူချင်တဲ့ ခွေးတွေကလည်း တပုံချည်းပဲခွေးလောကအရ အရိပ်သုံးပါးဘယ်နားလည်မလဲကွယ် ။ ။ #...
17/04/2026

နာရေးအိမ်ဆို‌ပေမယ့်
လော်စပီကာသံကြားတာနဲ့

အူချင်တဲ့
ခွေးတွေကလည်း တပုံချည်းပဲ

ခွေးလောကအရ
အရိပ်သုံးပါး
ဘယ်နားလည်မလဲကွယ် ။ ။

#ခွန်ဟိဏ်း( ရေစကြို )

တီးလုံးအတိုင်းကကြိုး‌ပြောင်းရတာကလွဲရင် ဘယ်သူ့ကိုမှ ဂျိုသွေး မပြနေပါဘူး ဦးကျော်ဟိန်းစကား‌ ယူပြောရရင်လူသားအားလုံး လေးစားပါ...
15/04/2026

တီးလုံးအတိုင်း
ကကြိုး‌ပြောင်းရတာကလွဲရင်
ဘယ်သူ့ကိုမှ
ဂျိုသွေး မပြနေပါဘူး

ဦးကျော်ဟိန်းစကား‌ ယူပြောရရင်
လူသားအားလုံး လေးစားပါတယ် ။ ။

#ခွန်ဟိဏ်း( ရေစကြို )

ကိုယ့်သဏ္ဍာန်နဲ့ ကိုယ်သန္ဓေမှန်အောင် နေရတယ် ဘယ်နှလုံးသားကိုမှ နင်းတက်ဖို့ မပြင်ရဘူးစာရိတ္တသတ္တိကို ပြောင်ပြောင်ယောင်ယောင...
07/04/2026

ကိုယ့်သဏ္ဍာန်နဲ့ ကိုယ်
သန္ဓေမှန်အောင် နေရတယ်
ဘယ်နှလုံးသားကိုမှ
နင်းတက်ဖို့ မပြင်ရဘူး

စာရိတ္တသတ္တိကို
ပြောင်ပြောင်ယောင်ယောင်မွေး
ရိုးဂုဏ်ဆိုတာ
တသက်စာ ဖူလုံတယ်

လူကြီးမင်း ခင်မျ
ယင်တစ်ကောင်ရဲ့ ဗီဇနဲ့
ပျား ဖြစ်ချင်လို့ ဘယ်ရမလဲ ။ ။

#ခွန်ဟိဏ်း( ရေစကြို )

မသိဘူး ဆိုပြီးလူတွင်ကျယ် လုပ်ချင်ကြသလိုမမြင်ဘူး ထင်ပြီးနှစ်ကျပ်ကွက် နင်းချင်ကြပြန်တယ် မကြားဘူး ဆိုပြီးလည်းဂတုံးပေါ်ထိပ်က...
03/04/2026

မသိဘူး ဆိုပြီး
လူတွင်ကျယ် လုပ်ချင်ကြသလို
မမြင်ဘူး ထင်ပြီး
နှစ်ကျပ်ကွက် နင်းချင်ကြပြန်တယ်

မကြားဘူး ဆိုပြီးလည်း
ဂတုံးပေါ်ထိပ်ကွက် ချင်လာကြတယ်

နုံချာသူမှ မဟုတ်တာ
လောကဓံကို နောကြေထားတယ်

ခေတ်စကားနဲ့ ပြောရရင်
အံတိုနေပါပြီကွယ် ။ ။

#ခွန်ဟိဏ်း( ရေစကြို )

အဆင်ပြေခြင်းမပြေခြင်းတွေအပေါ် ခံစားချက်တွေ ပုံမအပ်နဲ့ လုပ်တိုင်းဖြစ်ကြံတိုင်းမြောက်နေရင်ဗုဒ္ဓက ဒုက္ခသစ္စာကိုဘယ်ဟောခဲ့မလဲ...
02/04/2026

အဆင်ပြေခြင်း
မပြေခြင်းတွေအပေါ်
ခံစားချက်တွေ ပုံမအပ်နဲ့

လုပ်တိုင်းဖြစ်
ကြံတိုင်းမြောက်နေရင်
ဗုဒ္ဓက ဒုက္ခသစ္စာကို
ဘယ်ဟောခဲ့မလဲ

လောင်းကစားလောက စကားနဲ့ ပြောရရင်
ဘဝဆိုတာ
ကြွေတလှည့် ကြက်တခုန်ပဲ

ကိုယ့်နှလုံးသားနဲ့ ကိုယ်
လူလိုသူလို
သန့်သန့်ပြန့်ပြန့် နေ

အတွေးလှရင်
ဘဝချောပါတယ် ။ ။

#ခွန်ဟိဏ်း( ရေစကြို )

လောကဓံက ပုလ္လိင် ဣတ္ထိလိင် ဆိုပြီး ညှာမနေဘူး ကိုယ့်မာတိကာကိုယ်ထွင်း‌ကိုယ့်အဘိဓာန်ကိုယ်ရေးဘယ်သူ့အထ္ထုပ္ပတ္တိကိုမှ ဘာသာမပြ...
01/04/2026

လောကဓံက
ပုလ္လိင် ဣတ္ထိလိင် ဆိုပြီး
ညှာမနေဘူး

ကိုယ့်မာတိကာကိုယ်ထွင်း‌
ကိုယ့်အဘိဓာန်ကိုယ်ရေး
ဘယ်သူ့အထ္ထုပ္ပတ္တိကိုမှ
ဘာသာမပြန်နဲ့

ဒရမ်မာကောင်းတိုင်း
အကယ်ဒမီရရအောင်
ဘဝက ရုပ်ရှင်မဟုတ်ဘူး

ကိုယ့်ခံစစ်နဲ့ ကိုယ်
စိတ်ကတုတ်ကျင်းတွေ
နက်နက်တူးထား

နှလုံးသားမှာ
မာယာကင်းအောင်နေရင်
ဘဝမှာ
သာယာခြင်းတွေဝေတယ် ။ ။

#ခွန်ဟိဏ်း( ရေစကြို )

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khun Heinn - Yesagyoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์