Barry's Memories & Diary

Barry's Memories & Diary Just normal reflection of my life & memories . I am nothing but a person with feelings ☺️
Food , General Knowledge & Feeling Sharing

10/05/2025

ငွေ မရှီ ဘဲ အိုမင်း မဲ့ အချိန် ကို ရောက် လာမာ ကြောက် မိတယ်

ငွေမစုဘဲ အိုမင်းမသွားပါနဲ့

ဘာကြောင့်လဲဆိုတော့...
ဆင်းရဲဒုက္ခဟာ
ကျွန်တော်တို့ပြန်စဖို့
အားမရှိတော့တဲ့အချိန်မှာ
ပိုပြီးနာကျင်စေလို့ပါ။

၁။ ငွေမရှိရင်..
သေးသေးမွှားမွှားဖြစ်ဖြစ်
သက်သောင့်သက်သာနဲ့
ရွေးချယ်ခွင့်မရှိဘူး။

အရသာရှိတာစားချင်ရင်
တွက်ချက်ရမယ်
အနားယူချင်ရင် စောင့်ဆိုင်းရမယ်။

တိတ်ဆိတ်စွာနေချင်ပေမယ့်
သူများအသံတွေကိုသည်းခံနေရမယ်။

၂။ ငွေမရှိရင်..
ကိုယ့်စကားလုံးတွေတောင်
အလေးမထားဘူး။

သားသမီးကို
ကြီးပြင်းအောင်မွေးခဲ့ပေမယ့်
တစ်နေ့မှာတော့..
ဘာမှမရှိတဲ့သူရဲ့စကားဟာ
အိမ်ထဲက
အသံတိုးတိုးလေး ပဲ ဖြစ်နေမယ်။

၃။ ငွေမရှိရင် နာမကျန်းတဲ့အခါ၊
အားငယ်တဲ့အခါ၊
အားနည်းတဲ့အခါ ကာကွယ်စရာမရှိဘူး။

ဆရာဝန်ဖိုး၊ဆေးဖိုး၊
ဆေးရုံသွားစရိတ် ဒါတွေက
သက်ကြီးရွယ်အိုတွေကို
ညှာတာလေ့မရှိဘူး။

လက်တွေ့ဘဝက
ပုံပြင်ထဲကလို
အမြဲကူညီမယ်သူရှိတာမျိုးမဟုတ်ဘူး။

၄။ ငွေမရှိရင်
သေချင်သလိုသေဖို့တောင်
ဂုဏ်သိက္ခာမရှိဘူး။

မနေချင်တဲ့နေရာမှာ နေရမယ်
မစားချင်တဲ့အရာကို စားရမယ်
မတောင်းချင်တာကို တောင်းနေရမယ်

၅။ ငွေမရှိရင်
ဘဝနောက်ဆုံးအချိန်မှာ
ပျော်ရွှင်မှုမရှိဘူး။

တစ်ဘဝလုံး အလုပ်ကြိုးစားခဲ့တာ၊
အရာရာသည်းခံခဲ့တာ
နောက်ဆုံးမှာတော့
အိုမင်းသွားတဲ့အချိန်နဲ့အတူ
တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ
နေရုံပါပဲ။

🙏

01/05/2025
🦋သေချင်လောက်အောင်ထိ ဆိုးနေတဲ့ ကံကို ပြုပြင်နည်း🦋ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)- သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံ...
28/04/2025

🦋သေချင်လောက်အောင်ထိ ဆိုးနေတဲ့ ကံကို ပြုပြင်နည်း🦋

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

- သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို

- ကုသိုလ် (၅)မျိုးနဲ့ ပြုပြင်ယူလို့ ရပါတယ်။

- တိုက်တွန်း စကားအနေနဲ့ ပြောရရင်တော့

- သေချင်လောက်အောင် ဆိုးနေတဲ့ကံကို

- ကုသိုလ် (၅)မျိုးနဲ့ နေ့စဉ် ပြုပြင်ပစ်လိုက်စမ်းပါ။

- ဆိုးနေတဲ့ ကံ " နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

- အဲဒီ ကုသိုလ် (၅)မျိုး ကတော့

၁။ ဒါန

၂။ သီလ

၃။ ဂုဏ်တော်

၄။ မတျတော

၅။ ဝိပဿနာ တို့ဖြစ်ပါတယ်။

- အဲဒီ ကုသိုလ် (၅)မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့

- အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

- ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၁။ ဒါန
=====

- ပထမဆုံး ကုသိုလ်က ဒါန ပါ။

- ဒါန ဆိုတဲ့နေရာမှာ ရှင်တစ်သောင်းပြုပေးနိုင်မှ၊

- ကျောင်းကြီးတွေ ဆောက်လုပ် လှူဒါန်းနိုင်မှ

- ဒါန မဟုတ်ပါဘူး။

- အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။

- ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ် ဆိုရင်လည်း ဒါန ဖြစ်သွားတာပါပဲ။

- ဆန်လက် တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေ ပါဘူး။

- နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း

- ကိုယ့်၀န် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၂။ သီလ
======

- ဒုတိယက သီလ ပါ။

- သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက် အတွက်

- ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။

- တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ

- (၈)ပါး သီလ၊ (၉)ပါး သီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။

- သီလကို စောင့်ရှောက်တဲ့ အတွက်

- သီလ ကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၃။ ဂုဏ်တော်
=========

- တတိယက ဂုဏ်တော် ပါ။

- ဂုဏ်တော် (၉)ပါး ထဲက

- ကိုယ် နှစ်သက်ရာ တစ်ပါးပါးကို ပွားလို့ရပါတယ်။

- (၉) ပါးလုံး ပွားလည်း ရပါတယ် ။

- အရဟံ ဂုဏ်တော်ကိုပဲ

- အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊

- အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊

- အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားများရပါတယ်။

- အရဟံ ဆိုတဲ့ ပါဠိလေးရယ်။

- အရဟံ ရဲ့ နောက်က အနက် သုံးမျိုးရယ်က

- ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်လေးတွေပါ။

- ဂုဏ်တော် ပွားတဲ့အတွက်

- ဂုဏ်တော်က သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၄။ မတျတော
=======

- စတုတ်ထက မတ်ေတာပါ။

- မေတ္တာ ပွားတဲ့နေရာမှာ ပွားနည်းတွေ ကတော့

- သီသန့်အကျယ်ကို ရှိပါတယ်။

- စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

- မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့

- ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့

- လူပုဂ္ဂိုလ် အားလုံးကို တစ်ယောက်ချင်း ကုန်အောင် ပွားပါ။

- ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်၊

- အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး

- ကိုယ် ဆင်းရဲ၊ စိတ် ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၅။ ဝိပဿနာ
=========

- နောက်ဆုံးက ဝိပဿနာ ပါ။

- ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ

- ကိုယ် သန်ရာ သန်ရာ ကိုယ့် အာစရိယဝါဒ အတိုင်း မှတ်ယူလို့ ရပါတယ်။

- မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ

သင်ကြားထားခြင်း မရှိသူများအဖို့

- အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်၀ယ်ဖွဲ့ခွေ)ထိုင်၊

- ဘယ်လက်ပေါ် ညာလက်ထပ်တင်၊

- ခါး၊ လည်ပင်း၊ ဦးခေါင်းကို မတ်မတ်ထား၊

- အသက်ကို ပုံမှန်ရှူလျှက်

- ၀င်လေ ၀င်လာလျှင် ၀င်လာသည်ဟု သိပေး၊

- ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့်

- မိမိစိတ်ကို ထိုထိုနှာသီး၀သို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက်

- (၇)ရက် စခန်း၊ (၁၀)ရက် စခန်း စသည်တို့ကို

- ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။

- ကုသိုလ် (၅)မျိုး တစ်နေ့တာ
===================

- ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်(၅)မျိုးကို စမ်းကြည့်ရအောင်ပါ။

၁။ အိပ်ရာထ
========

- မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး

- မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။

- ဘုရားခန်းကို အရင်သွားပါ။

- ဘုရား သောက်တော်ရေကို အရင်ကပ်ပါ။ (ဒါန)

- ကပ်ပြီးရင် (၅)ပါးသီလ ခံယူပါ။ (သီလ)

- အဲဒါပြီးရင် ဂုဏ်တော်ကို (၅)မိနစ် ( ဂုဏ်တော် )

- မေတ္တာကို (၅)မိနစ် ပွားပါ။ ( မေတ္တာ )

- ပြီးရင် ဝိပဿနာ (၅)မိနစ် ပွားများပါ။ ( ဝိပဿနာ )

- အင်မတန် နည်းပါးတဲ့ (၁၅)မိနစ် အချိန်လောက်တော့

- လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။

- (၅)မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး

- မိမိတို့၏ ခွန်အားအလိုက်၊ သဒ္ဓါ တရားအလိုက်

- (၁၀)မိနစ်စီ၊ နာရီ၀က်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

- နေ့ တစ်နေ့တာရဲ့ အစကို

- ကုသိုလ် (၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ။

- အိပ်ရာထပြီး နာရီ၀က် တစ်နာရီအတွင်းမှာပဲ

- ကုသိုလ်(၅)မျိုး ရနေပါပြီ။

- အဲဒီ ကုသိုလ်(၅)မျိုး ပြုပြီးမှ

- မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာ၀စ္စတွေကို ပြုလုပ်ပါ။

၂။ နေ့လည်
========

- အဲဒီလိုနဲ့ မနက်စာ စားပြီးတဲ့ အခါ

- ဆန် လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

- ကျွေးပြီးသွားရင် အဆစ်အနေနဲ့

- ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်(၅)မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။

- အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက် ပါဦး။

၃။ ညပိုင်း
======

- တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင်

- ညပိုင်း ကိုးရီးယားကားလေး မလာခင်၊

- ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ

- ကုသိုလ် ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

- နေ့စဉ် ပြုအပ်သည်။

- ဒီအတိုင်းသာ နေ့စဉ် ပြုသွားစမ်းပါ။

- ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

- ဒါပေမယ့် ဒီနေ့လုပ် နက်ဖြန်ဖြစ် ဆိုတဲ့ ပုံစံမျိုးတော့

- ဘယ်ဖြစ်နိုင်မှာလဲ။

- တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။

- ရက် မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။

- အကုသိုလ် ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။

- ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ

- ကုသိုလ် အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

- ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။

- ကံကောင်း နေတဲ့သူတွေ အတွက်လည်း

- အမြဲတမ်း ကံကောင်းနေအောင်

- ကုသိုလ်(၅)မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့် ပါတယ်။

- ဒီကုသိုလ်(၅)မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက်

- ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း

- ဆက်ပြီး ကံကောင်းနေဦးမှာပါ။

- ဒုက္ခကြံရင် သစ္စာဆို။

- ဒီ ကုသိုလ် (၅)မျိုး ကို

- ကံ ကောင်းခြင်း၊ ကံ ဆိုးခြင်းကြောင့် မဟုတ်ဘဲ

- နေ့စဉ် ၀တ်တစ်ခု အနေနဲ့ ပြုရပါမယ်။

- အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

- ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊

- ဒါဆို ကိုယ်ပြုတဲ့ ကုသိုလ်(၅)မျိုးကို

- နေ့စဉ် အမျှ ပေးဝေနေတဲ့

- နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

- " ကျွန်ှုပ်သည် ကုသိုလ်(၅ မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။

ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။

- နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ " စသည်ဖြင့်ပေါ့လေ…..

- သံသရာ ကပင် ကျွတ်နိုင်ရဲ့

- ကုသိုလ် (၅)မျိုး ထဲမှာ ဝိပဿနာလည်း ပါနေတော့

- တရားမှတ်ရင် ပါရမီ ပါခဲ့ရင်

- တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ

- တရားထူး တရားမြတ်တွေ ရသွားပြီး

- သံသရာ၀ဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

- ကုသိုလ် (၅)မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ ဆိုရင်

- ည အိပ်ရာ ၀င်လို့မှ ဒီနေ့ တစ်နေ့တာ အတွက်

- ကုသိုလ် ၅မျိုး မပြုရသေးရင်

- အိပ်လို့ လုံး၀ မပျော်တဲ့ အဆင့်

- ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါမယ်။

- ကဲ …. စာဖတ်သူ … ၊

- ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။

- ကုသိုလ် (၅)မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။

- မကြာခင် ကံကောင်းလာပါလိမ့်မယ်။

- ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

- ကျမ်းကိုး (မဟာ၀င်၀တ္ထု - ကျီးသဲလေးထပ်ဆရာတော်)

🙏

Coffee ကြိုက်တဲ့သူတွေ မှာအလုပ်တစ်ခုရှိတယ်။ချမ်းတယ် Coffeeသောက်မယ်၊မိုးကောင်းနေတယ် Coffeeသောက်ရအောင်တော်တော်ပူတာဘဲ Coffee...
22/04/2025

Coffee ကြိုက်တဲ့သူတွေ မှာ
အလုပ်တစ်ခုရှိတယ်။
ချမ်းတယ် Coffeeသောက်မယ်၊
မိုးကောင်းနေတယ် Coffeeသောက်ရအောင်
တော်တော်ပူတာဘဲ Coffeeသောက်ရအောင်
မောလိုက်တာ Coffeeဖျော်စမ်းကွာ
ပျင်းဖို့ကောင်း Coffeeသွားသောက်ရအောင်
အလုပ်တွေများနေတယ် Coffeeလေးလုပ်ပါအုံး
ဒီတိုင်းထိုင်နေတယ် Coffee ချမယ်
မနက်မိုးလင်းပီး Coffee ဖျော်ဟေ့
ညနေစောင်းပီ Coffeeသောက်ရအောင်
တခုခု ဖြစ်သွားပီ Coffeeသောက်ချင်တယ်
ဘာမှမဖြစ်လဲ Coffee သောက်ချင်တယ်
သတင်းကောင်းကြားရတယ်
Coffee သောက်စို့။
သတင်းကောင်းမကြားရလဲ
Coffee သောက်မယ်။
တခြားဘာရှိသေးလဲ ဖြည့်ခဲ့ပါအုံး။

Crd အိန္ဒိယ TikTok ။

အန္တရယ်ကင်း ဘေးရှင်းစေသော ဂုဏ်တော်ကွန်ချာဂါထာတော်¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤၁။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ...
20/04/2025

အန္တရယ်ကင်း ဘေးရှင်းစေသော ဂုဏ်တော်ကွန်ချာဂါထာတော်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

၁။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။

၂။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ
၀တ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော
၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏသမ္ပန္နံ
သိရသာ နမာမိ၊ တတိယော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၄။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ၀တ
သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ
သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ သုဂတော။

၅။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ၀တ
သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊
လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ
ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ
သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ
ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၇။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာ နံ၊
သတ္ထာ ဒေ၀မနုဿာ နံ ၀တ သော ဘဂဝါ၊
သတ္ထာရံ ဒေ၀မနုဿာ နံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ
ဒေ၀မနုဿာ နံ သိရသာ နမာမိ၊ သတ္တမော
၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ
ဒေ၀မနုဿာ နံ။

၈။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ၀တ သော
ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ
ဗုဒ္ဓေါ။

၉။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ၀တ သော
ဘဂဝါ၊ ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊ ဘဂ၀န္တံ သိရသာ
နမာမိ၊ နဝမော ၀ဇီရပါကာရော၊ သော ဘဂဝါ
ဣတိပိ ဘဂဝါ။

၁၀။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ
၀တ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊
လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၁၁။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော
၀တ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ
သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ သုဂတော။

၁၂။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ
ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ
သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ
ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၁၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏသမ္ပန္နံ
သိရသာ နမာမိ၊ တတိယော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၁၄။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာ နံ၊ သတ္ထာ ဒေ၀မနုဿာ နံ ၀တ သော ဘဂဝါ၊ သတ္ထာရံ ဒေ၀မနုဿာ နံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေ၀မနုဿာ နံ သိရသာ နမာမိ၊ သတ္တမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာ နံ။

၁၅။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၁၆။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
၁၇။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။

၁၈။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ၀တ သော ဘဂဝါ၊ ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊ ဘဂ၀န္တံ သိရသာ နမာမိ၊ နဝမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။

Credit to original writer.
Princess Khinkhin ဓမ္မဒါန။
ယုံကြည်စွာရွတ်ဖတ်ပူဇော်ကြပါဓမ္မမိတ်ဆွေများ။

ဘေးရန်ကင်းကွာ စီးပွားဖြာသည့် ဂုဏ်တော်ကွန်ချာ ဂါထာပါဠိ အနက်

++++++++++++++

၁။ သော ဘဂဝါ ဣတိပိ အရဟံ၊
အရဟံ ၀တ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ အရဟံ။

သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။

သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ၀တ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။

အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။

အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။

ပထမော ရှေးဦးစွာသော ၀ဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။

၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူပါပေ၏။

သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူပါပေ၏။

ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

တတိယော၊ သုံးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။

၄။ သော ဘဂဝါ ဣတိပိ သုဂတော၊
သုဂတော ၀တ သော ဘဂဝါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သုဂတော။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သုဂတော၊ နိဗ္ဗာန်သို့ သွားတော်မူတတ်ပါပေ၏။ (တစ်နည်း) သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။

သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

စတုတ္ထော။ လေးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။

၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊
လောကဝိဒူ ၀တ သော ဘဂဝါ၊
လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊
လောကဝိဒုံ သိရသာ နမာမိ၊
ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ လောကဝိဒူ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။

လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

ပဉ္စမော၊ ငါးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။

၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ အနုတ္တရောပုရိသဒမ္မသာရထိ၊ ဆုံးမတော်မူရာ၌အတုမရှိ မြတ်တော်မူပါပေ၏။

အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

ဆဋ္ဌမော၊ ခြောက်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။

၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊
သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။

သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူပါပေ၏။

သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

သတ္တမော၊ ခုနှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။

၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊
ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။

ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်ပါပေ၏။

ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။

၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊
ဘဂဝါ ၀တ သော ဘဂဝါ၊
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဘဂ၀န္တံ သိရသာ နမာမိ၊
နဝမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဘဂဝါ။

သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဘဂဝါ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူပါပေ၏။

ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။

ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။

နဝမော၊ ကိုးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။

၁၀။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊
လောကဝိဒူ ၀တ သော ဘဂဝါ၊
လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊
လောကဝိဒုံ သိရသာ နမာမိ၊
ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ လောကဝိဒူ။
အပိုဒ်(၅) လောကဝိဒူ နှင့်တူ၏

၁၁။ သော ဘဂဝါ ဣတိပိ သုဂတော၊
သုဂတော ၀တ သော ဘဂဝါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သုဂတော။
အပိုဒ်(၄) သုဂတောနှင့်တူ၏။

၁၂။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။
အပိုဒ်(၆) အနုတ္တရောပုရိသဒမ္မသာရထိနှင့်တူ၏။

၁၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊
၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
အပိုဒ်(၃) ဝိဇ္ဇာစရဏသမ္ပန္နော နှင့်တူ၏။

၁၄။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊
သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။
အပိုဒ်(၇) သတ္ထာဒေဝမနုဿာနံနှင့်တူ၏

၁၅။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။
အပိုဒ်(၂) သမ္မာသမ္ဗုဒ္ဓနှင့်တူ၏။

၁၆။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊
ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
အပိုဒ်(၈) ဘဂဝါနှင့်တူ၏။

၁၇။ သော ဘဂဝါ ဣတိပိ အရဟံ၊
အရဟံ ၀တ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ အရဟံ။
အပိုဒ်(၁) အရဟံနှင့်တူ၏။

၁၈။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊
ဘဂဝါ ၀တ သော ဘဂဝါ၊
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဘဂ၀န္တံ သိရသာ နမာမိ၊
နဝမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ ဘဂဝါ။
အပိုဒ်(၉) ဘဂဝါနှင့်တူ၏။

ဂုဏ်တော်ကွန်ချာပြီး၏။
🙏

19/04/2025

ပိုကောင်းတဲ့ဘဝတွေဆီ အတူတူသွားကြရအောင်ပါ☺️
ဘာမှမလိုဘူး ကိုယ်ပိုကြိုးစားပေးမယ်💪
ကိုယ့်ကိုယုံပြီး သစ္စာရှိပေးရင် ရပါပြီ 🤩
( သစ္စာတရားဟာ အခုခေတ်မှာ ရှားပါးဆုံးမို့ပါ)

ကံချေဆုတောင်း အဓိဌာန်——————————————-နေ့စဉ်ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းအဓိဌာန်ဆောင်ရွက်နိုင်ပါသည်။ နေ့စဉ်ပြုလုပ် ဆောင်...
19/04/2025

ကံချေဆုတောင်း အဓိဌာန်
——————————————-

နေ့စဉ်ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းအဓိဌာန်ဆောင်ရွက်နိုင်ပါသည်။ နေ့စဉ်ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် ဘဝအဆက်ဆက် ပေးဆပ်ရမဲ့ ကံအကြွေးများ၊ ကျိန်းစာများ၊ အကုသိုလ်ဝဋ်ကြွေးများ တစ်ဖြေးဖြေးလျော့နည်း ပပျောက်လာပြီး ကုသိုလ်တရားများ ရရှိလာနိုင်မည့် ဆုတောင်း အဓိဌာန်တော်ကြီးဖြစ်ပါတယ်။

ဘုန်းတော် အနန္တ ကံတော်အနန္တ ဥာဏ်တော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းးကျိုးမျှတန်ခိုးတော် အနန္တနှင့် ပြည့်ဝဥဿုံ ကမ္ဘာခြုံလျက် သုံးဘုံလောက တုမရသား လူ့ဘထွဋ်ထား ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် ဘဝဘဝ လွန်လေပြီးသော အတိတ် ကာလ ဘဝပေါင်း များစွာတို့မှစ၍ ယခု ပစ္စပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော် ကိုယ်၌ ကလိုလိုလားလား ဆိုထားခဲ့ဘူးသော ကျိန်စာမှန်သမျှတို့သည် လည်းကောင်း တပါးသောသူတို့က ဘုရားတပည့်တော်အား တိုက်ရိုက်ပေးအပ်ထားခြင်း ပြုထားသာ ကျိန်စာမှန်သမျှတို့သည် လည်းကောင်း ကျိန်စာဟူသမျှတို့သည် ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွေ့လျောကျ သကဲ့သို့ ပျောက်ပ ကင်းကွာ စင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား ။
ဘုန်းတော် အနန္တ ကံတော်အနန္တ ဥာဏ်တော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းးကျိုးမျှတန်ခိုးတော် အနန္တနှင့် ပြည့်ဥဿုံ ကမ္ဘာခြုံလျက် သုံးဘုံလောက တုမရသား လူ့ဘထွဋ် ထား ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်
သည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်း များစွာတို့မှစ၍ ယခု ပစ္စပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော်
အမှတ်တမဲ့ ပြောမှားမိခဲ့သော အမှတ်တမဲ့ ဆိုမှားမိခဲ့သော အမှတ်တမဲ့ ​ပြောဆိုမှားခဲ့မိသော
အပြစ်ဒေါသနှင့် ယှဉ်သာ မကောင်းသောစကား အနိဌာရုံ အမှားများ သင့်ခြင်းအားလုံး တို့သည် ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွေ့လျောကျ သကဲ့သို့ ပျောက်ပ ကင်းကွာ စင်ကြယ်ရသည့် ကိုယ်
ဖြစ်ရပါလို၏ အရှင်ဘုရား။
ဘုန်းတော် အနန္တ ကံတော်အနန္တ ဥာဏ်တော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းးကျိုးမျှတန်ခိုးတော် အနန္တနှင့် ပြည့်ဥဿုံ ကမ္ဘာခြုံလျက် သုံးဘုံလောက တုမရသား လူ့ဘထွဋ် ထား ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်
သည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်း များစွာတို့မှစ၍ ယခု ပစ္စက္ခကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော် မသိ
မိုက်မဲ၍ ရတနာမြတ်သုံးပါး မိဘနှင့်ဆရာသမားဟူသော အနန္တောအနန္တငါးပါးတို့အား အနန္တဂုဏ် တော်ရှင်တို့အား၊ ခင်ပွန်းကြီးဆယ်ပါးတို့အား ၊ထေရီထေရော မြတ်သံဃာတို့အား၊ ရသေ့ သူတော်စင်သူတော်ကောင်း ပရဗိုဒ်များနှင့်တကွ ရသေ့မ သူတော်စင်သူတော်ကောင်း ပရဗိုဒ်မတို့
နှင့် သီလရှင် အစရှိသောပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့အား ၊အဘိုးအဘွား လူကြီးသူမတို့အား မိကြီးမိလေး ဦးကြီးဦးလေး ဘကြီးဘထွေး အစ်ကိုကြီး အစ်ကိုလတ် အစ်ကိုလေး အစ်မကြီး အစ်မလတ် အစ်မလေး အစရှိသောပုဂ္ဂိုလ်အပေါင်းတို့အား၊ ဂိုဏ်းရှင်ဂိုဏ်းဝင် အရိယာသူတော်စင် သူတော်ကောင်း သူမြတ် လောင်း ပုဂ္ဂိုလ်အပေါင်းတို့အား၊ ဗြဟ္မာမင်း သိကြားမင်း နတ်မင်းကြီးများနှင့်တကွ အဌာရသ သိပ္ပအရာ၌ တက်မြောက်တော်မူကြပေကုန်သော ဆရာကြီးများနှင့်ဝိဇ္ဇာဇော်ဂျီ တပဿီ ပုဂ္ဂိုလ် အပေါင်း ဆရာကောင်းတို့အား ကာယကံဖြင့် လည်းကောင်း ဝဇီကံဖြင့်လည်းကောင်း မနောကံဖြင့်လည်းကောင်း ပြစ်မှားမိပါက ၄င်း အပြစ်ဒေါသဟူသမျှတို့ကို ဘုရားတပည့်တော် ရိုသေစွာတောင်းပန်ပါ၏ ။ထိုအပြစ်တို့မှ
ဘုရားတပည့်တော်အား သည်းခံ ကြေအေး အခွင့်ပေးတော်မူကြပါကုန်ဘုရား ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွေ့လျောကျ သကဲ့သို့ ပျောက်ပ ကင်းကွာ စင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။

ဆရာတော် စေတော်ဝင်
သာသနာပြုစခန်း(ရွှေပေါ်ကျွန်း)
🙏

18/04/2025

လာမယ့် April 21 ရက်ကို စိုးရိမ်နေသူများ နားထောင်ပေးနော်
🙏

ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Barry's Memories & Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์