Update News News,Funy&Knowledge

Breaking News- အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် က...
01/03/2026

Breaking News- အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ၊ ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းပူဆွေးမှု ကာလအဖြစ် သတ်မှတ်

ရန်ကုန်၊ မတ် ၁

အမေရိကန်နှင့် အစ္စရေးတို့၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အာဏာရှင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ယမန်နေ့ အီရန်နိုင်ငံ၊ တဟီရန်မြို့ရှိ နေအိမ်ဝင်းအတွင်း ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အီရန်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ခါမေနီ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အဆိုပါ ဗုံးကျဲမှုအတွင်း ခါမေနီ၏ သမီး၊ သားမက် နှင့် မြေးဖြစ်သူ တို့ပါ အတူတကွ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို အဓိကပစ်မှတ်ထားသည့် "Operation Epic Fury" (အမေရိကန်) နှင့် "Operation Shield of Judah" (အစ္စရေး) စစ်ဆင်ရေးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ခါမေနီသေဆုံးမှုကို အတည်ပြုခဲ့ပြီး၊ ခါမေနီကို "သမိုင်းတွင် အဆိုးဝါးဆုံးပုဂ္ဂိုလ်တစ်ဦး" အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ခါမေနီသေဆုံးမှုသည် အီရန်ပြည်သူများအတွက် ၎င်းတို့နိုင်ငံကို ပြန်လည်ရယူရန် အကြီးမားဆုံးသော အခွင့် အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံတစ်ဝန်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန်လျက်ရှိသည်။

အီရန်နိုင်ငံ၏ အဆင့်မြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အီရန်အစိုးရသည် နိုင်ငံတစ်ဝန်း ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းပူဆွေးမှု အထိမ်း အမှတ်ကာလ (Mourning Period) အဖြစ် သတ်မှတ်ကြောင်း အီရန်အစိုးရက ထုတ်ပြန်ကြေညာသည်။

အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း ၇ ရက်ကြာ အစိုးရရုံးပိတ်ရက်အဖြစ် ထုတ်ပြန်ကြေညာသည်။

အီရန်နိုင်ငံပိုင် မီဒီယာများသည် ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်းကိုသာ အတည်ပြုခဲ့ပြီး ၎င်းမည်သို့ မည်ပုံ သေဆုံးခဲ့သည်ဆိုသော အသေးစိတ် အခြေအနေများကိုမူ ယခုအချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယခင်သတင်းများအရ ခါမေနီနှင့်အတူ ၎င်း၏ သမီး၊ သားမက်နှင့် မြေးဖြစ်သူတို့ပါ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အီရန်အစိုးရက ခါမေနီ သေဆုံးမှုအတွက် ကြီးကျယ်သော ဈာပနအခမ်းအနားကို ပြင်ဆင်နေပြီး၊ တစ်ဖက်တွင်လည်း အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒေသတွင်း တင်းမာမှုများမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း လစ်ဟာသွားမှုကြောင့် နိုင်ငံ၏ အနာဂတ်အခြေအနေကို ကမ္ဘာက စောင့်ကြည့်လျက်ရှိသည်။

Update News- အီရန်စစ်သား၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ အမေရိကန်သမ္မတထရမ့်ပြော၊ အီရန်ပြည်သူတွေ...
28/02/2026

Update News- အီရန်စစ်သား၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ အမေရိကန်သမ္မတထရမ့်ပြော၊ အီရန်ပြည်သူတွေ နေအိမ်မှာနေဖို့နဲ့ အီရန်မှာ အုပ်ချုပ်သူအပြောင်းအလဲလုပ်မယ်လို့ ကတိပေး

ရန်ကုန်၊ဖေဖော်ဝါရီ ၂၈

အီရန်စစ်သား၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ အမေရိကန်သမ္မတထရမ့်က အီရန်ကို စစ်ကြေညာတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်လိုက်တဲ့ အမေရိကန်သမ္မတရဲ့ မိန့်ခွန်းမှာ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့နဲ့ အီရန်အစိုးရထံမှ ကျရောက်လာတော့မည့် အန္တရာယ်တွေကို ဖယ်ရှားဖို့အတွက်" တိုက်ခိုက်တာဖြစ်ကြောင်း၊ အီရန်ကို နူကလီးယား လက်နက်ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူးလို့ သမ္မတ ထရမ့် ကပြောဆိုသွားပါတယ်။

အမေရိကန်သမ္မတ ထရမ့်က အီရန်စစ်သားတွေ၊ ရဲတွေအနေနဲ့ လက်နက်ချကြဖို့နဲ့ လက်နက်မချရင်တော့ သေဖို့ပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

အီရန်ပြည်သူတွေကိုတော့ နေအိမ်ထဲမှာ နေကြဖို့နဲ့ နေရာအနှံ့ကို ဗုံးတွေကျဲမှာ ဖြစ်ကြောင်း၊ အပြင်ထွက်ရင် အန္တရာယ်များမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောဆိုပါတယ်။

အမေရိကန်အနေနဲ့ အီရန်မှာ အုပ်ချုပ်သူ အပြောင်းအလဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုသွားပါတယ်။

"ငါတို့ တိုက်ခိုက်လို့ ပြီးသွားပြီဆိုရင် မင်းတို့အစိုးရကို မင်းတို့ဘာသာ ပြန်သိမ်း ပိုက်ကြတော့၊ ဒါဟာ မင်းတို့အတွက် ရခဲတဲ့ အခွင့်အရေးပဲ။ အရင်အမေရိကန်သမ္မတတွေ မလုပ်ပေးခဲ့တဲ့ အကူအညီကို ငါက အခုလက်တွေ့ လုပ်ပေးနေတာဖြစ်လို့ မင်းတို့ရဲ့ ကံကြမ္မာကို မင်းတို့ဘာသာ ဖန်တီးကြတော့"လို့ အမေရိကန်သမ္မတ ထရမ့်က ပြောဆိုသွားပါတယ်။

Breaking News- အစ္စရေးက အီရန်နိုင်ငံကို စတင်တိုက်ခိုက်လိုက်ပြီး အစ္စရေးတစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာရန်ကုန်၊ ဖေဖေ...
28/02/2026

Breaking News- အစ္စရေးက အီရန်နိုင်ငံကို စတင်တိုက်ခိုက်လိုက်ပြီး အစ္စရေးတစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို ဒီနေ့မှာပဲ စတင်တိုက်ခိုက်လိုက်ပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်ဘက်က ရန်စလာမယ့်အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

အစ္စရေးက တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ကြေညာတာကတော့ အီရန်ဘက်ကနေ ဒရုန်းတွေ၊ ဘလက်စတစ်ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်လာနိုင်ခြေရှိတာကြောင့် အစ္စရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ (State of Emergency) ကို ချက်ချင်းကြေညာလိုက်တာပါ။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အခုတိုက်ခိုက်မှုဟာ အစ္စ ရေး နိုင်ငံရဲ့ လုံခြုံရေးအတွက် မဖြစ်မနေလုပ်ဆောင်ရတဲ့ ခြေလှမ်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီးပိုမိုကျယ်ပြန့်လာမှာကို ကမ္ဘာတစ်ဝန်းက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

25/02/2026

နေပြည်တော် ကင်ပွန်းတန်း အာဟာရသုခစျေး မီးလောင်မှုဖြစ်ပွား...

ထိုင်းလူငယ်များအကြား HIV ပိုးကူးစက်မှု သိသိသာသာ မြင့်တက်လာ---------------------ထိုင်းနိုင်ငံသားလူငယ်တွေအကြား HIV ရောဂါပိ...
20/02/2026

ထိုင်းလူငယ်များအကြား HIV ပိုးကူးစက်မှု သိသိသာသာ မြင့်တက်လာ
---------------------
ထိုင်းနိုင်ငံသားလူငယ်တွေအကြား HIV ရောဂါပိုးကူးစက်နေမှုဟာ သိသိသာသာ မြင့်တက်လာတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံး၊ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ဆောင်ယော့စ်ခမ်ချိုင်းက ထိုင်းလူငယ်လူရွယ်တွေကြား HIV ပိုးကူးစက်မှုက စိုးရိမ်ဖွယ်ရာ ကိစ္စရပ် အဖြစ် ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ်က တစ်နိုင် ငံလုံးမှာ HIV ပိုးကူးစက်ခံရသူ ဝေဒနာရှင်အသစ် ၁၃၀၀၀ ကျော်ကို ရောဂါရှာဖွေတွေ့ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ HIV နဲ့ ရှင်သန်နေထိုင်သူ စုစုပေါင်း ၅ သိန်းကျော် ရှိလာနေပြီလို့ ဆိုပါတယ်။ ကူးစက်မှုအသစ်တွေရဲ့ ၃၅ ရာခိုင် နှုန်းက အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်တွေဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဗိုလ်နဂါးတပ်ဖွဲ့ဝင်တွေ လက်နက်မအပ်ဘဲ ဖျက်ဆီးခဲ့ရင် ပြင်းထန်စွာအရေးယူမယ်လို့ ယင်းမာပင် ပကဖ သတိပေး၊ ဖေဖော်ဝါရီ ၁၉။စစ်အုပ်စု...
19/02/2026

ဗိုလ်နဂါးတပ်ဖွဲ့ဝင်တွေ လက်နက်မအပ်ဘဲ ဖျက်ဆီးခဲ့ရင် ပြင်းထန်စွာအရေးယူမယ်လို့ ယင်းမာပင် ပကဖ သတိပေး

၊ ဖေဖော်ဝါရီ ၁၉။

စစ်အုပ်စုထံ လက်နက်ချအညံ့ခံခဲ့တဲ့ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေကို လာမအပ်ဘဲ ဖျောက်ဖျက် ဖျက်ဆီးခဲ့ရင် ပြင်းထန်စွာအရေးယူမယ်ဆိုပြီး ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ဗိုလ်နဂါးအဖွဲ့က ရဲဘော်တွေအနေနဲ့ BNRAက ထုတ်ပေးထားတဲ့ လက်နက်တွေကို ခရိုင်/မြို့နယ် ပကဖအဖွဲ့တွေဆီကို ချိတ်ဆက်ပြီး လာရောက်အပ်နှံကြဖို့ ဒီကနေ့မှာ ကြေညာလိုက်တာပါ။

"BNRAတပ်ဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့အစည်းက ထုတ်ပေးထားတဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချ၊ ပေါင်နှံ၊ ဖျောက်ဖျက်၊ ဖျက်ဆီးတာတွေ မလုပ်ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ရင်ပြင်းထန်စွာ အရေးယူမယ်"လို့လည်း ယင်းမာပင်ပကဖရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သက်ဆိုင်ရာ ရပ်ကျေး/တိုက်နယ် ပကဖ/ပအဖတွေကလည်း မိမိနယ်မြေမှာ အခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေရှိရင် သတင်းစကားပါးဖို့၊ ခရိုင်တာဝန်ခံတွေနဲ့ ချိတ်ဆက်‌ပေးဖို့ကိုလည်း ထုတ်ပြန် ထားပါတယ်။

BNRA တပ်ဖွဲ့ဝင်အချို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားသလို တပ်ဖွဲ့ဝင် ၁၅ဝ ဦးခန့်က လည်း PDF နဲ့ ပကဖ တွေထံကို ချိတ်ဆက်ပြီး အဖမ်းခံတာ၊ လာရောက်ပူးပေါင်း ဆောင်ရွက်တာနဲ့ လက်နက် အပ်နှံတာတွေ ပြုလုပ်နေတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန က မနေ့ညက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- လူမှုကွန်ရက်

BNRA ခေါင်းဆောင် နိုင်လင်း(ခေါ်) ဗိုလ်နဂါး နှင့် ၎င်း၏ မိသားစုဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် စစ်တပ်ထံ လက...
18/02/2026

BNRA ခေါင်းဆောင် နိုင်လင်း(ခေါ်) ဗိုလ်နဂါး နှင့် ၎င်း၏ မိသားစုဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် စစ်တပ်ထံ လက်နက်ချခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာခဲ့သည်။

■Breaking News ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွား​ကြောင်းစစ်​ရေးရင်းမြစ် နဲ့ ဒေသခံ​တွေ​ပြော​ဖေ​ဖော်ဝါရီ-၁၈၊၂၀...
18/02/2026

■Breaking News

ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွား​ကြောင်းစစ်​ရေးရင်းမြစ် နဲ့ ဒေသခံ​တွေ​ပြော

​ဖေ​ဖော်ဝါရီ-၁၈၊၂၀၂၆

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ နောက်
လိုက်အချို့ ကို အာဏာသိမ်းစစ်တပ်က ရဟတ်
ယာဉ်နှစ်စီးနဲ့ ဒီက​နေ ည​နေပိုင်းမှာ ခေါ်ထုတ်သွားပြီးလို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေနဲ့ ​​ဒေသခံသတင်းရင်းမြစ်​တွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်ကြောင်းက နယ်မြေရှင်းလင်း‌ရေးအကူအညီပေးခဲ့ပြီး ရွာတစ်နေရာကို ရဟတ်ယာဉ်နှစ်စီးဆင်းပြီးတဲ့နောက် ဗိုလ်နဂါးနဲ့ နောက်လိုက်တွေကို ခေါ်ထုတ်သွားတာလို့ ဒေသ
ခံ သတင်းရင်းမြစ်နဲ့စစ်​ရေးသတင်းရင်းမြစ် ၇ ဦးက ပြောပါတယ်။

" နဂါးကို စစ်တပ်က ခေါ်ထုတ်သွားပါပြီ။ confirm ပေးပါတယ်" လို့ စစ်ကိုင်းတိုင်းက PDF သတင်းရင်းမြစ်ကပြောပါတယ်။

ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်က ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ပြောပါတယ်။

၎င်းက " နဂါးက ခွေးတပ်နဲ့ ပေါင်းသွားပြီ။ သေတ္တရာဘက်ကနေ ခွေးတွေဝင်လာပြီး ဟတ်စကီးနဲ့ ခေါ်သွားတာ။ သူ့အမေတွေလည်း ပါသွားတယ်။ အရပ်ဝတ်နဲ့ မျက်နှာတွေကို မျက်နှာဖုံးစွပ်ပြီး ခေါ်သွားတာ။ ဟတ်စကီးတွေက ခပ်မြန်မြန်ဆင်းပြီး ပြန်တက်သွားတာ" လို့ ပြောပါတယ်။

သေတ္တရာရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား
၅၀ခန့်ဝင်ရောက်လာတာနဲ့ ရဟတ်ယာဉ်နှစ်စီးဆင်းသက်တာကို ဒေသခံ ငါးဦးက အတည်ပြုပါတယ်။

ပုလဲ ဘောလုံးကွင်းသို့ စစ်တပ်ရဲ့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှလာတဲ့ Mi-17 သယ်ယူပို့​ဆောင်​ရေး ရဟတ်ယာဥ် တစ်စီးဟာ ဒီက​နေ ည​နေ ၄ နာရီ ၃၇ မိနစ်မှာဆင်းသက်ပြီး ၂ မိနစ်အကြာ ၄ နာရီ ၃၉ မိနစ်မှာပျံတက်သွားတယ်လို့ အခြားစစ်​ရေးသတင်းရင်းမြစ် က​လည်းပြောပါတယ် ။ ဗိုလ်နဂါး နဲ့အတူ ၎င်း၏ လူရင်းအချို့ ပါသွားတယ်လို့သတင်းရတယ်လို့လည်း ၎င်းကဆက်​ပြောပါတယ် ။

မြေပြင်မှာ BNRAတပ်ဖွဲ့ဝင်တွေ လက်နက်ချပူး‌ပေါင်းတာနဲ့ လက်နက်ဖြုတ်သိမ်းတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ ဆက်လုပ်နေဝာယ်လို့ဆိုပါတယ်။

ပုလဲမြို့နယ်ထဲမှာရှိတဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေကဖေ
ဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာစီးနင်းခဲ့တာပါ။

မနေ့က မနက် ၇နာရီခန့်ကနေ မနက် ၁၁ နာရီခန့်အထိတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းပစ်ခတ်မှုတွေငြိမ်သက်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပုပ္ပါရွာ နဲ့ ဇီးတောရွာကြားကို မနက် ၁၀နာရီခန့်မှာ တစ်ကြိမ်၊ နေ့ခင်း ၂နာရီခန့်မှာတစ်ကြိမ် စစ်တပ်က ဂျိင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့ပါတယ်။ PDF တွေရဲ့ တည်နေရာကို ဗိုလ်နဂါးက စစ်တပ်ထံ သတင်းပေးပြီး ဗုံးကြဲခိုင်းတာလို့သတင်းနဲ့ထွက်ပေါ်ခဲ့ပေမယ့် ဗိုလ်နဂါးက ငြင်းဆန်ခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေပြီး BNRA တပ်ဖွဲ့ဝင်အချို့ လက်နက်အပ်ပြီး PDFထံ ပူးပေါင်းလာခဲ့ပါတယ်။BNRA တပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်မျက်လုံးကိုလည်း PDF တွေက ဖမ်းဆီးထားပြီး ဗိုလ်မျက်လုံးဦးဆောင်မှုအောက်က BNRA တပ်ဖွဲ့ဝင် ၃၀ခန့်က လက်နက်ချခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။ BNRA တပ်ရဲ့ တပ်ရင်းမှူးတစ်ဦးဖြစ်တဲ့ တစ်ကိုယ်တော်သုဘရာဇာကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ ကိုယ်တိုင်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဗိုလ်နဂါးက ယမန်နေ့ကအထိ လူမှုကွန်ရက်ပေါ်မှာ ရေးနေခဲ့ပေမယ့် ဒီနေ့မှာတော့ ည ၇နာရီခန့်အထိ ရေးသားမှု မတွေ့ရပါဘူး။

ဗိုလ်နဂါးဦးဆောင်တဲ့BNRAတပ်ဟာ လူထုအပေါ် ဖိနှိပ်မှုနဲ့ရာဇဝတ်မှုတွေအပြင် NUGလက်​အောက်ခံအရပ်ဖက်ဝန်ထမ်း​တွေအ​ပေါ် ကျုးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။

" နဂါးကို စစ်တပ်က ခေါ်သွားပြီ။ ပုလဲနယ်တော်
လှန်ရေးက သန့်သွားပြီ။ မြေပြင်အခြေအနေကိုမသိဘဲ နဂါးကို ထောက်ခံနေသူတွေ အရှက်ကွဲသွားပြီ" လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

ဗိုလ်နဂါးကို ဆက်သွယ်​မေးမြန်းဖို့ ကြိုးစား​နေ​ပေမယ့် ဆက်သွယ်လို့မရ​​သေးပါဘူး ။

ပြည်ပလုပ်သားတွေအခက်တွေ့စေတဲ့ OWIC ကတ်စနစ် ဖျက်သိမ်းပေးဖို့တောင်းဆို10 Feb 2026 လက်ရှိအချိန်မှာ OWIC ကတ်ထုတ်ရတဲ့အခက်အခဲကြ...
17/02/2026

ပြည်ပလုပ်သားတွေအခက်တွေ့စေတဲ့ OWIC ကတ်စနစ် ဖျက်သိမ်းပေးဖို့တောင်းဆို

10 Feb 2026

လက်ရှိအချိန်မှာ OWIC ကတ်ထုတ်ရတဲ့အခက်အခဲကြောင့် ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်ဖို့အခက်တွေ့စေသလို ပြည်တွင်းပြန်ဝင်လာမယ့် မြန်မာလုပ်သားတွေအတွက်လည်း အခက်တွေ့စေတယ်လို့ ဆိုကြပါတယ်။

လုပ်သားတွေအတွက် အခက်တွေ့စေတဲ့ ဒီစနစ်ကို ဖျက်သိမ်းပေးဖို့ ပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

◾️နေပြည်တော်ကို တီမောထည့်တဲ့ "ဂျင်း" နေပြည်တော်ရဲ့ ရာသီဥတုက အေးသလိုလိုနဲ့ ပူလာပြန်ပါပြီ။ အထူးသဖြင့် စစ်ခေါင်းဆောင် မင်းအ...
16/02/2026

◾️နေပြည်တော်ကို တီမောထည့်တဲ့ "ဂျင်း"

နေပြည်တော်ရဲ့ ရာသီဥတုက အေးသလိုလိုနဲ့ ပူလာပြန်ပါပြီ။ အထူးသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရင်ထဲမှာတော့ ဒေါသမီးတွေ တဟုန်းဟုန်း တောက်နေမှာ သေချာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မင်းအောင်လှိုင်က သူ့ကိုယ်သူ သံတမန်ရေးရာ ပိုင်နိုင်သူလို့ အထင်ရောက်ပြီး အာဆီယံထဲ ဝင်ခွင့်ရဖို့ ကိုယ်တိုင် သဘောတူ လက်ခံပေးခဲ့ဖူးတဲ့ နိုင်ငံငယ်လေး တီမောက သူ့ကို ပညာသားပါပါနဲ့ ဂျင်းထည့်သွားလို့ပါပဲ။

ဖြစ်စဉ်ကတော့ ဒီလိုပါ။ အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ၂၀၁၁ ခုနှစ်ကတည်းက ကြိုးစားနေတဲ့ နိုင်ငံငယ်လေးပါ။ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေး ရတဲ့ နိုင်ငံလေးဖြစ်လို့ အာဆီယံက သူတို့ကို ချက်ချင်း လက်မခံခဲ့ဘဲ ၁၁ နှစ်လောက် စောင့်ကြည့်ခဲ့ပြီး ၂၀၂၂ မှာမှ လေ့လာသူ အဖြစ် သတ်မှတ်ပေးခဲ့ ပါတယ်။

တီမောဟာ အာဆီယံ တင်းပြည့် အဖွဲ့ဝင် ဖြစ်ဖို့အတွက် ဆိုရင် လက်ရှိ အဖွဲ့ဝင် နိုင်ငံတွေက တညီတညွတ်တည်း သဘောတူ လက်ခံမှ ရမှာဖြစ်ပါတယ်။ တကယ်ဆိုရင် သူတို့ကို သိမ်းပိုက် အုပ်ချုပ်ခဲ့ဖူးတဲ့ အင်ဒိုနီးရှားကတောင် မကန့်ကွက်တဲ့ အခြေအနေမှာ တီမောအတွက် အာဆီယံ အဖွဲ့ဝင်ဖြစ်ဖို့ ဘာအတားအဆီးမှ မရှိပါဘူး။

ဒါပေမယ့် မထင်မှတ်ဘဲ သူတို့ကို လက်မခံဖို့ ကန့်ကွက်တဲ့ နိုင်ငံတစ်ခုက ရှိလာပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံပါ။ ဘာကြောင့်လဲ ဆိုတော့ တီမောဟာ ၂၀၂၁ မှာ စစ်တပ် အာဏာလုတဲ့ ဖြစ်စဉ်နောက်ပိုင်း NUG အစိုးရကို တရားဝင် အသိအမှတ်ပြု ဆက်ဆံတဲ့ နိုင်ငံတစ်ခု ဖြစ်နေတာကြောင့် စစ်ကောင်စီက ၂၀၂၃ မှာ တီမော သံရုံးကို မြန်မာပြည်ကနေ တစ်ကြိမ် နှင်ထုတ်ခဲ့ဖူးတဲ့အထိ ဖြစ်ခဲ့ဖူးလို့ပါ။

၂၀၂၅ မှာတော့ တီမော အစိုးရဟာ လေသံပြောင်းလဲ လာခဲ့ပါတယ်။ တီမော နိုင်ငံခြားရေး ဝန်ကြီးဟာ နေပြည်တော်အထိ လာရောက် လည်ပတ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေး ခဲ့ပါတယ်။ NUG နဲ့ အဆက်အဆံ ကိစ္စတွေလည်း ထပ်မကြားရ တော့တာကြောင့် မင်းအောင်လှိုင်က တီမောကို သူတို့ဘက် ပါလာပြီလို့ ယုံကြည် ခဲ့ပါတယ်။

ဒီတော့ မင်းအောင်လှိုင်က တွက်ကိန်းထုတ်ပါတယ်။ တီမော ဖြစ်ရပ်ဟာ သူတို့ရဲ့ သံတမန်ရေးရာ အောင်ပွဲလို့ ရှုမြင်ပြီး တခြား နိုင်ငံတွေကိုလည်း NUG နဲ့ မဆက်ဆံ ရဲအောင် နမူနာ ပြရာ ရောက်တယ်လို့ သူတို့ဘာသာ ယုံကြည် နေပါတယ်။ သူတို့သာ တီမောကို နေရာပေး ထောက်ခံလိုက်ရင် အာဆီယံထဲမှာ သူတို့ဘက် ပါမယ့် မိတ်ဆွေ အသစ်တစ်ယောက် ရပြီလို့လည်း ထင်ခဲ့ကြ ပါတယ်။

ဒါကြောင့် တီမောကို အာဆီယံမှာ ကန့်ကွက်ခဲ့တာကို ပြန်ရုတ်သိမ်း ပေးခဲ့ရုံ သာမက သံတမန် ဆက်ဆံရေးတွေ တိုးမြှင့်ပြီး ပစားပေးခဲ့ ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စိတ်ကူးနဲ့ ယုံကြည်ချက် တွေဟာ သိပ်မကြာခင်မှာပဲ သဲထဲ သေးပေါက် ခံရသလို ရေစုန်မျှော ကုန်ပါတော့တယ်။ အာဆီယံ စင်မြင့်ပေါ် နေရာ ခိုင်ခိုင်မာမာ ရလာတဲ့ တီမောက မကြာခင်မှာပဲ သူတို့ရဲ့ ဟန်ဆောင် မျက်နှာဖုံးကို ခွါချ ပြလိုက်ပါတယ်။

အဲဒါကတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို စစ်ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုလာတဲ့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) ကို လက်ခံတွေ့ဆုံ ခဲ့လို့ပါပဲ။ နေပြည်တော်က စစ်ကောင်စီဟာ ဒီလုပ်ရပ်အပေါ် တော်တော်လေး ဒေါသထွက် ပါတယ်။ တီမောဟာ အာဆီယံ ဝင်ခွင့်ရဖို့ သူတို့ကို အယုံသွင်းပြီး ဂျင်းထည့်တာလို့ မြင်ကြလို့ပါ။

ဒါကြောင့် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဟာ တီမော သံအမတ်ကို ချက်ချင်းခေါ်တွေ့ပြီး ဖြေရှင်းချက် တောင်းပါတယ်။ လိမ်တယ် ညာတယ် ကိုတီမောရယ် ဆိုပြီးတော့ အာဆီယံကိုလည်း ငိုကြီးချက်မနဲ့ စာတွေပို့ပါတယ်။ အဲဒီအချိန် တီမောက တစ်ပတ် အတွင်း ဖြေရှင်းချက် ပေးပါမယ် ဆိုပြီး ပျားရည်နဲ့ ဝမ်းချတော့ အဟုတ်မှတ်ပြီး စောင့်နေပါသေးတယ်။

ဒါပေမယ့် တီမောပေးတဲ့ အဖြေကတော့ CHRO ရဲ့ တရားစွဲတာကို လက်ခံလိုက်ပြီး ဝါရင့် ရှေ့နေ တစ်ယောက်ကိုတောင် ခန့်အပ် တာဝန်ပေးလိုက် တာပါပဲ။စစ်ကောင်စီခမြာ ကျောချမှ ဓားပြမှန်းသိ ဆိုသလို သူတို့ ဂျင်းထည့်ခံရတာ သေချာသွားလို့ မီးပုံယမ်းကျ ဒေါသပေါက်ကွဲ ပါတော့တယ်။

ဒါကြောင့် ချက်ချင်းဆိုသလို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရန်ကုန်မှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ခေါ်ပြီး နိုင်ငံထဲကနေ ၇ ရက် အတွင်း ထွက်ခွါဖို့ နှင်ထုတ် လိုက်ပါတယ်။ စစ်ကောင်စီဟာ ကလေး ဆန်ဆန် ခြေဆောင့်ပြီး စိတ်ကောက် ပြနေပေမယ့် တီမောကတော့ လိုချင်တာ ရသွားပြီမို့လို့ သိပ်ပြီးတော့ ဂရုစိုက် တော့မယ် မထင်ပါဘူး။

သူတို့ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဘက်က ရပ်တည် ပြလိုက်ခြင်းအားဖြင့် ကမ္ဘာ့အလယ်မှာ ပိုပြီးတောင် မျက်နှာပန်း လှသွားပါသေးတယ်။ အာဆီယံ မှာလည်း တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် ဖြစ်သွားပြီ မို့လို့ ဘာမှ စိုးရိမ်စိတ်ပူစရာ မလိုတော့ဘဲ သူတို့ အချုပ်အခြာ အာဏာ ပိုင်နက် အတွင်းမှာ သူတို့ လုပ်ချင်တာတွေ တစိုက်မတ်မတ် ဆက်လုပ်လို့ ရသွားပါပြီ။

တကယ်တမ်း ကျန်ခဲ့သူကတော့ မင်းအောင်လှိုင်ပါ။ အာဆီယံမှာလည်း ဖယ်ကြဉ်ခံရ၊ နိုင်ငံတကာမှာလည်း အပယ်ခံဘဝ၊ အခုတော့ ကိုယ်တိုင် လက်သပ်မွေးဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံငယ်လေးကပါ သူ့ကို ပလစ်ပြီး လူထုဘက် ရပ်တည်သွားတဲ့အတွက် "တီမောထည့်တဲ့ ဂျင်း" ကို အတော်လေး ခါးခါးသီးသီး ဝါးမြိုလိုက်ရပုံ ရပါကြောင်း။

ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်၂၀၂၆ ဖေဖော်ဝါရီလ ၁၄ ရက်သျှမ်းပြ...
14/02/2026

ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

၂၀၂၆ ဖေဖော်ဝါရီလ ၁၄ ရက်

သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆင်ထားသည့် ဆိုလာပြားနှင့် စောင့်ကြည့်ရေးကင်မရာ CCTV များကို TNLA တပ်သားများ ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ကာ MNDAA အလံနှင့် ညစောင့်တပ်သားများကိုပါ ယူဆောင်ဖမ်းဆီးသွားခဲ့ပြီး ဈေးအနီး ဆောက်လုပ်ရေးဝင်းတွင် တပ်စွဲထားသည့် MNDAA ရုံးနေရာတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်၍ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ည အခြေအနေကတော့ TNLA တပ်ဖွဲ့တွေက ဝတ်စုံအပြည့်နဲ့ CCTV တွေ ဆိုလာတွေကို ဖြုတ်နေကြတယ်။ သူတို့ အထဲမှာ ဘာဖြစ်ကြလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ ပြီးရင် ကိုးကန့်ရဲ့ အုပ်ချုပ်ရေးရုံးတွေကို အရင်တုန်းက KIO ရုံးတွေကို စီးနင်းသလိုမျိုးပဲ လိုက်စီးနင်းတယ်။ ပြီးရင် အဲ့မှာရှိနေတဲ့ စောင့်နေတဲ့ တပ်သားတွေကို TNLA က ခေါ်သွားကြတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်တယ်ပေါ့နော်၊ ကိုးကန့်တွေရဲ့ အလံတွေကိုလည်း ယူသွားကြတယ်”ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ TNLA နှင့် MNDAA နှစ်ဘက်တပ်သားများ သွေးထွက်ဒဏ်ရာရသည်အထိ ရိုက်နှက်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် သေနတ်သံ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဒေသခံများမှာ ညီနောင်မဟာမိတ် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“ဈေးရှေ့နားမှာ ဆောက်လုပ်ရေး ဝင်းနားမှာရှိတဲ့ ကိုးကန့်ရုံးမှာ သူတို့ (TNLA) စီးနင်းတယ်။ စီးနင်းပြီးမှ သေနတ်သံတွေ ကြားတယ်ပေါ့နော်။ သေနတ်သံကြားတော့ စိုးရိမ်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံကြားတော့ တိုက်များ တိုက်ကြပြီလား ဆိုတဲ့ဟာမျိုး စိုးရိမ်တယ်။ နှစ်ဘက်အသံ ဟုတ် မဟုတ်တော့ မသိဘူး၊ သေနတ်သံတော့ မိုးပေါ်ထောင်ပစ်တာလား မသိဘူး ကြားတယ်။ တချို့ တင်ထားတဲ့ ဗီဒီယိုတွေ ကြည့်ရတာတော့ တပ်သားတွေ ရိုက်နှက်ခံရတယ်” ဟု ကွတ်ခိုင်ဒေသခံ အဆိုပါ အမျိုးသားက ပြောသည်။

ယမန်နေ့ညတွင် TNLA ဘက်မှ ကွတ်ခိုင်မြို့ပေါ် စစ်အင်အား ရာနှင့်ချီ ကင်းလှည့်ခဲ့ပြီး MNDAA ဘက်မှလည်း တာမိုးညဲဘက်မှ ကွတ်ခိုင်ဘက် စစ်အင်အား ဖြည့်တင်းခဲ့ခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်ခဲ့ရပြီး ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ပေါ်၌ ပုံမှန်အခြေအနေ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးကာလ ရောက်ရှိနေစဉ် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်အပေါ် နှစ်ဘက်တပ်ဖွဲ့ မည်သို့ ဖြေရှင်းမည်ကို မသိရသေးဘဲ သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများထံ ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

“TNLA ဘက်က ကင်းလှည့်သလိုမျိုး လှည့်သွားတာလေ၊ ပြီးရင် အင်အားက ရာကြီးပိုင်းဆိုတော့ စစ်ဆင်ရေးတစ်ခု သွားသလိုမျိုး သွားနေတော့ စိုးရိမ်တာပေါ့။ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မပြောတတ်ဘူးလေ။ တရုတ်နှစ်သစ်ကူး အချိန်အခါ သမယမှာ MNDAA ရုံး စီးနင်းခံရတာတော့ အခုချက်ချင်းတော့ သူတို့လည်း ဘယ်လိုလုပ်ကြမလဲ ဆိုတာတော့ မသိဘူး၊ သူတို့အချင်းချင်းက မဟာမိတ်တွေဆိုတော့” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ညီနောင်မဟာမိတ်တပ်များ ဖြစ်ကြသည့် TNLA နှင့် MNDAA တို့သည် “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ကွတ်ခိုင်မြို့ကို ပြည်ထောင်စုလမ်းမကြီး တစ်ဘက်တစ်ခြမ်းစီ ပူးတွဲအုပ်ချုပ်နေပြီး အချင်းချင်းကြား နယ်မြေခွဲဝေမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။



#ကွတ်ခိုင် #စစ်ရေးတင်းမာ

ရန်ကုန်နှင့် ဝမ်းတွင်းတို့တွင် စစ်တပ်က  မင်္ဂလာဆောင်၊ နာရေးနှင့် အလှူအိမ်များအထိပါ ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖ...
14/02/2026

ရန်ကုန်နှင့် ဝမ်းတွင်းတို့တွင် စစ်တပ်က မင်္ဂလာဆောင်၊ နာရေးနှင့် အလှူအိမ်များအထိပါ ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ မိုးကုတ်တွင် စစ်မှုထမ်း တပ်သားသစ်များ အစုလိုက်အပြုံလိုက်ထွက်ပြေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကားမှတ်တိုင်တွင် ကားစောင့်နေသော လူငယ်များကို စစ်မှုထမ်း စုဆောင်းရေး အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ သိမ်ချောင်းလမ်းဆုံ မှတ်တိုင်၌ ကားစောင့်နေသော အသက် ၂၀ အရွယ် လူငယ် ၁ ဦးကို ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာသော အရပ်ဝတ်စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ အလားတူ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်တွင်လည်း မုန့်ဟင်းခါးဆိုင်သိမ်းနေသည့် လူငယ် ၁ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်း ဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မိသားစုဝင်များက ငွေကျပ် သိန်း ၈၀ ဖြင့်အဆိုပါလူငယ်ကို ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။

"ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက တောင်ဒဂုံ တောင်သိမ်ချောင်းလမ်းဆုံမှတ်တိုင်မှာ ကားစောင့်နေတဲ့ အသက် ၂၀ ဝန်း ကျင် လူငယ် ၁ ဦးကို အရပ်ဝတ်တွေနဲ့ စစ်ခွေးတွေက ဆိုင်ကယ် ၃ စီးနဲ့ လာရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားတာ နောက်ပြီး ၅၄ ရပ်ကွက်မှာလည်း မုန့်ဟင်းခါးရောင်းနေတဲ့ လူကနေမကောင်းလို့ သူ့သားကို ဆိုင်သွားသိမ်းခိုင်းတာကို စစ်ခွေးတွေက ပေါ်တာဆွဲသွားလို့ အဲတာ သိန်း ၈၀ နဲ့ ပြန်ရွေးရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က အလှူအိမ်၊ နာရေးအိမ်နှင့် မင်္ဂလာဆောင်များကို ပစ်မှတ်ထား၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း Voice Of Wundwin အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ၏ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ခင်ကြီးရွာမှ လူငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ဝမ်းတွင်းမြို့သို့ ထွက်ခွာလာစဉ် အလှူပွဲမှ ပြန်လာသည့် ဘုန်းကြီးကားကိုတားပြီး ဘုန်းကြီးဘေးတွင် လိုက်ပါလာသော ဘုန်းကြီးကျောင်းသား ၂ ဦးကိုလည်း စစ်တပ်က ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်သားများသည် ခင်းကြီးရွာရှိ မင်္ဂဆောင်တစ်ခုကိုလည်း ထပ်မံ ဝင်ရောက်စီးနင်းပြီး အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါလူငယ်က ပြန်လည် ခုခံသောကြောင့် စစ်တပ်က ထိုးကြိတ် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

"စစ်ခွေးတွေက သူတို့ လူအရမ်းလိုလို့ ထင်တယ်။ ရွာတွေထဲက အလှူအိမ်တွေ မင်္ဂလာဆောင်တွေကို ပစ်မှတ်ထားပြီး ပေါ်တာလိုက်ဆွဲနေတာ အလှူအိမ်က ပြန်လာတဲ့ ဘုန်းကြီးကားကိုလည်း ဝိုင်းတားပြီး ကားပေါ်ပါလာတဲ့ ဘုန်းကြီးကျောင်းသား ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ရွာထဲက မင်္ဂဆောင်တစ်ခုကိုလည်း လူငယ်တွေ ဝင်ရှာတာမရှိလို့ဆိုပြီး ဘေးအိမ်က အသက် ၁၅ နှစ်အရွယ် ကောင်လေးကို ထိုးကြိတ်ပြီး ခေါ်ဆောင်သွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်လည်း ရှေ့တန်းထွက်ရန် ပြင်ဆင်နေသည့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး ထွက်ပြေးသွားကြောင့် စစ်တပ်က လိုက်လံရှာဖွေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထွက်ပြေးသွားသော စစ်မှုထမ်း တပ်သားသစ် ၆ ဦးကို စစ်တပ်က လိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသွားသူများသည်လည်း လက်နက်ခဲယမ်းများ ယူဆောင်သွားကြောင်း သိရသည်။

"၁၁ ရက်နေ့မျှ, စစ်ခွေးတွေဆီက ထွက်ပြေးသွားတာလို့ သိရတယ်။ သူတို့ဆီမှာ လက်နက်ခဲယမ်းတွေလည်းပါတော့ ခွေးတွေက အတင်းပြန်လိုက်ရှာနေတာ ဖမ်းမမိသေးဘူးလို့တော့ သိရတယ်။ မိုးကုတ်မြို့ပေါ်မှာလည်း စစ်ခွေးတွေက ထပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်၊ ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ် စစ်ကြောင်းက မိုးကုတ်မြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားပြီး ဘော်ဗဒါန်းရွာသို့ ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် သွပ်သွင်းခံနေရသော လူငယ်များ။

ที่อยู่

Lat Phrao Road
Bangkok
10240

เบอร์โทรศัพท์

+959697433750

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Update Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Update News:

แชร์