Update News News,Funy&Knowledge

စားရတာတော့ ကောင်းပါတယ် နေ့တိုင်းကြီးကျ😑😂😂 မစားပဲတက်တောင်အိပ်နေကြပီ
11/07/2025

စားရတာတော့ ကောင်းပါတယ် နေ့တိုင်းကြီးကျ😑😂😂 မစားပဲတက်တောင်အိပ်နေကြပီ

မြန်မာနိုင်ငံတစ်ဝန်းမှ စစ်မှုထမ်း တိမ်းရှောင်သည့် လူငယ်များကို စစ်ပြေးအဖြစ် စာရင်းသွင်းပြီး NSIMS နှင့် PSMS စနစ်များဖြင...
10/07/2025

မြန်မာနိုင်ငံတစ်ဝန်းမှ စစ်မှုထမ်း တိမ်းရှောင်သည့် လူငယ်များကို စစ်ပြေးအဖြစ် စာရင်းသွင်းပြီး NSIMS နှင့် PSMS စနစ်များဖြင့် ဖမ်းဆီးရန် စစ်ကောင်စီက ပြင်ဆင်၊ အလိုရှိ စာရင်းသွင်းရန် ၂ လနီးပါးအချိန်ယူရ

ရန်ကုန်၊ ဇူလိုင် ၁၀

အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းမှ စစ်မှုထမ်း တိမ်းရှောင်သည့် လူငယ်များကို စစ်ပြေးအဖြစ် စာရင်းသွင်းပြီး စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) နှင့် Person Scrutinization and Monitoring System (PSMS) Applicationစနစ်များဖြင့် ဖမ်းဆီးအရေးယူရန် ပြင်ဆင်နေကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ယခု ဇူလိုင်လအတွင်း စစ်မှုထမ်း အပတ်စဉ် ၁၅ ရှိလာချိန် ရပ်ကွက်၊ ကျေးရွာများတွင် ဆင့်ခေါ်သည့် လူငယ်များမှာ လာရောက်ခြင်းမရှိဘဲ တိမ်းရှောင်မှုများ များပြားလာကြောင်း၊ ထို့ကြောင့် စစ်မှုထမ်းရန် တိမ်းရှောင်သည့် လူငယ်များကို စစ်ပြေးအဖြစ် ကြေညာကာ ဖမ်းဆီးရန် စစ်ကောင်စီတပ်က ပြင်ဆင် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ပြေးအဖြစ်စာရင်းသွင်းကြေညာခံရသည့် လူငယ်များ၏ စာရင်းများကိုလေဆိပ်၊ ရထားဘူတာ၊ ကားဂိတ်၊ လှေဆိပ်၊ နယ်စပ်ဝင်ပေါက်များသို့ ပေးပို့ထားမည်ဖြစ်ပြီး ယင်းစာရင်းဖြင့် တိုက်ဆိုက် စစ်ဆေးဖမ်းဆီးရန်ရှိကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် လတ်တလော အသုံးများနေသည့် Person Scrutinization and Monitoring System (PSMS) Application ကို အသုံးပြု စိစစ်မည်ဖြစ်ကြောင်း သိရှိရသည်။

"ပြည်သူ့ စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) နဲ့ Person Scrutinization and Monitoring System (PSMS) Application စာရင်းထဲမှာ ထည့်သွင်းဖို့က ချက်ချင်းကြီး လုပ်လို့မရဘူး။ အဆင့်ဆင့်ဖြတ်ကျော်ရတာ တွေရှိတော့ စစ်မှုထမ်းတိမ်းရှောင် လူငယ်တွေကို တကယ် အလိုရှိ စစ်ပြေးစာရင်းထည့်ဖို့ဆိုရင် ၁ လကျော်၊ ၂ လနီးပါးလောက် အချိန်ယူရတယ်။ အဲဒီကာလအတွင်းမှာ လွတ်အောင် ရှောင်လို့ရနိုင်ပါတယ်။ စာရင်းသွင်းပြီးမှ ထပ်ရှောင်ဖို့ကတော့ ခက်နိုင်တယ်" ဟု နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်မှုထမ်းတိမ်းရှောင်သည့် လူငယ်များအနေဖြင့် စစ်ပြေးအဖြစ် ဖမ်းဆီးခံရပါက ပြစ်ဒဏ်ကို ခံစားရမည့်အပြင် ပြစ်ဒဏ်ပြီးပါကလည်း စစ်မှုထမ်းအဖြစ် ပြန်လည် ခေါ်ယူခံရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီက စစ်မှုထမ်း လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့် ရရှိထားသောလူငယ်များကိုလည်း စာရင်းသွင်းကာ စိစစ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဦးစီးထိန်းချုပ် ကိုင်တွယ်ထားခြင်းဖြစ်သည်။

Person Scrutinization and Monitoring System (PSMS) Applicationစနစ်မှာမူ ပြည်ထဲရေးဝန်ကြီးဌာနက အဓိက ထိန်းချုပ်ကိုင်တွယ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက NSIMS နှင့် PSMS စနစ် ၂ ခုစလုံးအတွက် ဝန်ကြီးဌာနပေါင်းစုံပါဝင်သော ချိတ်ဆက် အဖွဲ့များကိုလည်း ဖွဲ့စည်းထားသည်။

လတ်တလော စစ်ဆေးရေးဂိတ်များတွင် အဓိက အသုံးပြုနေသည့် PSMS Application ကို ရုရှားက အဓိက တာဝန်ယူရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ Application မှာ ပြည်ထဲရေးဝန်ကြီးဌာနက ထိန်းချုပ် ကိုင်တွယ်ကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်၊ မြို့အဝင်အထွက်ဂိတ်များနှင့်ကားဂိတ်များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်၊ ရဲနှင့် လ၀ကများထံသို့ Application များ ချထားပေးကြောင်း၊ အဆိုပါ Application ကို ဝင်ရောက်ရန် Key နှင့် Password များကို စစ်ကောင်စီက တင်းကျပ်စိစစ်စွာ ချထားပေးပြီး PSMS Application အတွင်းရှိ အချက် အလက်များကို နေပြည်တော်ပြည်ထဲရေးက တိုက်ရိုက်ထိန်းချုပ်ထားကြောင်း၊ ယင်း PSMS Application ထဲတွင် စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေး လူစာရင်း ၅ သောင်း၏ ကိုယ်ရေးအချက် အလက်များကို ကနဦး ထည့်သွင်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဇွန်လ ၂၅ ရက်နေ့ ကျိုင်းတုံမြို့နယ်၊ အမှတ် ၁၁ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း တပ်သားများကို Biometrics systems မှတ်တမ်းတင်နေစဉ်။

ဝန်ထမ်းမိသားစုများနိုင်ငံခြားထွက်ခွင့်စစ်ကောင်စီပိတ်ပင်--------------------------နိုင်ငံကူးလတ်မှတ်(Passport)ကိုင်ဆောင်ခွ...
07/07/2025

ဝန်ထမ်းမိသားစုများနိုင်ငံခြားထွက်ခွင့်စစ်ကောင်စီပိတ်ပင်
--------------------------
နိုင်ငံကူးလတ်မှတ်(Passport)ကိုင်ဆောင်ခွင့် နှင့် နိုင်ငံခြားထွက်ခွင့် ရလိုသည့် စစ်ကောင်စီဝန်ထမ်းများ၏ မိသားစုဝင်များသည် ဌာနဆိုင်ရာအကြီးအကဲနှင့် စစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီး၏ ပြည်ပထွက်ခွာခွင့်ပြုရန် သဘောတူကြောင်း ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။

လားရှိုး၌ စစ်ကောင်စီအပြင် ကိုးကန့်တပ်ပါ လက်နက်ကြီးများပြင်၊ သီပေါမြို့ဘက်ကိုလည်း ကိုးကန့်အင်အားဖြည့်တင်း7 July 2025ရှမ်း...
07/07/2025

လားရှိုး၌ စစ်ကောင်စီအပြင် ကိုးကန့်တပ်ပါ လက်နက်ကြီးများပြင်၊ သီပေါမြို့ဘက်ကိုလည်း ကိုးကန့်အင်အားဖြည့်တင်း

7 July 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်အပြင် ကိုးကန့်တပ်(MNDAA)ကပါ လက်ကနက်ကြီးများ ပြင်ဆင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင် နှစ်ရက်တွင် စစ်ကောင်စီက လားရှိုးမြို့ ခလရ ၄၁ တပ်ရင်းအရှေ့၌ လက်နက်ကြီး ဆယ်လက်နီးပါးကို တပ်ဆင်ထားခြင်းဖြစ်ပြီး သီပေါမြို့ဘက်သို့ ပစ်မှတ်ချိန်ထားခြင်းဖြစ်သည်။

ထိုကဲ့သို့ အခြေအနေကြောင်း MNDAA ဘက်ကလည်း သီပေါမြို့တွင် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။

"လားရှိုးမြို့အခြေအနေပြောရရင် စိတ်ဓာတ်တောင်ကျတယ်။ စစ်တပ်ဘက်က အင်အားများလာတယ်။ SSPPဘက်ကနေ ဝင်လာသလိုလို၊ ကိုးကန့်က ခွင့်ပြုလို့ ဝင်လာသလိုလိုနဲ့ ရှုပ်ထွေးနေတယ်။ လားရှိုးဘက်မှာတော့ ကိုးကန့်တပ်က အင်အားမဖြည့်ပေမဲ့ လက်နက်ကြီးတွေတော့ပြင်ထားတယ်။ သီပေါဘက်ကိုတော့ ကိုးကန့်တပ်တွေဖြည့်ထားတယ်။ အခြေအနေက ဘယ်လိုလာမှာလဲတော့ မသိဘူး။ ဒေသခံတွေကတေ့ စိုးရိမ်နေတာတော့ အမှန်ဘဲ" ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးများအပြင် တင့်ကားနှင့် သံချပ်ကာကားများပါ ဖြည့်တင်းထားပြီး စစ်အင်အားလည်း တစ်ထောင်ကျော်ရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် စစ်ကောင်စီသည် လားရှိုးမြို့အတွင်း အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရန်အတွက် Non CDM ဝန်ထမ်းများကို ပြန်လည်ခေါ်ယူလျက်ရှိနေသည်။

"ကျတော်တို့ သိထားသလောက်တော့ တရုတ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းဝေးမှာ ကိုးကန့်တပ်က သိန္နီထိဆုတ်ပေးရမယ်။ ကိုးလပိုင်းမှာ ကိုးကန့်တပ်က ကွမ်းလုံထိဆုတ်ပေးရမယ်လို့ ကြားထားတယ်။ ဒါလည်းဖြစ်နိုင်တယ်လို့ယူဆတယ်။ ဒါပေမဲ့ ကိုးကန့်တပ်က မဆုတ်ပေးဘူးဆိုရင် တိုက်ပွဲတွေဖြစ်ပြန်ဖြစ်မှာကို ပြည်သူတွေက စိုးရိမ်နေတယ် " ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် မြို့တွင်း အပျက်စီးများကို သေချာမရှင်းလင်းနိုင်သေးသည့်အတွက် မြို့ပြင်၌ ကိုးကန့်တပ်များကို လုံခြုံရေးယူခိုင်းထားသည့် အခြေအနေများလည်းရှိနေကြောင်း လားရှိုးမြို့ အခြေအနေသည် အလွန်ရှုပ်ထွေးနေကြောင်း မြို့ခံများက ပြောသည်။

"ကိုးကန့်တပ်တွေက မြို့ပြင်ကနေ ဆုတ်သွားရင် စစ်တပ်အတွက် လုံခြုံရေးမရှိတော့ဘူး။ အဲ့ဒီတော့ စစ်တပ်နဲ့ ကိုးကန့် အပေးအယူတည့်နေပြီလို့ ယူဆရတယ်။ ဘာလို့ အခုလိုပြောနိုင်တာလဲဆိုတော့ စစ်တပ်က အင်အားတွေ၊ လက်နက်တွေ၊ တင့်ကားတွေ သယ်လာနိုင်တယ်ဆိုတာက မိုင်းရယ်ကျော်တာနဲ့ ကိုးကန့်တပ်တွေရှိနေပြီ၊ လားရှိုးမြို့အဝင်မှာလည်း ကိုးကန့်တပ်တွေရှိတယ်။ အပေးအယူမတည့်ရင် အခုလိုလုပ်လို့မရဘူး" ဟု လားရှိုးဒေသခံ တစ်ဦးက သုံးသပ်သည်။

လားရှိုးမြို့အတွင်း သူခိုးနှင့် ဓားပြများ ပေါများနေသော်လည်း MNDAA အုပ်ချုပ်စဉ်ကထက် ပိုမှန်စည်းကားနေပြီး ပုံမှန်သွားလာမှုများရှိနေကြောင်း ရပ်ကွက် ၅နေ အမျိုးသမီးတစ်ဦးက ပြောသည်။

"ကိုးကန့် ထိန်းချုပ်တာနဲ့ စစ်ကောင်စီ ထိန်းချုပ်တာ ဘာကွာလဲဆို‌တော့ ကိုးကန့်အုပ်ချုပ်တုန်းက သူခိုး၊ ဓားပြ သိပ်မရှိဘူး။ ဒါပေမဲ့ လေကြောင်း ကြောက်နေရတယ်။ စစ်ကောင်စီပြန်ထိန်းချုပ်တော့ သူခိုး၊ ဓားပြက ပိုပေါလာပေမယ့် လေကြောင်း မကြောက်ရတော့ ပိုစည်ကားလာတယ်။ ကုန်စျေးနှုန်းကတော့ သိပ်မထူးခြားပါဘူး။ စစ်တပ်က ပြန်လည်ထူထောင်ရေး အပြည့်အ၀မလုပ်နိုင်သေးတော့ လုံခြုံရေး မရှိသေးဘူး" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဩဂုတ် သုံးရက်က MNDAA နှင့် ပူးပေါင်းတပ်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်သည့် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်မှုကြောင့် ဧပြီ ၂၁ရက်တွင် မြို့အား ပြန်လည် စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။


#လားရှိုးမြို့ #စစ်ကောင်စီ #အင်အားဖြည့်တင်း

■ အိုမန်နိုင်ငံတွင် မြန်မာအိမ်အကူ အမျိုးသမီးက မြန်မာအမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားအိုမန်နိုင်ငံတွင် မြန်မ...
07/07/2025

■ အိုမန်နိုင်ငံတွင် မြန်မာအိမ်အကူ အမျိုးသမီးက မြန်မာအမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

အိုမန်နိုင်ငံတွင် မြန်မာအိမ်အကူ အမျိုးသမီးက မြန်မာအမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့သည်ဟု အိုမန်ရောက် မြန်မာအလုပ်သမများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က အိုမန်နိုင်ငံ ဆိုဟာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသူ မြန်မာအမျိုးသမီးမှာ ၂၃ နှစ်အရွယ်ရှိ မယုနန္ဒာဆိုသူဖြစ်ပြီး ၎င်းမှာ အိမ်ရှင်နှင့် အိမ်အကူများအကြား ညှိနှိုင်းပေးသည့် အကျိုးဆောင်တစ်ဦးဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ဇာတိဖြစ်သည်ဟု သိရသည်။

ဓားဖြင့် ထိုးခဲ့သည်ဟုဆိုသည့် အိမ်အကူ မြန်မာအမျိုးသမီးမှာ ၃၈ နှစ်အရွယ်ရှိပြီး ဇူလိုင် ၁ ရက်တွင် အိုမန်နိုင်ငံသို့ ရောက်ရှိလာသူဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ ဖြစ်သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိပြီဟု အိုမန်သတင်းများတွင် ဖော်ပြထားပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့် ကျူးလွန်ခြင်းဖြစ်သည်ဟုအိုမန်ရောက် မြန်မာအလုပ်သမားအသိုင်းအဝိုင်းက ပြောဆိုမှုများရှိနေကြောင်း သိရသည်။

ကလော၊ နန့်ပန်တက်ဂိတ်တွင် PSMS စနစ်ဖြင့် စစ်ကာ ခရီးသွားအမျိုးသမီးတစ်ဦးကို ဖမ်း5 July 2025ကလောမြိုနယ်၊ နန့်ပန်တက် ပူးပေါင်...
05/07/2025

ကလော၊ နန့်ပန်တက်ဂိတ်တွင် PSMS စနစ်ဖြင့် စစ်ကာ ခရီးသွားအမျိုးသမီးတစ်ဦးကို ဖမ်း

5 July 2025

ကလောမြိုနယ်၊ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးကို PSMS(Software)စနစ်ဖြင့် စစ်ဆေးကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဇူလိုင်နှစ်ရက်တွင် ရန်ကုန်မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည် Elite ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များအားလုံးကို PSMS(Software)စနစ်ဖြင့် စစ်ဆေးပြီးနောက် အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်ခရီးသွားတစ်ဦးထံက သိရသည်။

" ကလေးမလေးတစ်ယောက်ကို PSMSနဲ့စစ်တော့ အရင်အမှုဟောင်းရှိတယ်ဆိုပြီး ကားပေါ်ကဆွဲချသွားတယ် " ဟု၎င်းက ပြောသည်။

အဖမ်းခံရသူမှာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်နေ အသက် ၂၉ နှစ်အရွယ်ရှိ မသက်ထားသူဇာ ဖြစ်ပြီး ထောက်ကြန့်နယ်‌မြေရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်ထားခံရသူဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း စစ်ဆေးရေးဂိတ်များတွင် PSMS နည်းပညာ အသုံးပြုကာ တော်လှန်ရေး၌ ပါဝင်ပတ်သက်မှုရှိသူများအား ဖမ်းဆီးမှုရှိလာပြီး အထူးသဖြင့် လေဆိပ် ၊နေပြည်တော်အဝင်အထွက်နှင့် ဂိတ်များတွင် ယခင်ကထက် စစ်ဆေးမှုများ ပိုတင်းကျပ်လာကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ဆေးရေးဂိတ်များ၌ PSMS(Person Scrutinization and Monitoring system)ဟုခေါ်သည့် လူပုဂ္ဂိုလ်စိစစ်စောင့်ကြည့် စနစ်ကို အသုံးပြုပြီး စစ်ဆေးဖမ်းဆီးမှုများအား မေလမှစတင်ကာ လုပ်ဆောင်လာခဲ့သည်။

PSMSနည်း ပညာဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပိုမို‌လုပ်ဆောင်လာသည်ကို သတိပြုရန် မြန်မာအင်တာနက်ပရောဂျက်(MIP)က ထုတ်ပြန် အသိပေးထားသည်။

PSMSစနစ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို စစ်ဆေးကြည့်ရှုခြင်းနှင့် ထိန်းသိမ်းဆောင်ရွက်မှုများကို တိကျစွာ စောင့်ကြည့်နိုင်သည့် နည်းပညာတစ်ခုဖြစ်ပြီး အဆိုပါနည်းပညာကို တရုတ်နိုင်ငံ၏ Huawei နည်းပညာကုမ္ပဏီက စစ်ကောင်စီအတွက် ကူညီပေးထားခြင်း ဖြစ်သည်။

#စစ်ဆေး #ဖမ်းဆီး #ဂိတ်များ #ရှမ်းတောင် #စစ်ကောင်စီ​

ဗိုလ်ချုပ်ကြီးကျော်စွာလင်း၏သားနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား အပါအဝင် စစ်ဘက်နှင့်အရပ်ဘက် အရာရှိကြီးများ၏ သားများ  စစ်မ...
05/07/2025

ဗိုလ်ချုပ်ကြီးကျော်စွာလင်း၏သားနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား အပါအဝင် စစ်ဘက်နှင့်အရပ်ဘက် အရာရှိကြီးများ၏ သားများ စစ်မှုထမ်းစာရင်းတွင် မပါဝင်

ရန်ကုန်၊ ဇူလိုင် ၅

အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော လူငယ်များကို စစ်မှုထမ်းရမည်ဟု အတင်း အကျပ် ခိုင်းစေနေသော်လည်း နေပြည်တော်မှ ဗိုလ်ချုပ်ကြီး ၂ ဦး၏ သားဖြစ်သူတို့မှာ စစ်မှုထမ်း စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်၊ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ သား ထက်ရဲနောင်တို့သည် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်တွင် အကျုံး ဝင်နေပြီး နေပြည်တော်တွင် နေထိုင်ကြသော်လည်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ စစ်မှုထမ်းရမည့် လူငယ်များ စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်၏ သား ၃ ဦးအနက်မှ အငယ်ဆုံးသားဖြစ်သော စည်သူထွဋ် မှာလည်း စစ်မှုထမ်းရမည့် အသက်အရွယ်တွင် အကျုံးဝင်နေသော်လည်း စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရှိရသည်။

အလားတူပင် နေပြည်တော်တွင် တာဝန်ထမ်းဆောင် နေထိုင်ကြသည့် စစ်တပ်မှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူး ကြီးအဆင့်ရှိ စစ်အရာရှိကြီးများ၏ သားများ၊ ဆွေမျိုးတော်စပ်သော တူသားများမှာ နေပြည်တော် သန်းခေါင် စာရင်းဝင်များဖြစ်ကြောင်း၊ သို့ရာတွင် သန်းခေါင်စာရင်းကို အခြေခံ၍ ပြုစုထားသော စစ်မှုထမ်းရမည့်လူငယ်များစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း၊ စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားခြင်းမဟုတ်ဘဲ သန်းခေါင်စာရင်းကို အခြေခံကောက်ခံသော စစ်မှုထမ်းစာရင်းတွင်ပင် ၎င်းတို့ကို စစ်မှုထမ်းရမည့်သူများအဖြစ် ထည့်သွင်းထားခြင်းမရှိကြောင်း သိရှိရသည်။

" စစ်ဘက်၊ အရပ်ဘက် ဌာနအကြီးအကဲတွေနဲ့ အရာရှိ သားတွေက စစ်မှုထမ်း ကင်းလွတ်ခွင့်ရထားတာမျိုးတော့မဟုတ်ဘူး။ စစ်မှုထမ်း စာရင်းထဲမှာကို မပါတာ၊ မထည့်ထားတာ" ဟု နေပြည်တော်စစ်မှု ထမ်း ဆင့်ခေါ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

စစ်အုပ်စုက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် ကင်းလွတ်ခွင့်ရရှိသူများအဖြစ် သာသနာ့ဝန်ထမ်းများ၊ အိမ် ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများဟု ပြဋ္ဌာန်းထားသည်။

အလားတူ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင်မူ စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသူများအဖြစ် အသေးစိတ် ထပ်မံဖော်ပြထားရာတွင် သာသနာ့ဝန်ထမ်းများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှု ထမ်းရန် မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့် ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မမီခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ၊ ဆေးစစ်ဆေးချက်အရ စိတ်ပေါ့သွပ်နေသူဖြစ်ခြင်း(သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ၊ နိုင်ငံအတွက် တာဝန်ထမ်းနေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့များ၏ သား၊သမီး အရင်းအခြာ( ကိတ္တိသား/သားများ)၊ မွေးစားသား/သမီးများ(မပါ)၊ အကယ်၍ ၎င်းသား/သမီး အရင်းများသည် ကိုယ်တိုင်ဆန္ဒပြုပါက စစ်မှုထမ်းရန် ခွင့်ပြုနိုင်သည်၊ အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ် တစ်ခုခုရရှိသော အားကစားသမားများ၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ၊ တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ ပါဝင်ကြောင်း သိရှိရသည်။

နေပြည်တော်မှ စစ်ဘက်နှင့်အရပ်ဘက် အရာရှိများ၏ သားများမှာ စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေ ပြဋ္ဌာန်းချက်ဖြစ်သော ကင်းလွတ်ခွင့်ရရှိသူများ စာရင်းတွင် အကျုံးမဝင်ကြောင်း တွေ့ရှိရသည်။

2025 July မှာရေအောက်မီးတောင်ကြီးတွေပေါက်ကွဲလာနိုင်တာ၊ငလျင်ကြီးတွေလှုပ်ပြီးဆူနာမီလှိုင်းလုံးကြီးတွေဖြစ်ပေါ်လာနိုင်စရာ(လော...
03/07/2025

2025 July မှာရေအောက်မီးတောင်ကြီးတွေပေါက်ကွဲလာနိုင်တာ၊ငလျင်ကြီးတွေလှုပ်ပြီးဆူနာမီလှိုင်းလုံးကြီးတွေဖြစ်ပေါ်လာနိုင်စရာ(လောလာဆယ်အားဖြင့်)အစိုးရိမ်ရဆုံးနေရာနှစ်ခုရှိနေပါတယ်။
-
(1)ပထမတစ်ခုကတော့၊ပုံမှာပြထားသည့်အတိုင်း၊ဂျပန်နိုင်ငံတောင်ပိုင်းပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖြစ်ပါတယ်။အဆိုပါနေရာမှာဒီရက်ပိုင်းတွေအတွင်းမှာ(Earthquake Clusters, Earthquake Swarms)တွေမြောက်များစွာလှုပ်ခတ်နေတဲ့ရှေ့ပြေးလက္ခဏာတွေတွေ့နေရပါပြီ။လွန်ခဲ့တဲ့(48)နာရီအတွင်းမှာတင်ဂျပန်ကျွန်းတောင်ဖက်ပစိဖိတ်သမုဒ္ဒရာထဲကနေရာတစ်နေရာတည်းမှာတင်ငလျင်ငယ်ပေါင်း(200+)လောက်လှုပ်ခတ်သွားတာဟာလုံးဝပုံမှန်မဟုတ်တော့ပါဘူး။
-
ကျွန်တော့်အထင်ပြောရမယ်ဆိုရင်၊မကြာခင်ရက်တွေမှာအဲဒီနေရာမှာမီးတောင်ကြီးတွေပေါက်ကွဲပြီး(9+)ထက်ပိုကြီးတဲ့(မဟာ)ငလျင်ကြီးဖြစ်ပေါ်လာနိုင်ပါတယ်။မဟာငလျင်ကြီးရဲ့နောက်မှာ(8+, 7+,6+)အင်အားရှိတဲ့ Aftershock တွေဒါဇင်နဲ့ချီပြီးမြောက်များစွာကပ်လိုက်လာနိုင်ပါတယ်။ဆူနာမီကြီးတွေဖြစ်မယ်ဆိုရင်ပင်လယ်ထဲမှာ(200 ft)ခန့်အထိဖြစ်နိုင်ခြေရှိပြီး၊(Land fall 150 ft)လောက်အထိဖြစ်နိုင်ပါတယ်။ဂျပန်ရဲ့သုံးပုံတစ်ပုံအထိရေလွမ်းမိုးသွားနိုင်ပါတယ်။တစ်ခြားသောပစိဖိတ်သမုဒ္ဒရာပါတ်ဝန်းကျင်မှာတည်ရှိနေတဲ့နိုင်ငံတွေအားလုံးနီးပါးလဲထိခိုက်မှု့တွေရှိနိုင်ပါတယ်။အဆိုးဆုံးအထိတွက်ချက်ထားပြီးကြိုတင်ပြင်ဆင်ထားရပါမယ်။
----------
(2)နောက်ထပ်အစိုးရိမ်ရဆုံးနေရာကတော့၊ပုံမှာပြထားတဲ့အတိုင်းမြန်မာနိုင်ငံတောင်ပိုင်းကပ္ပလီပင်လယ်ပြင်ထဲမှာပဲဖြစ်ပါတယ်။အဆိုပါနေရာမှာလဲ(Earthquake Clusters, Earthquake Swarms)တွေမြောက်များစွာလှုပ်ခတ်နေတဲ့ရှေးပြေးလက္ခဏာတွေတွေ့နေရပါပြီ။လွန်ခဲ့တဲ့(48)နာရီအတွင်းကပ္ပလီပင်လယ်ပြင်ထဲကနေရာတစ်ခုတည်းမှာတင်ငလျင်ငယ်ပေါင်းတစ်ဒါဇင်လောက်လှုပ်ခတ်သွားတာဟာလဲပုံမှန်လုံးဝမဟုတ်ပြန်ပါဘူး။
-
ကျွန်တော့်အထင်ပြောရမယ်ဆိုရင်၊အဲဒီနေရာမှာလဲမီးတောင်ကြီးတွေပေါက်ကွဲပြီး(8+)ထက်ပိုကြီးတဲ့ငလျင်ကြီးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ကံဆိုးရင်(9+)လဲဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့(2004)ခုနှစ်တုံးကဆူမားတြားကျွန်းအနီးမှာ(Mw 9.3)အထိမဟာငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးဆူနာမီ(167)ပေအထိဖြစ်ပေါ်ခဲ့ဖူးတဲ့သမိုင်းရှိခဲ့လို့ဖြစ်ပါတယ်။
-
တစ်ကယ်လို့ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်လာပြီးမြန်မာပြည်ကိုတိုက်ရိုက်၊ရိုက်ခတ်လာမယ်ဆိုရင်(Land fall 100 ft)အထိအများဆုံးဖြစ်နိုင်ချေရှိပြီး၊တစ်ချို့နေရာတွေမှာထွက်ပြေးချိန်နာရီဝက်ထက်ပိုပြီးမရနိုင်ပါဘူး။ကိုယ်ကပင်လယ်ရေမျက်နာပြင်အထက်ပေ(100)အောက်မှာနေထိုင်ပြီးသတင်းရတာမိနစ်ပိုင်းလေးနောက်ကျသွားမယ်၊သို့မဟုတ်၊သတင်းရတာစောရင်တောင်ပြေးတက်စရာကုန်းမြင့်တွေကိုကြိုတင်ပြင်ဆင်ပြီးရှာဖွေမထားဘူးဆိုရင်အန္တရာယ်အလွန်များပါတယ်။ဒါကြောင့်အဆိုးဆုံးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့အကြိမ်ကြိမ်သတိပေးနေရခြင်းဖြစ်ပါတယ်။
-
တစ်ကယ်လို့ကပ္ပလီပင်လယ်ပြင်မှာဖြစ်မယ်ဆိုရင်တနင်္သာရီတိုင်းအောက်ပိုင်းမှာ(100 ft land fall)ဖြစ်နိုင်ပြီး၊ဘီးလူးကျွန်းမှာ(80 ft land fall)နဲ့မော်လမြိုင်မြို့မှာ(70 ft land fall)ဖြစ်နိုင်ပါတယ်။ပင်လယ်နဲ့နီးတဲ့ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ(land fall 60 ft)အထိဖြစ်နိုင်ပါတယ်။ရန်ကုန်မှာ(land fall)ကတော့ပင်လယ်ဝနဲ့နီးရင်(50 ft)ပင်လယ်ဝနဲ့ဝေးရင်(40 ft)အထိမြင့်တက်နိုင်ပါတယ်။ပဲခူးအထိတော့ရောက်မယ်မထင်ပါ။ကိုယ်ကရန်ကုန်မှာနေရင်မိမိရဲ့နေအိမ်ဟာပင်လယ်ရေမျက်နာပြင်အထက်အနည်းဆုံးပေ(50)ရှိဖို့လိုအပ်ပါတယ်။ရန်ကုန်မှာပေ(50)အောက်ဆိုရင်တော့ပြေးတက်ဖို့ကုန်းမြင့်ကြိုတင်ပြီးရှာထားကြပါ။ကိုယ့်ရဲ့အမြင့်ပေကိုတိတိကျကျသိချင်ရင် Elevation app တစ်ခုခုမှာရှာကြည့်လို့ရနိုင်ပါတယ်။
-
မြန်မာနိုင်ငံတောင်ဖက်မှာအရင်ဆုံးဖြစ်လာမလား၊ဂျပန်နိုင်ငံတောင်ဖက်မှာအရင်ဦးဆုံးဖြစ်လာမလား၊နှစ်ခုမရှေးမနှောင်းတစ်ပြိုင်နက်တည်းဖြစ်လာမလား၊နှစ်ခုတည်းကတစ်ခုတည်းဖြစ်ပြီးကျန်တစ်ခုကပျောက်ပျက်သွားမလားဆိုတာကတော့ဘယ်သူမှတိတိတိကျကျကြိုတင်ပြီးမပြောနိုင်ပါဘူး။ဘာပဲဖြစ်ဖြစ်ပါနှစ်နေရာစလုံးမှာကြိုတင်လက္ခဏာတွေပြနေပြီဖြစ်လို့ကြိုတင်ပြင်ဆင်ထားရမယ့်အချိန်ကိုတော့ရောက်နေပါပြီ။
-
ခြိမ်းခြောက်နေတာမဟုတ်ပါ။လက်ရှိဖြစ်ပေါ်နေတဲ့သဘာဝရှေးပြေးလက္ခဏာတွေနဲ့အခြေအနေအကြောင်းအကျိုးသဘောတရားတွေကို၊အရှိကိုအရှိအတိုင်းမြင်တတ်ဖို့တော့လိုအပ်ပါတယ်။
-
တစ်ကမ္ဘာလုံးဘေးကင်းကြပါစေ။

မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပြီလို့ မြေပြင်တပ်မှူးတွေ အတည်ပြု ရှမ်းပြည်တောင်ပိုင်း နဲ့ ကရင်နီ(ကယား) ပြည်နယ...
02/07/2025

မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပြီလို့ မြေပြင်တပ်မှူးတွေ အတည်ပြု

ရှမ်းပြည်တောင်ပိုင်း နဲ့ ကရင်နီ(ကယား) ပြည်နယ်အစပ် မိုးဗြဲမြို့ဟာ စစ်ကောင်စီတပ်တွေလက်ထဲ ပြန်ရောက်သွားပြီဆိုတဲ့အကြောင်း မိုးဗြဲမြို့ကာကွယ်ရေးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲနေတဲ့ မိုးဗြဲPDFတပ်ဖွဲ့တပ်မှူးနဲ့ URF တပ်ဖွဲ့တပ်မှူး တွေက အတည်ပြုပါတယ်။

မိုးဗြဲမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က ၂၀၂၄ဒီဇင်ဘာ ကစပြီး ထိုးစစ် ဆင်တိုက်ခိုက်နေပြီး ကရင်နီတပ်ပေါင်းစုက အပြင်းအထန်တိုက်ခိုက်ခုခံနေပါတယ်။စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူအားပြုပြီး မြေပြင် တပ်ဖွဲ့အင် အား ရာနဲ့ချီသုံးပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။

မိုးဗြဲမြို့ ခုခံကာကွယ်ရေး ကရင်နီတပ်ပေါင်းစုမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF၊ ဒီမော့ဆို DMO Local PDF၊ ရှမ်းတောင်ဗျူဟာ ၁ ၊ မိုးဗြဲ Local PDF နဲ့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- KPLAနဲ့ Urban Revolutionary Front - URF
တို့ပါဝင်ပါတယ်။

ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ တစ်မြို့လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တစ်နှစ်နီးအကြာ ၂၀၂၄ ဒီဇင်ဘာလမှာ မြို့ကိုပြန်လည်သိမ်းဖို့ စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နောက်ပိုင်း မိုးဗြဲမြို့တစ်ဝိုက် တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီက မိုးဗြဲမြို့မြောက်ဘက်ခြမ်း နှစ်မိုင်ကျော်အကွာက ခမရ ၄၂၂ ကို အခြေပြုပြီး တစ်မြို့လုံး ပြန်လည်သိမ်းပိုက်နိုင်ဖို့ မြေပြင်တပ်အင်အားထောင်နဲ့ချီအပြင် လေကြောင်းတို က်ခိုက်မှုအကူတွေပါအသုံးပြုခဲ့ပါတယ်။

လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွား၊ ပစ်ခတ်မှုကြောင့် ဒ...
02/07/2025

လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွား၊ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲအရာရှိ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံး ရဲအရာရှိ ၁ ဦးဒဏ်ရာရရှိကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်များအရ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင် အရေးပေါ် နာမကျန်းဖြစ်၍ လှိုင်သာယာမြို့နယ်ဆေးရုံသို့ ဒုရဲအုပ် ၂ ဦးက ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင် လူ ၂ ဦးကို ဒုရဲအုပ် ၂ ဦးကို ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။

မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်စဉ် ပစ်ခတ်ခံခဲ့ရသော ဒုရဲအုပ် ၁ ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသမီး ဒုရဲအုပ်မှာမူ အမျိုးသမီးဒုရဲအုပ်မှာ ပုခုံးကျည်ဖောက် ဝင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲများ၏ ဖမ်းဆီးမှု ခံထားရသော မဇွန်ပွင့်လှိုင်မှာမူ လွတ်မြောက်သွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လှိုင်သာယာတစ်မြို့နယ်လုံးတွင် ယမန်နေ့ညပိုင်း ဧည့်စာရင်းစစ်ခြင်း၊ လမ်းများပိတ်ဆို့၍ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ပြီး လူငယ်တချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ သမကုန်းဆင်ရုံနားတွင် ကားများကို စစ်တပ်၊ ရဲနှင့် ပျူစောထီးများ ကပိတ်ဆို့စစ်ဆေးခဲ့ပြီး မှတ်ပုံတင်နှင့်ယာဉ်မောင်းလိုင်စင် အတု ကိုင်ဆောင်ခဲ့သော လူငယ်တစ်ဦးုကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

"မနေ့ညက လှိုင်သာယာမှာ ရဲတွေ ပစ်ခံရပြီး ၁ ဦးသေလို့ စစ်ဆေးမှုတွေ ဖြစ်တယ်။ လှိုင်သာယာတံတားတွေ ချက်ချင်းပိတ်သွားတယ်။ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတား၊ ပန်းလှိင်တံတား အကုန်ပိတ်ထားတာ။ ည သန်းခေါင်ယံလောက်မှ ပြန်ဖွင့်တယ်" ဟု လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သော ပြည်သူတစ်ဦးက ရှင်းပြသည်။

ယနေ့ နံနက်အစောပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်အတွင်း စစ်ကောင်စီတပ်များက နေ့အချိန် ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်မည်ဟု ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များထံသို့ စစ်တပ်က တရားဝင် အသိပေးလာကြောင်း လှိုင်သာ ယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထံမှ သိရှိရသည်။

ဓာတ်ပုံ- လှိုင်သာယာမြို့အဝင်တွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

 #ကျောက်ကပ်_အသည်း_ဆီးရောဂါကြောင့်_ဖောယောင်နေသူများအတွက်_ဆေးနည်းသေရွာရောက်ခါနည်းမှပြန်လာခဲ့သူ နမ္မတီးက ဒေါ်ခွမ်သေရွာရောက်...
01/07/2025

#ကျောက်ကပ်_အသည်း_ဆီးရောဂါကြောင့်_ဖောယောင်နေသူများအတွက်_ဆေးနည်း

သေရွာရောက်ခါနည်းမှပြန်လာခဲ့သူ နမ္မတီးက ဒေါ်ခွမ်

သေရွာရောက်ခါနည်းမှပြန်လာခဲ့သူတစ်ဦးဖြစ်တဲ့ နမ္မတီးက ဒေါ်ခွမ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ လက်တွေ့ပျောက်ဆေးနည်းကောင်းတစ်ခုကို ရောဂါဝေဒနာခံစားနေရသူတို့ သိရှိနိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သူသည် ကျောက်ကပ်ဝေဒနာခံစားနေရ၍ မန္တလေးအထူးကုနှင့် ကုသနေရာ ဆရာဝန်မှကျောက်ကပ်ဆေးရမည် အမြဲဆေးနေရမည် သိန်းနှစ်ရာလောက်ရှိမှ တသက်တာအတွက်အဆင်ပြေမည်ပြော၍ မကုတော့ဘဲ အိမ်ပြန်လာအိပ်ယာထဲလှဲနေတဲ့ အဆင့်တောင်ဖြစ်နေစဉ်

မိတ်ဆွေများမှ ဒီဆေးပင်ကို ပြုတ်သောက်ဖို့ ပြောလာ၍ သေလူဖြစ်နေတဲ့အတွက် သောက်ကြည့်ရာမှ အခုလိုပြန်လည်ကျမ္မာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ငွေအခက်အခဲဖြစ်ပြီး ကျောက်ကပ်ဝေဒနာခံစားနေရသူများ သောက်ကြည့်နိုင်ပါတယ်။ ဆေးပင်အခေါ်အဝေါ်ကတော့ ကသာနယ် အခေါ်အရ အမဲတစို့ လို့ခေါ်ကြပြီး ကချင်ပြည်နယ် အခေါ် မှာ ဆူးပဒေါင်း ဟုသိရပါသည်။ ပြန်လည်မျှဝေပါသည်။ ။

အသည်းရောဂါအတွက်_ဆူးပဒေါင်းပင်

အသည်းရောဂါကြောင့်် တစ်ကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သ ဘာ ဝဆေးပင်တစ်မျိုးကို မျှဝေပေးလိုက်ချင်ပါ သည်။ လက်တွေ့သောက်သုံးပြီး အမှန်တကယ်ပျောက် က င်းခဲ့သည့်အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။

၎င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေ ါင်းပင်(ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါသည်။ ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး လယ် ကွင် းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရ တတ်ပါသည်။

အပင်တွင် ဆူးအနည်ငယ် ပါသည်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါသည်။ အပင်၏ ပုံစံကို ပုံနှင့်တ ကွ တွဲ ၍ ဖော်ပြပေးလိုက်ပါသည်။

#ဆေးနည်း

(၁) ဆူးပဒေါင်းပင်ကို အမြှစ်ပါအေ ာင် နှုတ်ယူပါ။

(၂) အမြှစ်ပေါ်မှ မြေကြီးများ၊ ရွှံ့မျ ား စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင် ကြယ်အောင် ၃-၄ ကြိမ်ခန့် ဆေးပေးပါ။

(၃) ၎င်းအ ပင်၏ ပဉ္စငါးပါးကို အပိုင်းပိုင်း ခုတ်ပြီး ရေ ၃ ခွက် ၁ ခွက်ကျန်အောင် ကျိုပါ။

(၄) ဆေးရည်အရောင်ဟာ ညိုမည်းမည်းအရောင်ထွက်လာပါလိမ့်မည်။

(၅) ၎င်းဆေးကျိုရည်ထဲကို ဒိုပါလာသကြားကို အမှုန့်ကြိတ်၍ အနည်းငယ်ထ ည့်ပြီး သောက်ပါ။ (ဒိုပါလာသကြားကို ဘယ ဆေ းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်)။

(၆) ဆေးရည်သောက်ပြီးလျှှင် ဆီးခဏခဏ သွားပါလိမ့်မည်။

(၇) တစ်နေ့တစ်အိုး ကျိုသောက်၍ ၃ ရက်ခန့် သေ ာက်ပြီး ရောဂါသိသာစွာ သက်သာပျော က်ကင်းပါလိမ့်မည်။

(၈) ၎င်းဆူးပဒေါင်းပင်ကို နေ ရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့ ရေနွေးခတ်သောက်နိုင်ပါသည်။

အသည်းရောဂါများသာမကပဲ ကျောက်ကပ်ရောဂါနှင့် ဆီးရောဂါများအတွက်လည်း ပြန်လည်ကောင်းမွန်လာစေပါသည်။ ။
credit

🇵🇱  #စင်္ကာပူသည် COVID-19 အလောင်းကို ခွဲစိပ်စစ်ဆေးသည့် ကမ္ဘာပေါ်တွင် ပထမဆုံးနိုင်ငံဖြစ်လာသည်။  #စေ့စေ့စပ်စပ် စုံစမ်းစစ်ဆ...
04/06/2025

🇵🇱 #စင်္ကာပူသည် COVID-19 အလောင်းကို ခွဲစိပ်စစ်ဆေးသည့် ကမ္ဘာပေါ်တွင် ပထမဆုံးနိုင်ငံဖြစ်လာသည်။

#စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးနောက်တွင် Covid-19 သည် ဗိုင်းရပ်စ်ကဲ့သို့ မဟုတ်ဘဲ ဓာတ်ရောင်ခြည်နှင့် ထိတွေ့ပြီး သွေးခဲခြင်းကြောင့် လူကို သေဆုံးစေသည့် ဘက်တီးရီးယားများအဖြစ်သာ တွေ့ရှိခဲ့သည်။

🦠 -19 ရောဂါသည် လူများတွင် သွေးခဲစေပြီး သွေးပြန်ကြောများတွင် သွေးခဲစေကာ အသက်ရှုရခက်ခဲစေကြောင်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်၊ နှလုံးနှင့် အဆုတ်များသည် အောက်ဆီဂျင်ကို မရရှိနိုင်သောကြောင့် လူများကို မြန်မြန်သေစေပါသည်။

🫟 #အသက်ရှူလမ်းကြောင်းဆိုင်ရာ စွမ်းအား ပြတ်တောက်ရခြင်း အကြောင်းရင်းကို ရှာဖွေရန် စင်္ကာပူရှိ ဆရာဝန်များသည် WHO ၏ ပရိုတိုကောကို နားမထောင်ဘဲ COVID-19 နှင့် ပတ်သက်သော ရင်ခွဲစစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။

🩺 #ဆရာဝန်များက လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို ဂရုတစိုက်ကြည့်ရှုစစ်ဆေးပြီးနောက် သွေးကြောများ ကျယ်လာပြီး သွေးခဲများဖြင့် ပြည့်နေကာ သွေးစီးဆင်းမှုကို ဟန့်တားကာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်စီးဆင်းမှုကိုလည်း လျော့ကျစေကာ လူနာသေဆုံးမှုကို ဖြစ်စေကြောင်း တွေ့ရှိခဲ့သည်။

💊 #ဤသုတေသနကို လေ့လာပြီးနောက် စင်ကာပူကျန်းမာရေးဝန်ကြီးဌာနသည် Covid-19 ကုသရေးပရိုတိုကောကို ချက်ချင်းပြောင်းလဲပြီး ၎င်း၏အပြုသဘောဆောင်သော လူနာများအား အက်စပရင်ကို ပေးခဲ့သည်။

🩸 နဲ့ Imromac ကိုစသောက်ခဲ့တယ်။ ရလဒ်အနေဖြင့် လူနာများ ပြန်လည်ကောင်းမွန်လာပြီး ၎င်းတို့၏ ကျန်းမာရေး ပိုမိုကောင်းမွန်လာသည်။ စင်္ကာပူ ကျန်းမာရေး ဝန်ကြီးဌာနသည် တစ်ရက်တည်း လူနာ ၁၄၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။🔬

🔬 #သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှု ကာလအတန်ကြာပြီးနောက်၊ စင်ကာပူရှိ ဆရာဝန်များက အဆိုပါရောဂါသည် ကမ္ဘာလုံးဆိုင်ရာ လှည့်ဖြားမှုတစ်ခုဟု ဆိုကာ ကုသနည်းကို ရှင်းပြခဲ့သည်– “ဒါဟာ သွေးကြောတွင်း သွေးခဲခြင်း (သွေးခဲခြင်း) နဲ့ ကုသတဲ့ နည်းလမ်းကလွဲလို့ ဘာမှ မဟုတ်ပါဘူး။🩸

💊 #ပဋိဇီဝဆေးပြားများ
Anti-inflammatory နှင့်
💊အက်စပရင် (Aspirin) မှ သွေးပြန်ကျဆေး သောက်ပါ။

✅ #ဤသည်မှာ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သည်ဟု ညွှန်ပြသည်။

🎪 #အခြားစင်္ကာပူသိပ္ပံပညာရှင်များ၏အဆိုအရ လေဝင်လေထွက်နှင့် အထူးကြပ်မတ်ကုသဆောင် (ICU) သည် မည်သည့်အခါမျှ မလိုအပ်ပါ။ ဤရည်ရွယ်ချက်အတွက် ပရိုတိုကောများကို စင်ကာပူတွင် ထုတ်ဝေပြီးဖြစ်သည်။

ဒါကို တရုတ်နိုင်ငံက သိထားပြီးသားဖြစ်ပေမယ့် သူ့ရဲ့ အစီရင်ခံစာကို ဘယ်တော့မှ ထုတ်ပြန်ခြင်းမရှိပါဘူး။❌

⭐️⭐️⭐️ဤအချက်အလက်ကို သင့်မိသားစု၊ အိမ်နီးနားချင်းများ၊ အသိမိတ်ဆွေများ၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် မျှဝေခြင်းဖြင့် Covid-19 ကိုကြောက်လန့်ကာ ၎င်းသည် ဗိုင်းရပ်စ်မဟုတ်သော်လည်း ဓာတ်ရောင်ခြည်နှင့်သာထိတွေ့သည့် ဘက်တီးရီးယားဖြစ်ကြောင်း သိရှိနိုင်ရန် ဤအချက်အလက်များကို မျှဝေပါ။ 🙏

‼️ကိုယ်ခံအား နည်းနေသူများသာ သတိထားသင့်သည်။

🥤 ဤဓါတ်ရောင်ခြည်သည် ရောင်ရမ်းခြင်းနှင့် hypoxia ကိုဖြစ်စေသည်။

💉ခံရသူများသည် Asprin-100mg နှင့် Apronik သို့မဟုတ် Paracetamol 650mg သောက်သင့်သည်။

Crd:- စင်ကာပူကျန်းမာရေးဝန်ကြီးဌာန
*လက်ခံရရှိသည့်အတိုင်း ထပ်ဆင့်ပေးပို့သည်*

ที่อยู่

Lat Phrao Road
Bangkok
10240

เบอร์โทรศัพท์

+959697433750

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Update Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Update News:

แชร์