06/07/2025
" ..." သဲပင်လယ်မှာ မျက်စိမှောက်
လမ်းပျောက်နေသူ တစ်ယောက်အတွက်
ပြည်တန်တဲ့ကျောက်မျက်ရတနာက
သောက်ရေတစ်ခွက်လောက်
တန်ပါ့မလား...?
"..." မြစ်ချောင်းတွေ ခမ်းအောင်
ရေထမ်းနေရသူ
တစ်ယောက်အတွက်တော့
ဒီမနက်ရတဲ့ငွေဟာ
ညနေစား ဖြစ်ခြင်းဖြစ်သွားလိမ့်မယ်
"..." တန်ဖိုးဆိုတဲ့ အဖြေလွှာ
နေရာဒေသက ပေးတာလား
ဒါမှမဟုတ် အချိန်ကာလနဲ့ ရေးမှာလား ...?
" ပတ္တမြား ငမှောက်ကို လက်ညိုးထိုး...
ရှားပါးခြင်းက တန်ဖိုးလား...........?
" သိပ္ပံပညာကို မီးမောင်းထိုး
အသုံးဝင်ခြင်းက တန်ဖိုးလား...?
"..." ကျုပ်သိသလောက်ဖြေရရင်
နေရာဒေသတိုင်းအတွက်
အချိန်ကာလတိုင်းအတွက်
သက်ရှိတိုင်းအတွက်
မရှိမဖြစ်လိုအပ်ချက်နဲ့
တန်ဖိုးဖြတ်လို့မရတဲ့ အရာဟာ
မေတ္တာတရားနဲ့အောင်စီဂျင်ပါပဲ 😥💔
Daung 10 💌🕊
#အရေးတော်ပုံအောင်ရမည်