MYIN KWIN Media Right view and justice

မဂ်လာဦး ဓာတ်ပုံလေးတွေကို ချစ်တဲ့ပရိသတ်တွေဆီကို ချပြလိုက်တဲ့ စိုးမြတ်နန္ဒာ💑👩‍❤️‍💋‍👨👩‍❤️‍💋‍👨👩‍❤️‍💋‍👨👩‍❤️‍💋‍👨
27/11/2025

မဂ်လာဦး ဓာတ်ပုံလေးတွေကို ချစ်တဲ့ပရိသတ်တွေဆီကို ချပြလိုက်တဲ့
စိုးမြတ်နန္ဒာ💑👩‍❤️‍💋‍👨👩‍❤️‍💋‍👨👩‍❤️‍💋‍👨👩‍❤️‍💋‍👨



ယနေ့မှာတော့ သရုပ်ဆောင် ခိုင်သင်းကြည် ခင်ပွန်း "ကိုခန့်နိုင်" ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ👍👍🩷ကြည်နူးစရာမိသားစု ပြန်လည်ဆုံစ...
27/11/2025

ယနေ့မှာတော့ သရုပ်ဆောင် ခိုင်သင်းကြည် ခင်ပွန်း "ကိုခန့်နိုင်" ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ👍👍🩷

ကြည်နူးစရာမိသားစု ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီ🩷🩷🩷


 ဒေါ်စိုးမှ ကိုထူးအား Miss Universe လိုင်စင်လွှဲလိုက်ရပါပီ✌️Congratulations ပါ Ko htoo🩷
22/11/2025


ဒေါ်စိုးမှ ကိုထူးအား Miss Universe လိုင်စင်
လွှဲလိုက်ရပါပီ✌️
Congratulations ပါ Ko htoo🩷




The 46th Blue Dragon Film Awards မှာ အမြင့်ဆုံး ဆုကို တူတူရခဲ့ကြတဲ့ အချစ်တော် ဟွန်ဘင်း နှင့် ဆိုရီဂျင်တို့ စုံတွဲBest Ac...
20/11/2025

The 46th Blue Dragon Film Awards မှာ အမြင့်ဆုံး ဆုကို တူတူရခဲ့ကြတဲ့
အချစ်တော် ဟွန်ဘင်း နှင့် ဆိုရီဂျင်တို့ စုံတွဲ

Best Actor
• Hyun Bin - Harbin
Best Actress
• Son Yejin - No Other Choice




"ပန်ဆယ်လို" ကတော့ "ဥက္ကာမင်းမောင်" ကို စတင်တရားစွဲဆိုလိုက်ခြင်းပန်ဆယ်လိုရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှ တဆင့် နိုဝင်ဘာလ ၂၀...
20/11/2025

"ပန်ဆယ်လို" ကတော့ "ဥက္ကာမင်းမောင်" ကို စတင်တရားစွဲဆိုလိုက်ခြင်း

ပန်ဆယ်လိုရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှ တဆင့် နိုဝင်ဘာလ ၂၀ ရက် ၂၀၂၅ ခုနှစ်တွင် "ဥက္ကာမင်းမောင်" ကို စတင်တရားစွဲဆိုလိုက်ခြင်းဖြစ်သည့်အကြောင်း တရားဝင်အသိပေးလာခဲ့ပါတယ်၊၊
"ဥက္ကာမင်းမောင်(ခ) ရဲထူးဝင်းနဲ့ သက္ကမိုးညို (ခ) ဝင်းကိုကိုသိန်းတို့ရဲ့ နေ့စဉ်ရက်ဆက် မဟုတ်မမှန် တိုက်ခိုက်အသရေဖျက်မှုများအတွက် အမေရိကန်တရားရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် Greenberg Traurig LLP Law Firm ထံ အမှုအပ်နှံလိုက်ပြီ ဖြစ်ပါတယ်။
Greenberg Traurig LLP ဆိုတာက အမေရိကားရဲ့ Ranking အဆင့်(၈) ရှိတဲ့ ဂုဏ်သရေရှိ Law Firm တစ်ခုဖြစ်သလို မြို့ပေါင်းများစွာမှာ ရုံးခွဲတွေ ရှိသလို ကျွန်မတို့မြို့မှာလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် အင်မတန် Professional Fees မြင့်မားတဲ့ Law Firm ဖြစ်ပေမယ့် ကျွန်မဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ ဒီမိုကရေစီဆုရဖူးသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်အန္တရာယ်၊ ဂုဏ်သိက္ခာ၊ လိင်ပိုင်းဆိုင်ရာနှင့် အချက်အလက်ပေါက်ကြားမှုဆိုင်ရာ ချိုးဖောက်ခံရများ အကြိမ်များစွာ ကျူးလွန်ခံနေရသည့်အပေါ်မှာ စာနာဖေးမသည့်အနေဖြင့် သက်သာသော နှုန်းထားဖြင့် ဆောင်ရွက်ပေးဖို့ လက်ခံခဲ့ပါတယ်။
US မှာ အင်မတန်ထိရှလွယ်တဲ့ ကိုယ်ရေးအချက်အလက်များ၊ Passport ကဲ့သို့သော Identity များ၊ မိသားစုဝင်များနှင့် USAမှာ အထူးကာကွယ်ပေးသော ကလေးသူငယ် Minor ဖြစ်တဲ့ ကျွန်မရဲ့ အရွယ်မရောက်သေးသော သမီးလေးကိုပါမချန် ပုတ်ခတ်တိုက်ခိုက် ခြိမ်းခြောက်ခြင်း။ ဒီကျူးလွန်မှုပေါင်းများစွာကြောင့် သက်သေအခိုင်အမာဖြစ်ပြီ ဖြစ်တဲ့အတွက် Law Firm အနေနဲ့ ကျွန်မရဲ့ နစ်နာမှုများအတွက် တရားဥပဒေရဲ့ ပြစ်ဒဏ် (သို့မဟုတ်) လျော်ကြေး ရရှိစေရန် ဆောင်ရွက်ပေးဖို့အတွက်ပါ။
ကနဦးအနေနဲ့ တရားဥပဒေဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း Law Firm ဘက်မှ အသိပေးစာပေးပို့မှာဖြစ်ပြီး Defamation Lawsuit အထိ အဆင့်ဆင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ထပ်မံတိုက်ခိုက်မှု၊ ရန်ပြုမှုများထံမှ အကာအကွယ်ရရှိရန် ကနဦး တားမြစ်မိန့်မျိုး ရရှိရန်ကိုပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်ကို ဂုဏ်သရေပျက်ပြားရန် တိုက်ခိုက်ခြင်းမှတဆင့် (Facebook နှင့် Youtube ကဲ့သို့သော Monetization Tool များမှဖြစ်စေ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတစ်စုံတစ်ခုထံမှဖြစ်စေ) အခကြေးငွေ ရယူကြောင်း ထင်ရှားလျှင်လည်း California State Law အရ တရားစွဲဆိုနိုင်တဲ့ ပုဒ်မနဲ့ အခွင့်အရေးများ ရှိတာမို့ CA မှာ တရားစွဲလျှင် Defendant (သို့မဟုတ်) Defendant ရဲ့ ကိုယ်စားလှယ်ရှေ့နေက ဆင့်ခေါ်ရာ တရားရုံးကို ရောက်ရှိရာပြည်နယ်မှ ရုံးချိန်းတိုင်း တက်ရောက်ရမယ့် တာဝန်ရှိမှုမျိုးတွေကိုလည်း တာဝန်ယူရစေရန် လုပ်ဆောင်သွားပါ့မယ်။ (ပုဒ်မတွေကတော့ ကိုယ့်ဖာသာ လေ့လာကြည့်ကြပေါ့လေ)
“ငါက နာမည်တပ်ရေးတာမှ မဟုတ်တာ” ဆိုတဲ့အကွက်မျိုးက မြန်မာပြည်လိုနေရာမှာ ရနိုင်ပေမယ့် USA ရဲ့ အသရေဖျက်မှုဥပဒေနဲ့ Cyber Bullying နဲ့ ပတ်သက်သော ဥပဒေများမှာ အဲ့လိုမျိုး ရှောင်လွှဲလို့ မရပါဘူး။ ဒါကိုတော့ အလေးအနက် သိရှိထားဖို့ လိုပါတယ်။
ကျွန်မဟာ မြန်မာပြည်မှာ ရှိခဲ့စဉ်ကာလက စစ်တပ်နဲ့ မဘသများရဲ့ တရားစွဲဆိုမှုကို သုံးနှစ်ကျော်ရင်ဆိုင်ပြီး အမှုအနိုင်ရခဲ့ဖူးသူ ဖြစ်တဲ့ အတွေ့အကြုံအရ တန်ပြန်လာနိုင်တဲ့ ဥပဒေတန်ပြန်မှုများထံမှ အပြည့်အဝကာကွယ်နိုင်ရန် ပြင်ဆင်နေရခြင်းများကြောင့် ဒီကိစ္စကို အခုမှ ကြေညာနိုင်ခြင်း ဖြစ်ပါတယ်။
တရားတဘောင်ကိစ္စရပ်များဟာ အထူးသဖြင့် မိခင်နိုင်ငံမဟုတ်တဲ့မြေမှာ ပိုမိုရှည်လျားရှုပ်ထွေးတာကြောင့် ခွင့်လွှတ်ရန်ကြိုးစားခဲ့ပေမယ့် ခွင့်လွှတ်သင့်သည် အတိုင်းအတာထက် အဆပေါင်းများစွာ၊ များစွာ ကျော်လွန်ပြီဖြစ်တဲ့အတွက် ဒါဟာ ကျွန်မရဲ့ Own Battle အဖြစ် ရွေးချယ်လိုက်ပါပြီ။
သက်သေအထောက်အထားတွေဆိုတာ ပိုစ့်ဖျက်လိုက်ရုံနဲ့ ပျက်ဆီးမသွားအောင် Legal Way များဖြင့် ဆောင်ရွက်ပြီးစီးထားပြီဖြစ်ကြောင်း အသိပေးပါရစေ။
ကျွန်မအနေနဲ့ ဂုဏ်သိက္ခာဖျက်ဆီးမှုများအပြင် ဒုက္ခပေးမှုများ၊ တိုင်ကြားမှုများ၊ အန္တရာယ်နဲ့ စိတ်ဒုက္ခကြုံစေရန် ရည်ရွယ်ကြိုးပန်းမှုများကို ဒီနှစ်ကာလတောက်လျှောက် တွေ့ကြုံရင်ဆိုင်ခဲ့ရပြီးပြီဖြစ်တဲ့အတွက် မည်သည့်တန်ပြန်မှုမျိုးကိုမဆို ကာကွယ်မှုများ ပြင်ဆင်ထားပြီး ရင်ဆိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ထားတာမို့ အစွမ်းအစရှိရင် ဥပဒေကြောင်းအရ တုံ့ပြန်ရန်လည်း တရားဝင် စိန်ခေါ်အပ်ပါတယ်။
ထပ်မံတိုက်ခိုက်မှုများဟာလည်း ကျွန်မအတွက် အနိုင်ရရှိနိုင်ရန် Supportive ဖြစ်စေတဲ့ အရာတွေချည်းပဲ ဖြစ်တာမို့ မျှော်လင့်နေလျက်ပါ။
ကျွန်မဟာ မတရားရင် ကိုယ်တိုင်မပြောနဲ့၊ သူများကိစ္စ၊ နိုင်ငံကိစ္စအထိပါ ခေါင်းငုံ့မခံခဲ့ဘဲ ရရာနေရာ ရောက်ရာဘဝက ဖီဆန်တုံ့ပြန်တတ်သူဆိုတာ အားလုံးမျက်မြင်ပါပဲ။ သူတပါးကိစ္စတောင် မတရားရင် ထိုင်ကြည့်မနေသူမို့ ကိုယ့်အတွက်လည်းကိုယ် တရားမျှတမှု ပြန်ယူကို ယူမှာပါ။
ကျွန်မအတွက် ဒေါသထွက် စိတ်မကောင်းဖြစ်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေကိုရော ကျွန်မကိုယ်ကျွန်မကိုပါ ကတိပေးပါတယ်။ ဘယ်လောက်ပဲ ရှည်ကြာ၊ ရှည်ကြာ၊ ဘယ်လောက်ပဲ ပင်ပန်း၊ပင်ပန်း၊ ယူခဲ့ကြသမျှတွေ ပြန်ပေးကို ပေးရစေတဲ့အထိ လုပ်ဆောင်သွားပါ့မယ်။
ဒါဟာ တရားစွဲဆိုမည်ဖြစ်ကြောင်း တရားဝင်ကြေညာချက်ဖြစ်ပြီး လေဖြင့်ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း သိရှိစေရန် Law Firm ထံ အမှုအပ်နှံခြင်း Agreement Letter ရဲ့ ရှေ့ဆုံးစာမျက်နှာနဲ့ နောက်ဆုံးလက်မှတ်ထိုးထားတဲ့ စာမျက်နှာကို ပြသပေးလိုက်ပါတယ်။
မည်သည့် ညှိနှိုင်းမှုများကိုမှ လက်ခံမှာ မဟုတ်ကြောင်းနှင့် အစွမ်းအစရှိသလောက် တန်ပြန်နိုင်ကြောင်း တပါတည်း အသိပေးအပ်ပါတယ်။
ဘယ်တော့မဆို ပန်ဆယ်လို ပီသစေရပါမယ်" ဟု ရေးသားအသိပေးလာခဲ့ပါတယ်။၊



#ပန်ဆယ်လို

ကမ်းခြေမှာ အပန်းကာဖြေနေတဲ့ သရုပ်ဆောင်နေဝင်းမိသားစု😍🥰
19/11/2025

ကမ်းခြေမှာ အပန်းကာဖြေနေတဲ့ သရုပ်ဆောင်နေဝင်းမိသားစု😍🥰





19/11/2025

MRTV4 သရုပ်ဆောင် မင်းသမီးချော မုဏ်းနှင့် ဥ◌ီးနေလင်းအောင်တို့ရဲ့ မဂ်လာပွဲ ကြည်နူးစရာ ဗီဒီလိုလေးများဖြင့် စိန်နန်းတော်မှ တင်ဆက်ထားခြင်းဖြစ်ပါတယ်





MRTV 4 မင်းသမီး သရုပ်ဆောင် မင်းသမီး မုဏ်းရဲ့ စေ့စပ်တောင်းရမ်းမဂ်လာပုံရိပ်လေးတွေ...............🩷🩷🩷🩷ဦးနေလင်းအောင်နှင့်မဆု...
19/11/2025

MRTV 4 မင်းသမီး သရုပ်ဆောင် မင်းသမီး မုဏ်းရဲ့ စေ့စပ်တောင်းရမ်းမဂ်လာပုံရိပ်လေးတွေ...............🩷🩷🩷🩷

ဦးနေလင်းအောင်နှင့်မဆုနန္ဒာအောင် တို့ရဲ့စေ့စပ်တောင်းရမ်းမဂ်လာ





SWEETY HOME နှစ် (၃၀) ပြည့် အထိမ်းအမှတ် I Phone ကံထူးရှင် ရွေးချယ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပဆွိတီးဟုမ်း (SWEETY H...
10/11/2025

SWEETY HOME နှစ် (၃၀) ပြည့် အထိမ်းအမှတ် I Phone ကံထူးရှင် ရွေးချယ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပ
ဆွိတီးဟုမ်း (SWEETY HOME Industry Company Limited) ကုမ္ပဏီ၏ နှစ် ၃၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် အောက်တိုဘာ (၅) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ဝယ်ယူအားပေးခဲ့ကြသော ဖောက်သည်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် iPhone အလုံး ၃၀ ကံထူးရှင် ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ ညနေ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့ရှိ SWEETY HOME Living Mall (ကျိုက္ကဆံ) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
SWEETY HOME Living Mall နှစ် (၃၀)ပြည့် အထိမ်းအမှတ်အဖြစ် October 5 ရက်နေ့မှ 31 ရက်နေ့အထိ ပြုလုပ်ခဲ့သော Nationwide Promotion အစီအစဥ်တွင် ကျပ် တစ်သိန်းဖိုးမှစ၍ ဝယ်ယူခဲ့သည့် ဖောက်သည်များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Lucky Draw အစီအစဥ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကံစမ်းမဲအခမ်းအနားသို့ အနုပညာရှင်များဖြစ်ကြသည့် တေဇလင်းရောင်၊ နန်းဆုရတီစိုး၊ စိုးပြည့်သဇင်နှင့် ဖူးဖူး တို့မှ တက်ရောက်၍ ကံစမ်းမဲများ နှိုက်ပေးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်၊၊
#နှစ်၃၀ပြည့် #ဆွိတီးဟုမ်း

MPT မှ  သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500 MB ဒေတာ  လက်ဆောင်ပေးအပ်ရန်ကုန်- နိုဝင်ဘာ ၁မြန်မာနိုင်ငံ၏ ပထမဆုံ...
01/11/2025

MPT မှ သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500 MB ဒေတာ လက်ဆောင်ပေးအပ်
ရန်ကုန်- နိုဝင်ဘာ ၁

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT အနေဖြင့် SMS (စာတို) နှင့် အင်တာနက်ဝန်ဆောင်မှုများ အသုံးပြုရာ၌ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500MB ဒေတာလက်ဆောင် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်းသိရသည်။

အဆိုပါ အခက်အခဲကို MPT က အမြန်ဆုံးပြန်လည်ဖြေရှင်းခဲ့ပြီး ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ သုံးစွဲသူများ၏ သည်းခံနားလည်ပေးမှုကို ကျေးဇူးအထူးတင်ရှိသည့်အနေဖြင့် သုံးစွဲသူများအတွက် (၇) ရက် အသုံးပြုနိုင်မည့် 500MB ဒေတာလက်ဆောင်ကို (၅ ) ရက်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရပသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အကြံပေးအရာရှိဖြစ်သူ Mr. Yoshinori YAGI က “MPT သုံးစွဲသူတွေအနေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့အတွက် အနှုးအညွတ် တောင်းပန်လိုက်ရပါတယ်။ သုံးစွဲသူတွေရဲ့ သည်းခံနားလည်ပေးမှု အတွက် လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ MPT အနေနဲ့ မြန်မာနိုင်ငံအနှံ့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဖို့အတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။”ဟု ပြောကြားပါသည်။

MPT သည် သုံးစွဲသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ နှင့် အမြဲတမ်း တိုးတက်သော အတွေ့အကြုံများ ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုထားပါသည်။

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင်  မိတ်ဆက် ရန်ကုန်၊  နို...
01/11/2025

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် မိတ်ဆက်

ရန်ကုန်၊ နိုဝင်ဘာ (၁)

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် KBZMS General Insurance Company Limited တို့သည် မဟာဗျူဟာကျ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ATOM Store App မှတစ်ဆင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ဂုဏ်ယူစွာဖြင့် တရားဝင် မိတ်ဆက်ခဲ့ကြောင်းသိရသည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) ၏ ခေတ်မီဆန်းသစ်သော ကွန်ရက်စွမ်းရည်များ နှင့် KBZMS ၏ အာမခံလုပ်ငန်းကျွမ်းကျင်မှုတို့အား သေချာစွာ ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အာမခံအကာအကွယ် ဝန်ဆောင်မှုများ ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းစဉ်တွင် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် အက်တမ်(ATOM) နှင့် KBZMS တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လူနေမှုဘဝ အရည်အသွေးများ မြှင့်တင်ပေးရန် နှင့် အားလုံးပါဝင်လက်လှမ်းမီနိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ပိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေကြောင်း သက်သေ ပြုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ယခုမိတ်ဆက်မှုတွင် ခရီးသွားအာမခံ (KBZMS Travel Protect) နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (KBZMS Personal Accident Insurance) ဝန်ဆောင်မှုနှစ်မျိုးပါဝင်ပြီး သုံးစွဲသူများအနေဖြင့် ATOM Store App မှတစ်ဆင့် ရယူသုံးစွဲနိုင်ပြီဖြစ်ပါသည်။ ပူးတွဲထုတ်လုပ်သွားမည့် ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများမှာလည်း လက်ရှိတွင် အကောင်အထည်ဖော်ဆောင်လျက်ရှိနေပြီး အက်တမ်(ATOM) နှင့် KBZMS တို့ ပူးပေါင်း ဆောင်ရွက်မှု၏ နောက်တစ်ဆင့်အနေဖြင့် မကြာမီ မိတ်ဆက်သွားမည် ဖြစ်ပြီး ယခု ပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် အာမခံဝန်ဆောင်မှုများအတွက် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းတစ်ခုထဲဖြင့် အဆင်ပြေထိရောက်ချောမွေ့စွာ ဝယ်ယူခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လျော်ကြေး တောင်းခံခြင်းများအား နေရာမရွေး၊ အချိန်မရွေး ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

"အက်တမ်(ATOM) အနေနဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးတို့အတွက် အမြဲမပြတ် ကြိုးပမ်းလျက်ရှိရာမှာ KBZMS နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် ကျွန်တော်တို့ရဲ့ ပုံမှန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းထက်ကျော်လွန်ပြီး အမှန်တကယ် အားပေးမြှင့်တင်မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ မရှိမဖြစ်လိုအပ်တဲ့ အာမခံထုတ်ကုန်တွေကို လူမှုအသိုင်းအဝိုင်းထံသို့ အလွယ်တကူ ရောက်ရှိနိုင်အောင် ၄င်းတို့ကြုံတွေ့နေရတဲ့ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ အတားအဆီးတွေကို ကျော်လွန်နိုင်ပြီး လုံခြုံမှုတွေရှိလာစေဖို့ တိုးမြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ATOM Store App သုံးစွဲသူတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဆန်းသစ်တီထွင်မှု၊ အားလုံးပါဝင်နိုင်မှု နဲ့ သုံးစွဲသူများရဲ့ အနာဂတ် ကောင်းကျိုးအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရိုးရှင်းလုံခြုံစွာနဲ့ ချက်ချင်းရယူနိုင်စေရေးတို့မှာ ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်ကို တွေ့မြင်နိုင်ပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။

ထို့အပြင် ATOM Store App မှ တစ်ဆင့် အဆိုပါ အာမခံအကာအကွယ်များ ဝယ်ယူသည့် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ် အထိ ကျင်းပသွားမည့် အထူးကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကံထူးရှင်များအနေဖြင့် KBZMS ၏ မေတ္တာလက်ဆောင်မွန်အဖြစ် (၆) လ အကာအကွယ်ရှိသော အာမခံထားငွေ ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ ကိုယ်အင်္ဂါထိခိုက်မှုအာမခံပေါ်လစီ (Personal Accident Insurance Policy) အား ရရှိကြမည်လည်းဖြစ်ပါသည်။

KBZMS General Insurance ၏ အမှုဆောင်အရာရှိချုပ် ဦးလူမွန်အောင် ကလည်း "အခုမိတ်ဆက်ပွဲက မြန်မာနိုင်ငံရဲ့အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီနဲ့ အာမခံဝန်ဆောင်မှုကုမ္ပဏီတို့ကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကြံ့ခိုင်မှုစွမ်းရည်နဲ့ အားလုံးပါဝင် အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ KBZMS ရဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံလုပ်ငန်းကျွမ်းကျင်မှုတွေကို အက်တမ်(ATOM)ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံထားတဲ့ ခိုင်မာတဲ့ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ လာရောက်ပေါင်းစပ်လိုက်ပြီးတော့ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်ရရှိနိုင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ အက်တမ်(ATOM) နဲ့ အခုလို ပူးပေါင်းအကောင်အထည်ဖော်နိုင်ခဲ့ခြင်းနဲ့ ကျွန်တော်တို့တွေ ဝန်ဆောင်မှု ပေးနေတဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု တွေ ပူးတွဲဖန်တီးဖို့ ရေရှည်လမ်းစဉ် ချမှတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။

အက်တမ်(ATOM) နှင့် KBZMS တို့မှ အာမခံဝန်ဆောင်မှုများအား ပိုမိုလွယ်ကူအဆင်ပြေမှုရှိစေရန် ကြိုးပမ်းလျက်ရှိသောကြောင့် ဒစ်ဂျစ်တယ် ပလက်ဖောင်း ATOM Store App တစ်ခုတည်းမှတစ်ဆင့် မရှိမဖြစ်လိုအပ်သော အာမခံအကာအကွယ်များအား သုံးစွဲသူများ၏ လက်တစ်ကမ်းတွင် ရယူ အသုံးပြုနိုင်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းအားထုတ်မှုသည် ဝန်ဆောင်မှုများအား အဆင်ပြေချောမွေ့မှု ရှိလာစေရုံသာမက နေ့စဉ်လူမှုဘဝတွင် ငွေကြေးဆိုင်ရာ အသိပညာများနှင့် ငွေကြေးပိုင်းအရ ခိုင်မာမှုရှိစေရန်အတွက် မြှင့်တင်လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအနှံ့ မြို့နယ် (၃၀၀) ကျော်အထိ ကွန်ရက်လွှမ်းခြုံထားသော အက်တမ်(ATOM) သည် ATOM Store App တွင် အဆိုပါဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်းအားဖြင့် အာမခံကာကွယ်မှုများ အား သုံးစွဲသူတိုင်းအတွက် ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့ပါသည်။ ဤလုပ်ဆောင်ချက်သည် အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ဖော်ဆောင်မှုအား ချဲ့ထွင်ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေစွာ ရယူနိုင်စေမည်လည်း ဖြစ်ပါသည်။ အက်တမ်(ATOM) နှင့် KBZMS တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများအားချိတ်ဆက်ပေးရင်း၊ လူနေမှုဘဝများ တိုးတက်ပြီး လူမှုအဖွဲ့အစည်းများ ခိုင်မာလာစေနိုင်ရန် ပိုမိုကောင်းမွန်သော မြန်မာ့ဒစ်ဂျစ်တယ် အနာဂတ် ဖြစ်ထွန်းလာစေရေးဆိုသည့် အက်တမ်(ATOM) ၏ ရည်မှန်းချက်ကို ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။

အက်တမ်(ATOM) သည် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ် (EMS) ကို နိုင်ငံတကာစံညွှန်းများနှင့် အညီ ထိရောက်စွာအကောင်အထည်ဖော်နို...
27/10/2025

အက်တမ်(ATOM) သည် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ် (EMS) ကို နိုင်ငံတကာစံညွှန်းများနှင့် အညီ ထိရောက်စွာအကောင်အထည်ဖော်နိုင်ခဲ့မှုကြောင့် ISO 14001:2015 အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။

ဤအောင်မြင်မှုမှတ်တိုင်သည် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းဆောင်ရွက်မှုများအပေါ် အက်တမ်(ATOM) ၏ အလေးထားမှုကို ထင်ဟပ်ပြသနေပါသည်။ အက်တမ်(ATOM) သည် ISO 14001:2015 စံနှုန်းများနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သဘာဝနှင့်ညီညွတ်သော ပတ်ဝန်းကျင်မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ၎င်းလုပ်ငန်းများတွင်- စွမ်းအင်ချွေတာခြင်း၊ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်တို့ ပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များအား လျှော့ချရန် ရည်ရွယ်ပါသည်။

အက်တမ်(ATOM) အနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပြီး ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MYIN KWIN Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์