MYIN KWIN Media Right view and justice

လေးမျက်နှာ ရေဘေးသင့် ပြည်သူများအတွက် သရုပ်ဆောင်အကယ်ဒမီ ပြေတီဦး + အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစုနှင့် အလှူရှင်များ စုပေါင...
11/08/2026

လေးမျက်နှာ ရေဘေးသင့် ပြည်သူများအတွက် သရုပ်ဆောင်အကယ်ဒမီ ပြေတီဦး + အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစုနှင့် အလှူရှင်များ စုပေါင်းကာ သိန်း ပေါင်း (၄၀၅) သိန်း သွားရောက် လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ကျေးရွာများသို့ သရုပ်ဆောင်ပြေတီဦး + အိန္ဒြာကျော်ဇင် မိသားစုမှ သိန်း (၅၀) ကျပ် မတည်ကာ အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းငွေကျပ် (၄၀၅) သိန်းကို ၁၈ မိုင်တောရ ဆရာတော်နှင့်အတူ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြသည်။အဆိုပါ လှူဒါန်းမှုတွင်ပြေတီဦး + အိန္ဒြာကျော်ဇင် မိသားစု မတည်ငွေအပြင် Dr.ငွေတီဦးမှ သိန်း (၃၀)၊ ဒေါ်နီနီမှ (၅) သိန်း၊ ဒေါ်တီတီမှ (၅) သိန်း၊ ဦးအောင်ခန့်+ဒေါ်ဆွေတီဦးတို့မှ (၅) သိန်းကျပ်နှင့် အခြား မိတ်ဆွေများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် သွားရောက် ကူညီခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း ရေမြုပ်နေသည့် စပါးခင်းများနှင့် အခက်အခဲကြုံတွေ့နေရသည့် ရေဘေးသင့် ပြည်သူများ၏ အခြေအနေကို မြင်တွေ့ရသဖြင့် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း သွားရောက်ခဲ့သည့် အလှူရှင်များက ဆိုသည်။ထို့အပြင် ရေဘေးဒေသသို့ သွားရောက်စဉ် လမ်းများပျောက်ခြင်း၊ စက်လှေဆီကုန်၍ ရေလယ်တွင် ရပ်တန့်သွားခြင်း၊ မြွေများနှင့် တိုးခြင်းအပြင် မိုးရွာလိုက် နေပူလိုက်နှင့် ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများ၏ အခက်အခဲကို ပိုမိုကိုယ်ချင်းစာမိကြောင်းနှင့် သဘာဝဘေးအန္တရာယ်များမှ အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း ဆုတောင်းပေးထားကြသည်။

Breaking New-မြန်မာ့ဩဘာမှ လေးမျက်နှာရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ကျပ်သိန်းပေါင်း(၁,၄၀၀)ကျပ်အား  လှူဒါန်းသာဓု သာဓု သ...
11/08/2026

Breaking New-
မြန်မာ့ဩဘာမှ လေးမျက်နှာရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ကျပ်သိန်းပေါင်း(၁,၄၀၀)ကျပ်အား လှူဒါန်း

သာဓု သာဓု သာဓု

မြန်မာ့ဩဘာ စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီလိမိတက်သည် လတ်တလော ရေဘေးဒဏ် ခံစားနေရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့် ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် သိန်း ၁,၄၀၀ ဝန်းကျင် တန်ဖိုးရှိ အရေးပေါ် စားနပ်ရိက္ခာများကို ဩဂုတ် ၄ ရက်မှ ၆ ရက်နေ့အထိ (၃) ရက်ဆက်တိုက်သွားရောက် ကူညီထောက်ပံ့ခဲ့သည်။
အဆိုပါ ကူညီထောက်ပံ့မှုတွင် ဂွေးတောက်ကွင်း၊ ထိန်ငူ၊ ကုန်းစု၊ အိုင်သပြု အပါအဝင် ကျေးရွာ/ကယ်ဆယ်ရေးစခန်း အများအပြားရှိ အိမ်ထောင်စု (၂,၀၀၀) စု၊ လူဦးရေ (၆,၁၃၈) ဦးထံ သို့ တစ်အိမ်ထောင်လျှင် ကျပ် ၇၀,၀၀၀ ခန့် တန်ဖိုးရှိ ဆန် နှင့် ဆီ၊သောက်သုံးရေသန့်၊ခေါက်ဆွဲခြောက် နှင့် ကြက်ဥအပြင်
အခြား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလော အခက်အခဲများကို စေတနာရှေ့ထား၍ အချိန်မီ ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်၍လည်း လူမှုအကျိုးပြု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဩဘာ ကုမ္ပဏီမှ သတင်းရရှိသည်။

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေအမျာ...
10/08/2026

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်
ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင် စားသောက်ဖို့ထက် လွယ်လင့်တကူရွေးချယ်လိုက်မိတဲ့ နေထိုင်စားသောက်မှုပုံစံတွေက နေ့စဉ်ဘဝမှာ အမြဲကပ်ပါလာပါတယ်။ တစ်ချိန်တည်းမှာပဲ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ၊ မြန်မာ့လက်ဖက်ရည်လိုမျိုး အချိုများတဲ့ အစားအသောက်တွေ၊ ဆီကြော်၊ ဆီပြန်ဟင်းစတဲ့ အစားအစာတွေက နေ့စဉ် စားသောက်မှုပုံစံထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုး နေ့စဉ်ပြုမူနေထိုင်စားသောက်တဲ့ပုံစံတွေက ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို လျော့ကျစေတဲ့ အင်ဆူလင်ခုခံအားကို တဖြည်းဖြည်း အားကောင်းလာစေပြီး နောက်ဆုံးမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားးနိုင်ခြေက ပိုပြီး မြင့်တက်လာတာဖြစ်ပါတယ်။

အာရှနိုင်ငံအများစုမှာ မြို့ပြလူနေမှု ဖွံ့ဖြိုးလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေ၊ ပြောင်းလဲလာတဲ့ စားသောက်မှုအလေ့အကျင့်တွေက ကျန်းမာရေးပိုင်းမှာ စိန်ခါ်မှုတွေ ဖြစ်လာစေပြီး မြန်မာနိုင်ငံမှာလည်း တူညီတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်လာရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ STEPS Survey for Myanmar အစီရင်ခံစာအရ ဆီးချိုရောဂါဟာ စတင်ဖြစ်ပွားချိန်မှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြ်တတ်တာကြောင့် ဆီးချိုရောဂါ ခံစားနေရသူတော်တော်များများဟာ ကိုယ့်ကိုယ်ကိုယ်ရောဂါရှိနေမှန်း မသိကြပါဘူး။ အများစုက နောက်ဆက်တွဲ ရောဂါတွေကတစ်ဆင့် ကိုယ့်ရဲ့ ကျန်းမာရေး၊ လူမှုဘဝအခြေအနေတွေ ထိခိုက်လာပြီဆိုမှ ဆီးချိုရောဂါရှိနေမှန်း သတိပြုမိတတ်ကြပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါဟာ ရုတ်တရက် ဖြစ်ပွားတတ်တဲ့ ရောဂါတွေလိုမျိုးမဟုတ်ဘဲ မျိုးရိုးဗီဇနဲ့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပေါင်းစပ်ပြီး အချိန်တစ်ခုကြာမှ ဖြစ်ပွားတတ်တာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို အချိန်မီ သိရှိနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေကတစ်ဆင့် လူတစ်ယောက်ဟာ ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ်အခြေအနေကို သိရှိနားလည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို အချိန်မီ သိရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ဆီးချိုရောဂါရဲ့ ပြင်းထန် နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်ပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။

အာဟာရညီညွတ်မျှတတဲ့ အစားအစာတွေ ရွေးချယ်စားသုံးတာ၊ အချိုရည်တွေ လျှော့သောက်တာ၊ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာနဲ့ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူတာတွေက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သလို ဖြစ်ပွားမှုကိုလည်း ကြိုတင်တားဆီးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူငယ်တွေအတွက် အစောပိုင်းကတည်းက ကျန်းမာရေးနှင့်ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ခြင်းက ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပြီး ကြိုတင်ကာကွယ်တတ်တဲ့ ကျန်းမာရေးအသိ ပိုပြီး အားကောင်းလာစေပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားမှုအများစုက လူနေမှုဘဝပုံစံတွေနဲ့ ဆက်စပ်နေပေမဲ့ ဆီးချိုရောဂါဆိုတာ လူတစ်ဦးချင်းစီအပေါ် သက်ရောက်ပုံမတူညီတဲ့ ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်ခံအားစနစ်ကြောင့်ဖြစ်တဲ့ အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားနေရသူတွေကိုလည်း နားလည်သဘောပေါက်ပြီး ပံ့ပိုးကူညီပေးတတ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုရှိဖို့က အလွန်အရေးကြီးပါတယ်။

ဆီးချိုရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ရတဲ့ တစ်ယောက်ချင်းစီတိုင်းမှာ လိုအပ်ချက်တွေ မတူညီနိုင်တာကို သိရှိနားလည်ထားတဲ့ Zuellig Pharma အနေနဲ့ ဆီးချိုရောဂါအကြောင်း ပိုမိုသိရှိနားလည်စေနိုင်ဖို့၊ လိုအပ်တဲ့ ဆေးဝါး၊ ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုလက်လှမ်းမီနိုင်စေဖို့အတွက်နဲ့ ရည်ရွယ်ပြီး ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ Action4Diabetes (A4D) အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းပြီး ဖော်ဆောင်နေတဲ့ Aspire Scholarship Program ကနေလည်း မြန်မာနိုင်ငံအတွင်း အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားနေရတဲ့ လူငယ်တွေအတွက် ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းရင်း အနာဂတ်အိပ်မက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကူညီပေးလျက်ရှိပါတယ်။ ဒါ့အပြင် Novo Nordisk နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ဆီးချိုရောဂါဆိုင်ရာ အသိပညာဗဟုသုတတွေ ကျယ်ပြန့်လာစေဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ ဆီးချိုရောဂါ စောင့်ရှောက်မှုတွေကို ပိုမိုလက်လှမ်းမီ ရရှိနိုင်စေရေး အတွက် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

ပိုမိုကျန်းမာတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ နေ့စဉ် လူနေမှုဘဝ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်တတ်ဖို့ လိုအပ်သလို၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေအနေနဲ့လည်း ရောဂါကြိုတင် ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုလက်လှမ်းမီရရှိအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒီနေ့ကစတင်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမှသာ မြန်မာနိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးအန္တရာယ်တွေကို ပိုမိုနားလည်လာပြီး ပိုမိုကျန်းမာတဲ့ မနက်ဖြန်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်လာနိုင်တဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ပိုပြီး နားလည်သဘောပေါက်လိုသူတွေအတွက် International Diabetes Federation (IDF) ကနေ လွယ်ကူရိုးရှင်းတဲ့ အွန်လိုင်း ရောဂါရှာဖွေစစ်ဆေးမှု ပုံစံတစ်ခု ပြုလုပ်ပေးထားပါတယ်။ ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်နဲ့ ကောက်ချက်ချမှုတွေကို အပြည့်အဝ အစားမထိုးနိုင်ပေမဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စတင်ခန့်မှန်းနိုင်ဖို့၊ လိုအပ်လာရင် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့၊ ကျန်းမာရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အသုံးဝင်တဲ့ ပထမခြေလှမ်းတစ်ခုဖြစ်လာစေမှာပါ။

ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို စစ်ဆေးရန် - https://worlddiabetesday.org/t2d-risk-test/?utm

2026 Heyball Masters Tour ပြိုင်ပွဲမှာ Runner-up (ဒုတိယဆု) ဆွတ်ခူးခဲ့တဲ့ ဘုန်းမြင့်ကျော် (ခ) အားတီမြန်မာ့လက်ရွေးစင် ဘိလိ...
28/07/2026

2026 Heyball Masters Tour ပြိုင်ပွဲမှာ Runner-up (ဒုတိယဆု) ဆွတ်ခူးခဲ့တဲ့ ဘုန်းမြင့်ကျော် (ခ) အားတီ

မြန်မာ့လက်ရွေးစင် ဘိလိယက်နှင့် စနူကာ အားကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ဟာ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2026 Heyball Masters Tour (Zhengzhou Airport Economy Zone Stop) အဆင့်မြင့် နိုင်ငံတကာပြိုင်ပွဲကြီးမှာ Runner-up (ဒုတိယဆု) ကို ဂုဏ်ယူစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်း အားကစားသမားများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ အဆိုပါ ပြိုင်ပွဲကြီးမှာ အားတီဟာ International Qualifying အဆင့်ကနေစလို့ Main Draw (Top 64)၊ Top 32၊ Top 16၊ Quarter Final နဲ့ Semi Final အဆင့်တွေအထိ ပြိုင်ဘက်တွေကို အဆင့်ဆင့် အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာပါ။
ဗိုလ်လုပွဲမှာတော့ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကစားသမား Chu Bingjie နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ၃၄-၃၇ ဆိုတဲ့ ရမှတ်အနည်းငယ် အကွာအဝေးနဲ့ အရေးနိမ့်ခဲ့ရပေမဲ့လည်း အခုလို ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ မြန်မာ့ဘိလိယက် အားကစားသမိုင်းမှာ မှတ်တမ်းဝင် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီအောင်မြင်မှုအတွက် မြန်မာ့ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် (MMBSF) ကလည်း ဘုန်းမြင့်ကျော်ကို နိုင်ငံတော်ကိုယ်စားပြု၍ အထူးဂုဏ်ပြုကြောင်း မှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။

Sweety Home Living Mall (ကျိုက္ကစံ) မှာ ကျင်းပခဲ့တဲ့ ‘ကော်ဖီသောက်ရင်း စာဖတ်ပါ’ စာပေဟောပြောပွဲကျင်းပရန်ကုန်မြို့၊ တာမွေမြ...
28/07/2026

Sweety Home Living Mall (ကျိုက္ကစံ) မှာ ကျင်းပခဲ့တဲ့ ‘ကော်ဖီသောက်ရင်း စာဖတ်ပါ’ စာပေဟောပြောပွဲကျင်းပ

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Sweety Home Living Mall (ကျိုက္ကစံ) မှာ စာပေမြတ်နိုးသူတွေအတွက် သီးသန့်ရည်ရွယ်ပြီး ‘ကော်ဖီသောက်ရင်း စာဖတ်ပါ’ စာပေဟောပြောပွဲကို ဇူလိုင်လ (၁၈) ရက်နဲ့ (၁၉) ရက်နေ့တို့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်၊၊ ဇူလိုင် (၁၈) ရက်နေ့မှာ သရုပ်ဆောင် ဟင်နရီစံတက်ရောက်ခဲ့ပြီး စာရေးဆရာ သိုးဆောင်း နဲ့ စာရေးဆရာမ မွန်ဟော်စီ တို့က စာပေမြတ်နိုးသူ ပရိသတ်တွေအတွက် စာပေအမြုတေများကို ပါဝင်ဟောပြော ဆွေးနွေးပေးခဲ့ကြပါတယ်။ #ကော်ဖီသောက်ရင်းစာဖတ်ပါ #စာပေဟောပြောပွဲ #စာရေးဆရာသိုးဆောင်း #စာရေးဆရာမွန်ဟော်စီ

အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား ထပ်မံရွေးချယ်ချီးမြှင့်ပြီး ...
24/07/2026

အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား ထပ်မံရွေးချယ်ချီးမြှင့်ပြီး သုံးစွဲသူများ၏ ဘဝကို ကူညီပံ့ပိုး
• တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား တရားဝင် ထုတ်ပြန်ကြေညာခဲ့။
• စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) ပေးအပ်မည့် တစ်နှစ်တာ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် အက်တမ်(ATOM) သုံးစွဲသူအားလုံးအတွက် ဘဝအပြောင်းအလဲ ဖြစ်စေမည့် အတွေ့အကြုံ ကောင်းများနှင့် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထား။
• အက်တမ်(ATOM) သည် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရုံသာမက သုံးစွဲသူဗဟိုပြု၍ ဆန်းသစ်တီထွင်သော အတွေ့အကြုံကောင်းများကိုပါ ပေးအပ်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ။
ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့။ ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိသည့် ‘ကံထူးရင်းကံမြူး’ အစီအစဉ်၏ ဒုတိယသုံးလပတ် ကံထူးရှင် (၃) ဦးကို တရားဝင် ရွေးချယ် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် Sule Square ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပခဲ့ပြီး ကံထူးရှင်များမှ ယခုရရှိသော ဆုကြီးသည် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုလူနေမှု ဘဝအပေါ် မည်ကဲ့သို့ အပြုသဘောဆောင်သည့် ပြောင်းလဲမှုကောင်းများ သယ်ဆောင်လာကြောင်း ကျေးဇူးတင်စကားနဲ့အတူ မျှဝေပြောကြားခဲ့ကြသည်။ ယခုအကြိမ် မဲနှိုက်ရွေးချယ်မှုနှင့်အတူ အက်တမ်(ATOM) အနေဖြင့် ပထမနှစ်ဝက်ကာလအတွင်း၌ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင် စုစုပေါင်း (၆) ဦးအထိ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် သုံးစွဲသူများ၏ ယုံကြည်အားပေးမှုကို အသိအမှတ်ပြုရန်၊ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဖန်တီးပေးရန်နှင့် နေ့စဉ် အက်တမ်(ATOM) ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှတစ်ဆင့် ထပ်ဆောင်း ဆုလာဘ်များကို ပိုင်ဆိုင်ကာ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြုလုပ်သွားမည့် ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်တွင် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) အထိ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ဧပြီလမှ ဇွန်လအထိ ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သော ကံစမ်းမဲလက်မှတ်များအနက် မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်မှ ကိုးတန်းကျောင်းသား ကိုခိုင်ခန့်ကျော်၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှ ကွမ်းသီးအရောင်းအဝယ် ပြုလုပ်သူ ဦးမောင်ဌေး နှင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ အရောင်းဝန်ထမ်း မဝင်းစန္ဒာ တို့သည် ကျပ်သိန်း (၁,၀၀၀) စီ အသီးသီးရရှိကာ အထူးဆုရှင် (၃) ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ အထူးဆုကြီးများအပြင် အခြားသော သုံးစွဲသူ ရာပေါင်းများစွာကိုလည်း ဖုန်းငွေဖြည့်ကတ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပါဝင်ကံစမ်းသူများအတွက် ပိုမိုစိတ်လှုပ်ရှားစရာ အစီအစဉ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို တကယ်တမ်း ပြောင်းလဲတိုးတက်စေမယ့် အခွင့်အလမ်း ကောင်းတွေကို ဖန်တီးပေးပြီး မြန်မာပြည်သူတွေရဲ့ ဘဝကို ပိုမိုအနှစ်သာရရှိအောင် မြှင့်တင်ပေးဖို့ ကတိပြု ထားပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ "'ကံထူးရင်းကံမြူး' အစီအစဉ်ဟာ ဆုလက်ဆောင်ပေးအပ်တဲ့ အစီအစဉ်တစ်ခုသာမကဘဲ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးဖို့၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးဖို့နဲ့ အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်ပေးဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပါဝင်တဲ့ ကံစမ်းမဲတစ်စောင်ချင်းစီတိုင်းဟာ သုံးစွဲသူတွေက အက်တမ်(ATOM) အပေါ် ထားရှိတဲ့ ယုံကြည်မှုကို ဖော်ပြနေတာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ‘ပိုမိုကောင်းမွန်သော လူနေမှုဘဝ’ ကို ပေးအပ်ရန်ဆိုတဲ့ ကတိကဝတ်ကို တည်တံ့စေဖို့နဲ့ နေ့စဉ်အသုံးပြုတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ကတစ်ဆင့် ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဆက်လက် ဖန်တီးပေးနိုင်ဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဇူလိုင်လလယ် မှစတင်၍ အက်တမ်(ATOM) သည် သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်၊ ချောမွေ့ပြီး ပွင့်လင်း မြင်သာမှုရှိသော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ နေ့စဉ်သုံးဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသည်နှင့်တစ်ပြိုင်နက် ကံစမ်းမဲလက်မှတ်များကို ချက်ချင်းရရှိနိုင်မည့်စနစ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် အက်တမ်(ATOM) ၏ first-to-market ဖြစ်သည့် ‘Angel Hour’ အစီအစဉ်မှတစ်ဆင့် နေ့တစ်နေ့၏ သတ်မှတ်ထားသော အချိန်အပိုင်းအခြားများတွင် ဝန်ဆောင်မှုရယူပါက ကံစမ်းခွင့်လက်မှတ် နှစ်ဆအထိ ပေးအပ်ပြီး ပိုမိုကံထူးနိုင်မည့် အခွင့်အရေးများကို ဆက်လက်ဖန်တီးပေးထားသည်။
အက်တမ်(ATOM) ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာအရာရှိချုပ် Mr. Ahsan Syed မှ လည်း "တစ်နိုင်ငံလုံးက သုံးစွဲသူတွေရဲ့ အားပေးမှုက တကယ့်ကို အားရကျေနပ်စရာ ကောင်းပါတယ်။ ဒီ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်နဲ့ သုံးစွဲသူတွေအကြား ပိုမိုခိုင်မာတဲ့ ဆက်နွှယ်မှုတွေ တည်ဆောက်ဖို့အတွက် ဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်မှုတွေ ကတစ်ဆင့် သုံးစွဲသူတွေ အနေနဲ့ channel မျိုးစုံကနေ ရိုးရှင်းလွယ်ကူစွာ ပါဝင်ကံစမ်းနိုင်အောင် စနစ်တကျ ပြုလုပ်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တိုင်းကို သုံးစွဲသူတွေရဲ့ လိုအပ်ချက်ပေါ်အခြေခံပြီး ပုံဖော်ထားတာဖြစ်လို့ နောင်မှာ လည်း ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေ၊ အဆင်ပြေချောမွေ့မှုတွေနဲ့ ဘဝကို ပြောင်းလဲစေမယ့် အခိုက်အတန့် တွေကို ပေးစွမ်းနိုင်ဖို့ ဆန်းသစ်တဲ့ အတွေ့အကြုံတွေကို ဆက်လက် မိတ်ဆက်ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။
အက်တမ်(ATOM) အနေဖြင့် စနစ်တကျ စိစစ်မှုများနှင့် အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိသော ကံထူးရှင်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို အသေအချာ ပြုလုပ်ပေးလျက် ရှိသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ ဆက်လက်ပြုလုပ် သွားမည် ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် ကံထူးနိုင်မည့် အခွင့်အလမ်းများကို အရယူနိုင်ရန် ဆက်လက်ပါဝင်ကံစမ်းကြဖို့ တိုက်တွန်းအပ်ပါသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အက်တမ်(ATOM) ၏ တရားဝင်ဝက်ဘ်ဆိုက် တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ကမ္ဘာကျော် ပေါ့ပ်စတား Taylor Swift နဲ့ NFL စတား Travis Kelce တို့ရဲ့ ရုပ်ရှင်ဆန်ဆန် အချစ်ခရီးလမ်းကမ္ဘာတစ်ဝန်းက ပရိသတ်တွေ...
16/07/2026

ကမ္ဘာကျော် ပေါ့ပ်စတား Taylor Swift နဲ့ NFL စတား Travis Kelce တို့ရဲ့ ရုပ်ရှင်ဆန်ဆန် အချစ်ခရီးလမ်း

ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အသည်းယားစရာ စိတ်ဝင်စားနေရတဲ့ Taylor Swift နဲ့ Travis Kelce တို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ တကယ်တော့ ထရက်ဗစ်က တေလာရဲ့ Eras Tour ဖျော်ဖြေပွဲမှာ သူ့ဖုန်းနံပါတ်ပါတဲ့ ချစ်ကြည်ရေးလက်ပတ် (Friendship Bracelet) လေးကို ပေးဖို့ကြိုးစားခဲ့ပေမယ့် မပေးလိုက်ရဘဲ လွဲချော်ခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ထရက်ဗစ်က သူ့ရဲ့ New Heights ပေါ့ဒ်ကတ်စ်မှာ ပွင့်ပွင့်လင်းလင်း ချပြခဲ့ပြီးနောက်မှာတော့ တေလာက ဒီအကြောင်းကို ကြားသိသွားပြီး သူတို့နှစ်ဦးဟာ လူအများ မရိပ်မိခင်ကတည်းက သီးသန့်စကားပြောကာ အပြန်အလှန် သိကျွမ်းခဲ့ကြတာပါ။ အဲဒီနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ တေလာတစ်ယောက် ထရက်ဗစ်ရဲ့ ပွဲစဉ်ကို ကွင်းထဲအထိ ပထမဆုံးအကြိမ် လာရောက်အားပေးခဲ့ပြီး ထရက်ဗစ်ရဲ့ မိခင် ဒေါ်နာကယ်လ်ဆီနဲ့အတူ ဘောလုံးပွဲကြည့်စင်မြင့်ထက်မှာ အတူရှိနေခဲ့တဲ့ မြင်ကွင်းက အင်တာနက်တစ်ခွင်ကို ပွက်လောရိုက်သွားစေခဲ့ပါတယ်။ တေလာဟာ နောက်ပိုင်းပွဲစဉ်တွေမှာလည်း ထရက်ဗစ်ကို အမြဲလာရောက်အားပေးခဲ့သလို၊ ထရက်ဗစ်ကိုယ်တိုင်ကလည်း တေလာရဲ့ ကမ္ဘာကျော်စတားဖြစ်မှုကို မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြခဲ့တာကြောင့် သူတို့ရဲ့ ဆက်ဆံရေးဟာ ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ နယူးယောက်မြို့လယ်ခေါင်မှာ လက်ချင်းချိတ်ပြီး လူသိရှင်ကြား လျှောက်လည်ခဲ့ကြသလို၊ တစ်ဦးနဲ့တစ်ဦးရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာခဲ့ကြပါတယ်။ ပိုပြီးရိုမန်းတစ်ဆန်ခဲ့တာကတော့ အာဂျင်တီးနား ဖျော်ဖြေပွဲမှာ တေလာက သူမရဲ့ “Karma” သီချင်းစာသားကို “Karma is the guy on the Chiefs” လို့ ထရက်ဗစ်အတွက် ပြောင်းလဲသီဆိုပေးခဲ့ပြီး ပွဲအပြီးမှာလည်း လူပုံအလယ်မှာ ပြေးဖက်ကာ နမ်းရှုံ့ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အလုပ်များပြားတဲ့ ပြက္ခဒိန်တွေ ရှိကြပေမယ့် အဝေးရောက် အချစ်ခရီးလမ်းကို အပြန်အလှန် အားပေးကူညီရင်း ကြိုးစားဖြတ်သန်းနေကြတာကတော့ တကယ့်ကို အားကျစရာကောင်းလှပါတယ်....

ကင်ဆာတိုက်ပွဲအလွန် တော်ဝင်စင်မြင့်ထက်က မင်းသမီး Kate Middleton အပေါ် ကျရောက်နေတဲ့ ဖိအားများဗြိတိန်တော်ဝင်မင်းသမီး ကိတ်မစ...
16/07/2026

ကင်ဆာတိုက်ပွဲအလွန် တော်ဝင်စင်မြင့်ထက်က မင်းသမီး Kate Middleton အပေါ် ကျရောက်နေတဲ့ ဖိအားများ

ဗြိတိန်တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန် (Kate Middleton) ဟာ ကင်ဆာရောဂါကုသမှု ခံယူပြီးနောက်ပိုင်း တော်ဝင်တာဝန်တွေဆီ တဖြည်းဖြည်း ပြန်လည်ခြေလှမ်းပြင်လာခဲ့ပေမယ့် တော်ဝင်ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ သူမရဲ့ ပြန်လည်ပွဲထွက်လာမှုဟာ ယခင်ကထက် ပိုမိုကြီးမားတဲ့ မျှော်လင့်ချက် ဖိအားတွေကို သယ်ဆောင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိတော်ဝင်မိသားစုထဲမှာ လူကြိုက်အများဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး "Rockstar" တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကိတ်မစ်ဒယ်လ်တန်ဟာ ပွဲထွက်လာတိုင်း တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိနေတာကြောင့် ကျန်းမာရေးပြန်လည်ကောင်းမွန်လာခါစဖြစ်တဲ့ သူမအတွက် ဒါဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေရတာပါ။ လက်ရှိမှာ သူမဟာ ကင်ဆာရောဂါ ပျောက်ကင်းသက်သာရာရရှိပြီ (Remission) ဖြစ်ပေမယ့် ပုံမှန်အခြေအနေသစ်တစ်ခုဆီ ရောက်ဖို့ အချိန်ယူရဦးမှာဖြစ်လို့ ကျန်းမာရေးကို ဆက်လက်ဦးစားပေးနေဆဲဖြစ်ပြီး လတ်တလောလပိုင်းတွေမှာတော့ အီတလီနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားခြင်း၊ ကလေးသူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းနဲ့ ကင်ဆာကုသရေးရန်ပုံငွေအတွက် တောင်တက်စိန်ခေါ်မှုများ အပြင် မိသားစုနဲ့အတူ အပန်းဖြေပွဲတက်ခြင်းတို့ကိုပါ လုပ်ဆောင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လာမယ့်နိုဝင်ဘာလ အိန္ဒိယနိုင်ငံခရီးစဉ်အပါအဝင် ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံတွေဆီ သွားရောက်ဖို့ ရှိနေပေမယ့် သူမအနေနဲ့ ယခင်ကလောက် တော်ဝင်ပွဲတွေကို အဆက်မပြတ် တက်ရောက်တော့မှာ မဟုတ်ဘဲ ရေရှည်ကျန်းမာရေးအတွက် စနစ်တကျ စိစစ်ပြီးမှသာ ဖြည်းဖြည်းချင်း တက်ရောက်သွားတော့မှာ ဖြစ်ပါတယ်၊၊

"နားမကြားပေမယ့် မိုးထဲလေထဲ ရအောင်ရုန်းကန်နေရရှာတဲ့ အသက် (၉၀) ကျော် နတ်ကတော်ဘဘ... အခုတော့ နေမကောင်းဖြစ်ပြီး စကားတောင် မပြ...
16/07/2026

"နားမကြားပေမယ့် မိုးထဲလေထဲ ရအောင်ရုန်းကန်နေရရှာတဲ့ အသက် (၉၀) ကျော် နတ်ကတော်ဘဘ... အခုတော့ နေမကောင်းဖြစ်ပြီး စကားတောင် မပြောနိုင်တော့ရှာဘူး"

အရင်က ပရိသတ်တွေ ကူညီခဲ့ဖူးကြတဲ့ တောင်ဥက္ကလာက အသက် (၉၀) ကျော် နတ်ကတော်အဘိုးလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်၊၊ နားမကြားရရှာပေမယ့် သူတစ်ပါးဆီက အလကားမလိုချင်ဘဲ ရအောင်ရုန်းကန်ပြီး လမ်းဘေးမှာ စျေးရောင်းရှာတဲ့ ဘဘက အခုရက်ပိုင်းမှာ နေမကောင်းဖြစ်နေရှာပါတယ်။လက်ရှိမှာ ဘဘက "ရင်တွေပူပြီး အကြောတွေထိုးနေလို့" တော်တော်လေး ဝေဒနာခံစားနေရသလို၊ စကားလည်း ကောင်းကောင်းမပြောနိုင်တော့ပါဘူး။ ဒါပေမယ့် စားဝတ်နေရေးကြောင့် မိုးရွာနေရင်တောင် လာပြီး စျေးရောင်းနေရရှာတုန်းပါပဲ။ဘဘခမျာ ကိုယ်ပိုင်အိမ်မရှိလို့ တူမဝမ်းကွဲတော်စပ်သူက တောင်ဥက္ကလာမှာ နေစရာနေရာလေး ပေးထားလို့သာ ကံကောင်းရှာတာပါ။ဆိပ်ကမ်းသာလမ်းနဲ့ အနော်ရထာလမ်းထောင့်က CCTV ဆိုင်ရှေ့မှာလို့သိရပါတယ်၊၊နေ့စဉ် လာရောက်ရောင်းချလေ့ရှိပါတယ် (အဲဒီနား ဖြတ်သွားဖြတ်လာရှိရင် ဘဘဆီကနေ ဝယ်ယူအားပေးပြီးဖြစ်စေ၊ တတ်နိုင်သလောက် ကူညီပြီးဖြစ်စေ ကုသိုလ်ယူပေးကြပါဦးနော်...🙏အားလုံးလည်း ဘဘကို မြင်တွေ့ရင် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါဦးနော်။ ဘဘလည်း အမြန်ဆုံး သက်သာကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်...🙏 #လှူဒါန်းမှု #ဝိုင်းဝန်းကူညီကြပါစို့

SWEETY HOME Coffee and Book Fair 2026 ကျင်းပမည်စာပေချစ်မြတ်နိုးသူများနှင့် ကော်ဖီဝါသနာအိုးများအတွက် ရည်ရွယ်ထားသည့် Coffe...
15/07/2026

SWEETY HOME Coffee and Book Fair 2026 ကျင်းပမည်

စာပေချစ်မြတ်နိုးသူများနှင့် ကော်ဖီဝါသနာအိုးများအတွက် ရည်ရွယ်ထားသည့် Coffee and Book Fair 2026 ပြပွဲကြီးကို လာမည့် ဇူလိုင်လ (၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် SWEETY HOME Living Mall (ကျိုက္ကစံ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ဤပွဲလေးတွင် လူကြိုက်များ သည့် နာမည်ကြီး ကော်ဖီဆိုင်များနှင့် စာအုပ်ဆိုင်များ စုံစုံလင်လင် ပါဝင်ပြသရောင်းချသွားမည် ဖြစ် သည်။
ထူးခြားဆန်းသစ်သည့် အစီအစဉ်များ
• စာပေဟောပြောပွဲ (ပထမရက်): စာရေးဆရာ သိုးဆောင်း နှင့် စာရေးဆရာမ မွန်ဟော်စီ တို့၏ စာပေဟောပြောပွဲကို အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။
• Special Guest: ပွဲသို့ အထူးဧည့်သည်တော်အဖြစ် သရုပ်ဆောင် Henry San လည်း တက်ရောက်အားဖြည့်ပေးသွားမည် ဖြစ်သည်။
• ဒုတိယရက် (July 19) အစီအစဉ်: စာအုပ်ဆိုင်များနှင့် ကော်ဖီဆိုင်များကို ဆက်လက်ဖွင့် လှစ်ထားမည်ဖြစ်ပြီး မိမိနှစ်သက်သည့် စာအုပ်ကောင်းများကို စိတ်ကြိုက်ရွေးချယ်ရင်း ကော်ဖီအရသာကို အေးအေးလူလူ ခံစားနိုင်မည် ဖြစ်သည်။
ပါဝင်မည့်ဆိုင်များ
• စာအုပ်ဆိုင်များ: Yangon Book Plaza၊ 123 Book Store၊ Reader’s Paradise နှင့် တက္ကသိုလ်ဦး စာပေ။
• ကော်ဖီဆိုင်များ: Genius Coffee နှင့် Boo Boo Coffee။
အထူးပရိုမိုးရှင်း
• ပွဲရက်အတွင်း Sweety Home မှ ပစ္စည်းများ ဝယ်ယူပါက ဝယ်ယူမှုပမာဏအလိုက် ကော်ဖီဆိုင်များတွင် လဲလှယ်သောက်သုံးနိုင်မည့် ကူပွန် (Coupon) များနှင့် Reader’s Paradise Premium Package များ အပြင် ပွဲနေ့တွင် သရုပ်‌ဆောင် ဟင်နရီစံနှင့်အတူ တွဲရိုက်ထားသောပုံအား hashtag နှင့်အတူ ဖေ့ဘုတ်တွင် တင်ပါက လက်ဆောင်ပစ္စည်းများကိုပါ ရရှိနိုင်မည့် အထူးအခွင့်အရေးများ ရှိပါသည်။
• ပျော်စရာ ဉာဏ်စမ်းအမေးအဖြေ အစီအစဉ်များတွင် ပါဝင်ပြီး လက်ဆောင်ပစ္စည်းများ ရယူနိုင် မည့်အပြင်၊ အမှတ်တရဓာတ်ပုံလှလှလေးများ ရိုက်ကူးနိုင်ရန် သက်တောင့်သက်သာ ရှိမည့် Photo Booth ကိုလည်း စီစဉ်ပေးထားပါတယ်နော်။
စာအုပ်ဖတ်ရင်း ကော်ဖီမွှေးမွှေးလေး သောက်သုံးချင်သူများအတွက် လက်မလွှတ်သင့်သည့် ပွဲကြီးဖြစ်သ ဖြင့် အားလုံးကို လာရောက်လေ့လာရန် ဖိတ်ခေါ်လိုက်ရပါသည်။
ပွဲကျင်းပမည့်အသေးစိတ်အချက်အလက်များ
• ပွဲကျင်းပမည့်ရက်များ: 2026 ဇူလိုင်လ ၁၈ ရက် နှင့် ၁၉ ရက် (စနေ၊ တနင်္ဂနွေ)
• ပွဲကျင်းပမည့်အချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ
• ပွဲကျင်းပမည့်နေရာ: Sweety Home Kyaikkasan Living Mall၊ အမှတ် (2A1/16G)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

မြင်ကွင်းမီဒီယာ

lovers

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MYIN KWIN Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์