21/09/2025
တစ်နေ့ကနားထောင်မိတာလေး သဘောကျလို့ မှတ်မိသလောက်ပြန်ရေး လိုက်တာပါ။ လူငယ်လေးတစ်ယောက်က အောင်မြင်တဲ့ လူလတ်ပိုင်းတစ်ယောက်ကို မေးထားတာလေးပါ။
မေး ။ ။
အာရုံလွှင့်စေတဲ့အကြောင်းအရာတွေကို ဘယ်လိုဖြတ်တောက်ပစ်ရမလဲ။ Facebook သုံးတာ၊ Social Media သုံးတာ၊ ဂိမ်းဆော့တာ တို့လိုမျိုးတွေပေါ့၊ video game အပါပေါ့။
ဖြေ။ ။
မင်းမစွန့်လွှတ်ချင်တဲ့အရာတွေက မင်းအိပ်မက်တွေဆီရောက်ဖို့ နှောင့်နှေးစေမယ့် အရာတွေဖြစ်လိမ့်မယ်။
မစွန့်လွှတ်ချင်တဲ့အရာတွေ အရမ်းများနေရင်တော့ မင်းဘဝမှာ အရေးကြီးတာတွေကို အောင်မြင်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။
ကျွန်တော် ကားအလန်းကြီး မောင်းလာတာ လူတွေမြင်တဲ့အခါ
ကိုယ်ပိုင်လေယာဉ်ကွင်းမှာ လေယာဉ်နဲ့ဆင်းလာတဲ့အခါ
လူတွေ ကျွန်တော့်ကို ဒီမေးခွန်း အမြဲမေးတယ်။
ခင်ဗျားအောင်မြင်အောင် ဘာလုပ်ခဲ့သလဲ?
အဲ့အခါ
ကျွန်တော် လုပ်ခဲ့တာတွေကြောင့်မဟတ်ဘူး။
ကျွန်တော် မလုပ်ခဲ့တာတွေကြောင့် အောင်မြင်တာ။
ကျွန်တော် အရက်မသောက်ဘူး။
အချိုမစားဘူး။
နေ့တိုင်းမနက် ၄နာရီအိပ်ယာကထတယ်။
နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်တယ်။
မင်းရဲ့အကျင့်ဆိုးတွေကိုသာ ဖျောက်လိုက်မယ်ဆိုရင်
မင်းကိုနောက်ပြန်ဆွဲထားတဲ့ အကျင့်ဆိုးတွေပေါ့။
ဒါတွေကို မလုပ်ရင် မင်းကို ပိုတော်တဲ့သူဖြစ်လာစေဖို့ နေရာတွေ၊ အချိန်တွေ ထွက်လာမယ်။
21 Sep,2025