MG & PPA Channel We forget this life's one time.Never second chances on this dimension abuse it & use it stay alive

11/07/2025

မဂ်လာပါ #

အရာအားလုံးက ဆက်စပ်နေကြတာပါ
14/06/2025

အရာအားလုံးက ဆက်စပ်နေကြတာပါ


လူတွေဟာ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာပြီ ဆိုရင်

မဂ်လာပါ အားလုံး     ゚viralシ
08/06/2025

မဂ်လာပါ အားလုံး

゚viralシ

🥀သူများအပေါ်မကောင်းကြံတဲ့စိတ်ကကိုယ့်ကိုယ်ကို ပြန်ထိတတ်တယ်...။🥀သူများအပေါ်မနာလိုခြင်းဟာလည်းအရင်ဆုံး ကိုယ်ပဲ ပူလောင်ရတယ်...။...
08/06/2025

🥀
သူများအပေါ်
မကောင်းကြံတဲ့စိတ်က
ကိုယ့်ကိုယ်ကို ပြန်ထိတတ်တယ်...။

🥀
သူများအပေါ်
မနာလိုခြင်းဟာလည်း
အရင်ဆုံး ကိုယ်ပဲ ပူလောင်ရတယ်...။

🥀
အရာအားလုံးရဲ့အပေါ်ကို
မေတ္တာတန်းတူ ထားနိုင်ဖို့ကြိုးစားပါ...။

🥀
ကိုယ့်ထက်သာ မနာလိုမဖြစ်ပါနဲ့
မုဒိတာ ပွားနိုင်ဖို့ကြိုးစားပါ...။

🥀
ကိုယ့်ထက် နိမ့်ပါးလို့ဆိုပြီးလည်း
ကြိတ်ပျော်မနေပါနဲ့...။

🥀
ဘဝဆိုတာ
စေတနာနဲ့ တန်ရာအကျိုးကိုပဲ ပေးပါတယ်...။

🥀
အညံ့စားစိတ်ဓာတ်နဲ့တော့
အကောင်းဆုံး ဘဝကို မမျှော်လင့်ပါနဲ့...။

🥀
စိတ်ထားဟာ
အမြဲတမ်း ယုတ်ညံ့နေရင်တော့
နေရခြင်းတွေဟာလည်း
ဘယ်တော့မှ အေးချမ်းလာမှာမဟုတ်ပါဘူး...။


゚viralシ

ဟော
28/05/2025

ဟော

26/05/2025

ထမင်းတွေ ငတ်ပြီး လမ်းဘေး အိပ်ခဲ့ရဘူးတဲ့ ကောင်ပါ

03/05/2025

Tha Khae, Mueang Lop Buri District, Lopburi MG & PPA Channel #

01/05/2025

ထိုင်း လူမျိုးတွေရဲ့ ရိုးရာ မဟာသင်္ကြန်


MG & PPA Channel

01/05/2025

Dhammakaya is a Buddhist temple (wat) in Khlong Luang district, in the Pathum Thani province north of Bangkok, Thailand. MG & PPA Channel

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာပန်းတွေမှာတော့ လွမ်းခွင့်မရှိဘူး။ ဒါပေမယ့်…ပန်းကြိုက်တတ်တဲ့ သူမကိုတော့လူတိုင်းလွမ်းခွင်...
01/05/2025

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာ

ပန်းတွေမှာတော့ လွမ်းခွင့်မရှိဘူး။
ဒါပေမယ့်…

ပန်းကြိုက်တတ်တဲ့ သူမကိုတော့
လူတိုင်းလွမ်းခွင့်ရှိတယ်လေ

တစ်ခါလွမ်းလို့ တစ်ပွင့်ပွင့်မယ် ဆိုရင်
တစ်လောကလုံး
ပန်းတွေနဲ့ ဖုံးသွားလိမ့်မယ် ။

ငါလွမ်းတာ
လောကကြီးလောက် ။

ငါချစ်တာ
ကမ္ဘာကြီးလောက် ။

ငါမြတ်နိုးတာ
စင်္ကြာဝဠာကြီးလောက် ။

ဘာကြောင့် ...
လွမ်းတာလဲ ။

ဘာကြောင့် ...
ချစ်တာလဲ ။

ဘာကြောင့် ...
မြတ်နိုးတာလဲ ။

လာကြ ...
ငါပြောပြချင်တယ် ။

သမီးတစ်ယောက် အနေနဲ့
အဖေကိုလည်း
ပေးဆပ်ပြီးပြီ တဲ့ ။

ဇနီးတစ်ယောက် အနေနဲ့
ခင်ပွန်းကိုလည်း
စွန့်လွှတ်ပြီးပြီ တဲ့ ...။

အမေတစ်ယောက် အနေနဲ့
သားနှစ်ယောက်ကိုလည်း
ခွဲခွါပြီးပြီတဲ့ ...။

မိန်မသားတစ်ယောက် အနေနဲ့
လွတ်လပ်မှုတွေကိုလည်း
စွန့်လွှတ်ပြီးပြီတဲ့ ...။

ကိုင်း ...
နောက်ထပ်ဘာတွေများ
ပေးဆပ်
စွန့်လွှတ်
ခွဲခွါနေရဦးမှာလဲ ။

ထို့ကြောင့် ...
အမေဟုခေါ်သည် ။

"အမေ"

အမေတစ်ယောက်လိုလည်း
ချစ်တယ် ။

ခေါင်းဆောင်ကောင်းတစ်ယောက်လိုလည်း
တန်ဖိုးထားတယ် ။

သခင်တစ်ယောက်လိုလည်း
မြတ်နိုးတယ် ။

ဒါကြောင့် ...
လွမ်းတယ်
ချစ်တယ်
မြတ်နိုးတယ်
တန်ဖိုးထားတယ် ။

မေမေ
နေကောင်းနေရဲ့လား မေမေ

ကဗျာရှင်

#မောင်စိန်ဝင်း ( ပုတီးကုန်း )


MG & PPA Channel

01/05/2025

သိတာကို မသိသလိုနေပေးလိုက်တာက
တဖက်လူကို
ဦးစားပေးလိုက်တာ

သိပေမဲ့ နားမလည်သလိုနဲ့ ပြန်မေးတာက
တဖက်လူအပေါ်
လေးစားသမှုပြုတာပါ

နေရာတကာ ငါသိငါတတ်နဲ့
ဆရာကြီးအထာနေတတ်သူတွေအတွက်
တချို့လူတွေက နေရာဖယ်ကြဉ် ပေးထားတာ

အဲ့ဒီနေရာကို မယူချင်လို့
သီးသန့်ချန်ပေးထားတာကို
သူ့လောက်မှ နားမလည်ဘူးအထင်နဲ့
မိမိကိုယ်ကို အထင်ကြီးနေတဲ့သူ‌တွေရှိတယ်

နေရာတော်တော်များများမှာ
ဒီလိုမျိုးလူတွေရှိပါတယ်

ဒီလိုလူတွေနဲ့ တွေ့တဲ့အခါ
ပြိုင်မငြင်းပါနဲ့ အရှုံးသာပေးလိုက်ပါ
သူတို့ပျော်သွားပါလိမ့်မယ်

တချို့အရာတွေက ခေါင်းငုံ့ခံနေရတိုင်း
လေးစားလို့မဟုတ်သလို
အရှုံးပေးလိုက်တာမဟုတ်ဘူး

မတူလို့မတုလိုက်တာပါ......

ဘဝမှာ
ညဏ်နည်းတဲ့လူက လက်စားချေတယ်
ညဏ်ရှိတဲ့လူက ခွင့်လွှတ်တယ်
အတော်ဆုံးလူက လစ်လျူရှု့လိုက်တယ်

ဒီသုံးချက်ထဲက
သင်ကဘယ်လိုလူမျိုးလည်းဆိုတာ သိပြီး
လူတွေအပေါ်ဆက်ဆံနိုင်ရင်
အကောင်းဆုံးဘဝနေထိုင်းခြင်းပါပဲ...



MG & PPA Channel

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MG & PPA Channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์