23/02/2026
Marble Mountain 🗻🌋🌅
~~~~~~~~~~~~~~~~~~~~~
ပြင်ဦးလွင်က ပိတ်ချင်းမြောင်လိုပဲ
လှိုင်ဂူထဲ ဘုရားစေတီတွေ
ကိုးကွယ် ယုံကြည်ရာတွေ
မြင်တွေ့ရမယ်….
ကိုးကွယ်ယုံကြည်မှု ရုပ်တုတွေက
ပုံထဲမှာထက် အပြင်မှာ
ပ်ုပြီးအသက်ဝင်ပါတယ်…
နတ်ဘုံနတ်နန်းထဲရောက်နေရသလို
ပတ်ဝန်းကျင်ရော အလင်းအမှောင်တွေနဲ့
Vibe ကြီးက….ထူးဆန်းနေတာမျိုးပါ( ကိုယ်ပိုင်အမြင်)
မိုးလေ ကင်းလွတ်တဲ့ ကာလမှာ
သွားထားတာတောင်
လှိုင်ဂူအတွင်းက
ကျောက်စက်ရေတွေ တစက်စက်နဲ့
လှိုင်ရဲ့ ပဲ့တင်သံနဲ့
အေးစိမ့်တဲ့ ခံစားမှုမျိုး
ရပါတယ်….
ဂူအတွင်း ကျောက်လှေကားတွေကနေ
တထစ်ချင်းတက်ရင်း
အပေါ်ရောက်သွားရင်
တွေ့ရမယ့် DaNang ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် View အလှက
တော်တော်လှပါတယ်….
ညနေရောက်ခါနီးရင်
View Point ကို ရောက်အောင်သွားပြီး
သူတို့ ယုံကြည်ရာ တောင်တွေ ပတ်လည်ဝိုင်းနေတဲ့
အမျိုးမျိုးသော တောင်တွေနဲ့ မြစ်ကြောင်းတစ်လျှောက်ကိုလည်း ဒီ view ကနေ ထိုင်ကြည့်ပါ…
တဖြည်းဖြည်းနေဝင်သွားရာကနေ
မြို့ပြက မီးဝါဝါလေးတွေ လင်းလာတဲ့ အချိန်ထိ နေပါ…
အရမ်းကြည့်လို့ကောင်းပါတယ်….
အခုချိန်ဆို နေဝင်တာ စောနေပြီမို့
အပြန် အချိန်ကိုကြည့်ပြီး
သွားတာလာတာ သင့်တော်ပါလိမ့်မယ်…..