
16/04/2025
လေနုအေးအေးလေးတွေနဲ့ စိတ်ထဲက ဆူညံမှုတွေပြေသွားတဲ့ မြို့လေးတစ်မြို့ 🏢🌿✨
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ဖက်က တောင်တန်းတွေရယ် ….⛰️
တစ်ဖက်က ဟန်မြစ်ရယ်၊ ပင်လယ်ကြီးရယ် ရှိတယ်….
ဒီမြို့လေးကိုရောက်တော့ ဖြိုးအသက်အရွယ်တစ်ခုထိ
ကြီးပြင်းခဲ့ရတဲ့ မန္တလေးမြို့နဲ့ တော်တော်လေးဆင်တယ်…
ဘယ်သွားသွား ဆိုင်ကယ်လေးတွေနဲ့
လမ်းကြောစနစ်ကလည်း မြန်မာနဲ့တူတူပါပဲ
မြို့ကြီးပြကြီးမှာ နေလာခဲ့တဲ့ တစ်လျှောက်
ဒီမြို့လေးရောက်တော့ အေးချမ်းသွားသလို
ခံစားရတယ်
ညဘက် ဆိုင်ကယ်ထွက်စီးရင် အေးအေးလေးနဲ့
အနွေးထည် ခပ်ပါးပါးလေး တစ်ထည်လောက်
ကောက်ဝတ်ပြီး လေအေးအေးလေး ခံစားရလို့
အရမ်းမိုက်တယ်
&beyond