27/05/2025
Work Permit ကျပြီး Passport ဗီဇာတုံး ထုပြီးရုံနှင့် ကိုယ်တိုင် အလွယ်တကူ ဘဏ်အကောင့် ဖွင့်နိုင်ပြီး...
Work Permit ရှိ Passport ဗီဇာတုံး ထုပြီးပါက ကိုယ်တိုင်ဘဏ်ကို သွားပြီး ဘဏ်အကောင့် အလွယ်တကူ လုပ်လို့ရပါပြီး ဘယ်လို လုပ်ရမလဲဆိုတော့...
၁။ မိမိနီးစပ်ရာဘဏ် သို့မဟုတ် ဖွင့်လိုသည့် ဘဏ်ကို သွားပြီး Q သွားယူပါ(Q စာရွက်ထုတ်ပေးတဲ့ စက်မှာ New Bank Account ရွေးပြီးတော့ ကိုယ်တိုင်ယူလဲရပြီး ဘဏ်ရဲ့ လုံခြုံရေးကိုလဲ အကူညီတောင်းနိုင်ပါတယ်)
၂။ Q စာရွက်ရပြီးဆိုလျှင် မိမိ Q စာရွက်မှာ ပါတဲ့ နံပတ်ကို Counter က ခေါ်တဲ့အချိန် (သို့မဟုတ်) Counter နောက်ဘက် Screen Board ပေါ်မှာ မိမိနံပါတ်နှင့် သွားရမယ့် Counter ကို တွဲလျက်ပေါ်လာပါက အဲဒီ Counter ဆီသွားလိုက်ပါ
၃။ Counter က ဘဏ်ဝန်ထမ်း ဆီကို မိမိမှာ ပါလာတဲ့ Work Permit၊ Work Permit ငွေသွင်းချလန်စာရွက်၊ မိမိ Passport/ပန်းရောင်ကဒ်၊ ယာဉ်မောင်းလိုင်စင်(ရှိခဲ့လျင်) ပေးလိုက်ပါ
၄။ ဘဏ်ဝန်ထမ်းက မိမိစာရွက်စာတမ်းတွေကို စိစစ်ပြီး ဖောင်အချို့ပေးလာခဲ့လျင် ဖြည့်ပေးလိုက်ပါ စာရွက်တွေအပေါ် မိမိအချက်အလက်မှန်ကန်ကြောင်း လက်မှတ်ထိုးပေးရပါမယ်
၅။ နောက်ဆုံး အချက်အလက်တွေ စိစစ်ပြီး ဘာကြောင့်ဖွင့်လဲဆိုတဲ့ အကြောင်းပြချက် မေးလာပါက လစာ လက်ခံဖို့အတွက်ဆိုပြီး ဖြေဆိုပါ၊ Work Permit ပေါ်မှာပါတဲ့ သူဌေး (သို့မဟုတ်) ကုမ္ပဏီမှာ လက်ရှိ အလုပ် လုပ်/မလုပ်ဆိုပြီးမေးလာပါလိမ့်မယ် wp မှာပါတဲ့ သူဌေး (သို့မဟုတ်) ကုမ္ပဏီမှာ လက်ရှိ လုပ်ကိုင်လျက်မရှိဘူးဆိုပါက အလုပ်ထွက်စာ/အလုပ်ဝင်စာ(ကျန့်အော်/ကျန့်ခေါက်) မဖြစ်မနေပါဖို့လိုအပ်ပါတယ်၊ သူဌေး (သို့မဟုတ်) ကုမ္ပဏီရဲ့ ဖုန်းနံပါတ်တွေကို တောင်းတတ်ပါတယ်(မဖြစ်မနေ မလိုအပ်ပေမဲ့ သိထားလျင် ပိုအဆင်ပြေ)၊ မိမိလက်ရှိ ရနေတဲ့ လစာပမာဏကိုမေးပြီး ဘဏ်အကောင့်သုံးစွဲလို့ရတဲ့ ပမာဏကို သတ်မှတ်ပေးပါတယ်
၆။ အပေါ်က အချက်အလက်တွေပြီးပါက မိမိလုပ်လိုတဲ့ ဘဏ်ကဒ်ရွေးရပါမယ်(Visa၊ Master Card၊ Western Union) အာမခံပါ/မပါ အပေါ်မူတည်ပြီး Annual Fee အနည်းအများကွာနိုင်ပါတယ်၊ မိမိသွင်းလိုတဲ့ Deposited Amount၊ Annual Fee နှင့် ဘဏ်ကဒ်ဖိုး ပေးချေပြီးပါက မျက်နှာ Scan ဖတ် Bank Account set up လုပ်ပြီးပါက သင့်ရဲ့ ဘဏ်အကောင့်ကို ပိုင်ဆိုင်နိုင်ပါပြီး
မှတ်ချက်။ Passport ထဲမှာ Non-La Visa ထုထားရန်လို၊ အလုပ်ထွက်စာကို မိမိ ဘတ်ရိုက်ခဲ့တဲ့ ပွဲစားဆီမှာတောင်းနိုင်ပါတယ်၊ အလုပ်ဝင်စာကတော့ မိမိလက်ရှိအလုပ် လုပ်နေတဲ့ သူဌေး (သို့မဟုတ်) ကုမ္ပဏီဆီကတောင်းပါ၊ မိမိရဲ့ လစာစလစ်ကို တောင်းတတ်ပြီး မတောင်းလျင်တော့ ပြစာမလိုပါ
(အကြံပြုချက်။ သွားဖွင့်မဲ့ ဘဏ်က မိမိ wp မှာပါတဲ့ လိပ်စာအတွင်းမှာရှိခဲ့လျင် ပိုဆင်ပြေပါတယ်၊ ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ကဒ်(ဥပမာ- ယာဉ်မောင်းလိုင်စင်) ပါလျင် ဘဏ်ဖွင့်ရပိုအဆင်ပြေချောမွေ့စေနိုင်ပါတယ်၊ သပ်သပ်ရပ်ရပ်ဝတ်ပါ Confidence ရှိရှိစကားပြောပါ၊ ကျွန်တော့် ကိုယ်ပိုင်အမြင်အရ Krungthai Bank က ပိုအဆင်ပြေပါတယ်)
အားလုံးကျန်းမာရွှင်းလန်းပြီး အစစအရာရာ အဆင်ပြေချောမွေ့ပြီး အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ...
ကျွန်တော်တို့ဆီမှာ ထိုင်းယာဉ်မောင်းလိုင်စင်အသစ်လျှောက်ထားခြင်း၊ မြန်မာလိုင်စင်အား ထိုင်းယာဉ်မောင်းလိုင်စင် ပြောင်းလဲလျှောက်ထားခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ လိုင်စင်ပျောက်ပြန်လည် လျှောက်ထားခြင်း၊ 90 Days Report၊ သံရုံးထောက်ခံစာ၊ Ci Namelist စတဲ့ ဝန်ဆောင်မှုများကို မြန်မြန်ဆန်ဆန် ရရှိနိုင်ရေး ဈေးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ် ခင်ဗျာ
Line ID : siam.kp
☎️0635450392
သို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ
#ယာဉ်မောင်းလိုင်စင်
#ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး
#မြန်မာလိုင်စင်ပြောင်း
#သံရုံးထောက်ခံစာ