19/08/2026
ဒီနေ့တော့ မဝတ်ဖြစ်တာအရမ်းကြာနေပြီဖြစ်တဲ့ မြန်မာဝတ်စုံလေးဝတ်ပြီး ဘုန်းကြီးကျောင်းသွားတဲ့နေ့ 💛
Central ladakh မှာ အကြီးဆုံး monastery ဖြစ်တဲ့ Thiksey မှာ မနက်တိုင်း prayer hall ထဲမှာ ဘုန်းကြီးတွေက puja လုပ်တာ၊ Mantra တွေရွတ်ဖတ်တာ၊ drum ၊ bell၊ cymbal စတဲ့ monastery instruments တွေကိုသုံးပြီး ပူဇော်တာတွေကို လုပ်လေ့ရှိကြတယ်။
Thiksey ဆိုတာကတော့ ၁၅ ရာစုလောက်တည်းကဆောက်လုပ်ထားတဲ့ Gelugpa Tibetan Buddhist monastery ဖြစ်ပြီး တိဘတ်က Potala Palace နဲ့ဆင်တူတာမို့ Mini Potala ဆိုပြီးတော့လည်း တင်စားကြပါတယ်။
Thiksey ကိုအမြဲရောက်ဖြစ်ပေမယ့် ဒီလိုအစောကြီးတော့ တစ်ခါမှမရောက်ဖူးလို့ မနက်စောစောသွားပြီး mantra တွေကိုနားထောင်ခဲ့တယ်။ မနက်ခင်း prayer ceremony က တိဘတ်ဘုန်းကြီးတွေရဲ့နေ့စဉ်ဘဝမှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပေါ့။ နောက်မှ vlog အတ်ိုလေးတင်ပေးပါမယ်နော်။
Instagram - https://www.instagram.com/td_travel_notes?igsh=Mm03bmN5NHRrYTR3&utm_source=qr
ြေဦးတည့်ရာ