31/07/2026
#🌾Pa B**g Piang 🌾
**"ချင်းမိုင်မြို့ကနေ120ကီလိုလောက်ဝေးတဲ့တောင်တန်းတွေကြားက စိမ်းစိုနေတဲ့ လှေကားထစ် စပါးခင်းများဆီသို့ ညနေခင်း ခရီးတိုလေးတစ်ဖြတ်ပေါ့…"**
မွန်းလွဲပိုင်း ပါးပါးလေး လေပြည်အေးတွေ တိုက်ခတ်လာချိန်မှာတော့ စိတ်ထဲ တမ်းတနေခဲ့တဲ့ **Pa B**g Piang** လှေကားထစ် စပါးခင်းရွာလေးဆီ သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။
# စိမ်းစိုနေတဲ့ စပါးခင်းနဲ့ သဘာဝတရားရဲ့ ကြိုဆိုမှု
ရွာထဲကို စတင်ခြေချလိုက်တာနဲ့ မြင်တွေ့လိုက်ရတာကတော့ မျက်စိတစ်ဆုံး စိမ်းစိုနေတဲ့ လှေကားထစ် စပါးခင်းကြီးတွေပါ။ မြို့ပြရဲ့ ရုတ်ရုတ်သဲသဲ စိတ်ရှုပ်စရာတွေ ရုတ်တရက် ပျောက်ကွယ်သွားပြီး သန့်ရှင်းဆတ်ဆက်တဲ့ တောင်ပေါ်လေကို ရှူရှိုက်လိုက်ရတာတင်ပဲ ခရီးပန်းရကျိုး နပ်တယ်ဗျာ.. လယ်ကွင်းလမ်းအတိုင်လမ်းလျှောက်နေတဲ့ ကလေးငယ်တွေရဲ့ အပြုံးနဲ့ ပျော်ရွှင်စရာ ပုံရိပ်တွေကလည်း ရွာဓလေ့ပေါ့... 🌅 ညနေစောင်းလာတာနဲ့အမျှ တောင်တန်းကြီးတွေရဲ့ နောက်ကွယ်မှာ နေရောင်ခြည် ပျောက်ကွယ်သွားပြီး မိုးကောင်းကင်တစ်ခုလုံး လိမ္မော်ရောင်နဲ့ ရွှေရောင် သန်းနေတဲ့ မိုးကောင်းကင်အောက်မှာ အထပ်ထပ်ဆင်ထားတဲ့ လှေကားထစ် စပါးခင်း ရေကျသံတွေနဲ့ကောက်ရိုးအိမ်လေးတွေရဲ့ မြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပဲ အလွန်ခမ်းနားပြီး ကြည့်လို့ မဝနိုင်အောင် လှပနေပြီး စပါးခင်းထက်မှာ အေးမြတဲ့ ညနေခင်း လေနုအေးခတ်လာချိန်မှာတော့ ဒေသထွက် အစားအစာတွေနဲ့ ပြင်ဆင်ထားတဲ့ ညစာကို သုံးဆောင်ခဲ့ပါတယ်။*ပူပူနွေးနွေး ငါးကင်နဲ့ ငရုတ်သီးထောက်ဆော့စ်:** ဒေသဆော့စ်ရဲ့ အစပ်ကဲကဲ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ကြော် ကြက်ဥကြော်နှ အရသာက တောင်ပေါ်အေးအေးလေး စားရတဲ့အရသာကအင်မတန် ကောင်းမွန်ပါတယ်။
# 🌌 မှောင်စပျိုးလာတာနဲ့အမျှ ရွာထဲက အိမ်ခြေလေးတွေမှာ မီးရောင် မှေးမှိန်မှိန်လေးတွေ စတင်လင်းထိန်လာပါတယ်။ ညဉ့်နက်လာချိန်မှာတော့ လေအေးအေးလေးနဲ့အတူ တောင်တန်းတွေကြားက ငြိမ်သက်မှု၊ ကြယ်ရောင်တွေနဲ့ အိမ်ကလေးတွေရဲ့ မီးရောင်စုံအလှက စိတ်ကို အေးချမ်းမှု အပြည့်အဝ ရစေတယ်ဗျာ.. **ညနေခင်းအတွက်အနှစ်ချုပ်ကတော့ :**
> ညနေပိုင်း သွားရောက်လည်ပတ်ခဲ့တဲ့ Pa B**g Piang ခရီးစဉ်ဟာ သဘာဝတရားရဲ့ အလှအပနဲ့အေးချမ်းမှု ရိုးရှင်းတဲ့တောင်ပေါ်သားတို့ရဲ့ ဘဝကို အနီးကပ် ခံစားခဲ့ရတဲ့ မေ့မရနိုင်စရာ အမှတ်တရ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ ရွာရဲ့❗️Location ကိုတော့မနက်ခင်းအပိုင်းမှာထည့်ထားပေးမယ်နော်..‼️