Tun Aye kyaw ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Tun Aye kyaw, ครีเอเตอร์ดิจิทัล, Bangkok.

မင်္ဂလာပါ
28/02/2026

မင်္ဂလာပါ

05/02/2026

ဘာကိုမှ မကြောက်တဲ့ ပြောင် 🙀🙀

09/01/2026

ဒါဘာငှက်လဲ သိတဲ့သူပြောခဲ့ကြ 🌲🌲

25/12/2025

Myanmar national anthem

24/12/2025

Good evening, my friends, come to Bangkok.

18/12/2025

သိတဲ့သူပြောခဲ့ကြ

16/12/2025

လူလည်း မပါဘူးနော် 😁

TrueMoney transfer အကောင့်တစ်ခုဖွင့်လို့တော့ရပါပြီ 🥰🥰
15/12/2025

TrueMoney transfer အကောင့်တစ်ခုဖွင့်လို့တော့ရပါပြီ 🥰🥰

05/12/2025

ဒရုန်းနဲ့လိုက်ရိုက်ထားတာ

❌Facebook မှာ ဒါမျိုးလာပေါ်ရင် ‼️လုံးဝ မနှိပ်ပါနဲ့နော်အဲ့တာက မိတ်ဆွေကို ပိုက်ဆံသုံးဖို့လာဆွယ်တာပါဘာကို လုပ်စေချင်တာဆိုရင...
28/11/2025

❌Facebook မှာ ဒါမျိုးလာပေါ်ရင် ‼️

လုံးဝ မနှိပ်ပါနဲ့နော်
အဲ့တာက မိတ်ဆွေကို ပိုက်ဆံသုံးဖို့
လာဆွယ်တာပါ

ဘာကို လုပ်စေချင်တာဆိုရင်
မိတ်ဆွေတို့ရဲ့ အကောင့် / page နာမည်ရဲ့ ဘေးမှာ အပြာရောင် မှခြစ်လေး ပေါ်အောင်
ဝယ်မလားဆိုပြီး လာကမ်းလှမ်းတာပါ

မိတ်ဆွေက ပုံမှန်လူတစ်ယောက်ဆိုရင်
ဝယ်စရာ မလိုသလို နှိပ်စရာ လဲ မလိုပါဘူး

အကောင့်ကနေ စျေးရောင်းတာ
services ပေးတာတွေလုပ်မှ

ကိုယ့်ကိုလူတွေရဲ့ယုံကြည်မှု တိုးစေအောင် လုပ်ချင်ရင် ပိုက်ဆံပေးနိုင်ရင်
ဝယ်ထားလို့ရပါတယ်

အကောင့်ဆိုရင် ၁ လ ကို
၅ သောင်းဝန်းကျင် ပေးရပါတယ်
သူများဆီကို အပ်မယ်ဆို ပိုများပါတယ်

Facebookက ပိုက်ဆံ ဘယ်လိုဝင်လဲ👉 💵💵💵Social Media App တိုင်းက သူတို့ရဲ့ App ထဲမှာ လူတွေ အချိန်ကြာကြာနေဖို့ ကြိုးစားကြပါတယ်။...
23/11/2025

Facebookက ပိုက်ဆံ ဘယ်လိုဝင်လဲ👉 💵💵💵

Social Media App တိုင်းက သူတို့ရဲ့
App ထဲမှာ လူတွေ အချိန်ကြာကြာနေဖို့
ကြိုးစားကြပါတယ်။
အဲဒါမှာ လုပ်ငန်းရှင်တွေဆီက
ကြော်ငြာတွေကို အဲဒီလူတွေကို လိုက်
ပြပြီး ပိုက်ဆံရမှာ ဖြစ်ပါတယ်။
အဲဒီတော့ ဖေ့စ်ဘုတ်ကလည်း သူ့ App
ထဲမှာ လူတွေ ကြာကြာနေအောင်လို့
ကွန်းတင့် ဖန်တီးတဲ့သူတွေကို
ပိုက်ဆံပြန်ပေးပါတယ်။
အဲဒါကိုလည်း ဟိုးအရင်က စာတွေကို
Instant Article (IA), ဗွီဒီယိုတွေကို
In-stream Ads (ISA) စသည်ဖြင့်
ပေးခဲ့ပါတယ်။
ခုနောက်ပိုင်းမှာ ခေတ်အစားဆုံးက
Monetization သမားတွေ ပြောပြောနေတဲ့
ဘာတင်တင်ပိုက်ဆံရတဲ့ Content Monetization
(CM) ဖြစ်သွားပါတယ်။
အရင်တုန်းက ISA က မှ သူ့သတ်မှတ်
ချက်ပြည့်ရင် စည်းမျဉ်းစည်းကမ်းတွေ
မချိုးဖောက်ထားရင် ရဖို့ လွယ်ပါသေးတယ်။
အခု CM က ဖေ့စ်ဘုတ်ဖက်က Invite
လုပ်တာဖြစ်တဲ့အတွက် ဘယ်အချက်တွေနဲ့
ကိုက်ညီရင် invite လုပ်ပါတယ်လို့
အတိအကျမရှိပါဘူး။
နောက်တစ်ခုက ဖေ့စ်ဘုတ်က သတ်မှတ်
ထားတဲ့ Monetization ပေးတဲ့ နိုင်ငံစာရင်း
မှာ မြန်မာမပါဘူး။ အဲဒါကြောင့် CM ကို
မြန်မာမှာ မရဘူးလို့ အလွယ်မှတ်လို့ရပါတယ်။
ဒါပေမယ့် လုံးဝမရတာတော့ မဟုတ်၊
ကျော်လို့ ခွလို့ရပါတယ်။ ဒါပေမယ့်
Personal Acc ကို Professional Mode
ပြောင်းထားတဲ့ အကောင့်တွေဆိုရင်
သိပ်အဆင်မပြေပါဘူး၊ Page ဖွင့်ပြီး
လုပ်ရင် ပိုကောင်းပါတယ်။
အဲတော့ ပြန်ဆက်ရရင် လက်ရှိ
ဖေ့စ်ဘုတ်ရဲ့ Monetization တွေက
⭐ Star
ဘာမှအသုံးမဝင်ဘူးလို့ မှတ်လိုက်ပါ၊
ကိုယ့်ရဲ့ Follower တွေက အဲဒီကြယ်တွေ
ဝယ်ပြီး ကိုယ့်ကို ပေးရင် ဖေ့စ်ဘုတ်က
ရာခိုင်နှုန်းတစ်ခု ယူပြီး ကျန်တာကို
ကိုယ်က ရပါတယ်။
ခင်ဗျားတို့ ကျွန်တော်တို့ကို အဲလောက်
ထိ support မယ့်သူရှိပြီလား၊
ကျွန်တော်ကတော့ မထင်ပါ။
💴 Subscriptions
နာမည်အတိုင်းပါပဲ ကိုယ့်ရဲ့ ကွန်းတင့်
တွေကို စားသုံးဖို့အတွက် Follwer တွေက
လစဉ်ကြေးပေးတာပါ။
အဲဒါလည်း အလုပ်မဖြစ်ပါဘူး၊ ကိုယ်ရဲ့
Content တွေကို Follower တွေက
ပိုက်ဆံပေးရလောက်တဲ့အထိ ကိုယ်က
စာရေးကောင်းတယ်၊ ပညာရပ်တွေ မျှဝေ
နိုင်တယ်ဆိုရင် Facebook Group, Telegram
Group ထောင်ပြီးတော့ တစ်ပတ်မှာ
ဘယ်နှစ်ပုဒ်တင်ပေးမယ် မင်ဘာဝင်မယ့်
သူတွေက တစ်လကို ဘယ်လောက်ဆိုပြီး
ကောက်လိုက်တာက သူ့ထက် ပိုမြန်ပါတယ်။
✅ Storefront
အသစ်ထပ်မိတ်ဆက်ထားတာ၊
ကျွန်တော်လည်း သေချာမလေ့လာ
ကြည့်ရသေးဘူး။
▶️ Content monetization (CM)
ဒါကတော့ လက်ရှိအချိန်မှာ ခေတ်အစား
ဆုံးပါ၊ ဘာတင်တင် ပိုက်ဆံရတယ်ဆို
တာပေါ့၊ အဲဒါပွင့်ဖို့အတွက် ဘာသတ်မှတ်
ချက်မှ မပေးထားပါဘူး၊
ဒါပေမယ့် တချို့တချို့တွေက ဖေ့စ်
ဘုတ်က ပေးထားတဲ့ Post ဘယ်နှစ်ခုတင်ပါ၊
Reel ဘယ်နှစ်ခုတင်ပါ၊ Group ဘယ်နှစ်ခုမှာ
ဘယ်နှစ်ပို့စ်တင်ပါ၊
Follower ဘယ်နှစ်ယောက်ရအောင်
ရှာပါ၊ ကွန်းမန့် ဘယ်နှစ်ခုမန့်ပါ ဆိုတာတွေကို
လိုက်လုပ်ရင် CM ပွင့်မယ်လို့ ထင်ကြတာပါ၊
အဲဒါလည်း လုံးဝ မှားပါတယ်၊
အဲဒါတွေ အားလုံး လုပ်ပြီးလည်း
ဇူဇူက ပေးချင်မှ ပေးတာပါ။ အဲဒါကြောင့်
မြန်မာပြည်ကနေ CM ပွင့်ဖို့ဆိုရင် CM ကို
သေချာလုပ်မှပဲ ရပါမယ်၊
အလုပ်တစ်ဖက်နဲ့ အပိုဝင်ငွေလေးများ
ရမလား ဘာညာ မလုပ်ပါနဲ့ ၊ အချိန်ကုန်
တာပဲ အဖတ်တင်ပါမယ်။
အဲဒီအစား ကိုယ်ဘာလုပ်နေလဲ၊
ကိုယ်ဘာရောင်းနေလဲ အဲဒါကိုပဲ ပိုကောင်း
အောင်လုပ်ပါ၊ အွန်လိုင်းမှာ Branding
တည်ဆောက်တာက ပိုသေချာပါတယ်။
CM ပွင့်ပြီလို့ပဲ ထားလိုက်ပါတော့၊
ကိုယ်တစ်နေ့ တနေ့ တင်တဲ့ Post တွေက
ဘယ်လောက်ထိ Engagement ကောင်းလဲ
ဥပမာ ဗွီဒီယိုဆို ပုံမှန် 1K view လောက်
ရလားပေါ့၊ တကယ်တော့ 1K ဆိုတာ
အနည်းဆုံးပြောတာပါ၊
1K လောက်နဲ့ ဘာမှလုပ်မရတာပါ။
အထိုက်အလျောက် Engagement ကောင်း
ကြတဲ့သူတွေတောင်မှ တစ်လကို ဒေါ်လာ
၁၀၀ ဝန်းကျင်လောက်ပဲ ရကြပါတယ်။
အဲဒီမှာ ဖြတ်မှာနဲ့ တောက်မှာနဲ့ ဘာကျန်
မှာမလို့လဲ။ ဒါကြောင့် Personal Branding
လုပ်တာကမှ ဈေးရောင်းစား၊ Service
တစ်ခုခုရောင်းစားလို့ရပါဦးမယ်။
တစ်ခုတော့ရှိတယ်၊ CM ပွင့်ပြီးသား page
တစ်ခုခုကို ဝယ်၊ ဟိုဟာရင်ဖွင့်ရာ၊ ဒီဟာရင်
ဖွင့်ရာ၊ အဲလိုမျိုး ဟုတ်တာတွေရော
မဟုတ်တာတွေရောတင်၊ ဆယ်လီပေါင်းစုံ
သတင်းတွေ စသည်ဖြင့် လူတွေကို
Click bait လုပ်လို့ကောင်းတဲ့ ကွန်းတင့်တွေပဲ
ထိုင်တင်မယ်ဆိုရင်တော့ ဝင်ငွေတစ်
ခုရနိုင်ပါတယ်။ တကယ်လည်း
အဲလိုလုပ်နေတဲ့သူတွေ အများကြီးပါ။
ကိုယ်က အခြားနိုင်ငံတစ်ခုခုမှာ
ရောက်နေတယ်ဆိုရင်တော့ အခွင့်သင့်ရင်
သူ့အလိုလိုပွင့်နိုင်ပါတယ်၊ အဲဒါဆိုရင်တော့
ဒေါ်လာ ၂၀ ရရ၊ ၁၀၀ ရရ အပိုဝင်ငွေသဘော
မလို့ ကိစ္စမရှိပါဘူး၊
မြန်မာပြည်ကဆိုရင်တော့ အဲဒီဖက်ကို
အာရုံစိုက်မယ့်အစား Personal Branding
လုပ်တာ၊ ဈေးရောင်းတာကမှ ပိုကောင်းပါ
တယ်လို့ ဝင်ရောက် လျှာရှည်လိုက်ရပါတယ်။
ဒါဆိုရင် မြန်မာပြည်မှာ လုံးဝလုပ်လို့
မရဘူးလား၊ မလုပ်သင့်ဘူးလား
အဲလိုလည်းတော့ မဟုတ်ပြန်ပါဘူး။
လူတိုင်း ပိုက်ဆံရကြပါစေ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tun Aye kyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์